Moe Myittar Pharmacy-SPT

Moe Myittar Pharmacy-SPT 09699993404
09406900117

cb (or) viber

12/02/2026

ဘာ Vitamin လိုအပ်နေသလဲ
ပင်ပန်းလျှင်-B12

စိတ်ဖိစီးလျှင်- B complex

စိုးရိမ်လျှင်-B6

မျက်စိမကြည်လျှင်-B5

စိတ်ဓာတ်ကျလျှင်- Vitamin D

ကိုယ်ခံအားနည်းလျှင်-Vitamin C

ဒဏ်ရာကျက်နှေးလျှင်-Vitamin A

အညိုအမဲစွဲလွယ်လျှင်-Vitamin C

အသားအရေခြောက်လျှင်-Vitamin A

ရောင်ရမ်းလွယ်လျှင်-Vitamin E

ကြွက်သားနာလျှင်-Vitamin D

အရိုးပျော့လျှင်-Vitamin K

အစာမကြေလျှင်-Vitamins B

မျက်စိညောင်းလျှင်-Vitamin A

💊သင့်မှာ အထက်ပါလက္ခဏာတွေထဲကဘာတွေဖြစ်နေလဲ???

❤️လိုအပ်လျှင်saveထားပီး၊ မိသားစု သူငယ်ချင်းတွေကိုလည်း shareပေးပါ
#မိုးမေတ္တာဆေးဆိုင်
#ရွှေပြည်သာ

06/02/2026

အတွင်းပိုင်းကိုပြန်ဝင်တဲ့အမွေးတွေလဲ သေချာဂရုစိုက်ရမယ်နော်

#မိုးမေတ္တာဆေးဆိုင် #ကျန်းမာရေးဗဟုသုတရကြပါစေ #ပြန်လည်မျှဝေပေးပါတယ် ゚viralシ

10/01/2026

အာရုံကြောအားနည်းနေတဲ့ လက္ခဏာ (၇)မျိုး

💠 1. ထုံကျဉ်တာ
ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လဲ မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohns ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လဲ ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

💠 2. ပိုချမ်းတတ်တာ
အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး၊ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ် မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

💠 3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ ဖြစ်တာ
စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ၊ မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

💠 4. အားနည်းတာ
လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင််အာရုံကြော အားနည်းတာ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

💠 5. နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာကလဲ အာရုံကြောအားနည်းတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

💠 6. ပါးစပ်အနာ
သွားဖုံး (သို့မဟုတ်) လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

💠 7. ဗိုက်ပြဿနာ
ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာစတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။

💠 အာရုံကြောအားကောင်းစေတဲ့အစားအစာများ

အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

💠 ဒါကြောင့် အာရုံကြောစနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လို့ရပါတယ်။

💠 အာရုံကြောစနစ် ကျန်းမာလာဖို့အတွက် ဒီ ဓာတ်တွေ လိုအပ်ပါတယ်။

💠 ဗီတာမင် B1 (သီရာမင်း)
ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

💠 ဗီတာမင် B6
အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တခုပါ။

💠 ဗီတာမင် B12
ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

💠 ကော့ပါး
သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

💠 အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ။

💠 ဟင်းနုနွယ်
အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

💠 ဆန်လုံးညို
ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံ ကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

💠 ကိုကိုး
ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့် oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💠 ငါး
အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

💠 ငှက်ပျောသီး
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

💠 ကြက်သွန်ဖြူ
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့အစားအသောက်လေးတွေကို နေ့စဉ် တခု/နှစ်ခုလောက် ပါဝင်အောင် စားသုံးပေးပြီး အာရုံကြော ကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။

💠 ဒီလိုဝေဒနာဆိုးကြီးကို အမြန်ဆုံးသက်သာချင်လှပြီ ဆက်မခံစားနိုင်တော့ဘူးဆိုတဲ့ ဝေဒနာရှင်များတွက် အင်အားသစ်တိုင်းရင်းဆေးကပ်ခွာနဲ့ လိမ်းဆေး၊ သောက်ဆေးကို တွဲဖက်အသုံးပြုနိုင်ပါတယ်🤗🤗

💠 ၁၀၀% သဘာဝတိုင်းရင်းဆေးမို့ သုံးစွဲဖူးသူတွက် မည်သည့်ဆိုးကျိုးမျှ မရှိစေတဲ့အတွက် ယုံကြည်စွာ အသုံးပြုနိုင်ပါတယ်ရှင့်😊😊
Credit to original uploader
#ကျန်းမာရေးဗဟုသုတရကြပါစေ #ပြန်လည်မျှဝေပေးပါတယ် ゚viralシ

#မိုးမေတ္တာဆေးဆိုင်

🧠💪 “ခြေထောက်သန်မာရင်... ဦးနှောက်က နှစ်အတော်ကြာ ပြန်နုပျိုစေတယ်”ဒါဟာ အပြောလှရုံတင် မဟုတ်ဘဲ သုတေသနပြုချက်တွေအရ အမှန်တကယ် သ...
09/01/2026

