Shwe Htoke Kyee ရွှေထုပ်ကြီး စားသောက်ကုန်လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Shwe Htoke Kyee ရွှေထုပ်ကြီး စားသောက်ကုန်လုပ်ငန်း

Shwe Htoke Kyee ရွှေထုပ်ကြီး စားသောက်ကုန်လုပ်ငန်း ရွှေထုပ်ကြီး ပျားရည်ရှောက်ပြား Honey Lemon Flake

05/09/2026

7.9.26 Monday ၁ရက်ဆိုင်ပိတ်ပါမည်

29/08/2026
28/08/2026
27/08/2026

28.8.2026 သောကြာနေ့
၁ရက်ဆိုင်ပိတ်ပါသည်။

အသားစိမ်းလှီးတာနဲ့ အစိမ်းစားတဲ့အရွက်တွေလှီးတာနဲ့ အတူမသုံးသင့်
14/08/2026

အသားစိမ်းလှီးတာနဲ့ အစိမ်းစားတဲ့အရွက်တွေလှီးတာနဲ့ အတူမသုံးသင့်



12/08/2026

13.8.26 ၁ရက်ဆိုင်ပိတ်ပါသည်။

12/08/2026

ရန်ကုန်ဆေးရုံကြီး လူနာပြည့်သွားတဲ့အထိ ရန်ကုန်မှာ ရုတ်တရက် ဖြစ်ပွားနေတဲ့ ဝမ်းရောဂါ! (လမ်းဘေးဆိုင်တချို့ ပိတ်ခိုင်းနေပြီ)

အခုရက်ပိုင်း ရန်ကုန်မှာ နေထိုင်သူတွေအနေနဲ့ အစားအသောက်နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်နေတဲ့ အခြေအနေတစ်ခု ရုတ်တရက် ပေါ်ပေါက်နေပါတယ်။ ရန်ကုန်မြို့က မြို့နယ်တော်တော်များများမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေပြီး၊ လူနာတွေ များလွန်းလို့ ရန်ကုန်ဆေးရုံကြီး အပါအဝင် ပုဂ္ဂလိက ဆေးရုံတွေမှာပါ အထူးကြပ်မတ် ကုသပေးနေရပါတယ်။

ဆေးရုံတွေမှာ လူနာပြည့်ကျပ်နေတဲ့ အခြေအနေ
လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှော လူနာတွေ အရမ်းများပြားနေတဲ့အတွက် ဝန်ထမ်းတွေ နေရာချထားရေးနဲ့ သန့်ရှင်းရေးကိုနိုင်နိုင် လုပ်ဆောင်နေရပြီး၊ လူနာလာမေးတဲ့ ဧည့်သည်တွေကိုပါ ယာယီ လက်ခံမှု ရပ်ဆိုင်းထားရပါတယ်။ ဒါ့အပြင် ပြင်ပအလှူရှင်တွေက လူနာတွေကို အာဟာရ လာရောက်လှူဒါန်းတဲ့ အစီအစဉ်တွေကိုပါ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ယာယီ ပိတ်ထားရပါတယ်။ ရန်ကုန်ဆေးရုံကြီး သာမက ဗဟိုရ်စည်၊ ရွှေလမင်း၊ အောင်ရတနာ စတဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ဆေးရုံတက် ကုသနေရသူတွေ အများအပြား ရှိနေပါတယ်။

ဘယ်မြို့နယ်တွေမှာ အဖြစ်များနေလဲ?
လသာ၊ လမ်းမတော်၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတ မြို့နယ်တွေမှာ အများဆုံး တွေ့ရှိနေရပြီး၊ လသာနဲ့ လမ်းမတော် ဘက်မှာတင် တစ်ရက်တည်း လူနာ (၄၀) နီးပါးလောက် ဆေးရုံတင်ခဲ့ရပါတယ်။

လမ်းဘေးဆိုင်တချို့ကို ယာယီပိတ်သိမ်းခိုင်းထား
ဒီလို ရုတ်တရက် ကူးစက်မှုတွေ မြင့်တက်လာတာဟာ မိုးများတာရယ်၊ ယင်နားစာနဲ့ မသန့်ရှင်းတဲ့ လမ်းဘေးစာတွေကြောင့် အဓိက ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် လတ်တလောမှာ စည်ပင်နဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေပြီး ခေါက်ဆွဲသုတ်၊ အစုံသုတ်၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုး စတဲ့ လမ်းဘေးစားသောက်ဆိုင်တွေကို သန့်ရှင်းရေး အထူးဂရုပြုဖို့ သတိပေးနေသလို၊ တချို့ဆိုင်တွေကိုတော့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြီးတဲ့အထိ ရက်ပိုင်းလောက် ယာယီ ပိတ်သိမ်းထားဖို့ ညွှန်ကြားထားပါတယ်။

