My Style Homemade

My Style Homemade The best Event Management & Catering Services in Myanmar.

9.9..2026 (Wednesday)(၆၃)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ဒီအပတ်မှာတော့ ဆရာလေးတွေကို ဟင်း ၃မျိုးနဲ့ နေ့ဆွမ်း...
09/09/2026

9.9..2026 (Wednesday)
(၆၃)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ဒီအပတ်မှာတော့ ဆရာလေးတွေကို ဟင်း ၃မျိုးနဲ့ နေ့ဆွမ်းကပ်ခဲ့ပါတယ်…

- ငါးဒန်ဟင်းဆီပြန်
- ဝက်သားနီချက်
- ပုဇွန်ကင်းပွန်ချဉ်ကြော်
- ငပိရည်၊ တို့စရာ
- ကြာရိုးဟင်းခါး
- ဝတ္ထုငွေ
- ကွတ်ကီးမုန့်ထုပ်များ စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

ယနေ့ဆွမ်းအလှူကို မသီရိထွေး (တော်ဝင်မိသားစု) မှ အဓိက ပံ့ပိုးလှူဒါန်းပေးခဲ့သလို…

အန်တီဒေါ်ခင်စောဝင်းမှလည်း ပုဇွန်ကင်ပွန်းချဉ်ကြော်ကို ကိုယ်တိုင်ချက်ပြုတ်၍ လှူဒါန်းပေးခဲ့ပါတယ်…

ငါးဒန်ဟင်းအတွက် ငါးများကို ဦးမျိုးမင်းဦး+ ဒေါ်ထက်ထက်အောင် (မိသားစု) မှ လာရောက်လှူဒါန်းပေးခဲ့ပါတယ်..

ဒီ့အပြင် မအိခိုင်ဇင်မွန်-မိသားစုမှ ကွက်ကီးမုန့်ထုပ်လေးများကိုလည်း လှူဒါန်းပေးခဲ့ပါတယ်…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…အလှူရေစက် လက်နဲ့မကွာ လှူနိုင်တန်းနိုင်ကြပါစေ…

သာဓု သာဓု သာဓုပါ 🙏🏻🙏🏻🙏🏻

3.9..2026 (Thursday)(၆၂)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ဒီအပတ်မှာတော့ ဆရာလေးတွေကို မြန်မာစာလေးတွေနဲ့ နေ့ဆွမ...
04/09/2026

3.9..2026 (Thursday)
(၆၂)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ဒီအပတ်မှာတော့ ဆရာလေးတွေကို မြန်မာစာလေးတွေနဲ့ နေ့ဆွမ်းကပ်ခဲ့ပါတယ်…

- ကြက်သားဟင်းဆီပြန်
- ချဉ်ပေါင်းဟင်းရည်
- ရှယ်ငပိရည်၊ တို့စရာအစုံအလင်
- ဝတ္ထုငွေ
- Egg Tars များ
- ကွတ်ကီးမုန့်ထုပ်များ စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

ယနေ့တွင်ကျရောက်သော မွေးနေ့ရှင် အမေဒေါ်အုန်းခင် ( အသက် ၉၀ပြည့်)မှ ဆရာလေးများအတွက် အချိုပွဲအဖြစ် Egg Tarts များကိုလည်းကောင်း၊

မအိခိုင်ဇင်မွန်-မိသားစုမှ ကွက်ကီးမုန့်ထုပ်လေးများကိုလည်းကောင်း လှူဒါန်းပေးခဲ့ပါတယ်…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

26.8.2026 (Wednesday)(၆၁)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ဒီအပတ်မှာတော့ ရိုးရိုးလေးနဲ့ ဆရာလေးတွေ ထမင်းမလောက်...
04/09/2026

26.8.2026 (Wednesday)
(၆၁)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ဒီအပတ်မှာတော့ ရိုးရိုးလေးနဲ့ ဆရာလေးတွေ ထမင်းမလောက်အောင် စားလို့ကောင်းမယ့် အတွဲအစပ်လေးနဲ့ နေ့ဆွမ်းကပ်ခဲ့ပါတယ်…

- ကြက်သားကြာဇံချက်
- ငါးဖယ်ကြော်သုပ်
- ကိုကာကိုလာအချိုရည်
- ဝတ္ထုငွေ
- ကွမ်းရွက်ပုံ ချောင်းဆိုးပျောက်ဆေးထုပ်များ စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

ယနေ့တွင် ကွမ်းရွက်ပုံ ချောင်းဆိုးပျောက်ဆေးထုပ်များကို မအိခိုင်ဇင်မွန်-မိသားစုမှ လှူဒါန်းပေးခဲ့ပါတယ်…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

