06/08/2026
အမှတ်တရအနေနဲ့ စာလေးတခု ရေးထားချင်သေးတယ်❤️❤️❤️
ဒီနေ့ သမီးငယ်Ruby 10လနဲ့ 18ရက်ပြည့်တဲ့နေ့မှာ
(ကြက်သား၊ဆန်၊ပဲ၊ရွှေဖရုံသီး)(၄)မျိုးချက်ဆန်ပြုပ်ပြဲပြဲလေးကို
Blenderနဲ့ကြိတ်စရာမလိုပဲ စစားတဲ့နေ့လေးပါရှင်
(၆)လကစ မနေ့ကအထိ Blender နဲ့ကြိတ်ကျွေးခဲ့ရတာပါ။
နေ့တော်တော်များများက ဇွန်းနဲ့ခပ်ကျွေးတာ မစားလို့
ဆေးထိုးပိုက်ထဲထည့်ပြီး ပါးစပ်ထဲထည့်ကျွေးရတာများပါတယ်။
ဒီနေ့မှသာ ဆန်ပြုပ်ကို ဇွန်းနဲ့ခပ်ကျွေးလို့ရခဲ့တာပါ။
ထို့ကြောင့်လည်း
မေမေကိုယ်တိုင်လည်း တနေ့လုံးပျော်နေတာပါရှင်။
မိခင်တယောက်ဖြစ်လာရင် သမီးလေးတွေ ပါးစပ်ထဲ
အစားဝင်မှ ပျော်ရတဲ့ဘဝပါရှင်။
သူတို့လေးတွေ ကျန်းမာပြီး အစားစားနေရင်ပဲ
မေမေတယောက်ဖြစ်တဲ့ ကျမရဲ့ဘဝက ပျော်ရွှင်မှုအတိပါရှင်။❤️❤️❤️