VEGA Health Food Store

VEGA Health Food Store Multivitamins & Supplements မျိုးစုံကို လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပီရှင်

♻ Digestive Enzymes Enzymes Oxbile Betaine HCl 3 မျိူးလုံးပါလို့ အရမ်းအဆင်ပြေတဲ့Now  Super Enzymes 180 CapsulesExp_4/202...
19/09/2026

♻ Digestive Enzymes
Enzymes
Oxbile
Betaine HCl
3 မျိူးလုံးပါလို့ အရမ်းအဆင်ပြေတဲ့
Now Super Enzymes
180 Capsules
Exp_4/2027

🌿 ကျန်းမာတဲ့အစာချေစနစ်က ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ အခြေခံပါ။
Digestive Enzymes ဆိုတာ အစားအစာထဲက
🥩 Protein
🍚 Carbohydrate
🥑 Fat
တွေကို ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်အောင် ချေဖျက်ပေးတဲ့ Enzyme တွေပါ။

ဘယ်သူတွေသောက်သင့်လဲ?
✔ အစာမကြေတတ်သူ
✔ ဗိုက်ဖောင်းတတ်သူ
✔ အစာစားပြီး ဗိုက်လေးနေသူ
✔ အသက်ကြီးလာလို့ အစာချေစွမ်းအားကျလာသူ
✔ အဆီများတဲ့အစားအစာ စားလေ့ရှိသူ

NOW Super Enzymes
အစာချေ Enzyme အမျိုးအစားစုံ ပါဝင်ပါတယ်။
• Bromelain • Papain • Pancreatin • Ox Bile Extract • Betaine HCl တို့ပါဝင်ပါတယ်။

အကျိုးကျေးဇူးများ
✔ Protein, Fat, Carbohydrate ကို ကောင်းကောင်းချေဖျက်ပေးသည်။
✔ အစာမကြေခြင်း၊ ဗိုက်ဖောင်းခြင်းကို လျော့စေသည်။
✔ အဆီများသောအစားအစာစားပြီးနောက် အစာချေရာတွင် အထောက်အကူပြုသည်။

မှာယူလိုပါက

Chatbox: m.me/VEGA.NutritionForLife မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်


🎈🎊Gong Xi Fa Cai 🎊🎈Happy Lunar New Year 2026 🎉🎈ပျော်ရွှင်ဖွယ်နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည...
17/02/2026

🎈🎊Gong Xi Fa Cai 🎊🎈
Happy Lunar New Year 2026 🎉🎈
ပျော်ရွှင်ဖွယ်နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပါစေကြောင်း....
VEGA Health Food Store မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်...

Health Tips 💕🚨 အိပ်​ရေးပျက်တဲ့အခါ ဦးနှောက်က သူ့ကိုယ်သူ ပြန်စားပါတယ် အိပ်ရေးမဝတဲ့အခါ ဦးနှောက်ထဲက astrocyte လို့​ခေါ်တဲ့ ဆ...
07/02/2026

Health Tips 💕

🚨 အိပ်​ရေးပျက်တဲ့အခါ ဦးနှောက်က သူ့ကိုယ်သူ ပြန်စားပါတယ်

အိပ်ရေးမဝတဲ့အခါ ဦးနှောက်ထဲက astrocyte လို့​ခေါ်တဲ့ ဆဲလ်တွေဟာ ပုံမှန်အလုပ်လုပ်တာထက် ပိုအလုပ်လုပ်ပြီး ကျန်းမာတဲ့ ဦးနှောက်ဆဲလ်တွေနဲ့ ဆက်သွယ်မှု (Synapses) တွေကို ပြန်လည်စားသုံး (ဖျက်ဆီး) ပစ်ပါတယ်။ ဒါကို Astrocytic Phagocytosis လို့​​ခေါ်ပါတယ်။
ဒါကို တိရိစ္ဆာန်​အချို့အ​ပေါ်မှာ စမ်းသပ်​တွေ့ရှိ အတည်ပြုထားပြီး လူရဲ့ ဦး​​နှောက်ပေါ်မှာ​တော့ မစမ်းသပ်ထားရ​သေးပါဘူး ☠️

🚨 အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ များလာပါတယ်

အိပ်စက်နေစဉ်မှာ ဦးနှောက်က အညစ်အကြေးတွေကို ဆေးကြောပေးပါတယ်။ အိပ်ရေးပျက်ရင် အဲဒီအညစ်အကြေးတွေ (Beta-amyloid) ပုံလာပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်​ခြေ မြင့်တက်လာပါတယ်။ 🧓