19.8.2026 (Wednesday)(၆၀)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ဟင်းလေးတွေကို တပတ်နဲ့တပတ် မထပ်အောင် သီလရှင်ဆရာလေးတ...
24/08/2026

19.8.2026 (Wednesday)
(၆၀)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ဟင်းလေးတွေကို တပတ်နဲ့တပတ် မထပ်အောင် သီလရှင်ဆရာလေးတွေ ကို စေတနာအပြည့်နဲ့ ဆွမ်းကပ်လျက်ရှိရာမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် တိုင်းရင်းသားအစားအစာတွေ ဒီနေ့တော့စုံသွားပါပြီ…

ဒီအပတ်မှာတော့ ကချင်ရိုးရာ အစားအစာများနဲ့ ဆွမ်းကပ်ခဲ့ပါတယ်…

- ကြက်ကချင်ချက်
- ပြောင်းဖူးကြက်ဥကြော်
- ပုဇွန်ဂေါ်ဖီဟင်းချို
- ငပိကြော်
- တို့စရာ
- ဝတ္ထုငွေ
- Sunkist အချိုရည်ဗူး စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

ယနေ့ မွေးနေ့ရှင် ကိုစိုးသိန်းအောင်မှ Sunkist အချိုရည်များ လာရောက်လှူဒါန်းပေးခဲ့ပါတယ်…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

14.8.2026 ရက်နေ့နှင့် 15.8.2026 ရက်နေ့ (၂ရက်) ဆက်တိုက် Lunch Boxes (မြန်မာစာ) နှင့် Dinner Boxes (ကိုရီးယားစာ) များ မှာယ...
15/08/2026

14.8.2026 ရက်နေ့

နှင့် 15.8.2026 ရက်နေ့ (၂ရက်) ဆက်တိုက် Lunch Boxes (မြန်မာစာ) နှင့် Dinner Boxes (ကိုရီးယားစာ) များ မှာယူအားပေးခဲ့သော “Shwe Sin Event Creation” မှ တာဝန်ရှိသူများ အားလုံးကို My Style Homemade မှ ကျေးဇူးအထူးပင် တင်ရှိရပါတယ်…

“Shwe Sin Event Creation” သည်လည်း အကြီးကျယ်ဆုံးနဲ့ ထူးခြားကောင်းမွန်သော တင်ဆက်မှုများဖြင့် ဆထပ်ထမ်းပိုး တိုးတက်အောင်မြင်မှုများအများကြီးရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်…

🙏🏻🙏🏻🙏🏻

11.8.2026 (Tuesday)(၅၉)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ဟင်းလေးတွေကို တပတ်နဲ့တပတ် မထပ်အောင် သီလရှင်ဆရာလေးတွေ...
11/08/2026

11.8.2026 (Tuesday)
(၅၉)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ဟင်းလေးတွေကို တပတ်နဲ့တပတ် မထပ်အောင် သီလရှင်ဆရာလေးတွေ ကို စေတနာအပြည့်နဲ့ ဆွမ်းကပ်လျက်ရှိရာ…

ဒီအပတ်မှာတော့ ကယားရိုးရာ အစားအစာများနဲ့ ဆွမ်းကပ်ခဲ့ပါတယ်…

- ကယားဝက်အူးချောင်း
- ငါးဖယ်ငါးပိချက်
- ကြက်သားပဲကြာဇံကြော်
- တို့စရာ
- ကယားရိုးရာဟင်းရည်
- ဝတ္ထုငွေ စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

ယနေ့ဆွမ်းဒါနအလှူကို မသီရိထွေး (တော်ဝင်မိသားစု) မှ ပံ့ပိုးလှူဒါန်းပေးပါတယ်…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

4.8.2026 (Tuesday)(၅၈)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ထုံးစံအတိုင်း တပတ်နဲ့တပတ် ဟင်းလေးတွေ မထပ်အောင် သီလရှင...
11/08/2026

4.8.2026 (Tuesday)
(၅၈)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ထုံးစံအတိုင်း တပတ်နဲ့တပတ် ဟင်းလေးတွေ မထပ်အောင် သီလရှင်ဆရာလေးတွေ စေတနာအပြည့်နဲ့ ဆွမ်းကပ်လျက်ရှိရာ…

ဒီအပတ်မှာတော့ ကရင်ရိုးရာ အစားအစာများနဲ့ ဆွမ်းကပ်ခဲ့ပါတယ်…

- ပုဇွန်တာလပေါဟင်း
- ကရင်ဝက်သားချက်
- အာပြဲခြောက်ကြော်
- မန်ကျည်းသီး ငပိထောင်း/ တို့စရာ
- ဝတ္ထုငွေ / ဝေဖာမုန့် စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

ယနေ့ဆွမ်းအလှူတွင် ဆရာလေးတပါးလျှင် ၁၀၀၀/- ကျပ်နှုန်းဖြင့် ဆရာလေး အပါး၁၂၀ စာကို အန်တီဒေါ်ခင်စောဝင်း (မိသားစု) မှ လည်းကောင်း၊ မွေးနေ့ရှင်သမီးလေး နဒီမင်းလွင်မှ ဝေဖာမုန့်များဖြင့်လည်းကောင်း လှူဒါန်းဒါနပြုကြပါတယ်..

