04/01/2026
ပုံတင်လိုက်တာနဲ့မေးကြတော့မယ်ဆိုတာသိပါတယ် 😘။ ခဏ ခဏ ရေးဖူးပါတယ်။
ကျွန်တော်ကိုယ်တိုင်က ပျင်းလို့ ၊ စာရေးချင်နေလို့ထပ်တင်ပေးလိုက်ပါတယ်။
ဒါက ထိုင်းစတိုင်လ်အသုပ်တွေထဲမှာအလွယ်ကူဆုံးနဲ့စားမြိန်တဲ့အသုပ်လေးပါ။
ထမင်းနဲ့စားရတာထက် ဘီယာတို့ ဝိုင်တို့နဲ့မြည်းရင်အေးအေးလေးနဲ့စားလို့ကောင်းတဲ့နှုတ်မြိန်စာလေးပေါ့ 😋🍷🍺
ကလေးတွေအတွက်ဆိုအစပ်လျှော့ပြီးစားနိုင်ရင်တော့အစပ်ကဲတာလေးကပိုပြီးထိမိပါတယ်။ တကယ့်ကို ချို ၊ ချဥ် ၊ စပ်မွှေးမွှေးလေး 🍅🥕🌶🧄🧅
အလွယ်ကူဆုံးနည်းလေးပြောပြပါ့မယ်။
ဒီအသုပ်အတွက်အဓိကအရေးကြီးတာကဆော့စ်စပ်ရတာပါ။
ငရုတ်သီးစိမ်းတောင့်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်အမြစ်တို့ကို ရှာလကာရည်နဲ့ ရောကြိတ်ပြီး၊ သံပုရာရည်၊ငံပြာရည်၊သကြားတို့နဲ့ရောပြီးချို၊ ချဥ်၊ စပ်လေးဆော့စ်ချက်ရပါတယ်။ ကြက်သွန်ဖြူဆားရည်စိမ်လေးနဲ့ ကြက်ဖဆော့စ်ထည့်ချက်ရင် ဆော့စ်အရသာက ပိုမွှေး ၊ ပိုထိပါတယ်။
ပဲကြာဇံကို ကျောက်ပွင့်ဖြူ၊ ကြွက်နားရွက်မှိုလေးတွေနဲ့ရောပြုတ်ထားပါတယ်။
ပင်လယ်စာကတော့မိမိနှစ်သက်ရာထည့်ပါ။
ကျွန်တော်က ပုစွန် ၊ ကင်းမွန် ၊ ငါးဖယ်ကိုပြုတ်ပြီးပါးပါးလှီးထည့်ထားပါတယ်။ ရေဘဝဲ၊ ဂုံး စတာတွေလဲထည့်နိုင်ပါတယ် 🍤🦈🦂🦀🐠🐟
ဖြည့်စွက်အစာကတော့ ကြက်သွန်နီ၊ခရမ်းချဥ်သီး၊မုန်လာဥမျှင်၊ တရုတ်နံနံ၊ကြက်သွန်မြိတ်၊နံနံပင်တို့ထည့်ပြီး ဆော့စ်ထည့်၊ လတ်ဆတ်တဲ့သံပုရာသီးလေးညှစ်ပြီးခပ်ဖွဖွလေးနယ်ပေးလိုက်ရုံပါပဲ 🍅🥕🧄🧅🌶🍀🍋
အလှဆင်ချင်ရင်တော့ Cashew Nuts ကြော်ထားတာလေးကို ခပ်ကြမ်းကြမ်းထောင်းပြီး ဖြူး ထည့်နိုင်ပါတယ်။