🧠💪 “ခြေထောက်သန်မာရင်... ဦးနှောက်က နှစ်အတော်ကြာ ပြန်နုပျိုစေတယ်”
ဒါဟာ အပြောလှရုံတင် မဟုတ်ဘဲ သုတေသနပြုချက်တွေအရ အမှန်တကယ် သက်သေပြထားတာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ရှိချက်အရ “ခြေထောက်ကြွက်သား ပိုသန်မာတဲ့” အမျိုးသမီးတွေဟာ ဦးနှောက်လုပ်ဆောင်ချက် ပိုကောင်းမွန်ပြီး အသက်အရွယ်ထက် ပိုမိုနုပျိုကြတာကို တွေ့ရပါတယ်။ မှတ်ဉာဏ်၊ တုံ့ပြန်မှု မြန်ဆန်မှုနဲ့ အတွေးအခေါ်ပိုင်းတွေမှာ သိသိသာသာကို သာလွန်နေတာပါ။
ဘာကြောင့် ‘ခြေထောက်’ က ဦးနှောက်အပေါ် ဒီလောက်တောင် သက်ရောက်မှု ရှိရတာလဲ?
ဘာလို့လဲဆိုတော့ ပေါင်၊ တင်ပါး နဲ့ ခါး အစရှိတဲ့ ခြေထောက်ပိုင်းက ကြွက်သားကြီးတွေဟာ ကျွန်ုပ်တို့ ထင်ထားတာထက် ပိုအရေးပါလို့ပါ။ ခြေထောက်ကို အားစိုက်ထုတ် လှုပ်ရှားတဲ့အခါ-
✅ ဦးနှောက်ဆီ သွေးလည်ပတ်မှု ပိုကောင်းစေတယ်။
✅ ခန္ဓာကိုယ်က ဦးနှောက်ကို ကာကွယ်ပေးတဲ့ “Neuroprotective chemicals” ဓာတ်တွေကို ထုတ်လွှတ်ပေးတယ်။
✅ ဦးနှောက်သား (grey matter) ကျုံ့သွားခြင်းကို နှေးကွေးစေတယ်။
✅ စွမ်းအင်နဲ့ ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းဆိုင်ရာ ဟော်မုန်းတွေကို လှုံ့ဆော်ပေးတယ်။
📚 သုတေသနက ဖော်ပြချက်
အမျိုးသမီးတွေကို နှစ်ရှည်လများ စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသနအရ...
ခြေထောက်လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေဟာ Grey Matter ပမာဏ ပိုများပြီး ဦးနှောက်က တကယ့်အသက်ထက် နှစ်ပေါင်းများစွာ ပိုမိုနုပျိုနေတာကို တွေ့ရှိရပါတယ်။ မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်မှု မြန်ဆန်နှုန်းဟာလည်း ခြေထောက်အားနည်းသူတွေထက် သိသိသာသာ ပိုမြင့်မားပါတယ်။
ဒါဟာ မာရသွန်ပြေးဖို့အထိ မလိုအပ်ပါဘူး။ ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြုတဲ့ (Resistance Training) လေ့ကျင့်ခန်းလေးတွေဖြစ်တဲ့ -
Squats (ထိုင်ထ လုပ်ခြင်း)
Lunges (ခြေလှမ်းပြောင်း လေ့ကျင့်ခန်း)
လှေကားတက်ခြင်း
ခြေထောက် အလေးမခြင်း
ဒီလို ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့် ပြုလုပ်ပေးရုံနဲ့တင် ထိရောက်ပါတယ်။
💛 ခြေထောက်ဟာ လှပဖို့တင် မဟုတ်ဘဲ "ဦးနှောက်နုပျိုဖို့" အတွက်ပါ
ခြေထောက်သန်မာတာဟာ လမ်းလျှောက်တာ ပိုတည်ငြိမ်စေပြီး ဟန်ချက်ညီစေရုံတင်မကဘဲ... ဦးနှောက်ဇရာကို နှစ်ပေါင်းများစွာ နှောင့်နှေးအောင် ကူညီပေးပါတယ်။
အကယ်၍ ဒီနေ့ သင် (ခြေထောက်လေ့ကျင့်ခန်းလုပ်ရမယ့်ရက်) ကို ကျော်ပစ်ဖို့ စဉ်းစားနေရင် ဒါဟာ အနာဂတ်က သင့်ဆီ ပေးပို့တဲ့ သတိပေးချက်ပါပဲ- “ဒီနေ့ကစပြီး လေ့ကျင့်ခန်းလုပ်ပါ... နောက် ၅ နှစ် ၁၀ နှစ်ကြာတဲ့အခါ သင့်ဦးနှောက်က သင့်ကို ကျေးဇူးတင်ပါလိမ့်မယ်။”
တခြားသူတွေ သိအောင်လည်း Share ပေးဖို့ မမေ့နဲ့ဦးနော် ❤️❤️

သင်အမြဲမေ့တတ်လို့ စိတ်ညစ်နေပြီလား? ဒါဆိုရင်တော့ သင့်ဦးနှောက်က ဗီတာမင် လိုအပ်နေပါပြီ။ တကယ်တော့ ဒါဟာ သင့်ဦးနှောက်က အာဟာရဓာ...
09/01/2026

သင်အမြဲမေ့တတ်လို့ စိတ်ညစ်နေပြီလား? ဒါဆိုရင်တော့ သင့်ဦးနှောက်က ဗီတာမင် လိုအပ်နေပါပြီ။

တကယ်တော့ ဒါဟာ သင့်ဦးနှောက်က အာဟာရဓာတ်တွေ လိုအပ်နေပြီလို့ အချက်ပေးနေတာပါ။
* ဖုန်းကို ဘယ်နားချထားမိမှန်း မသိတော့တာမျိုး...
* ပြောမယ်ကြံကာမှ ဘာပြောမလို့လဲဆိုတာ ရုတ်တရက် မေ့သွားတာမျိုး...
* အရေးကြီးတဲ့ အလုပ်တွေကို နောက်မှလုပ်မယ်လို့ တွေးထားပေမဲ့ လုံးဝကြီး မေ့ကျန်ခဲ့တာမျိုး...
ဒီလိုတွေ ခဏခဏ ဖြစ်လာတဲ့အခါ "ငါတော့ ဦးနှောက်မကောင်းတော့ဘူး ထင်တယ်" ဒါမှမဟုတ် "အသက်ကြီးလာလို့ပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေပြီလား?
တကယ်တော့... ဒါဟာ သင့်အမှား မဟုတ်ပါဘူး။ သင့်ဦးနှောက်က အနားယူဖို့နဲ့ စွမ်းအင်တွေ ဖြည့်တင်းပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

🧠 မေ့တတ်လာတာဟာ "ဦးနှောက်ပျက်စီးသွားတာ" မဟုတ်ပါ
ဦးနှောက်ဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေလိုပါပဲ။ အိပ်ရေးမဝရင် ပင်ပန်းမယ်၊ အာဟာရမပြည့်ဝရင် အားနည်းလာပါမယ်။ ဒါကြောင့် မေ့တတ်လာတာဟာ ဦးနှောက်က သင့်ကို "ငါ့ကို ပြန်ကြည့်ပေးပါဦး" လို့ တောင်းဆိုနေတဲ့ အချက်ပြစကားလေးတစ်ခုလို့ မှတ်ယူပေးပါ။

ဦးနှောက်ကို ပင်ပန်းစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ -
* အလုပ်မှာ စိတ်ဖိစီးမှုတွေ များလွန်းတာ။
* အိပ်ရေးပျက်တဲ့ရက်တွေ ကြာလာတာ။
* ဖုန်းနဲ့ ဆိုရှယ်မီဒီယာကို အလွန်အကျွံ သုံးစွဲနေတာ။
* အစာစားမမှန်တာနဲ့ အာဟာရ မပြည့်စုံတာ။
* ရေဓာတ် မလုံလောက်တာတွေပဲ ဖြစ်ပါတယ်။

🧠 ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝ "ဗီတာမင်များ"
ဦးနှောက်စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်ဖို့ အောက်ပါအာဟာရဓာတ်တွေကို အစားအစာကနေတစ်ဆင့် ဖြည့်တင်းပေးနိုင်ပါတယ်။
၁။ Vitamin B Complex (B1, B6, B12)
အာရုံကြောတွေကို အားပေးပြီး အတွေးအခေါ်ကို ကြည်လင်စေပါတယ်။ ငါး၊ ကြက်ဥ၊ ပဲမျိုးစုံနဲ့ ဆန်လုံးညို (Brown Rice) တို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ Omega-3
ဒါဟာ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်ပါ။ မှတ်ဉာဏ်ကောင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ငါးကြီးဆီပါတဲ့ ငါးမျိုးတွေ၊ အယ်လ်မွန်စေ့၊ ချီယာစေ့နဲ့ ဝေါလ်နတ်စေ့တို့မှာ အများဆုံးတွေ့ရပါတယ်။