🚨 နိုး​နေရင်း ခဏတာ အိပ်ပျော်သွားတတ်ပါတယ်

ကားမောင်းနေရင်းဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းဖြစ်ဖြစ် သင်မသိလိုက်ဘဲ စက္ကန့်ပိုင်းအတွင်း ဦးနှောက်က အိပ်ပျော်သွားတတ်ပါတယ်။ ဒါဟာ အသက်အန္တရာယ် အလွန်ရှိပါတယ်။ 🥱

🚨 DNA ​တွေ ပျက်စီးပါတယ်

တစ်ညကို (၄) နာရီအောက်ပဲ အိပ်တာဟာ သင့်ရဲ့ DNA တွေကို ပျက်စီးစေပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်း လျော့ကျစေနိုင်ပါတယ်။ 🧬

🚨 ကိုယ်ခံအားစနစ် ထိခိုက်ပါတယ်

တစ်ညတည်း အိပ်ရေးပျက်ရုံနဲ့တင် ကင်ဆာဆဲလ်တွေကို သတ်ပေးတဲ့ ကိုယ်ခံအားဆဲလ် (Natural Killer Cells) ​တွေရဲ့ စွမ်း​ဆောင်ရည်ကို ၇၀% အထိ ကျဆင်းသွား​စေနိုင်ပါတယ်။ 🛡

🚨 မူးယစ်​နေသူရဲ့ ဦး​နှောက်နဲ့ အလုပ်လုပ်ပုံ တူသွား​စေပါတယ်

(၁၉) နာရီဆက်တိုက် မအိပ်ဘဲနေတာဟာ အရက်အလွန်အကျွံ သောက်ထားတဲ့သူတစ်ယောက်ရဲ့ ဦးနှောက်အလုပ်လုပ်ပုံနဲ့ အတူတူပဲ ဖြစ်သွားပါတယ်။ 🥴

🚨 စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းကျဆင်းလာပါတယ်

အိပ်ရေးပျက်ရင် ဦးနှောက်ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့အပိုင်းက ၆၀% ပိုပြီး တုံ့ပြန်မှု မြန်လာလို့ အသေးအမွှားလေးကအစ အလွန်အမင်း ဒေါသထွက်တာ၊ ဝမ်းနည်းတာမျိုး ဖြစ်စေပါတယ်။ 🤬😢

🚨 နှလုံးရောဂါဖြစ်နိုင်​ခြေ ​ဆောင့်တက်သွားပါတယ်

University of Michigan က လုပ်တဲ့ သု​တေသန စမ်းသပ်မှု ၁ခုမှာ အိပ်စက်ချိန် (၁) နာရီ လျော့နည်းသွားတာနဲ့တင် နှလုံးရောဂါထဖောက်နိုင်ခြေ ၂၄% အထိ မြင့်တက်သွား​စေနိုင်တယ်လို့ ဆိုပါတယ်။ 🫀

🚨 ဝိတ်ချဖို့ ခက်ခဲ​​စေပါတယ်

အိပ်ရေးပျက်ရင် ဗိုက်ဆာတဲ့ဟော်မုန်း မြင့်တက်လာပြီး အချိုနဲ့ အဆီများတဲ့ အစားအစာတွေကို ပိုစားချင်စိတ် ပေါက်လာလို့ ကိုယ်အလေးချိန် အမြန်တက်စေပါတယ်။ 🍴

အိပ်​ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများကို ကွန်းမန့်ထဲက ဗီဒီယိုမှာ သွား​ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🧠

Health Tips 💕 #လေးညှင်းပွင့်အကျိုးကျေးဇူး🔯⚜🔴⚜🌐🔶💠🎡⚜🔵⚜🔯ဒါလေးတော့ ငုံထား....အကျိုးများ မယ်....လေးညှင်းပွင့်  Clove - flower...
21/07/2025

Health Tips 💕

#လေးညှင်းပွင့်အကျိုးကျေးဇူး
🔯⚜🔴⚜🌐🔶💠🎡⚜🔵⚜🔯
ဒါလေးတော့ ငုံထား....
အကျိုးများ မယ်....

လေးညှင်းပွင့် Clove - flower လို့ ခေါ်တဲ့...
ဒီအပွင့်လေးတွေကို မိတ်ဆွေတို့ သိပါတယ်...

