12/06/2026
“ချစ်ရတဲ့ မိသားစုဝင်တွေကို
အရသာရှိတာလေးတွေ
ချက်ပြုတ်ကျွေးမွေးတာက
မေမေ့ရဲ့ မေတ္တာတွေထဲက
အထင်ရှားဆုံးအရာတစ်ခု မဟုတ်လား” 💚
🏡 တစ်အိမ်လုံးမှာ အစောဆုံးရုံးသွားမယ့် သားသမီးတွေအတွက် ထမင်းချိုင့် ပြင်ဆင်၊ အိမ်သားတွေအတွက် မနက်စာ ပြင်ဆင်ရင်း မီးဖိုချောင်ထဲ ချွေးတလုံးလုံးနဲ့ လုံးပန်းနေတဲ့
မေမေ့ပုံရိပ်က နံနက်ခင်းတိုင်းရဲ့
အဓိကဇာတ်လိုက်ပဲလေ ~
မေမေ့လက်ရာကို မြိန်ရေယှက်ရေ
စားနေတဲ့ သားသမီးတွေကို
ကြည့်နေရတာနဲ့တင် မေမေ့ခမျာ
အမောကိုပြေလို့… မေမေ့မနက်စာကတော့
ပီတိကို ဦးစွာစားသုံးခြင်းပဲ။
ဖွယ်ဖွယ်ရာရာလေးတွေ
ရှာကြံလုပ်ကျွေးတတ်တဲ့
မေမေ့ထမင်းစားပွဲဝိုင်းလေးပေါ်မှာ
အခုနောက်ပိုင်း တွဲဖက်အဖြစ်နဲ့
မကြာမကြာ ပါလာနေတာက
New Day အမှတ်တံဆိပ်
“မြန်မာလက်ဖက်မွကြော်” လေး ~ 🌿🌿
အငွေ့ထောင်ထောင် ထွက်နေတဲ့
ထမင်းဖြူပူပူလေးနဲ့ အလိုက်ဖက်ဆုံးပေါ့။
တော်ရုံအပြင်စာဆို စိတ်တိုင်းမကျလို့
အိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ကျွေးတတ်တဲ့ မေမေက ဒီလက်ဖက်မွကြော်ကိုတော့
မိသားစုထမင်းဝိုင်းအတွက် စွဲစွဲမြဲမြဲ
ဆောင်ထားလေ့ရှိတယ်။ ရံဖန်ရံခါဆို
နေ့လယ်နေ့ခင်း
အဆာပြေမုန့်လိုလည်း
ကျွေးတတ်ပါသေးတယ်။
အိမ်ရှင်မကောင်းတစ်ဖက်၊
မိခင်ကောင်းတစ်ဖက်နဲ့ မေမေ
ဘယ်လောက်ထိ ပင်ပန်းခဲ့မလဲ
သေချာမသိပေမဲ့… သေချာတာတစ်ခုကတော့ ဒီလက်ဖက်မွကြော်ထုပ်လေးကို မြင်တိုင်း
မေမေ့ကို တန်းသတိရနေမယ်ဆိုတာပဲ။
မေမေ့ရဲ့ မေတ္တာစာအဖြစ်နဲ့
မှတ်မိနေမယ့်အရာလေးပေါ့။ 👩🤍
━━━━━━━━ ༺༻ ━━━━━━━━
𝗡𝗲𝘄 𝗗𝗮𝘆 𝗚𝗿𝗲𝗲𝗻 𝗧𝗲𝗮 လက်ဖက်ခြောက်သည် မြန်မာ့လက်ဖက် ၁၀၀% ရာခိုင်နှုန်းပြည့်
သုံးစွဲထားခြင်းအပြင် အရည်အသွေး
မှန်ကန်စွာ ထုတ်လုပ်ထားခြင်းတို့ကြောင့်
မြန်မာ့လက်ဖက်စုပေါင်းပိုင်အမှတ်တံဆိပ် (𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝘃𝗲 𝗠𝗮𝗿𝗸) ရရှိပြီးသော အမှတ်တံဆိပ် ဖြစ်ပါသည်။
🌿 ကျန်းမာပျော်ရွှင်ပြီး
အောင်မြင်တဲ့ နေ့သစ်တွေကို
ဖြတ်သန်းနိုင်ဖို့အတွက်
☀️ နေ့သစ် (New Day) နဲ့အတူ
ဖြတ်သန်းလိုက်ပါ။