Joy The Pa Chyl

Joy The Pa Chyl Good Food means Good Mood🌿
🤝Brand Collab
09953187768(Viber)

05/10/2026

🌿ပဲရေပွကိုမှ အရသာထူးရ‌စေမယ့် ပဲတောပြာကြော်

🌿 ပဲပြားအစိမ်းချက်- ပဲပြားကို ကြော်ပီးချက်တာထက် တခါတလေ   အခုလိုအစိမ်းချက်လေးချက်စားကြည့်နော်။   တင်းတင်းထုပ်ထုပ်လေးနဲ့ တ...
05/10/2026

🌿 ပဲပြားအစိမ်းချက်

- ပဲပြားကို ကြော်ပီးချက်တာထက် တခါတလေ
အခုလိုအစိမ်းချက်လေးချက်စားကြည့်နော်။
တင်းတင်းထုပ်ထုပ်လေးနဲ့ တော်တော်လေး
စားကောင်းပါတယ်။

- ပဲပြားအစိမ်းကို အရင်ဆုံး ရေနွေးထဲမှာ
ခဏ ပြုတ်ပေးပါ။ ပြီးရင် အတုံးလေးတွေတုံး
ထားပေးပါ။ နနွင်း ၊ ငံပြာရည် ၊ အချိုမှုန့်ထည့်
ပြီးအရသာနယ်ထားပေးပါ။

- ကြက်သွန်နီ ၊ ဖြူ ၊ အရောင်တင်မှုန့်ကိုဆီသတ်
ပေးပါ။ အစိမ်းနံ့ပျောက်ရင် ရေထည့်ပြီး
အနှစ်ကျအောင် ချက်ပေးပါ။

- အနှစ်ကျလာရင် ပဲပြားထည့်ပေးပါ။
မန်ကျီးရည်ထည့်ပေးပါ။‌ရေထည့်ပေးပါ။
အရသာပါပြင်ဆင်ပြီး ခဏချက်ပေးပါ။

- ပဲပြားထဲအရသာဝင်လာရင် နံနံပင်အုပ်၊
မဆလာလေးအုပ်လိုက်ရင် တင်းတင်းထုပ်ထုပ်လေးနဲ့
စားကောင်းတဲ့ ပဲပြာအစိမ်းချက်လေးရပါပြီ...

🌿 ငါးခြောက်ဟင်းချက်တိုင်း ငါးခြောက်က စားမရအောင်ငန်နေရင် အခုလိုလေးချက်ကြည့်နော်။- အရင်ဆုံး ငါးခြောက်ကိုရေနဲ့သေချာလေးဆေးပေ...
05/10/2026

🌿 ငါးခြောက်ဟင်းချက်တိုင်း ငါးခြောက်က
စားမရအောင်ငန်နေရင် အခုလိုလေးချက်ကြည့်နော်။

- အရင်ဆုံး ငါးခြောက်ကိုရေနဲ့သေချာလေးဆေးပေးပါ။

- ရေဆေးပြီးသားငါးခြောက်ကို အတုံးလေးတွေတုံးပြီး ထမင်းထည့်ပြီး ရေထဲမှာ 1နာရီလောက်စိမ်ထားပေးလိုက်ရပါတယ်။

- ဟင်းချက်တဲ့အခါမှာ အတုံးမပျက်အောင် အရင်ဆုံး
ဆီပူပူထဲမှာ အပေါ်ယံလေးတွေတင်းအောင်ကြော်ပေးရပါမယ်။

- ပီးရင် ကြက်သွန်နီ၊ဖြူ၊ငြုပ်ခွဲကြမ်းထောင်းထားတာက်ုဆီသတ်ပေးရပါမယ်။ အစိမ်းနံ့ပျောက်ရင် အာလူး၊ငါးခြောက်ထည့်ပြီးလုံးပေးရပါမယ်။ပြီးရင်ရေထည့်ပြီး
အိသွားအောင်ချက်ပေးရပါမယ်။

- အာလူးငါခြောက်တွေအိသွားရင် မန်ကျီးရည်ထည့်၊ရေထည့်၊အရသာပြင်ဆင်ပီးရင် အိုးချခါနီးမှာ
နံနံပင်၊ မဆလာအုပ်လိုက်ရင် ရပါပြီရှင်...