၃။ Magnesium
စိတ်ကို တည်ငြိမ်စေပြီး အိပ်ပျော်ရလွယ်အောင် ကူညီပေးတဲ့အပြင် ဦးနှောက်ပင်ပန်းမှုကို လျော့ကျစေပါတယ်။ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ သံပုရာသီးနဲ့ အမဲရောင်ချောကလက် (Dark Chocolate) တို့ကနေ ရရှိနိုင်ပါတယ်။

၄။ Vitamin D (ဦးနှောက်ရဲ့ စိတ်အလင်းရောင်)
ဒီဗီတာမင် ချို့တဲ့ရင် မေ့တတ်လာတတ်ပါတယ်။ သူက စိတ်ဓာတ်ကျမှုကို လျှော့ချပေးပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ မနက်ခင်း နေရောင်ခြည် (၁၅ မိနစ်ခန့်) ခံယူပေးတာ၊ ကြက်ဥအနှစ်၊ နို့နဲ့ ဒိန်ချဉ်တို့ကို စားသုံးပေးတာက အကောင်းဆုံးနည်းလမ်းပါပဲ။

၅။ Iron (သံဓာတ်)
ဦးနှောက်ဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ နေရာမှာ သံဓာတ်က အရေးကြီးပါတယ်။ သံဓာတ်နည်းရင် အာရုံမစူးစိုက်နိုင်တော့ဘဲ အတွေးတွေ နှေးလာတတ်ပါတယ်။ အမဲသား၊ ကြက်အသည်း၊ ဟင်းနုနွယ်နဲ့ ပဲနီလေးတို့မှာ ပါဝင်ပါတယ်။ (သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ သံပုရာသီးနဲ့ တွဲဖက်စားသုံးပေးပါ)

🌿 နေ့စဉ်ဘဝမှာ အလွယ်တကူ ပြုပြင်နိုင်တဲ့ နည်းလမ်းကောင်းများ
* ရေကို များများသောက်ပါ - ဦးနှောက်ရဲ့ ၇၀ ရာခိုင်နှုန်းက ရေဖြစ်လို့ မနက်နိုးတာနဲ့ ရေတစ်ခွက် အရင်သောက်ပါ။
* ဖုန်းသုံးတာ ခေတ္တရပ်ပါ - တစ်နေ့တာလုံး Screen ကြည့်နေတာက ဦးနှောက်ကို အရမ်းပင်ပန်းစေပါတယ်။ ခဏလောက် ဖုန်းကိုချထားပြီး အနားပေးပါ။
* ပုံမှန်အိပ်ချိန် သတ်မှတ်ပါ - ဦးနှောက်က ပုံမှန်လုပ်ရိုးလုပ်စဉ် (Routine) ကို ကြိုက်ပါတယ်။ အိပ်ချိန်မှန်လာရင် မေ့တတ်တာလည်း သဘာဝအတိုင်း လျော့ပါးသွားပါလိမ့်မယ်။
* ကိုယ့်ကိုယ်ကိုယ် အားပေးပါ - "ငါမေ့တတ်တယ်" လို့ ပြောမယ့်အစား "ငါ အခုတလော ပင်ပန်းနေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ လိုနေပြီ" လို့ ပြောင်းလဲတွေးတောပါ။

အရေးကြီးဆုံး အချက်ကတော့...
သင်မေ့တတ်လာတာဟာ ပျင်းလို့မဟုတ်သလို ဦးနှောက်ညံ့သွားလို့လည်း မဟုတ်ပါဘူး။ သင့်ဦးနှောက်က အနားယူဖို့နဲ့ အာဟာရဖြည့်တင်းဖို့ သင့်ကို တောင်းဆိုနေတာပါ။

💬 သင်ရော အခုတလော မေ့တတ်တဲ့အကျင့်တွေ ရှိနေလား? ရှိရင် ရေးခဲ့ပါဦး။
📤 မေ့တတ်လို့ စိတ်ညစ်နေတဲ့ သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအတွက် ဒီစာလေးကို ပြပြီး သတိပေးလိုက်ပါဦးနော်။ဒီအချက်အလက်တွေ သင့်အတွက် အသုံးဝင်ရင် စာရေးသူကို ဆုတောင်းပေးခဲ့ပါ။
ပျော်ရွှင်၊ကျန်းမာ ကြပါစေ။

#မေတ္တာဖြင့် #ပြန်လည်မျှဝေသည် #ကျန်းမာရေး #ဗဟုသုတ
#မိုးမေတ္တာဆေးဆိုင်

🚨 ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ဆီးအိမ်ကျောက်တည်ခြင်းဒါဟာ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ကြိုတင်ကာကွယ...
08/01/2026

🚨 ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့

ဆီးအိမ်ကျောက်တည်ခြင်း

ဒါဟာ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ကြိုတင်ကာကွယ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

လူတော်တော်များများက "ကျောက်တည်မှပဲ ကုသမယ်" လို့ ထင်တတ်ကြပေမယ့် တကယ်တော့...

🪨 ကျောက်တည်ခြင်းဆိုတာ နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အကျင့်ဆိုးတွေကြောင့် ဖြစ်လာရတာပါ။ ဒီနေ့ကစပြီး ကြိုတင်သိရှိထားမယ်ဆိုရင် ကျောက်တည်နိုင်ခြေကို အများကြီး လျှော့ချနိုင်ပါတယ်။

✅ ကျောက်ကပ်နဲ့ ဆီးအိမ်ကျောက်မတည်အောင် ကာကွယ်နိုင်မယ့် နည်းလမ်း ၇ ခု

၁။ ဆီးအရောင် ကြည်လင်တဲ့အထိ ရေသောက်ပါ 💧
အဓိကပန်းတိုင်က ရေဘယ်နှခွက်သောက်ရမယ်ဆိုတာထက် "ဆီးအရောင်" ကို ကြည့်ဖို့ပါ။

• ဆီးကြည်နေမယ် ဒါမှမဟုတ် အဝါနုရောင်ဖြစ်နေမယ်ဆိုရင် = ရေဓာတ်ပြည့်ဝပါတယ်။
• ဆီးအရောင် ရင့်နေမယ်ဆိုရင် = ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေပါပြီ။

📚 သုတေသနများအရ ရေလုံလောက်စွာသောက်ခြင်းက ကျောက်တည်နိုင်ခြေကို ၄၀-၅၀% ထက်မက လျှော့ချပေးနိုင်ပါတယ်။

၂။ ဆီးခဏခဏ မအောင့်ပါနဲ့ 🚫
ဆီးအကြာကြီးအောင့်ထားရင် သတ္တုဓာတ်တွေက အနည်ထိုင်ဖို့ ပိုလွယ်ကူသွားစေပါတယ်။

ဆီးကျန်နေတဲ့အခါ ကယ်လ်စီယမ်နဲ့ အောက်ဆဲလ်လိတ် (Oxalate) တွေ ပေါင်းစပ်ပြီး ကျောက်ဖြစ်လာတတ်ပါတယ်။ ဆီးမှန်မှန်သွားပေးခြင်းက ကျောက်တည်ခြင်းကို ထိရောက်စွာ တားဆီးပေးပါတယ်။

