Consumer Electronics News

Consumer Electronics News Mobile and Electronics Products Tech review, Price to performance review,

ဒီနေ့စစ်မယ်၊ မနက်ဖြန်စစ်မယ်ဆိုပြီး ဆိုင်းနေရင် နောက်ဆုံး ဖုန်းက ဖုန်း ပြောမရတဲ့ဖုန်းဖြစ်သွားမယ့်ကိစ္စ။ဒီတော့ ကိုယ့်ဖုန်း...
26/03/2026

ဒီနေ့စစ်မယ်၊ မနက်ဖြန်စစ်မယ်ဆိုပြီး ဆိုင်းနေရင် နောက်ဆုံး ဖုန်းက ဖုန်း ပြောမရတဲ့ဖုန်းဖြစ်သွားမယ့်ကိစ္စ။

ဒီတော့ ကိုယ့်ဖုန်းရဲ့ IMEI တွေ CEIR စနစ်ထဲ White List ဖြစ်မဖြစ် အခုပဲ စစ်ကြည့်လိုက်ပါ။ မစစ်ရသေးဘူးဆိုရင် အောက်မှာပြောမယ့် နည်းလမ်းလေးနဲ့ စစ်လိုက်တော့နော်။

ပြည်တွင်းမှာ ဖုန်းတိုင်း (Central Equipment Identity Register) စနစ်ထဲစာရင်းဝင်ဖို့ လိုလာပြီ။

အဲ့တာ နောက်ဆုံး April 1 ရက်နေ့ ရောက်တဲ့အခါ ကိုယ့်ဖုန်းက "ဒီဖုန်းက ဘယ် SIM ထိုးထိုး မသုံးရတော့ဘူးနော်"

စစ်ဖို့ ၅ ရက်ပဲ ကျန်တော့တယ်။

ကိုယ့်ဖုန်းထဲမှာ ပြည်တွင်း SIM (MPT, Telenor, Ooredoo, Mytel စသဖြင့်) တစ်ခုခု ထည့်ပြီး April 1 မတိုင်ခင် Active ဖြစ်အောင်သုံးနေရုံပဲ။

ဒီလိုဆို ဖုန်းရဲ့ IMEI တွေက CEIR စနစ်ထဲ အလိုအလျောက် White List ဝင်သွားမယ်။

Dual SIM ဖြစ်ဖြစ်၊ eSIM ဖြစ်ဖြစ် SIM နှစ်ခုစလုံးကို ပြည်တွင်းလိုင်းတွေနဲ့ အသုံးပြုနေရုံပါပဲ။

ဟာသလေးနဲ့ ပြောရရင်…

ဒီစနစ်က "ဖုန်းတိုင်းကို ကျောင်းအပ်ခိုင်းတဲ့ ဆရာမကြီး" လိုပဲ။

ဖုန်းက ကျောင်းအပ်မယ် (White List ဝင်မယ်) ဆိုရင် လိုင်းသုံးလို့ရမယ်။

မအပ်ဘူးဆိုရင် ဖုန်းက "ကျောင်းထုတ်ခံရတဲ့ ကျောင်းသား" လိုဖြစ်သွားပြီး ဘယ်ဆရာ (Operator) ကမှ လက်မခံတော့ဘူး။

ဒါကြောင့် ကိုယ့်ဖုန်းက ကျောင်းထုတ်ခံရမှာစိုးရင် ဒီ ၅ ရက်အတွင်း ပြည်တွင်း SIM နဲ့ ဖုန်းကို လှုပ်လှုပ်ရှားရှားသုံးပြီး "ကျောင်းအပ်ပြီးသား" ဖြစ်အောင်လုပ်ထားပါ။