04/10/2026

🌿ကင်စရာ ဖုတ်စရာမလိုတဲ့ ငပိအုံး

🌿 ပဲတော်ပြာကြော်- "ပ" တို့နယ်ဘက်က   တော်ပြာရွာရဲ့ ထူးခြားဟင်းလျာဖြစ်တဲ့  ပဲတော်ပြာကြော် ကြော်နည်းလေးကို  မျှဝေလိုက်ပါတယ်...
04/10/2026

🌿 ပဲတော်ပြာကြော်

- "ပ" တို့နယ်ဘက်က
တော်ပြာရွာရဲ့ ထူးခြားဟင်းလျာဖြစ်တဲ့
ပဲတော်ပြာကြော် ကြော်နည်းလေးကို
မျှဝေလိုက်ပါတယ်။

- "ပ" ၃တန်းနှစ်တုန်းက
အမ့တွေနဲ့‌ တော်ပြာရွာကို
သွားလည်ရင် စားဖူးခဲ့တဲ့ဟင်းလေးပါ။
ဘယ်လောက်နှစ်တွေကြာကြာ အရမ်းကြိုက်တာမို့
ခဏခဏ ကြော်စားဖြစ်ပါတယ်။

- များများကြော်ပြီး ဘူးလေးနဲ့သိမ်းထားလည်း
အထားခံပါတယ်။

- ကြော်နည်းအသေးစိတ်လေးကို
ပုံတပုံချင်းစီအောက်မှာသေချာလေးကို
ရေးပေးထားပါတယ်နော်...

🌿ကွေ့သယိုသုပ်နည်း- ကွေ့သယိုသုပ်ကြိုက်သူများအတွက်   အိမ်မှာပဲ အလွယ်တကူ သုပ်စားလို့ရတဲ့  နည်းလေးပါ။ ကွေ့သယိုသုပ်ရဲ့အသက်ဖြစ...
04/10/2026

🌿ကွေ့သယိုသုပ်နည်း

- ကွေ့သယိုသုပ်ကြိုက်သူများအတွက်
အိမ်မှာပဲ အလွယ်တကူ သုပ်စားလို့ရတဲ့
နည်းလေးပါ။ ကွေ့သယိုသုပ်ရဲ့အသက်ဖြစ်တဲ့
"ဆော့စ်စပ်နည်း"ကတော့..
- ပဲငံပြာရည် အကျဲ (၁)ဇွန်း
- ပဲငံပြာရည်အပျစ် (၁)ဇွန်း
- ရှာလကာရည် (၁)ဇွန်း
- ခရုဆီ (၂)ဇွန်း
- ငြုပ်ဆော့စ် (၂)ဇွန်း
- ငြုပ်သီးအကျက်မှုန့်
- ငံပြာရည်
- သကြား
- ဆား
- ငြုပ်ကောင်း
- ရေထည့်ပြီး ပျစ်တဲ့အထိကျိုပေးလိုက်ရင်ရပါတယ်။

- ရေနွေးဖျောထားတဲ့ကွေ့သယိုဖက်ထဲကို
ကြက်သွန်ဖြူဆီချက်လေးထည့်ပြီး နှံ့စက်အောင်မွှေ
ပေးပြီး အရွက် ၊ မြေပဲလှော်၊ဆော့ထည့်ပီး
နှံ့စက်အောင်မွှေပေးပီးရင် စားလို့ရပါပြီ...

03/10/2026

🌿 ဒီနေ့တော့ ငါးခြောက်အာလူးချက်ကို ငပိရည်စပ်စပ်လေးနဲ့နယ်စားဖြစ်တယ်။
စားကြပါဦးရှင့်...