၃။ အငန်စားခြင်းက ကျောက်တည်ဖို့ လမ်းခင်းပေးပါတယ် 🧂

ဆိုဒီယမ် (အငန်) များရင် ဆီးထဲကနေ ကယ်လ်စီယမ်တွေ စိမ့်ထွက်ကုန်ပါတယ်။

• တာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာများ
• အချဉ်တည်ထားသော အစားအစာများ
• ဟင်းခတ်မှုန့်/အသားမှုန့် အလွန်အကျွံသုံးခြင်း

📚 အငန်လျှော့စားခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကို တိုက်ရိုက်လျှော့ချပေးနိုင်တယ်လို့ အတည်ပြုထားပါတယ်။

၄။ ကယ်လ်စီယမ်ကို လုံးဝဖြတ်စရာမလိုပါ (ဒါပေမဲ့ စနစ်တကျစားပါ) 🥛

လူအများစုက "ကယ်လ်စီယမ်စားရင် ကျောက်တည်တယ်" လို့ အထင်မှားတတ်ကြပါတယ်။
အမှန်တရားကတော့-

• အစားအစာထဲကရတဲ့ ကယ်လ်စီယမ်က အူလမ်းကြောင်းထဲမှာရှိတဲ့ အောက်ဆဲလ်လိတ်တွေကို ဖမ်းယူပေးပါတယ်။

• ဒါကြောင့် အောက်ဆဲလ်လိတ်တွေ ကျောက်ကပ်ဆီကို မရောက်အောင် တားဆီးပေးပါတယ်။

📌 သတိထားရမှာက ဆရာဝန်ညွှန်ကြားချက်မပါဘဲ "ကယ်လ်စီယမ် အားဖြည့်ဆေး" တွေကို ပမာဏအများကြီး သောက်တာမျိုးပဲ ဖြစ်ပါတယ်။

၅။ အချိုနဲ့ အချိုရည်တွေကို လျှော့ပါ 🥤
သကြားနဲ့ ဖရုတိုစ် (Fructose) ဓာတ်တွေက ဆီးထဲကနေ ကယ်လ်စီယမ်တွေ ပိုထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

အချိုရည် ပုံမှန်သောက်သူတွေဟာ သာမန်လူတွေထက် ကျောက်တည်နိုင်ခြေ ပိုများပါတယ်။

၆။ "Citrate" ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ ပိုစားပါ

Citrate (စီထရိတ်) ဆိုတာ ကျောက်တည်ခြင်းကို တားဆီးပေးတဲ့ ဓာတ်ပစ္စည်းပါ။

• သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး

• အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ

📚 Citrate ဓာတ်က ကယ်လ်စီယမ်တွေ စုပြီး ကျောက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၇။ နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ 🚶‍♀️
အထိုင်များလွန်းရင် သွေးလည်ပတ်မှုနဲ့ အညစ်အကြေး စွန့်ထုတ်မှုစနစ်တွေ နှေးကွေးသွားတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းက ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေ အနည်မကျအောင် ကူညီပေးပါတယ်။

⚠️ လျစ်လျူမရှုသင့်တဲ့ သတိပေးလက္ခဏာများ
• ခါးတစ်ဖက်တည်းက နာကျင်ခြင်း
• ဆီးသွားလျှင် ပူခြင်း၊ ကျဉ်ခြင်း သို့မဟုတ် သွေးပါခြင်း

• ဆီးနောက်ခြင်း သို့မဟုတ် အနံ့အရမ်းပြင်းခြင်း
👉 မခံမရပ်နိုင်အောင် နာကျင်လာတဲ့အထိ မစောင့်ပါနဲ့။

💬 အကျဉ်းချုပ်✅

ကျောက်တည်ခြင်းဆိုတာ "ကံတရား" ကြောင့် မဟုတ်ပါဘူး။

မိမိသောက်တဲ့ "ရေ + ဆား + နေ့စဉ်အလေ့အကျင့်" တွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ နောက်မှ ကုသရတာထက် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာက အကောင်းဆုံးပါ။

📌 ဒီပိုစ့်လေးက အကျိုးရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို သိအောင် မျှဝေ (Share) ပေးလိုက်ပါဦးနော်။ 💧🩺

အဆုံးထိ ဖတ်ပြီးသွားရင် "ကောင်းတယ်" လို့ မှတ်ချက် (Comment) ပေးခဲ့ကြပါဦး။

#ကျောက်ကပ်ကျောက် #ဆီးအိမ်ကျောက် #ကျန်းမာရေးဗဟုသုတရကြပါ​စေ

#ရောဂါကာကွယ်ရေး
#မိုးမေတ္တာဆေးဆိုင်

သင်အမြဲမေ့တတ်လို့ စိတ်ညစ်နေပြီလား? ဒါဆိုရင်တော့ သင့်ဦးနှောက်က ဗီတာမင် လိုအပ်နေပါပြီ။ တကယ်တော့ ဒါဟာ သင့်ဦးနှောက်က အာဟာရဓာ...
05/01/2026

သင်အမြဲမေ့တတ်လို့ စိတ်ညစ်နေပြီလား? ဒါဆိုရင်တော့ သင့်ဦးနှောက်က ဗီတာမင် လိုအပ်နေပါပြီ။

တကယ်တော့ ဒါဟာ သင့်ဦးနှောက်က အာဟာရဓာတ်တွေ လိုအပ်နေပြီလို့ အချက်ပေးနေတာပါ။
* ဖုန်းကို ဘယ်နားချထားမိမှန်း မသိတော့တာမျိုး...
* ပြောမယ်ကြံကာမှ ဘာပြောမလို့လဲဆိုတာ ရုတ်တရက် မေ့သွားတာမျိုး...
* အရေးကြီးတဲ့ အလုပ်တွေကို နောက်မှလုပ်မယ်လို့ တွေးထားပေမဲ့ လုံးဝကြီး မေ့ကျန်ခဲ့တာမျိုး...
ဒီလိုတွေ ခဏခဏ ဖြစ်လာတဲ့အခါ "ငါတော့ ဦးနှောက်မကောင်းတော့ဘူး ထင်တယ်" ဒါမှမဟုတ် "အသက်ကြီးလာလို့ပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေပြီလား?
တကယ်တော့... ဒါဟာ သင့်အမှား မဟုတ်ပါဘူး။ သင့်ဦးနှောက်က အနားယူဖို့နဲ့ စွမ်းအင်တွေ ဖြည့်တင်းပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

🧠 မေ့တတ်လာတာဟာ "ဦးနှောက်ပျက်စီးသွားတာ" မဟုတ်ပါ
ဦးနှောက်ဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေလိုပါပဲ။ အိပ်ရေးမဝရင် ပင်ပန်းမယ်၊ အာဟာရမပြည့်ဝရင် အားနည်းလာပါမယ်။ ဒါကြောင့် မေ့တတ်လာတာဟာ ဦးနှောက်က သင့်ကို "ငါ့ကို ပြန်ကြည့်ပေးပါဦး" လို့ တောင်းဆိုနေတဲ့ အချက်ပြစကားလေးတစ်ခုလို့ မှတ်ယူပေးပါ။

