26/05/2025
‼️‼️ရှူးရှူးရှဲရှဲကြက်သားကရင်သုပ်‼️‼️
ဒီနေ့ရာသီဥတုလေးက မိုးလေးတဖွဲဖွဲရွာနေတော့ အအေးဓါတ်လေးကို ကြက်သားသုပ် စပ်စပ်လေးနဲ့ဖြည်မယ်ရှင်🫢
ကြက်သားသုပ်ကြီးပဲလားဆို ကြက်ပြုတ်ရည်ချဉ်စပ်လေးနဲ့တွဲလျက်ပါရှင့်🫢
✅မင်မင်ကတော့လေ ဒီကြက်သားသုပ်လေးကိုခနခနသုပ်စားဖြစ်တယ်။
✅သုပ်ရလွယ်တာရော ကိုယ်တိုင်လဲကြိုက်တာရောကြောင့် ဘာချက်ရမလဲစဉ်းစားမရတိုင်း သုပ်စားလိုက်တာပဲ။စားပြီးရင်လဲခံတွင်းထဲမှာ စပ်ကောင်းလေးပေါ့နော်။😋😋😋😋
ကဲ မင်မင်နဲ့အကြိုက်တူတဲ့သူဘယ်နှစ်ယောက်ရှိလဲနော်🥰🥰🥰🥰