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

ယနေ့ ဩဂုတ်လ (၂)ရက်နေ့တွင်…ကွယ်လွန်သူမိဘများအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတ...
02/08/2026

ယနေ့ ဩဂုတ်လ (၂)ရက်နေ့တွင်…

ကွယ်လွန်သူမိဘများအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကိုဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းကပ်လှူခြင်းများကို ကျန်ရစ်သူမိသားစုများမှ ပြုလုပ်လှူဒါန်းခဲ့ကြပါတယ်…

နှစ်စဉ် My Style Homemade မှ ရွှေတောင်ခေါက်ဆွဲကို မှာယူ ကပ်လှူနေကြဖြစ်ပေမယ့် ဒီနှစ်မှာ ထောပတ်ထမင်း၊ ကြက်သားဟင်းများကို ယုံယုံကြည်ကြည်နဲ့ မှာယူအားပေးခဲ့ကြတဲ့အတွက် My Style Homemade မိသားစုမှ ကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ…

အလှူရှင်မိသားစုများသည်လည်း သက်ရှည်ကျန်းမာ၊ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်…

🙏🏻🙏🏻🙏🏻

27.7.2026 (Monday)(၅၇)ကြိမ်မြောက် စုပေါင်းအလှူ—————————————————————ထုံးစံအတိုင်း တပတ်နဲ့တပတ် ဟင်းလေးတွေ မထပ်အောင် သီလရှင...
02/08/2026

27.7.2026 (Monday)
(၅၇)ကြိမ်မြောက် စုပေါင်းအလှူ
—————————————————————

ထုံးစံအတိုင်း တပတ်နဲ့တပတ် ဟင်းလေးတွေ မထပ်အောင် သီလရှင်ဆရာလေးတွေ စေတနာအပြည့်နဲ့ ဆွမ်းကပ်လျက်ရှိရာ…

ဒီအပတ်မှာတော့ ချင်းရိုးရာ အစားအစာများနဲ့ ဆွမ်းကပ်ခဲ့ပါတယ်…

- ချင်းရိုးရာ ကြက်ကင်ဆာဗူးသီး
- ဘဲဥဟင်း
- ချင်းရိုးရာ ငရုပ်သီးဆားထောင်း
- တို့စရာ
- ဝတ္ထုငွေ စသည်တို့ဖြင့် ကြွရောက်လာသော သီလရှင်ဆရာလေးများကို နေ့ဆွမ်းကပ်လှူခဲ့ကြပါတယ်…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာကြပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

ယနေ့ 24.7.2026 ရက်နေ့မှာ အလှူရှင်များကိုယ်စား My Style Homemade မှ စီစဉ်ဆောင်ရွက်ပေးခဲ့ရတဲ့ အလှူလေးပါ…ကွယ်လွန်သူဖခင်ကြီး...
24/07/2026

ယနေ့ 24.7.2026 ရက်နေ့မှာ အလှူရှင်များကိုယ်စား My Style Homemade မှ စီစဉ်ဆောင်ရွက်ပေးခဲ့ရတဲ့ အလှူလေးပါ…

ကွယ်လွန်သူဖခင်ကြီး ဦးစိန်ရုပ် (ခ) ဦးတင်မောင်ထွဠ် (၈နှစ်ပြည့်) အား ရည်စူး၍ ဇနီးဒေါ်တင်တင်ရီနှင့် သား/သမီး၊ မြေးများမှ “ဘုရားသုံးဆူ ထေရာရာမစာသင်တိုက်” ၌ သီတင်းသုံးနေထိုင်လျက်ရှိကြသော ဆရာတော် သံဃာတော်များ၊ ကိုရင်လေးများကို နေ့ဆွမ်းနှင့် နဝကမ္မအလှူငွေများ ဆက်ကက်လှူဒါန်းခဲ့ကြပါတယ်..

အလှူရှင်မိသားစုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး အလိုရှိတိုင်းတောင့်တတိုင်း ပြည့်စုံပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်…

Address

No. 42/B (Ground Floor), Mingalar Street, Hledan, 8 Quarter, Kamayut Tsp
Yangon
11041

Telephone

09773321700

Website

Alerts

Be the first to know and let us send you an email when My Style Homemade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Style Homemade:

Shortcuts

Share