ဦးနှောက်ကို ပင်ပန်းစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ -
* အလုပ်မှာ စိတ်ဖိစီးမှုတွေ များလွန်းတာ။
* အိပ်ရေးပျက်တဲ့ရက်တွေ ကြာလာတာ။
* ဖုန်းနဲ့ ဆိုရှယ်မီဒီယာကို အလွန်အကျွံ သုံးစွဲနေတာ။
* အစာစားမမှန်တာနဲ့ အာဟာရ မပြည့်စုံတာ။
* ရေဓာတ် မလုံလောက်တာတွေပဲ ဖြစ်ပါတယ်။

🧠 ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝ "ဗီတာမင်များ"
ဦးနှောက်စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်ဖို့ အောက်ပါအာဟာရဓာတ်တွေကို အစားအစာကနေတစ်ဆင့် ဖြည့်တင်းပေးနိုင်ပါတယ်။
၁။ Vitamin B Complex (B1, B6, B12)
အာရုံကြောတွေကို အားပေးပြီး အတွေးအခေါ်ကို ကြည်လင်စေပါတယ်။ ငါး၊ ကြက်ဥ၊ ပဲမျိုးစုံနဲ့ ဆန်လုံးညို (Brown Rice) တို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ Omega-3
ဒါဟာ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်ပါ။ မှတ်ဉာဏ်ကောင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ငါးကြီးဆီပါတဲ့ ငါးမျိုးတွေ၊ အယ်လ်မွန်စေ့၊ ချီယာစေ့နဲ့ ဝေါလ်နတ်စေ့တို့မှာ အများဆုံးတွေ့ရပါတယ်။

၃။ Magnesium
စိတ်ကို တည်ငြိမ်စေပြီး အိပ်ပျော်ရလွယ်အောင် ကူညီပေးတဲ့အပြင် ဦးနှောက်ပင်ပန်းမှုကို လျော့ကျစေပါတယ်။ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ သံပုရာသီးနဲ့ အမဲရောင်ချောကလက် (Dark Chocolate) တို့ကနေ ရရှိနိုင်ပါတယ်။

၄။ Vitamin D (ဦးနှောက်ရဲ့ စိတ်အလင်းရောင်)
ဒီဗီတာမင် ချို့တဲ့ရင် မေ့တတ်လာတတ်ပါတယ်။ သူက စိတ်ဓာတ်ကျမှုကို လျှော့ချပေးပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ မနက်ခင်း နေရောင်ခြည် (၁၅ မိနစ်ခန့်) ခံယူပေးတာ၊ ကြက်ဥအနှစ်၊ နို့နဲ့ ဒိန်ချဉ်တို့ကို စားသုံးပေးတာက အကောင်းဆုံးနည်းလမ်းပါပဲ။

၅။ Iron (သံဓာတ်)
ဦးနှောက်ဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ နေရာမှာ သံဓာတ်က အရေးကြီးပါတယ်။ သံဓာတ်နည်းရင် အာရုံမစူးစိုက်နိုင်တော့ဘဲ အတွေးတွေ နှေးလာတတ်ပါတယ်။ အမဲသား၊ ကြက်အသည်း၊ ဟင်းနုနွယ်နဲ့ ပဲနီလေးတို့မှာ ပါဝင်ပါတယ်။ (သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ သံပုရာသီးနဲ့ တွဲဖက်စားသုံးပေးပါ)

🌿 နေ့စဉ်ဘဝမှာ အလွယ်တကူ ပြုပြင်နိုင်တဲ့ နည်းလမ်းကောင်းများ
* ရေကို များများသောက်ပါ - ဦးနှောက်ရဲ့ ၇၀ ရာခိုင်နှုန်းက ရေဖြစ်လို့ မနက်နိုးတာနဲ့ ရေတစ်ခွက် အရင်သောက်ပါ။
* ဖုန်းသုံးတာ ခေတ္တရပ်ပါ - တစ်နေ့တာလုံး Screen ကြည့်နေတာက ဦးနှောက်ကို အရမ်းပင်ပန်းစေပါတယ်။ ခဏလောက် ဖုန်းကိုချထားပြီး အနားပေးပါ။
* ပုံမှန်အိပ်ချိန် သတ်မှတ်ပါ - ဦးနှောက်က ပုံမှန်လုပ်ရိုးလုပ်စဉ် (Routine) ကို ကြိုက်ပါတယ်။ အိပ်ချိန်မှန်လာရင် မေ့တတ်တာလည်း သဘာဝအတိုင်း လျော့ပါးသွားပါလိမ့်မယ်။
* ကိုယ့်ကိုယ်ကိုယ် အားပေးပါ - "ငါမေ့တတ်တယ်" လို့ ပြောမယ့်အစား "ငါ အခုတလော ပင်ပန်းနေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ လိုနေပြီ" လို့ ပြောင်းလဲတွေးတောပါ။

အရေးကြီးဆုံး အချက်ကတော့...
သင်မေ့တတ်လာတာဟာ ပျင်းလို့မဟုတ်သလို ဦးနှောက်ညံ့သွားလို့လည်း မဟုတ်ပါဘူး။ သင့်ဦးနှောက်က အနားယူဖို့နဲ့ အာဟာရဖြည့်တင်းဖို့ သင့်ကို တောင်းဆိုနေတာပါ။

💬 သင်ရော အခုတလော မေ့တတ်တဲ့အကျင့်တွေ ရှိနေလား? ရှိရင် ရေးခဲ့ပါဦး။
📤 မေ့တတ်လို့ စိတ်ညစ်နေတဲ့ သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအတွက် ဒီစာလေးကို ပြပြီး သတိပေးလိုက်ပါဦးနော်။ဒီအချက်အလက်တွေ သင့်အတွက် အသုံးဝင်ရင် စာရေးသူကို ဆုတောင်းပေးခဲ့ပါ။
ပျော်ရွှင်၊ကျန်းမာ ကြပါစေ။

#ဦးနှောက်ကျန်းမာရေး #မေ့တတ်ခြင်း

🧠✨

"အရိုးပြုတ်ရည်အကြောင်း"~~~~~~~~~~~~~~~~အရိုးပြုတ်ရည်အကြောင်းပြောလို့ကျွန်တော်နှစ်ပေါင်းများစွာသင်္ဘောပေါ်မှာအတူတူလက်တွဲအ...
05/01/2026