အပေါ်ယံအားဖြင့် ကွမ်းယာထဲထည့်စားတယ်...
​ဟင်းခက်အမွှေးကြိုင်အဖြစ်အသုံးပြုတယ် ဆိုပေမဲ့
လေးညှင်းပွင့်ဟာ ကျန်းမာရေးအတွက်
အလွန်အသုံးဝင်တာမို့ မျှဝေပေးလိုက်ပါတယ်ဗျ။
✍✍✍

မိတ်ဆွေအနေဖြင့်...
မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့
ရေအေးတစ်ခွက်သောက်ပြီး လေးညှင်းပွင့်တစ်ပွင့်ကို ခံတွင်းမှာငုံထားလိုက်ပါ ဒါမှမဟုတ် ပါးစောင်မှာငုံထားလိုက်တာနဲ့..
ရရှိမဲ့အကျိုးကျေးဇူးကတော့...

၁။ သင်ဟာခါတိုင်း မနက်ထဝမ်းမသွားဘူး ဝမ်းချုပ်တတ်သူဆိုရင် မကြာခင် ဝမ်းသွားချင်လာပါလိမ့်မယ်။

၂။ သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားတဲ့အတွက် မကြာခင်မှာ စားချင်သောက်ချင်စိတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

၃။သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က
သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှကာကွယ်
ပေးနိုင်ပါတယ်။

၄။ သွားမှာအခေါင်းရှိသူတွေ၊ သွားအခြေမှာရောင်ရမ်းမှုရှိသူတွေ၊ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က
သွားဆရာဝန်ပါ။

၅။ အအေးပတ် နှာစေး၊ နှာရည်ကျသူအတွက်ကုဆေး
ကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်
ပေးပြီး လေးညှင်းပွင့် တစ်ပွင့်ပြီးတစ်ပွင့်ကို အာနိသင်ကုန်
သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးမယ်ဆိုရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။

၆။ ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့်
တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။

၇။ ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့် (၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီး အရည်ကိုမျိုချကြည့်ပါ။ ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။

၈။ သွေးတိုးရှိသူများဟာ မနက်ထမျက်နှာသစ်ပြီး သွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့်လောက် ငုံပေးထားရင် သွေးတိုးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၉။ ညဘက် အိပ်မပျော်သူများ မအိပ်မီ နှစ်နာရီခန့်
ကြိုတင်ပြီးလေးညှင်းပွင့်ငုံထားပေးခြင်းဖြင့်အိပ်ပျော်စေနိုင် ပါတယ်။

ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ
ကင်းဝေးကြပါစေ။

ဆရာမောင် အား လေးစားလျက်....
ချစ်ခြင်းမေတ္တာဖြင့် မျှဝေပေးခြင်းဖြစ်ပါတယ်။

Health Tips 💕  #သွားကိုက်_သွားနာ ပျောက်ကင်းလိုလျှင်..... 🦷 🦷 သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်သွားဝေဒနာအမျိ...
20/06/2024

Health Tips 💕

#သွားကိုက်_သွားနာ ပျောက်ကင်းလိုလျှင်..... 🦷 🦷

သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်
သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်
ဖန်းခါးသီးအစို{သို့မဟုတ် }
ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို
ထုထောင်းပါ....။

လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။
ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသားအဖတ်များကို
ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။

ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသော
ရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။

မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်
သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်.. .....။

သွားပိုးပေါက်အတွင်းသို့
ဖန်းခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား သွားကိုက် ဝေဒနာ ပျောက်ကင်းစေပါတယ်။

ဖန်းခါးသီး လေးညှင်းပွင့် ဆား ဆနွင်း ကျောက်ချဉ်မှုန့်ကလေးများလုပ်၍
ရေနွေကျက်ကျက်ဆူထည့် ခပ်နွေးနွေးလေး ငုံပေးပါက သွားနှင့်ပတ်သက်သော
ဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်း
ပါတယ်........။

