09/08/2026
တောင်ပေါ်မြို့လေးမှာ ကော်ဖီဆိုင်လေးဖွင့်ပြီး ဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းချင်တယ်ဆိုတာ
ဘယ်တောသားကအာစချောင်လိုက်တာလဲမသိဘူး...
နင်တို့က တောင်ပေါ်ကို နေ့တပိုင်းလောက်ရောက်ဖူးပြီး စိတ်ကူးတွေယဥ်နေကြတာ...
ငါ ကလောအောင်ပန်းမှာ ၇နှစ်နေလာတာ...
ဒါမျိုး တခါမှစိတ်မကူးဖူးဘူး...
ငါဖြင့် စိတ်ညစ်လွန်းလို့...
မိုးရွာရင် ဘယ်မှသွားမရလာမရ
မြေနီတွေက ဟိုနေရာပေလိုက် ဒီနေရာပေလိုက်နဲ့
မြေပြန့်မှာလို မိုးရွာလို့များ မိုးရေထဲမှာဆိုင်ကယ်လေးစီးပြီး လျောက်သွားလို့ရမယ်ထင်မနေနဲ့ ...
နေ့မကူးပဲဘဝကူးသွားမယ်...
မိုးရေက ရေခဲရေလိုအေးစက်နေတာ...
မိုးကရွာရင် နေ့တိုင်းကိုရွာတာ...
အေးပါတယ်ဆိုမှ နေရာတကာစိုစိစိုစိနဲ့...
နေကမမြင်ရ
အဝတ်တွေက မခြောက်
ကြာလာတော့ အဝတ်တွေက အစိုတွေပြန်ပြီး နံစော်လာ...ဝတ်စရာပါမရှိဖြစ်...
ဒီကြားထဲ ရေကကြီးသေး...
ဘယ်မှသွားမရလာမရ အလုပ်အကိုင်ကပျက်နဲ့...
ဆောင်းတွင်းများဆိုရင် မနက် ၁၀နါရီလောက်မှနေကိုမြင်ရတယ်
အခန်းတံခါးဆိုတာ အမြဲပိတ်ထားရတာ...
နှင်းကျနေတာကို ပြတင်းပေါက်ကနေကော်ဖီလေးသောက်ရင်း ထိုင်ငေးမယ်စိတ်ကူးမနေနဲ့...
နေရာမှာတင်ရေခဲရိုက်ပြီးသားဖြစ်သွားမယ်
ရေကလည်း တစ်ပတ်တစ်ခါတောင်အနိုင်နိုင်ချိုးရတာ
ချိုးချင်ရင် ရေနွေးနဲ့ချိုးမှရတယ်...
အပူအအေးကမမျှတော့ နှာခမ်းတွေကွဲ အသားတွေပက်ကြားအက်ပြီးခြောက်ကပ်
ဘာစကင်ကဲမှမနိုင်ဘူး...
တချို့ဆို အသားပက်တာ အနာတောင်ဖြစ်တယ်...
တခါတလေ ပါးချိတ်ဆိုတာကြီးပါထယောင်သေးတာ...
ဆောင်းတွင်းကြီးခေါင်းလျှော်ဖို့မလွယ်တော့ ခေါင်းမှာဖောက်တွေကထ..ယား...
ဆိုင်ကယ်နဲ့အပြင်သွားမယ်ဆို တကိုယ်လုံး အနွေးထည်တွေလုံအောင်ဖုံးဝတ်ရတာ...
တကိုယ်လုံးမှာ မျက်လုံးပဲပေါ်အောင်ဝတ်တာတောင်
ပေါ်နေတဲ့မျက်လုံးကို နှင်းလာရိုက်ပြီး မျက်ရည်တွေကကျသေး...
မနက်မိုးလင်းလို့ မျက်နှာသစ်ဖို့နေနေသာသာ ရေကိုထိတာနဲ့ လက်တွေကျဥ်ခဲတာ...
အိမ်သာတက်ရင်လည်း ကိုယ့်ဟာကိုယ်ရေဆေးဖို့ကလည်း အတော်ကိုစဥ်းစားရတာ...
ရေတစ်ခါပက် တစ်ခါကျဥ်ခနဲ့ပဲ
ဆောင်းတွင်းဆိုတော့ အပူလည်အောင် ရေကများများသောက်ပေးရသေးတယ်...
ရေများများသောက်ပြန်ရင်လည်း အေးရတဲ့အထဲ
ရှူရှူးခနခနထပေါက်ရတာက အလုပ်တစ်လုပ်...
နွေရာသီဆိုလည်း နွေရာသီမလို့ လာနေကြည့်ဦး...
အင်္ကျီအပါးနဲ့နေပြန်ရင်လည်း လေကတိုက်တော့...အေး
အင်္ကျီအထူဝတ်ပြန်ရင်လည်း ပူသလိုလိုအိုက်သလိုလိုကဖြစ်...
ဘယ်လိုနေရမှန်းကိုမသိတာ...
အစားအသောက်ဆိုလည်းကြည့်လိုက်ဦး
ရှမ်းထမင်းနယ်တို့ ကောက်ညှင်းတို့ ခေါပုပ်တို့ ဟင်းထုပ်တို့ ဝမ်းချုပ်စာတွေချည်းပဲ...
ဒီလိုဒေသကြီးမှာ...
နင်တို့မလို့ ကော်ဖီဆိုင်လာဖွင့်ချင်တယ်စိတ်ကူးတာ
ငါဖြင့် အံ့သြမဆုံးပဲ...
နင်တို့ဖွင့်မယ်ဆိုတဲ့ကော်ဖီဆိုင်လည်း ဘယ်သူမှလာမထိုင်ဘူး...
တောင်ပေါ်မှာ ကော်ဖီဆိုင်ထိုင်တာ မြေပြန့်က နင်တို့လို တောသားတွေပဲရှိတယ်...
ပြီးတော့ တောင်ပေါ်မှာ ဘာဖက်ရှင်မှထွင်ဖို့မစဥ်းစားနဲ့...
အမြဲတမ်း အနွေးထည်ခေါင်းစွပ်သုံးထပ်နဲ့ အနွေးဘောင်းဘီအထူကြီးဝတ်ဖို့ပဲတွေးထား... ။
Crd -
ဦးပိုင်