"အရိုးပြုတ်ရည်အကြောင်း"
~~~~~~~~~~~~~~~~
အရိုးပြုတ်ရည်အကြောင်းပြောလို့ကျွန်တော်
နှစ်ပေါင်းများစွာသင်္ဘောပေါ်မှာအတူတူလက်တွဲ
အလုပ်လုပ်ခဲ့တဲ့ကိုရီးယားလူမျိုးတွေရဲ့ရိုးရာဓလေ့
အစားစာထဲမှာကင်ချီမုံ့ညှင်းချဉ်ပါတ်၊တနင်္ဂနွေနေ့
စပယ်ရှယ်အနေနဲ့ကိုရီးယားဂျင်စင်းကြက်ပေါင်းမှာ
ဇီးသီးစေ့လေးတွေပါတယ်၊နောက်တခုကတော့သူ
တို့တန်ဖိုးထားပြီးသောက်ကြတဲ့အမဲရိုးပြုတ်ရည်
ပြုတ်နည်းအကြောင်းလေးပြောပြပါမယ်။
ကိုးရီယားပြုတ်ကိုပိုမိုနှစ်သက်ရတဲ့အကြောင်းရင်းကတော့အရိုးတွေပြုတ်ရည်တွေပြုတ်ပြီးတာနဲ့တိရစ္ဆာန်အဆီတွေကိုဖယ်ထုတ်ပြစ်လိုက်ပြီးလိုအပ်တဲ့ကော်လက်ဂျင်နဲ့ဂလူကိုမင်တွေကယ်လဆီယမ်စသည်ဖြင့်ဗီတာမင်တွေကိုရယူလိုက်တာပါ၊အရိုးပြုတ်ရည်ကိုအရိုးတွေထည့်ပြုတ်ပြီးတခါထဲစားသုံးတာမျိုးဆိုရင်တိရစ္ဆာန်အဆီတွေပါစားသုံးသလို့ဖြစ်လို့သိပ်မပြေပါဘူး၊အဲဒါကြောင့်ကိုရီးယားအရိုးပြုတ်ရည်နည်းစနစ်ပိုနှစ်သက်မိပါတယ်။
အမဲရိုးကိုသန့်စင်အောင်ဆေးကြောပြီးအရိုးကိုရေ
မြုတ်အောင်ထည့်ပြီးအိုးကိုရေဆူအောင်High heat
ပေးပြီးရေဆူတာနဲ့Low heat လျှော့ချလိုက်ပြီးအရိုး
ပြုတ်ရည်အိုးကိုချလိုက်ပြီးအရိုးပြုတ်ရေတွေသွန်ချလိုက်ပြီးအရိုးတွေကိုရေအေးနဲ့သန့်ရှင်းအောင်ဆေးကြောပြစ်ပါလိုက်ပါ၊ပြီးတာနဲ့အရိုးအိုးပြုတ်ထဲကိုအရိုးမြုတ်အောင်ထည့်ပြီးမီးဖိုကိုHigh heat ပြန်တင်ပေးပြီးအိုးရေဆူတာနဲ့မီးကိုလျှော့ချလိုက်ပြီးSlow cook နဲ့ဆက်တည်ထားပါ၊စွပ်ပြုတ်ရည်ပေါ်တက်လာတဲ့အမြှုပ်တက်ရင်ဇွန်းနဲ့ခတ်ထုပ်ပြစ်ပါ၊အရိုးပြုတ်ရင်းတက်လာတဲ့အညစ်အကြေးတွေခပ်ထုတ်ပြစ်ပါ၊
Slow cook နဲ့ဘယ်နာရီပြုတ်ရမလဲဆိုရင်အနည်းဆုံး၈နာရီပြုတ်ပေးရပါမယ်၊‌အရည်ခမ်းရင်အရိုးမြုတ်ရုံရေထပ်ထပ်ထည့်ပေးရပါမယ်၊ဒီနေရာမှာSlow cookerရှိတဲ့သူဆိုရင်ပိုအဆင်ပြေပါမယ်၊Pressue cookerနဲ့ပြုတ်လို့အဆင်မပြေပါ၊ဘာလို့လဲဆိုတော့အညှီအဟောက်အမြှိုပ်တွေခပ်ထုပ်ပြစ်ဘို့အဆင်မပြေလို့ပါဘဲ၊အဲလိုခပ်ထုပ်ပြစ်မှကောင်းတဲ့အနံအသက်တွေထုတ်နိုင်မှာဖြစ်ပါတယ်။
အဲလို၈နာရီလောက်ပြုတ်ပြီးရင်အရိုးပြုတ်ရည်ကို
အအေးခံလိုက်ပါ၊အရည်အေးသွားရင်အရည်ကို
ဇကာတခုဖြင့်စစ်ပြစ်လိုက်ပြီးအရိုးပြုတ်ရည်သန့်
သန့်လေးရပါပြီ၊ပြီးရင်ရေခဲသေတ္တာအောက်အဆင့်
မှထည့်ဘို့ဘူးများဖြင့်ခွဲထည့်ပါ။
အရိုးပြုတ်ရည်ပြုတ်ဘို့၈နာရီဆိုတာတချိန်ထဲလုပ်
ဘို့အချိန်မရရင်၂ရက်၊၃ရက်နာရီအလိုက်မှတ်ထား
ပြီးပြုတ်ရပါမယ်၊ကျွန်တော်ဆိုရင်၂ရက်ပြုတ်
ပါတယ်ခင်ဗျာ။
နောက်နေ့နံနက်ကျရင်အရိုးပြုတ်ဘူးများကိုထုတ်
ယူပြီးအရိုးပြုတ်ရည်အပေါ်လွှာမှာအဆီများခပ်ပြီး
စွန့်ပြစ်လိုက်ပါ၊အရည်အောက်အလွှာကဂျယ်လီ
လိုအဖြူ‌ရောင်ရည်ပြစ်ပြစ်ရပါလိမ့်မယ်၊အဲဒီအ
ရိုးပြုတ်ရည်ကသန့်စင်ပြီးအသင့်စားသုံးလိုပါပြီ
အဲဒီမှလိုအပ်သလိုတရုတ်နံနံ၊မုံ့လာဥနီ၊မုံ့ညှင်းတို့
နဲ့ရေအနည်းငယ်ရောစပ်ပြီးအရသာမှုန့်လိုအပ်သလို
ထည့်စားလို့ရပါပြီ၊ခေါက်ဆွဲ၊ကြာဆံပြုတ်တို့လည်း
လုပ်သောက်လို့ရပါတယ်။
အမဲရိုး၊ဆိတ်ရိုး၊ဝက်ရိုး၊ကြက်ရိုးအဆင်ပြေတဲ့အရိုး
နဲ့ပြုတ်သောက်လို့ရပါကြောင်းအတွေ့အကြုံကို
Sharingလုပ်လိုက်ပါတယ်။
အရိုးပြုတ်ရည်ကိုရေခဲသေတ္တာအောက်ခန်းမှာဆိုရင်၁၀ရက်ထားလို့ရတယ်၊အပေါ်ခန်းမှာတလလောက်ခဲထားလို့ရတယ်၊ကျွန်တော်ဆိုဝက်ရိုးပြုတ်
ရည်ဆိုရင်တခါတလေကြေးအိုးလုပ်စားရင်လည်း
ရသေးတယ်။

ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရေးတဲ့ အရိုးပြုတ်နည်းနဲ့ သူ့ရဲ့အကျိုးကျေးဇူးကိုတော့ အောက်မှာဖတ်ကြည့်ပါနော်

အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေဖို့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

အစာလမ်းကြောင်းဟာ‌ ကျန်းမာရေးအတွက် အဓိကအရေးကြီးတဲ့အကြောင်းတခု ဖြစ်တယ်ဆိုတာ သိလာကြပါပြီ။
ရောဂါတော်တော်များများ ဖြစ်ကြတာကလည်း အစာလမ်းကြောင်းမှာရှိနေတဲ့ပိုးတွေ မမျှတမှုကြောင့်ဖြစ်ပါတယ် သကြားတွေအများကြီးစားကြပြီး အကျိုးပြုပိုးတွေ နည်းနေခြင်းဖြစ်ပါတယ်။ အစာလမ်းကြောင်းပြဿနာတွေ အဆစ်တွေနာနေသူတွေ (ကျီးပေါင်းတက်နေသူတွေ)အတွက် အရိုးပြုတ်ရည်ဟာ အင်မတန် သင့်တော်ပါတယ်။
