24/08/2026
လူတော်တော်များများ အားကစားမလုပ်ခင်အကြောလျှော့ဖို့ပျင်းရိတတ်ကြတယ် 🙇🏼♂️
အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်း နဲ့ အကြောလျှော့ခြင်းကဘာကြောင့်အမြဲလုပ်သင့်တာလဲ? အကြောလျှောခြင်း သွေးပူ ပြုလုပ်ခြင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းဒဏ်ခံနိုင်အောင် ပြင်ဆင်ပေးပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေကို အဓိကကာကွယ်ပေးလို့ပါပဲ🤩
အကြောသေချာလျှော့ရသည့် အဓိကအကြောင်းရင်းများကတော့
💁♀️Injury Prevention အေးစက်တင်းမာနေတဲ့ ကြွက်သားတွေနဲ့ အရွတ်တွေကို ရုတ်တရက်လှုပ်ရှားလိုက်ရင် ကြွက်သားပြဲခြင်း (Muscle Strain)၊ ကြွက်တက်ခြင်းနဲ့ အရွတ်လွဲခြင်းတို့ ဖြစ်တတ်ပါတယ်။ အကြောလျှော့ထားပါက ကြွက်သားတွေ ပျော့ပျောင်းလာပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေ အလွန်နည်းသွားပါတယ်
💁♀️သွေးလည်ပတ်မှုနှင့် အောက်ဆီဂျင် ပို့လွှတ်မှု ကောင်းမွန်စေခြင်း
နှလုံးခုန်နှုန်းကို ဖြည်းဖြည်းချင်း တက်စေပြီး ကြွက်သားတွေဆီ သွေးနဲ့ အောက်ဆီဂျင် ပိုမိုစီးဆင်းစေတဲ့အတွက် ခန္ဓာကိုယ်က လှုပ်ရှားမှုအပြင်းအထန်တွေကို ကောင်းကောင်းခံနိုင်ရည်ရှိစေပါတယ်။
💁♀️လှုပ်ရှားမှု ပိုမိုသွက်လက်လာခြင်း
အဆစ်အမြစ်များ (Joints) ကို ချောမွေ့စွာ လှုပ်ရှားနိုင်စေပြီး အဆစ်အရွတ်များ တောင့်တင်းမှုကို လျှော့ချပေးပါတယ်။
💁♀️လေ့ကျင့်ခန်း စွမ်းဆောင်ရည် တက်စေခြင်း ကြွက်သားအပူချိန် မြင့်တက်လာတဲ့အခါ တုံ့ပြန်မှုပိုမိုမြန်ဆန်လာပြီး ခွန်အားပိုမိုထုတ်နိုင်စေပါတယ်။💁♀️စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရရှိခြင်း
လေ့ကျင့်ခန်းအပေါ် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို ချိန်ညှိပေးပါတယ်။
✴️မှတ်ချက် - အားကစားမလုပ်ခင်မှာ ရပ်တန့်ပြီး အချိန်အကြာကြီး ဆွဲဆန့်ထားသည့် Static Stretching ထက် လှုပ်ရှားရင်း ဆန့်ထုတ်ပေးသည့် Dynamic Stretching (ဥပမာ - ခြေထောက်လွှဲခြင်း၊ လက်မောင်းလှည့်ခြင်း၊ High Knees စသည်) ကို ၅ မိနစ်မှ ၁၀ မိနစ်ခန့် ပြုလုပ်ပေးခြင်းက အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
❤️With loves your Prime Fit❤️