19/06/2024

အလိုလို သိစိတ် 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 🧠🤩
𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 အကြောင်း ရေးပေးချင်နေတာ ကြာပါပြီ၊ရေးသာရေးရတယ် 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကို အရမ်းတော့ နားမလည်သေးပါဘူး၊ဒါပေမယ့် ဘာလို့ ရေးပေးရလဲဆိုရင် ခုခေတ်မှာ လူတိုင်း 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 အားကောင်းဖို့ မဖြစ်မနေ လိုအပ်လာလို့ပဲ ဖြစ်ပါတယ်။
ကျနော်တို့ နေထိုင်ရာ ကမ္ဘာကြီးက 3D ကနေ 5D ကို ပြောင်းနေပြီလို့ Spiritual လိုက်စားတဲ့ ဆရာသမားတွေပြောတာကြာပါပြီ၊လက်ရှိ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ ဆင်းရဲ ဒုက္ခပေါင်းစုံက အဲ့ဒီအပြောင်းအလဲနဲ့ အများကြီးသက်ဆိုင်နေပါတယ်၊5D ကိုရောက်ရင် ကမ္ဘာကြီးပေါ်မှာ Authenticity လို့ ခေါ်တဲ့ 'စစ်မှန်မှု' နဲ့ပဲ အသက်ရှင်လို့ ရပါတော့မယ်။
ဘယ်လိုမျိုးလဲဆိုရင် Authenicity ရှိမှ ကျန်းမာအောင် နေထိုင်စားသောက်တတ်မယ်,စီးပွားရေးကို အောင်မြင်အောင် လုပ်နိုင်မယ်,မိတ်ဆွေစစ် မိတ်ဆွေမှန်တွေကို ရရှိမယ်,ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ရှောင်နိုင်မယ် ဒါမှမဟုတ်လည်း အောင်မြင်အာင်ဖြေရှင်းနိုင်မယ်၊အဲ့လို Authenticity အပြည့်အဝနဲ့ ဘဝကို ရှေ့ဆက်ဖို့ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကောင်းမှ ကို ရတော့မယ်။
𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ဆိုတာ မိမိရဲ့ စိတ်ထဲမှာ တွေးတောတာ ကြံစည်တာမဟုတ်ဘဲ 'အလိုလိုသိလာတဲ့စိတ်'ပဲ ဖြစ်ပါတယ်၊အင်မတန်မှ သိမ်မွေ့ပြီး အဆင့်အတန်းမြင့်တဲ့ စိတ်အခြေအနေတစ်ခုဖြစ်ပါတယ်၊'ဝမ်းတွင်း သိစိတ်'လို့လည်း အဓိပ္ပာယ်ဖွင့်လို့ရတယ်၊အားလုံးကြားဖူးတဲ့ သီချင်းစာသားလေးလို ... "ဒါကို သူမြင်တယ်ဆို ရင်မှာ ပုဏ္ဏားတွေရှိလား 🎵🎼"၊ရင်ထဲမှာ ဗေဒင်ဟောတတ်တဲ့ ပုဏ္ဏားလေးရှိသလို မပြောဘဲနဲ့ သိနေပါလားဆိုတဲ့ သဘောပါ၊ဒါ့ကြောင့်မို့ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကို အင်္ဂလိပ်လို Gut Feeling(အူမှသိစိတ်/အူလမ်းကြောင်းရဲ့ ခံစားချက်) လို့လည်းခေါ်တယ်။
နားလည်အောင်ထပ်ရှင်းပြပါဦးမယ်...ဥပမာ အိမ်ရှင်မတစ်ယောက်က ဒီနေ့ ကြက်သားဟင်းချက်မယ်ဆိုပြီး စျေးကိုထွက်လာတယ်၊ဒါမဲ့ သူ့စိတ်မှာ တမင်မတွေးတောရဘဲ ကြက်သားမချက်သင့်ဘူး ငါးဟင်းပဲချက်တော့မယ်လို့ အတွေးဖြစ်တယ်၊အဲ့ဒါနဲ့ပဲ ငါးဟင်းပဲချက်ဖြစ်တယ်၊အဲ့ဒီနေ့မှာ သူသွားတဲ့ စျေးက ကြက်သားကိုစားပြီး အစာအဆိပ်သင့်တာတွေ ဖြစ်ကြတယ်၊သူတို့မိသားစု လွတ်သွားတယ်။
အချိန်လေးစားတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ဦးက နေ့ခင်းပိုင်း အစည်းအဝေးတစ်ခုတက်ဖို့ အချိန်စောပြီး ပြင်ဆင်ပြီးနေပေမယ့် သူ့စိတ်မှာ မသွားသင့်ဘူးလို့ ဖြစ်လာလို့ ခဏအိပ်လိုက်တယ်၊နာရီဝက် နောက်ကျပြီးမှ သူရောက်သွားတယ်၊လမ်းမှာ သူသာနာရီဝက်စောပြီး သွားလိုက်ရင် ယာဥ်တိုက်မှုနဲ့ ကြုံမှာဖြစ်တယ်။