ရောဂါအတော်များများဟာ အူလမ်းကြောင်းမလုံခြင်း leaky gut ကြောင့် ဖြစ်လေ့ရှိကြပါတယ်။အထူးသဖြင့် allergies, autoimmune diseases တွေဖြစ်ပါတယ်။အရိုးပြုတ်ရည်မှာပါနေတဲ့ collagen ခေါ် ပရိုတိန်းဓာတ်တမျိုးဟာ အူနံရံကို ပြန်ပြီးပြုပြင်ပေးနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်။အရိုးပြုပ်ရည်မှာ ပါတဲ့ အဟာရတွေဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင်ပြီး ရောဂါများ သက်သာ‌စေနိုင်ရန် အသုံးချနိုင်ပါတယ်။

အရိုးပြုတ်ရည်မှာ ပါနေတဲ့အဓိကအဟာရများကတော့ -
၁. Calcium, phosphorus နှင့်အခြားသတ္ထုဓါတ်များ

၂. Glucosamine နှင့် chondroitin sulfate အရိုးအဆစ်တွေအတွက် အဓိကသဘာဝဓာတ်များ(Move Free မှာပါနေတဲ့များ သဘာဝဓါတ်များ)

၃.အရိုးမှာ ပါဝင်နေတဲ့ ပရိုတင်း collagen

၄.ရိုးတွင်းချဉ်ဆီ

၅.ခန္ဓာကိုယ်ကလိုအပ်တဲ့ amino acid များဖြစ်ကြတဲ့ glutamine (အူလမ်းကြောင်းပြန်ပြင်ရမှာ အဓိကလိုအပ်တဲ့ဓာတ်)၊Proline နဲ့ Glycine တို့ဖြစ်ပါတယ်။

ဂလူတမင်း(Glutamine)ဆိုတာ အသားဓါတ်ဖြစ်တဲ့ ပရိုတိန်းဓါတ်ကို ခန္ဓာကိုယ်ထဲမှာ အစာခြေပြီးထွက်လာတဲ့ Amino Acid ဖြစ်ပါတယ်။ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန်ရေးကြီးတဲ့ဓါက်တမျိုးဖြစ်ပါတယ်။အစာမှစွမ်းအင်သို့ ကူးပြောင်းပြီး ကြီးထွားအောင်ပြုတဲ့ ဓါတုဖြစ်စဉ် တိုင်းလိုလိုမှာ ပါနေလို့ဖြစ်ပါတယ်။ဒီဓါတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ သွေး ဦး‌ဏှောက် ကလီစာ(Organs)နဲ့ကြွက်သားတွေမှာ အတော်များများ ပါဝင်နေပါတယ်။
Glutamine ဟာ အူနံရံကျန်းမာရေးအတွက်ဖြစ်ပါတယ်။အူနံရံမပေါက်ပျက်ဘူးဆိုရင် ခန္ဓာကိုယ်ခုခံအား‌ ကောင်းလာမှာဖြစ်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောတွက်အလွန်ကောင်းပါတယ်။

ကြွက်သား တည်ဆောက်ရာမှာ အဓိက ပါဝင်တာမို့ အသက်ကြီးလာတဲ့အခါ ကြွက်သားတွေ လျော့ပါးလာတတ်တာကြောင့် ကြွက်သားထု ပြန်လည်အားကောင်းလာရအောင် အထောက်အကူပေးပါတယ်။အထူးသဖြင့် အသက်ကြီးလာတာနဲ့အမျှ ယောက်ျားမိန်းမတိုင်းလိုလိုဟာ အရိုးပါးလာတတ်ကြပါတယ်။အရိုးကို ထောက်ကူပေးနေတာ ကြွက်သားစုများ ဖြစ်တာကြောင့် ကြွက်သား အားကောင်းလာရင် အရိုးလွယ်လွယ်ကူကူ ကျိုးခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အထူးသင့်တော်တာကတော့ အရိုးပါးနေသူများ အတွက် ဖြစ်ပါတယ်။

အရိုးအဆစ်များ ချို့ယွင်းနေသူများအတွက်လည်း အလွန်သင့်တော်ပါတယ်။အရိုး အရိုးနုတွေကို ပြန်လည်ပြုပြင် ပေးနိုင်စွမ်းလည်း ရှိပါတယ်။

ကင်ဆာဖြစ်သည့်အခါ ဓါတ်ကင်ခြင်း chemotherapy ကီမိုဆေးပေးခြင်းကြောင့် အူနံရံကလာပ်စည်းတွေ ပျက်စီးသွားတာကိုလည်း ပြုပြင်နိုင်စွမ်းရှိပါတယ်။

အရိုးပြုတ်ရည်၏အကျိုးအာနိသင်များ

၁.အရိုးအဆစ်ရောင်အမ်းခြင်းမှ သက်သာစေခြင်း။

၂.နှာစေးချောင်းဆိုးကို ဖြစ်စေတတ်တဲ့ virus ပိုးများကိုတားမြစ်စေနိုင်ခြင်း။ခန္ဓာကိုယ်ခုခံအား ကောင်းစေပါတယ်။

၃.ခန္ဓာကိုယ်တွင်း‌ ယောင်ကိုင်းခြင်းမှ သက်သာစေပါတယ်။

၄.အရိုးတွေကိုခိုင်ခံ့ကျန်းမာစေပါတယ်။

၅.ဆံပင်နဲ့လက်သည်းခြေသည်း ကျန်းမာရေးတွက်လည်း ကောင်းပါတယ်။

၆.ဦးဏှောက်နှင့်အာရုံကြော အတွက်လည်း အလွန်ကောင်းပါတယ်။Autism ကလေး တွေကိုလည်း တိုက်ကြည့်စေချင်ပါတယ်လိုစသည်ဖြင့်ရေးသားထားကြောင်းသိရပါတယ်။

ကျွန်တော်ပြောတာမရှင်းလင်းရင်လည်းကိုရီးယား
အမဲရိုးစွတ်ပြုတ်လုပ်နည်းကိုYoutube မှာလေ့လာ
နိုင်ပါကြောင်း။

မူရင်းပိုင်ဆိုင် ဒေါက်တာဒေါ်ခင်နွယ်ဝင်း

လက်ဖဝါးဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလုံးရဲ့ "အာရုံကြော ဗဟိုချက်မ" တစ်ခုဖြစ်ပါတယ်။ လက်ဖဝါးထဲမှာ ထောင်ပေါင်းများစွာသော အ...
04/01/2026

လက်ဖဝါးဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလုံးရဲ့ "အာရုံကြော ဗဟိုချက်မ" တစ်ခုဖြစ်ပါတယ်။ လက်ဖဝါးထဲမှာ ထောင်ပေါင်းများစွာသော အာရုံကြောအဆုံးသတ်တွေ စုဝေးနေတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် သော့ချက်လည်း ဖြစ်ပါတယ်။
လက်ဖဝါးလေးကို ဖိနှိပ်ပေးရုံနဲ့ ရရှိနိုင်တဲ့ အံ့မခန်း ကျန်းမာရေးအကျိုးကျေးဇူးများ ✨
