22/01/2026
ကျွန်တော့် Pageမှာ ဒီရက်ပိုင်း အမေးအများဆုံးမေးခွန်းက "ဗီယက်နမ်ကို လာလည်တဲ့အခါ လိုက်ပို့ပေးလား" ဆိုတဲ့ မေးခွန်းပါ။🇻🇳
ကျွန်တော်ဟာ လက်ရှိ Vietnam နိုင်ငံမှာ နှစ်ရှည်နေထိုင်နေတဲ့ 'Digital Nomad' တစ်ဦးဖြစ်ပါတယ်။
Company သွားစရာမလို၊ ရုံးတက်စရာမလိုပဲ ကိုယ်ပိုင် Digital လုပ်ငန်းလုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ဖုန်း (သို့) Laptop တစ်လုံးရှိရုံနဲ့ ကမ္ဘာကြီးပေါ်က Internet လိုင်းရတဲ့ ဘယ်နေရာကမဆို အလုပ်လုပ်လို့ရတဲ့အတွက် ဗီယက်နမ်က မြို့အသီးသီးမှာ လှည့်လည်နေထိုင်လျက်ရှိသလို
ကျွန်တော်သွားခဲ့တဲ့နေရာတွေ၊ မြည်းစမ်းဖူးခဲ့သမျှအစားအသောက်တွေ၊ ကျွန်တော်လက်ရှိနေထိုင်ရာ ဗီယက်နမ်နိုင်ငံရဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေက်ို မှတ်တမ်းပြုစုရင်း Content Video လေးတွေအဖြစ် ပြန်လည်မျှဝေဖော်ပြပေးနေတဲ့ Content Creator တစ်ဦးလည်း ဖြစ်ပါတယ်။🎥
🇻🇳ဗီယက်နမ်ကိုလာလည်ရင် လိုက်ပို့ပေးလားဆိုတဲ့ မေးခွန်းအတွက် ဖြေရမယ်ဆိုရင်တော့...
✅တစ်ဖက်မှာလည်း ကိုယ်ပိုင်အလုပ်ရှိတာကြောင့် လာလည်မဲ့ရက်နဲ့ ကျွန်တော်ရဲ့ အားလပ်တဲ့ရက် တိုက်ဆိုင်တဲ့အခါ လိုက်ပို့ပေးပါတယ်။
✅လူဆယ်ချီ၊ ရာချီ Tour Group များနဲ့မသွားချင်ပဲ
ပေါ့ပေါ့ပါးပါး၊ သက်သောင့်သက်သာ၊ လွတ်လွတ်လပ်လပ် ၊ အေးအေးဆေးဆေး Private ဆန်ဆန် ၊ သီးသန့် သွားလိုသူများအတွက်သာ လိုက်ပို့ပေးပါတယ်။
✅ဧည့်သည်နဲ့ ဧည့်လမ်းညွှန် ဆက်ဆံရေးမျိုးမဟုတ်ပဲ ၊ ကျွန်တော်နဲ့ လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ မိသားစုလို , ဆွေမျိုးလို, သူငယ်ချင်းလို ,ဘော်ဒါလို ခံစားရစေမဲ့ ခရီးဖော်တစ်ဦးအနေနဲ့ ဦးဆောင်စီစဉ်ပေးတာဖြစ်တာကြောင့် ၊ ဒီလို Service မျိုးကို ကျေနပ်လက်ခံလိုသူများကိုသာ လိုက်ပို့ပေးပါတယ်။
✅ရက်ရှည်အချိန်ပေးပြီး အတူလည်ပတ်ရမဲ့သူများဖြစ်တာကြောင့် တစ်ဦးပေါ်တစ်ဦး Respect ရှိစွာလေးစားတတ်သူများကိုသာ အဓိကထားလိုက်ပို့ပေးဖြစ်ပါတယ် ခင်ဗျာ။
ဒီနေ့ဒီအချိန်ထိ ဗီယက်နမ်ခရီးစဉ်လည်ပတ်မှုလေးတွေအကြောင်း မတင်ဖြစ်၊မပြောဖြစ်၊ မကြေညာဖြစ် ခဲ့ပေမဲ့လည်း
"ကိုတာရာ့ Videoထဲက နေရာလေးတွေ လည်ချင်တာ၊ ကိုတာရာ စားပြတဲ့ ဒေသစာတွေစားချင်တာ ၊ ကိုတာရာ စီစဉ်တဲ့ Tour Program လေးတွေအတိုင်းပဲ သွားချင်တာ" ဆိုပြီး Page Messenger အထိ ယုံကြည်အားကိုးစွာ တကူးတက ဆက်သွယ်လာပြီး💬
ပြီးခဲ့တဲ့ နှစ်အတွင်းမှာဗီယက်နမ်တခွင်ကို အတူပျော်ရွှင်စွာ လည်ပတ်ခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်ရပါသော ဆွေမျိုး၊ မိတ်ဆွေ၊ ဘော်ဒါများကိုလည်း အစဉ်ကျေးဇူးတင် သတိရလျက်ပါ။❤️
Welcome To Vietnam ပါခင်ဗျာ။🫶🇻🇳
TAR YAR WITH YOU.