အရေးကြီးတာ

· ဖုန်းအသစ်ဝယ်ထားတာပဲဖြစ်ဖြစ်၊ လက်ရှိသုံးနေတာပဲဖြစ်ဖြစ် IMEI White List ဖြစ်နေဖို့လိုတယ်။
· မစစ်ရသေးရင် အခုပဲ IMEI စစ်ကြည့်ပါ။ (* #06 # ခေါက်ပြီး IMEI နံပါတ်ယူပြီး CEIR စနစ်မှာစစ်နိုင်ပါတယ်)
· ကိုယ့်ဖုန်းကို "ဖုန်း ပြောမရတဲ့ဖုန်း" မဖြစ်ချင်ရင် ဒီနေ့ကစပြီး ပြည်တွင်း SIM နဲ့ တစ်ရက်လောက်ဖုန်းသုံးလိုက်ပါ။

အားလုံးပဲ ဖုန်းတွေ စာရင်းသွင်းပြီး
လိုင်းတွေအဆင်ပြေကြပါစေ။

ဒီပို့စ်ကို ပြန်မျှဝေပြီး ကိုယ့်သူငယ်ချင်းတွေကိုလည်း "ဖုန်း ပြောမရတဲ့ဖုန်း" မဖြစ်အောင် သတိပေးလိုက်ပါနော်။

အစဉ်မပြေတာရှိရင် comment မှာလာမေးလို့ရပါတယ်

အရစ်ကျ ပေးနေပြီနော်
23/03/2026

အရစ်ကျ ပေးနေပြီနော်

mDrive is the largest Apple Authorized Reseller in Myanmar, with a wide range of Apple products.

ဒီနေ့ Myanmar Phone Market အကြောင်းပြောကြမယ်ဈေးကွက်ကို ကြည့်လိုက်တော့… သိပ်ပြီး ဟိုးအရင်တုန်းက ပုံစံမဟုတ်တော့ဘူးနော်။ အရ...
23/03/2026

ဒီနေ့ Myanmar Phone Market အကြောင်းပြောကြမယ်

ဈေးကွက်ကို ကြည့်လိုက်တော့… သိပ်ပြီး ဟိုးအရင်တုန်းက ပုံစံမဟုတ်တော့ဘူးနော်။

အရင်တုန်းက high-end ဖုန်းတွေပဲ ရှာကြတယ်။ အခုတော့ “စျေးကြီးတဲ့ဖုန်း မလိုတော့ဘူး တန်တယ် သုံးရတာအဆင်ပြေတယ်ဆိုရင် ရပြီ” ဆိုတဲ့ အတွေးများလာတယ်။

အဲဒီတော့ လက်ရှိ ပြေးနေတဲ့ ဖုန်းတွေက ၆ သိန်းကနေ ၁၂ သိန်းကြား (ဒေါ်လာ ၂၀၀–၄၀၀) ဝန်းကျင်တွေပဲ။

ဘယ် brand တွေလဲဆိုတော့ — Xiaomi က spec ကောင်းပြီး ဈေးလည်းတန်တော့ လူကြိုက်များတယ်။ iPhone ကလည်း တစ်လက်သုံး တွေကို ဝယ်တဲ့သူ မနည်းဘူး။ Samsung, Oppo, Vivo တို့ကလည်း mid-range မှာ အကုန်ပြိုင်နေကြတယ်။

အတိုချုပ်ဆိုရရင် budget နဲ့ performance ညီမှ ခေတ်စားတယ်ပေါ့။

လူတွေ ဖုန်းဝယ်တဲ့အခါ ဘာကို အဓိကထားလဲဆိုတော့… မေးကြည့်လိုက်ရင် အကုန်လုံးနီးပါး အဖြေတူတူပဲ။

ပထမ camera ကောင်းရမယ်။ ဒုတိယ battery ခံရမယ်။ ပြီးရင် screen 120Hz ဆိုရင် ပိုကြိုက်တယ်။ ဘာလို့လဲဆိုတော့ လူတွေ Facebook, TikTok, game သုံးတာ များလာတာကိုး။

ဈေးကွက်အခြေအနေကလည်း ပြိုင်ဆိုင်မှု ပြင်းတယ်။ ဆိုင်တွေချင်း price competition ကြီးတယ်။ အွန်လိုင်းရောင်းတဲ့သူတွေကလည်း Facebook, Telegram ပေါ်မှာ ဈေးချိုချိုနဲ့ ပို့မြန်မြန် လုပ်နေကြတယ်။ တစ်ခါတစ်လေ import မတည်ငြိမ်လို့ ဈေးအနည်းငယ်တက်တာလည်း ရှိတယ်။