သတိထားရမယ့် ရောဂါလက္ခဏာများ
ရောဂါပိုးပါတဲ့ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကနေ အဓိက ကူးစက်တာဖြစ်ပြီး အောက်ပါလက္ခဏာတွေ ပြလာရင် အထူးသတိထားပါ-

အရည်ဝမ်းများစွာ ဆက်တိုက်သွားခြင်း

ငါးညှီနံ့နံတဲ့ ဆန်ဆေးရည်လို ဝမ်းသွားခြင်း

ဆက်တိုက် အော့အန်ခြင်း

မျက်တွင်းချိုင့်ဝင်ခြင်း၊ နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ ကြွက်တက်ခြင်း
ဒီလိုလက္ခဏာတွေ ခံစားရပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက် ပြသဖို့ အရေးကြီးပါတယ်။

ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ?
ရောဂါမကူးစက်အောင် အခုကတည်းက ကြိုတင်ကာကွယ်ဖို့က အရေးကြီးဆုံးပါပဲ။ အစားအစာ မစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ ယင်နားစာတွေကို လုံးဝ မစားပါနဲ့။ သောက်ရေကို ကျိုချက်သောက်ပါ၊ ဒါမှမဟုတ် ယုံကြည်ရတဲ့ ရေသန့်ကိုသာ သောက်သုံးပါ။ အစားအစာတွေကို ကျက်အောင်ချက်ပြီး ယင်မနားအောင် သေချာ ဖုံးအုပ်ထားဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ မိသားစု ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ။

31/07/2026

အလုပ်အကိုင်အခွင့်အလမ်းသစ်ကို ရှာဖွေနေသူများအတွက် ဒီလာမယ့် သြဂုတ်လ (၂) ရက်နေ့၊ တနင်္ဂနွေနေ့ DENKO ဗိုလ်တထောင် ဆီဆိုင်ခွဲမှာကျင်းပသွားမယ့် “အခုလျှောက်၊ အခုအင်တာဗျူး DENKO Job Fair” မှာ ခေါ်ယူမည့် ရာထူးများကို ဖော်ပြလိုက်ပါတယ်။ သက်ဆိုင်ရာ ရာထူးအလိုက် လစာနှင့် အခြားသော ခံစားခွင့်များ ရရှိမှာဖြစ်ပါတယ်။
ခေါ်ယူမည့် ရာထူးများကတော့
(၁) ဒုတာဝန်ခံ
• ဘွဲ့ရဖြစ်ရမည်။
• မည်သည့် နယ်ပယ်တွင်မဆို လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။
• နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်

(၂) ကြီးကြပ်ရေးမှူး
• ဘွဲ့ရဖြစ်ရမည်။
• မည်သည့် နယ်ပယ်တွင်မဆို လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။
• နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်။

(၃) အငယ်တန်း လ/ထ
• ဘွဲ့ရဖြစ်ရမည်။

(၄) ငွေကိုင် / စာရင်းကိုင်
• ဘွဲ့ရဖြစ်ရမည်။ (သို့မဟုတ်) တက္ကသိုလ်တက်ရောက်နေဆဲ ဖြစ်ရမည်။

(၅) ဆီဖြည့် / အရောင်းဝန်ထမ်း
• အနည်းဆုံး အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။

(၆) လုံခြုံရေးဝန်ထမ်း
• အနည်းဆုံး အလယ်တန်းအဆင့်ရှိသူ ဖြစ်ရမည်။

(၇) သန့်ရှင်းရေးဝန်ထမ်း
• အနည်းဆုံး အလယ်တန်းအဆင့်ရှိသူ ဖြစ်ရမည်။

အထက်ပါ ရာထူး များအတွက် စိတ်ပါဝင်စားသူများအနေနဲ့ DENKO Job Fair မှာ တစ်ခါတည်း CV တင်ကာ အင်တာဗျူးကို တစ်ခါတည်း ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ အမှတ်စဉ် (၃) မှ (၇) အထိ ရာထူးများအတွက် လုပ်ငန်း အတွေ့အကြုံမရှိသူများပါ လျှောက်ထားနိုင်တာကြောင့် ကြိုးစားတဲ့ လူငယ်တိုင်းအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်စေမှာ အသေအချာပါပဲ။

ကျင်းပမည့် နေ့ရက် - ၂.၈.၂၀၂၆ (တနင်္ဂနွေနေ့)
အချိန် - နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
နေရာ - ၊ DENKO ဗိုလ်တထောင် ဆီဆိုင်ခွဲ
အမှတ် (၃၂၁/E)၊ စန္ဒကူးလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ မဟာဗန္ဓုလတံတားအနီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

Address

29, ပွဲစားလမ်း (အောက်)၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30
Sunday 09:00 - 16:30

Website

Alerts

Be the first to know and let us send you an email when Shwe Htoke Kyee ရွှေထုပ်ကြီး စားသောက်ကုန်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share