14/05/2025
ဘဝကို
လေတိုက်တိုင်း လွင့်နေတဲ့
သစ်ရွက်ခြောက် မဖြစ်စေနဲ့ ။
ဘဝကို
သူတစ်ပါးအလိုကျ
နေပေးရတဲ့ဘဝ မဖြစ်စေနဲ့ ။
ဘဝကို
မျှော်လင့်ချက်မရှိဘဲ
ရှင်သန်နေတဲ့သူ မဖြစ်စေနဲ့ ။
ဘဝကို
ရည်ရွယ်ချက်မရှိဘဲ
လျှောက်လှမ်းနေတဲ့သူ မဖြစ်စေနဲ့ ။
ဘဝကို
သူတစ်ပါးအားကိုးနဲ့
ရပ်တည်နေရတဲ့သူ မဖြစ်စေနဲ့ ။
ဘဝကို
အသက်ရှင်လျက်နဲ့
ဘဝသေနေတဲ့သူ မဖြစ်စေနဲ့။
အဲလိုဖြစ်နေမယ်ဆိုရင်
မနက်ဖြန်တိုင်းဟာ
ပျော်ရွှင်စရာ ဖြစ်လာမှာ မဟုတ်ဘူး ။
မနက်ဖြန်တိုင်းဟာ
စိတ်ညစ်စရာတွေ ဖြစ်လာလိမ့်မယ် ။
ဘဝကို
အောင်မြင်မှုတွေနဲ့ ဖြတ်သန်းချင်တယ်
တစ်ပါးသူတွေရဲ့
တန်ဖိုးထားခြင်းကို ခံချင်တယ်ဆိုရင်
ဘဝကို
ဖြစ်သလို မနေလိုက်ပါနဲ့ ။
ဘဝကို
ဖြစ်သလို နေလိုက်မယ်ဆိုရင်
အောင်မြင်မှုတွေ မရနိုင်သလို
တန်ဖိုးထားချင်လည်း ခံရမှာ မဟုတ်ဘူး ။
ဒါကြောင့် ဘဝကို
အချိန်ရှိတုန်းလေးမှာ
လေ့လာသင့်တာ လေ့လာပါ
သင်ယူသင့်တာ သင်ယူပါ ။
ဘဝကို
လွတ်လွတ်လပ်လပ်
ရှင်သန်နိုင်အောင် ကြိုးစားပါ ။
Credit အရှင်ဇဝန