11/04/2023
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်၌ဖောက်ခွဲမှုများပြုလုပ်ရန်စီစဉ်နေသည့် Special Task Agency-STA အဖွဲ့ဝင် ၂ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းမိ
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများ၌ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရန်စီစဥ်နေသည့် Special Task Agency-STA အဖွဲ့ဝင် ၂ ဦးအား လုံခြုံရေးအဖွဲ့ဝင်များမှ ဧပြီ ၄ ရက်ညပိုင်းက လက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သင်္ကြန်ကာလအတွင်း ဖောက်ခွဲဖျက်ဆီးမှုများမရှိစေရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိရာမှ Special Task Agency-STA အဖွဲ့ဝင် ဇော်ထက်အောင်(ခ)ညီညီအား ကြည့်မြင်တိုင်မြို့ နယ်၊မကျည်းတန်းတောင်ရပ်ကွက်၊ရွှေလှိုင်လမ်း ၌ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ Special Task Agency-STA အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ) ဝင်းလွင်ဦးအား ကြည့်မြင်တိုင်မြို့နယ်၊ဈေးကြီး (အရှေ့)ရပ်ကွက်၊ကျောင်းကြီးလမ်းရှိ တိုက်ခန်းတစ်ခုအတွင်းမှ လက်နက်/ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
Special Task Agency-STA အဖွဲ့ဝင် အမျိုးသား ၂ ဦးအား ပစ္စတို ၂ လက်၊ကျည်အိမ် ၃ ခု၊ပွိုင့်- ၃၈၀ ကျည် ၄၄ တောင့်၊လက်လုပ်မိုင်းပြုလုပ်ရာ တွင်အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ဒီတိုနေတာ ၁၈ ခု၊ယမ်းမှုန့် ၉ ထုပ်၊ကာဗွန် ၂၀၀ ချောင်း၊ကန့် ၁ ထုပ်၊သံဘောစေ့ ၁၃ ဘူး၊သံတိုသံစ ၁ အိတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် သင်္ကြန်ကာလအတွင်း၌ ပေါက်ကွဲအားပြင်းထန်သည့်ယမ်းများအား ကော်ခွက် ၅၀ ခုအ တွင်းထည့်၍ ကြည့်မြင်တိုင်မြို့နယ်ဈေးကြီးအ နောက်ရပ်ကွက်၊ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ်၊ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းရုံး၊ရန်ကုန်မြို့အတွင်းရှိ လူ စည်ကားသည့် သင်္ကြန်မဏ္ဍပ်များအား မိုင်းထောင်ဖောက်ခွဲပြီး ပစ္စတို ၂ လက်ဖြင့်ပစ်ခတ်ရန်စီစဉ်ထားမှုတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကာ ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်UG ညီကိုများသတိနဲ့လှူပ်ရှားကြပါ