Sone Sea Yar Trading

Sone Sea Yar Trading Sone Sea Yar Trading ( Since 2007 ) SONE SEA YAR TRADING (53112520C)
SONE SEA YAR TRADING is a Singapore Sole Proprietor. wholesalers as well.

The company was incorporated on 24 Mar 2008, which is 14.4 years ago. The company UEN is 53112520C, registered with ACRA on 2008-09-13. The Business current operating status is Live. The Business's principal activity is WHOLESALE TRADE OF A VARIETY OF GOODS PRODUCT. We are an international trading company, Specialised in the worldwide distribution of food products.

02/10/2025

🔺တော်လှန်ရေးပန်းတိုင်ကို အရောက်သွားမယ် 🔺👏👏👏

02/10/2025

🔺တော်လှန်ရေးပန်းတိုင်ကို အရောက်သွားမယ် 🔺

👏👏👏




02/10/2025

🔺တော်လှန်ရေးပန်းတိုင်ကို အရောက်သွားမယ် 🔺

👏👏👏




" သားသမီး ငွေ ဘယ်လောက်ရှိရှိ အလိုက်သိမှ မိဘ စားရတာပါ "_____________________________သားသမီး မကြွယ်ဝလည်းသိတတ်ရင် မိဘ စိတ်ခ...
27/08/2025

" သားသမီး ငွေ ဘယ်လောက်ရှိရှိ
အလိုက်သိမှ မိဘ စားရတာပါ "
_____________________________

သားသမီး မကြွယ်ဝလည်း
သိတတ်ရင် မိဘ စိတ်ချမ်းသာရတတ်ပါတယ်

သားသမီး ပညာဘယ်လောက်တတ်တတ်
ရိုသေတတ်မှ မိဘအပေါ် ဂါရဝရှိတာပါ

သားသမီး ပညာမတတ်လည်း
ဂါရဝရှိရင် ရိုသေရမှန်း သိပါတယ်

အများအမြင်မှာ
သားသမီး ကောင်းစားနေတာမြင်ရင်
သူ့မိဘ အဆင်ပြေတယ် မထင်သင့်သလို
အဆင်မပြေတဲ့ သားသမီးမြင်တိုင်း
သူ့တို့မိဘတွေ ဒုက္ခရောက်မယ် မထင်ပါနဲ့

အဓိကက
ဂါရဝရှိ အလိုက်သိရင်
မပြည့်စုံရင်နေပါ
ဘယ်မိဘမှ စိတ်ဆင်းရဲရမည် မဟုတ်ပါ …။

( လွတ်လပ်စွာ ရှယ် သွားလို့ရပါတယ် )

❝ သမ္မတကိုယ်ရံတော်ဘဝမှအလုပ်ထွက်ပြီး  #ဆန်ပြုတ်ရောင်းနေသူ ❞🇸🇬စင်္ကာပူမှာနေတဲ့ မစ္စလင် (Ms Lim Hwee Yi) ဟာ စင်္ကာပူသမ္မတ ၂...
15/08/2025

❝ သမ္မတကိုယ်ရံတော်ဘဝမှအလုပ်ထွက်ပြီး #ဆန်ပြုတ်ရောင်းနေသူ ❞

🇸🇬စင်္ကာပူမှာနေတဲ့ မစ္စလင် (Ms Lim Hwee Yi) ဟာ စင်္ကာပူသမ္မတ ၂ ယောက်ဖြစ်တဲ့ Halimah Yacob နဲ့ Tharman Shanmugaratnam တို့ဆီမှာ သေနတ်ကိုင်ဆောင်ပြီး အနီးကပ်အကာအကွယ်ပေးရတဲ့ ကိုယ်ရံတော်အဖြစ် ၅ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ဘာစိတ်ကူးပေါက်တယ်မသိ၊ အသက် ၂၇ နှစ်ပြည့်တာနဲ့ လက်ရှိအလုပ်ကထွက်လိုက်ပြီး မိဘရဲ့ကိုယ်ပိုင်စီးပွားဖြစ်တဲ့ ဘိုတက်ခ်ကွမ်တုံးဆန်ပြုတ်( Botak Cantonese Porridge) ဆိုင်အလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ အရင်လို VIP တွေကို ကာကွယ်ပေးရတဲ့အလုပ်အစား သူချက်ပြုတ်ထားတာကို လူတွေမြိန်ရည်ယှက်ရည် စားတဲ့အခါဝမ်းသာပျော်ရွှင်ပီတိဖြစ်ရတဲ့ ဆန်ပြုတ်ချက်တဲ့အလုပ်မှာ ပျော်နေပြီဖြစ်ပါတယ်။