ဒါဆို 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ဆိုတာ အနာဂတ်ကိုကြိုသိနေတာမျိုးလားဆိုပြန်တော့လည်း တစ်စိတ်တစ်ပိုင်း ဟုတ်တယ်လို့တော့ ပြောရမယ်၊လူတကာ ရွှေစုတဲ့ အချိန်မှာ မြေကွက်တွေဝယ်စုတဲ့ သူက ရူးကြောင်ကြောင်နိုင်ပေမယ့် ရွှေစျေးကျပြီး မြေစျေးကောင်းတဲ့ ခေတ်မှာ ကျိကျိတက် ချမ်းသာသွားဖူးတယ်၊ဒီသဘောတွေပါပဲ လူတစ်ယောက်ကို လူကောင်းလား? ကိုယ့်ကိုဒုက္ခပေးမယ့် သူလား? ဆုံးဖြတ်တဲ့အခါ အများအပြောထက် မိမိရဲ့ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 နဲ့သာ မှန်ကန်စွာဆုံးဖြတ်တတ်လာအောင် လေ့ကျင့်ယူရမှာပဲ ဖြစ်ပါတယ်။
နောက်ထပ်ထူးဆန်းတာ တစ်ခုက 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 က စိတ်ရဲ့ အရည်အသွေးတစ်ခုဖြစ်တာမို့ အူလမ်းကြောင်းကျန်းမာရေးနဲ့လည်း ဆက်စပ်နေပြန်တယ်၊အူလမ်းကြောင်းရောဂါမရှိဘူး,စားသမျှ အစာကြေတဲ့သူတွေက စိတ်ကြည်လင်တာမို့ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ပိုအားကောင်းတယ်။(Gut-Brain Connection လို့ခေါ်ပါတယ်)
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာပိုင်းကကြည့်ရင်လည်း 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 က အချက်အလက်တွေကို မှတ်သားတဲ့စိတ်နဲ့ လေ့ကျင့်ယူလို့မရဘူး၊ဥပမာ-မောင်မောင်က လူကောင်းလို့မှတ်ယူထားတဲ့ မှတ်ဉာဏ်က 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 မဟုတ်ဘူး၊မောင်မောင်နဲ့ အတူအလုပ်တွဲလုပ်မယ်ဆို မောင်မောင်က လူကောင်းလား,နောက်ကျောဓားနဲ့ထိုးမယ့်သူလား အလိုလိုသိတာကမှ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ဖြစ်ပါတယ်။
လောကမှာ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 အားအကောင်းဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင်တော့ မြတ်ဗုဒ္ဓကိုပဲ ညွှန်ပြရလိမ့်မယ်၊ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက နယုန်လပြည့် (မဟာသမယနေ့) ဖြစ်ပါတယ်၊မဟာသမယသုတ် ဟောကြားစဥ်အခါတုန်းက စကြဝဠာတိုက်တစ်သောင်းမှာရှိတဲ့ နတ်,ဗြဟ္မာတွေ ရောက်ရှိလာတယ်၊တန်ခိုးနည်းတဲ့နတ် တန်ခိုးကြီးတဲ့နတ် စုံလို့ပါပဲ၊မရေတွက်နိုင်အောင် များပြားလွန်းတဲ့ နတ်,ဗြဟ္မာတွေက သူတို့ဒီလောက်အများကြီး ရောက်လာတာကို ဘုရားရှင် မသိမှာစိုးရိမ်ကြတယ်,တန်ခိုးကြီးတဲ့နတ်တွေလည်း အများကြီးပါတော့ တန်ခိုးနည်းတဲ့နတ်တွေက သိမ်ငယ်ကြတယ်,ပရိသတ်ကများပြားလွန်တော့ သူတို့သိချင်တာတွေ မေးလျှောက်ဖို့ အခွင့်အရေးမရမှာလည်း စိုးရိမ်ကြပြန်တယ်။
သူတို့တွေရဲ့ စိတ်ကို မြတ်စွာဘုရားက အလုံးစုံသိလေတော့ သူတို့တွေရဲ့ နာမည်တွေကို နတ်အုပ်စုအမျိုးအစားအလိုက်ခေါ်ပြီး နှုတ်ဆက်တယ်၊နှုတ်ဆက်တဲ့နေရာမှာလည်း အဆင့်နိမ့်နတ်တွေကနေ အဆင့်မြင့်နတ်တွေထိ အစဥ်လိုက်နှုတ်ဆက်တာမို့ အားလုံးရွှင်လန်းဝမ်းသာကြတယ်၊သူတို့သိလိုတဲ့ အာသာဆန္ဒတွေကိုလည်း နှစ်ကိုယ်ခွဲပြီး ဘုရားနှစ်ဆူအနေနဲ့ တစ်ပါးကမေး,တစ်ပါးကဖြေ ပုံစံနဲ့ ဖန်ဆင်းပြီးဖြေကြားတဲ့အခါ တရားရပြီး ကျွတ်တမ်းဝင်ကြတယ်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိတဲ့အခါတွေတုန်းကလည်း ဒီလမ်းကသွားရင် ဒုက္ခများမယ်,ဒီလမ်းကဆို အဆင်ပြေမယ်ဆိုတာ ကြိုတင်ပြီးသိမြင်တာမျိုးတွေကို တရားစာပေတွေမှာ ဖတ်ရတယ်၊မြတ်စွာဘုရားမှရယ်တော့ မဟုတ်ပါဘူး...စိတ်ကို ကောင်းစွာလေ့ကျင့်ထားတဲ့သူတိုင်းက 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကောင်းကြပါတယ်။
𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 အားကောင်းလာရင် ဘဝမှာ ကြုံတွေ့ရတဲ့ ကိစ္စမှန်သမျှကို သူများအပြောနဲ့ မောမနေတော့ဘဲ မိမိဘာသာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပြီး အကျန်းမာဆုံး အကြွယ်ဝဆုံး အန္တရာယ်အကင်းဆုံး ဘဝတွေကို တည်ဆောက်နိုင်လာမှာ ဖြစ်ပါတယ်။
𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 အားကောင်းလာတဲ့အခါ ငါ ဘာလုပ်ရင် အောင်မြင်မှာလဲ?,ငါ့ရဲ့ သူများတွေထက် သာတဲ့အရည်အချင်းကဘာလဲ?,ဘယ်သူတွေက မိတ်ဆွေစစ်လဲ?,ဘာလုပ်ရင် လက်ရှိခံစားနေရတဲ့ ဝေဒနာတွေကုရလွယ်မလဲ? စသဖြင့် အကျိုးကျေးဇူးတွေ ခံစားရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ဒီနေ့ဒီလမ်းသွားရင် ငါတော့ ဒုက္ခရောက်တော့မှာပဲဆိုတာလိုမျိုး စိုးရိမ်စိတ်ကလည်း 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 မဟုတ်ပြန်ဘူး၊စိတ်တည်ငြိမ်တဲ့သူ,ဒေါသနည်းတဲ့သူ,ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူ,အရာရာကို မှန်ကန်စွာတွေးခေါ်မြော်မြင်တတ်တဲ့သူတွေရဲ့ စိတ်မှာဖြစ်လာတဲ့ အလိုလိုသိစိတ်ကသာ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 အစစ်အမှန်ဖြစ်ပါတယ်၊ 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကောင်းတဲ့သူတွေက သူတို့ကိုယ်ကို 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကောင်းမှန်းလည်း သိကြပါတယ်။
ဒီလောက်ဆို 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကိုသဘောပေါက်လောက်ပါပြီ၊ဒါဆို 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကောင်းအောင် ဘယ်လိုလေ့ကျင့်ယူမလဲပေါ့... 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ဆိုတာစိတ်ရဲ့ မြင့်မားတဲ့အခြေအနေမို့ စိတ်ကို ကောင်းတဲ့ဘက်ရောက်အောင် လုပ်ယူနိုင်တဲ့ နည်းမှန်သမျှက 𝑰𝒏𝒕𝒖𝒊𝒕𝒊𝒐𝒏 ကိုကောင်းစေပါတယ်...
🔹နေ့စဥ် စိတ်တည်ငြိမ်အောင်,ဒေါသနည်းအောင် လေ့ကျင့်ပါ(တရားထိုင်ခြင်း,ယောဂဆော့ခြင်း စသည်)
🔹ဖုန်း နဲ့ ကွန်ပြူတာသုံးတာလျှော့ပြီး တတ်နိုင်သမျှ သဘာဝနဲ့ နီးစပ်အောင်နေထိုင်ပါ(လေ့ကျင့်ခန်းလုပ်ခြင်း,ခရီးထွက်ခြင်း,မြေကြီးနင်းခြင်း စသည်)
🔹အူလမ်းကြောင်း ကျန်းမာရေးကောင်းအောင် အမြဲဂရုစိုက်ပါ,ကြေညက်လွယ်တာ စားပါ,အာဟာရပြည့်ဝအောင်စားပါ,အိပ်ရေးဝအောင်အိပ်ပါ
🔹မကြာခဏအစားစားတတ်တဲ့ အကျင့်ကိုဖျောက်ပြီး အချိန်အပိုင်းအခြားနဲ့သာ စားတဲ့အကျင့်ကို မွေးမြူပါ(Fasting လုပ်ခြင်း)
🔹အားလပ်တဲ့အချိန်တွေမှာ မိမိခန္ဓာကိုယ်က ဘာတွေပြောနေလဲ နားထောင်တတ်တဲ့အကျင့်လုပ်ပါ,ဘယ်အစိတ်ပိုင်းက နာနေလဲ တောင့်တင်းနေလဲ ပိတ်ဆို့နေလဲ လေးလံနေလဲ မြင်အောင်ကြည့်ပါ၊ပြီးရင် ဆေးတွေကိုချည်း အားမကိုးဘဲ သဘာဝအတိုင်း ကုစားတတ်အောင် သင်ယူထားပါ
🔹စိတ်သဘောထားမှန်ပြီး မိမိကို လမ်းပြနိုင်မယ့် ဆရာသမားနဲ့ မိတ်ဆွေတွေကို ရှာဖွေပါ
🔹လောကကြီးအကြောင်း,လူတွေရဲ့အကြောင်းသိဖို့ စာများများဖတ်ပါ။