🌿 ငပိအုံး- ကင်စရာ ဖုတ်စရာမလိုတဲ့ ငပိအုံး လုပ်နည်းလေးပါ။- ငပိကင်ဖို့ အဆင်မပြေတဲ့နေရာတွေမှာ  တော်တော်လေးကိုအဆင်ပြေပါတယ်။- ...
03/10/2026

🌿 ငပိအုံး
- ကင်စရာ ဖုတ်စရာမလိုတဲ့ ငပိအုံး လုပ်နည်းလေးပါ။

- ငပိကင်ဖို့ အဆင်မပြေတဲ့နေရာတွေမှာ
တော်တော်လေးကိုအဆင်ပြေပါတယ်။

- စိမ်းစားငပိ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊
ငြုပ်သီးစိမ်း ၊ ငြုပ်ခွဲကြမ်း ၊ ပုစွန်ခြောက်မှုန့်၊ ဆီ
အချိုမှုန့်ထည့်ပြီး ရေနွေးပွက်ပွက်ဆူတဲ့အထဲကို
(၁၅)မိနစ်ခန့်ထည့်ပြီး ပေါင်းထားပေးရပါမယ်။

- ပန်းကန်ထဲရေမဝင်အောင် မီးအလည်အလတ်
လောက်နဲ့ ပေါင်းပေးပါ။

- ၁၅ မိနစ်ခန့်ပေါင်းပီးရင် သံပုရာသီးလေးညှစ်ထည့်
ပီးစားလို့ရပါပီ။

🌿 အနံ့အရသာ ထိမိနေတဲ့ သီးစုံပဲကုလားဟင်း-အသီးအရွက်က ကိုယ့်စိတ်ကြိုက်ထည့်နိုင်ပါတယ်။ ပဲကိုတော့ ကုလားပဲသုံးပေးလို့ရပါတယ်။"ပ"...
03/10/2026

🌿 အနံ့အရသာ ထိမိနေတဲ့ သီးစုံပဲကုလားဟင်း

-အသီးအရွက်က ကိုယ့်စိတ်ကြိုက်ထည့်နိုင်ပါတယ်။
ပဲကိုတော့ ကုလားပဲသုံးပေးလို့ရပါတယ်။
"ပ" ကတော့ ပဲနီလေးနဲ့ ချက်လိုက်ပါတယ်။

- ဟင်းခတ်အမွှေးအကြိုင်ကတော့...
ပဲနံ့သာ
မုန့်ညှင်းစေ့
ပျဉ်းတော်သိမ်
မဆလာ
ငြုပ်သီးခြောက်

- အရင်ဆုံး ငြုပ်သီးခြောက်ကို ကြော်ပါမယ်။

- ပြီးရင် ပဲနံ့သာ ၊ မုန့်ညှင့်စေ့ ၊ပျဉ်းတော်သိမ်
ကိုထည့်ကြော်ပါမယ်။

- ကြက်သွန်နီ/ဖြူ ထောင်းတာကိုထည့်
ဆီသတ်ပါမယ်။

- နနွင်း ၊ အရောင်တင်မှုန့် ထည့်ပြီး ပဲနဲ့အနူးကြာမယ့် အသီးအရွက်တွေထည့်ပါမယ်။

- ဘဲဥပြုတ်ပါ တခါတည်းထည့်ပြီး
ရေထည့်ပြီး နူးအောင်တည်ပေးရပါမယ်။
နူးပီးဆိုရင် ကျန်တဲ့ အနူးလွယ်မယ့် ခရမ်းသီး ထည့်ရပါမယ်။

- အားလုံးနူးပီးဆိုရင် မန်ကျီးရည်၊ ရုံပတေးသီး
နဲ့ အရသာပြင်ပီး ငြုပ်သီးခြောက်ထည့် ၊ မဆလာအုပ်ပြီးရင်တော့ ရပါပြီ။

02/10/2026

🌿 ထမင်းစားပျက်နေတာတို့ ၊ ဘာစားစားပါးစပ်ပျက်နေရင် အခုဟင်းလေးချက်စားကြည့်နော်...

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Joy The Pa Chyl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Joy The Pa Chyl:

Shortcuts

Share