🧘‍♂️ လက်ဖဝါးကို နှိပ်နယ်လိုက်တဲ့အခါ ဘာတွေဖြစ်လာသလဲ?
လက်ဖဝါးကို ဖြည်းညင်းစွာ ဖိနှိပ်လိုက်ခြင်းက ဦးနှောက်ဆီကို အချက်ပေးစာ ပိုလိုက်တာနဲ့ တူပါတယ်။ အဲဒီအခါမှာ Parasympathetic Nervous System (အနားယူခြင်းစနစ်) နိုးထလာပြီး အောက်ပါကောင်းကျိုးတွေကို ချက်ချင်းပေးစွမ်းပါတယ် -
• နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်း - စိတ်လှုပ်ရှားမှုတွေကို လျော့ကျစေပြီး နှလုံးကို အေးဆေးစွာ ခုန်စေပါတယ်။
• အစာခြေစနစ်ကို မြှင့်တင်ပေးခြင်း - စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းကို သက်သာစေပါတယ်။
• ကြွက်သားများကို ပြေလျော့စေခြင်း - တစ်ကိုယ်လုံးမှာ ရှိနေတဲ့ တင်းမာမှုတွေကို လျော့ကျစေပါတယ်။

🧠 Acupressure (အာရုံကြောဖိနှိပ်ခြင်း) ရဲ့ လုပ်ဆောင်ပုံ
ဒီနည်းလမ်းဟာ ရောဂါကို တိုက်ရိုက်ကုသတာထက် ခန္ဓာကိုယ်ကို "Reset" (ပြန်လည်စတင်ခြင်း) လုပ်ပေးတာ ဖြစ်ပါတယ်။
1. ဟန်ချက်ညီစေခြင်း - စိတ်ဖိစီးမှုကြောင့် ကမောက်ကမဖြစ်နေတဲ့ သွေးလည်ပတ်မှုနဲ့ အိပ်စက်ခြင်းစနစ်ကို မူလအခြေအနေပြန်ရောက်အောင် ကူညီပေးပါတယ်။
2. ဦးနှောက်ရဲ့ အမိန့်ပေးမှု - ဖိနှိပ်လိုက်တဲ့ အာရုံခံစားမှုကြောင့် ဦးနှောက်က ခန္ဓာကိုယ်ရဲ့ စနစ်အမျိုးမျိုးကို ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ညှိနှိင်းဖို ညွှန်ကြားချက် ပေးလိုက်ပါတယ်။

🔬 သိပ္ပံနည်းကျ လေ့လာမှူ တွေ့ရှိချက်များအရ...လက်ဖဝါးနှိပ်နယ်ခြင်းဟာ-
• Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကို သိသိသာသာ လျော့ကျစေပါတယ်။
• နာကျင်မှုဝေဒနာများကို သက်သာစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို ကူညီပေးပါတယ်။
• စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ရရှိစေပါတယ်။

💡 အကြံပြုချက် - နေ့စဉ် အလုပ်များကြားမှာ စိတ်ပင်ပန်းလာတဲ့အခါ ဒါမှမဟုတ် ညအိပ်ခါနီးအချိန်တွေမှာ မိနစ်အနည်းငယ်လောက် လက်ဖဝါးလေးကို နှိပ်နယ်ပေးရင်း ခန္ဓာကိုယ်ကို အနားပေးဖို မမေ့ပါနဲ့ဦးနော်။ 💛
ကျမ်းမာချမ်းသာလို့ ပျော်ရွှင်ပါစေ
ကျမ်းမာခြင်းသည် လဘ်တစ်ပါဖြစ်ပါတယ်
အများသိအောင် ရှဲပေးကြပါ ကျေးဇူးတင်ပါတယ်
#ကျန်းမာရေး
Crd #

သန်ချခြင်းနှင့် ပတ်သက်ပြီး အမေးများသော မေးခွန်းများ 🔹သန်ချဆေး အမျိုးအစားများအသုံးများတာကတော့ ၁။ Albendazole 400 mg ၂။ Me...
04/01/2026

သန်ချခြင်းနှင့် ပတ်သက်ပြီး အမေးများသော မေးခွန်းများ

🔹သန်ချဆေး အမျိုးအစားများ
အသုံးများတာကတော့

၁။ Albendazole 400 mg
၂။ Mebendazole 500 mg

၂ မျိုးဖြစ်ပါတယ်။
Brand Name တွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။
ပုံမှန်အားဖြင့် သန်ချဆေး ၁ မျိုးကို ၁ ကြိမ် ၁ ရက်ပဲ သောက်နိုင်သော်လည်း မိမိ အခြေအနေ ပေါ်မူတည်ပြီးဆရာဝန်ညွှန်ကြားသည့် သန်ချဆေး အမျိုးအစား ၊ ၁ ကြိမ်ထက် ပိုသောက်ရတဲ့ အခါမျိုးတွေလဲရှိနိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ
နို့တိုက်မိခင်များ
ပိုးသတ်ဆေးသောက်နေရသူများ
အသည်းရောဂါအခံရှိသူများ
ကျောက်ကပ်ရောဂါ အခံရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်သုံးပါ။

🔹သန်ချဆေး ဘယ်အချိန်သောက်ရမလဲ။
ညစာစားပြီး အနည်းဆုံး ၂ နာရီလောက်နေမှ သောက်ပါ။

🔹သန်ချရင် အကောင်လိုက်ကျမှာလား။
သန်ကောင်တွေ အကောင်လိုက် ကျမလာပါဘူး။ သန်တွေကြေသွားတဲ့ အတွက်ကြောင့် ပုံမှန် ဝမ်းသွားတဲ့ အတိုင်းပါသွားမှာဖြစ်ပါတယ်။

🔹ကလေးတွေ ဘယ်အရွယ်က သန်ချဆေး တိုက်ရမလဲ
အသက် (၂) နှစ်အရွယ်က စပြီး (၆) လ တကြိမ် သန်ချပေးပါ။
အသက် ၁ နှစ် ကနေ ၂ နှစ် အတွင်းကိုတော့ ဆရာဝန် နဲ့ တိုင်ပင်ပြီး လိုအပ်မှာသာ သန်ချပေးဖို့ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။

တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု


#မိုးမေတ္တာဆေးဆိုင် #ရွှေပြည်သာ

Address

Yangon, Shwe Pyi Thar
Yangon

Alerts

Be the first to know and let us send you an email when Moe Myittar Pharmacy-SPT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category