စိတ်နှလုံးချမ်းမြေ့ကြပါစေ ☺️🤝😍
၁၆.၆.၂၀၂၂
#ဒေါက်တာရဲပြည့်ဟိန်း

~Internet

Health Tips 💕ကျောက်ကပ် ဆေးနေသူများ D3 နဲ့ super k, D ribose သောက်သင့်ပါတယ်“ အမေက ကျောက်ကပ်ပျက် စ ဆေးကတည်းက အတော်အားနည်းသ...
18/06/2024

Health Tips 💕

ကျောက်ကပ် ဆေးနေသူများ D3 နဲ့ super k, D ribose သောက်သင့်ပါတယ်

“ အမေက ကျောက်ကပ်ပျက် စ ဆေးကတည်းက အတော်အားနည်းသွားပါတယ်..

Nephrologist ကလဲ အရမ်းအစားရှောင်ခိုင်းတော့ ပိုဆိုးပြီး ခွေကျ ယိုင်နေပါရော..

ဆရာမကြီး ခွေနားထောင်ပြီး D Ribose ကို ကျောက်ကပ်ဆရာဝန်ကြီး ခွင့်မပြုချင်ပေမဲ့ ကျမ ဂရုမစိုက်ဘဲ တနေ့ တဇွန်း မနက် ကွေကာအုပ်ထဲ ထည့်တိုက်တာ အခု အတော် ထူထူထောင်ထောင်ဖြစ်လာတော့ ကျေးဇူးတင်လိုက်တာ ဆရာမကြီးရယ် ..

အခုမှ ကျောက်ကပ်ဆရာဝန်ကြီးက ကျောက်ကပ်ဆေးတဲ့ ဌာနမှာ တခြားလူနာတွေကို D Ribose တိုက်ဖို့ ညွှန်ကြားတာ ကြားနေရပါတယ် “

မှတ်ချက်

D ribose ဆိုတာ ကလာပ်စည်း စွမ်းအင်လို့ ခေါ်တဲ့ ATP (Adenin Tri Phosphate) ရဲ့ အဓိက ကိုယ်ထည် ဖြစ်ပါတယ်။။ သူ မရှိရင် စွမ်းအင် မဖြစ်နိုင်ပါ။

စွမ်းအင် အထူး လိုအပ်တဲ့ နှလုံး၊ ဥဏှောက်၊ ကြွက်သား၊ ကျောက်ကပ် တို့အတွက် အလွန် ကောင်းတဲ့ ဓာတ် ဖြစ်ပါတယ်။

To A Better Health

Clearance Sale‼️One A Day Women 50+ ကို တန်တန်လေး ရမယ်နော် 💥 3️⃣ ဘူးပဲ ရှိတော့တာမို့ ဦးသူယူပါရှင်..💥 One A Day Women's 5...
18/06/2024