နောက်လာမယ့် trend ကိုကြည့်ရင် 5G ဖုန်းတွေ တဖြည်းဖြည်း ဝင်လာမယ်။ AI camera, AI feature တွေ hype ဖြစ်လာမယ်။ China brand တွေကလည်း ဆက်ဦးဆောင်သွားမယ် ထင်တယ်။

အတိုချုံးပြောရရင် — မြန်မာဖုန်းဈေးကွက်က “တန်မှ ဝယ်” ဆိုတာ ခိုင်မာနေတယ်။ Xiaomi လို brand တွေ ဦးနေပြီး used iPhone ကလည်း မကျသေးဘူး။

အခု ဘယ်လိုဖုန်းမျိုး သုံးနေလဲ။ အောက်မှာ comment လုပ်သွားခဲ့နော်

Redmi Note 15 Pro ကို ဘယ်လိုသူတွေ သုံးသင့်လဲ?တကယ်ပြောရရင် ဖုန်းဝယ်မယ်ဆိုရင်“ဈေးနဲ့တန်လား မတန်လား” ပဲနော် 😄Redmi Note 15 ...
21/03/2026

Redmi Note 15 Pro ကို ဘယ်လိုသူတွေ သုံးသင့်လဲ?

တကယ်ပြောရရင် ဖုန်းဝယ်မယ်ဆိုရင်“ဈေးနဲ့တန်လား မတန်လား” ပဲနော် 😄

Redmi Note 15 Pro ကတော့
camera လည်းကောင်းတယ် 📸
battery လည်းခံတယ် 🔋
performance ကလည်း everyday use အတွက် အဆင်ပြေတယ် 👍

ဒါဆို ဘယ်လိုသူတွေသုံးရင် ok လဲဆိုတော့ 👇

👉 Facebook, TikTok, YouTube အမြဲသုံးတဲ့သူတွေ
— lag မဖြစ်ဘဲ smooth သုံးချင်ရင် ok

👉 Game ဆော့တဲ့သူ (ML, PUBG လောက်) 🎮
— heavy မဟုတ်ပေမယ့် အဆင်ပြေပြေဆော့ချင်တဲ့သူ

👉 Photo ရိုက်ပြီး content တင်တဲ့သူ
— camera quality က ဒီဈေးနဲ့ဆို သုံးလို့ကောင်းတယ်

👉 အလုပ်အတွက်သုံးမယ့်သူ
— email, zoom, multitasking လုပ်တဲ့သူတွေ ok

👉 ဈေးသက်သာသလို သုံးလို့ကောင်းချင်တဲ့သူ 💰
— flagship မလိုဘူး၊ တန်တာပဲလိုတယ်ဆိုရင် ဒီဟာရွေးလို့ရတယ်

မသုံးသင့်တဲ့လူတွေတကတော့ ❌
— heavy game (Genshin max level လိုမျိုး)
— camera pro level လိုချင်တဲ့သူ

အဆုံးမှာတော့
“ဈေးနဲ့တန်ပြီး စိတ်မပူဘဲသုံးလို့ရတဲ့ ဖုန်း” လို့ပြောလို့ရတယ် 👍

👇 မေးချင်တာရှိရင် comment ထားခဲ့ပါ

လက်ရှိဈေးကွက် အခြေအနေElectronics ဈေးတွေ Everest တက်သလို တက်နေStock တွေက လစာဝင်မလာခင်ပျောက်သွားပြီ…Customer တွေက “တန်လိုလ...
05/01/2026

လက်ရှိဈေးကွက် အခြေအနေ

Electronics ဈေးတွေ Everest တက်သလို တက်နေ
Stock တွေက လစာဝင်မလာခင်ပျောက်သွားပြီ…
Customer တွေက “တန်လိုလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးနေကြ 😭

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Consumer Electronics News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share