03/07/2026
B info Desk မှ မိတ်ဆွေများအားလုံး ခံတွင်းမြိန်စေမယ့် "ငနီဒူခြောက် ဂေါ်ဖီသုပ်" လေး မျှဝေပေးလိုက်ပါတယ် 😋
ဒီနေ့တော့ အအီလည်းပြေ၊ အနံ့အရသာလည်း စုံလင်တဲ့ အသုပ်ဆန်းဆန်းလေး သုပ်စားဖြစ်တယ်။ လတ်ဆတ်ပြီး ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ ဂေါ်ဖီထုတ်နဲ့ မုန်လာဥနီကို ပါးပါးလှီး၊ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ငနီဒူခြောက်လေးတွေ ထည့်ထားတာပါ။
အချဉ်ဓာတ်အတွက် သံပရာရည် ဆမ်း၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးစိမ်း စပ်စပ်လေးရယ်၊ ငပိနဲ့ ငရုတ်ကောင်း ခပ်စပ်စပ်လေး နည်းနည်းစီ ထည့်ပြီး သမအောင် သုပ်ထားတာမို့ ချဉ်၊ စပ်၊ မွှေး အရသာကတော့ ရှယ်ပဲနော်။ အိမ်မှာ အလွယ်တကူ သုပ်စားလို့ရလို့ အားလုံးလည်း စမ်းသုပ်စားကြည့်ကြဦးနော်။ 🥰
#ဂေါ်ဖီသုပ် #ငနီဒူခြောက်သုပ် #အိမ်ချက်အသုပ်