Clearance Sale‼️

One A Day Women 50+ ကို တန်တန်လေး ရမယ်နော်

💥 3️⃣ ဘူးပဲ ရှိတော့တာမို့ ဦးသူယူပါရှင်..💥

One A Day Women's 50+ 300Tabs
Price - 70,000ks
Expired - 11/2024

👨‍🦰👩 အသက် ၅၀ ကျော် အမျိုးသားရော အမျိုးသမီးပါသောက်သုံးနိုင်တဲ့

Mutivitamins နှင့် Minerals မျိုးစုံပါဝင်တဲ့

One A Day 50+ ကို နေ့စဉ်ပုံမှန် သောက်သုံးပေးမယ်ဆိုရင်------

✔ Vitamin D နဲ့ မက်ဂနီဆီယမ် ပါဝင်တဲ့အတွက် ကြွက်သားများကို သန်မာစေတယ်
✔ Vitamin B က နှလုံးကြွက်သားကို အားဖြည့်ပေးတယ် အမောဒဏ်ကို ခံနိုင်လာမယ်
✔ Zinc က ဦးနှောက် မှတ်ညဏ်ကို အားကောင်းစေတယ်
✔ Lutein နဲ့ ဗီတာမင် A,C,E က အမြင်အာရုံကောင်းစေတယ်

မှာယူလိုပါက chat box ကတဆင့်အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ လေး ချန်ထားပေးပါနော်... ဆက်သွယ်ပေးပါမယ်ရှင်...

ဝယ်ယူအား‌ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်...❤️

USA made vitamins/ supplements မျိုးစုံကို VEGA Health Food Store မှာ စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ပါပီရှင်.....
16/06/2024

USA made vitamins/ supplements မျိုးစုံကို VEGA Health Food Store မှာ စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ပါပီရှင်..

Supplements တွေ လိုအပ်လာတိုင်း VEGA ကို သတိရလိုက်ပါနော်..

အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ဖို့

Telegram channel 👇 https://t.me/vega_nutritionforlife

Viber channel
Join VEGA Health Food Store on Viber https://invite.viber.com/?g2=AQBiWa2PexGM5FMIdWuB%2FjLLHcez90IG750sHXMetUszJmoob3%2ByjirTN9MM97tv

တို့ကို Subscribe လုပ်ထားကြပါအုံးနော်..

ပစ္စည်းမှန် စျေးနှုန်းမှန် နှင့် ဝန်ဆောင်မှုကောင်းတာ VEGA ပါ ☺️

ရန်ကုန်၊ မော်လမြိုင် နှင့် အခြားသော နယ်မြို့များသို့ အိမ်အရောက်ငွေချေစနစ် (Cash on Deli) ဖြင့် ပို့ဆောင်ပေးနေပါပီရှင့် 🤗

ဝယ်ယူအားပေးသူ မိတ်ဆွေများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ❤️❤️❤️

Clearance Sale‼️One A Day Men 50+ ကို တန်တန်လေး ရမယ်နော် 💥 1️⃣ ဘူးပဲ ရှိတော့တာမို့ ဦးသူယူပါရှင်..💥 One A Day Men's 50+ 3...
15/06/2024

Clearance Sale‼️

One A Day Men 50+ ကို တန်တန်လေး ရမယ်နော်

💥 1️⃣ ဘူးပဲ ရှိတော့တာမို့ ဦးသူယူပါရှင်..💥

One A Day Men's 50+ 300Tabs
Price - 70,000ks
Expired - 12/2024

👨‍🦰👩 အသက် ၅၀ ကျော် အမျိုးသားရော အမျိုးသမီးပါသောက်သုံးနိုင်တဲ့

Mutivitamins နှင့် Minerals မျိုးစုံပါဝင်တဲ့

One A Day 50+ ကို နေ့စဉ်ပုံမှန် သောက်သုံးပေးမယ်ဆိုရင်------

✔ Vitamin D နဲ့ မက်ဂနီဆီယမ် ပါဝင်တဲ့အတွက် ကြွက်သားများကို သန်မာစေတယ်
✔ Vitamin B က နှလုံးကြွက်သားကို အားဖြည့်ပေးတယ် အမောဒဏ်ကို ခံနိုင်လာမယ်
✔ Zinc က ဦးနှောက် မှတ်ညဏ်ကို အားကောင်းစေတယ်
✔ Lutein နဲ့ ဗီတာမင် A,C,E က အမြင်အာရုံကောင်းစေတယ်

မှာယူလိုပါက chat box ကတဆင့်အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ လေး ချန်ထားပေးပါနော်... ဆက်သွယ်ပေးပါမယ်ရှင်...

ဝယ်ယူအား‌ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်...❤️❤️❤️

Address

Mingalartaungnyunt Township
Yangon
11221

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959449644961

Website

Alerts

Be the first to know and let us send you an email when VEGA Health Food Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share