မစ္စလင်က အဲ့ဒီလို ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ခွင့်ရနေတာကိုဂုဏ်ယူနေခဲ့တာပါ။

ကျနော်တို့ငယ်ငယ်က ဆန်ပျော့သွားရင် ဆန်ပြုတ်ချက်လိုက်လို့ ပြောပေမဲ့ တကယ်တမ်းစီးပွားဖြစ် ဆန်ပြုတ်ချက်ရတာ ထင်သလောက်အလွယ်ကြီးမဟုတ်ပါဘူး။

ပထမဦးဆုံး အပတ်မှာ ဆန်ပြုတ်စ,ချက်တော့ ဆန်နဲ့ရေကို အချိုးအစားမှန်မှန်မထည့်နိုင်ခဲ့တာကြောင့် ဆန်ပြုတ်ဟာရေကျဲကြီးဖြစ်သွားပြီး ရောင်းလို့မရ ဖြစ်ခဲ့ပါတယ်။

ဆန်ပြုတ်ချက်ရတာဟာ သူ့အတွက် အရမ်း ကိုခက်ခဲခဲ့ပေမဲ့ ကြိုးစားမှုကြောင့် အလျင်အမြန်ပဲ ကောင်းမွန်စွာချက်ပြုတ်လာနိုင်ခဲ့ပါ တယ်။

သူချက်တဲ့ဆန်ပြုတ်ဟာ ကွမ်တုံးအမျိုးအနွယ်တွေချက်တဲ့ ဆန်ပြုတ်ဖြစ်ပြီး ဆန်စေ့ကိုမမြင်ရတဲ့ နူးညံ့တဲ့အမျိုးအစားပဲဖြစ်ပါတယ်။

ဆန်အမျိုးအစား ၃ မျိုး (Jasmine Rice, Short-grain Rice & Glutinous Rice) နဲ့ ရောပြီး ချက်ထားကာ လတ်ဆတ်တဲ့ငါး၊ အရည်သွေးမြင့်နှမ်းဆီနဲ့ ပရီမီယံပဲငံပြာရည်တို့လို အရည်သွေးမြင့်တဲ့ ပစ္စည်းတွေကို သာ ထည့်ပြီးအသုံးပြုထားတာပဲဖြစ်ပါတယ်။

ဆန်ပြုတ်ကို ချက်ပြုတ်နိုင်ရန် သင်ပေးတဲ့ စားဖိုမှူးကတော့ ကွမ်တုံးလူမျိုးသူမရဲ့အဖေပဲ ဖြစ်ပါတယ်။

သူမက သူမရဲ့မိဘတွေရောင်းခဲ့သလိုမျိုးပုံစံနဲ့ ရောင်းဖို့မလုပ်ဘဲ သူ့နည်းသူ့ဟန် နဲ့ မြင့်တင်ဖို့ကြိုးစားခဲ့ပါတယ်။

သူမဟာ တစ်တော့မှာ အသက် ၂၂ နှစ်နဲ့ ၂၇ နှစ်ကြား လူငယ်အချို့ကို သူမနဲ့အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး သူတို့ကိုလည်း ပုံမှန်လစာ သတ်မှတ်တဲ့ လမ်းကြောင်းအတိုင်းမသွားဘဲ သတ်မှတ်ထားတဲ့ရောင်းအား ရောက်ရင် ဒါမှမဟုတ် ကျော်သွားခဲ့ရင် ပုံမှန်လစာထက် တိုးပေးပြီး ရေရှည်နှစ်ဦးနှစ်ဖက် အဆင်ပြေစေသော လမ်းကြောင်းကို ရွေးချယ်ပြီး ဝန်ထမ်းများရဲ့ အသက်မွေး ဝမ်းကြောင်းကို ပြောင်းလဲပေးခဲ့တယ်။

အလွန်တင်းကြပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းမရှိဘဲ တစ်စုံတစ်ခုမှားယွင်းမှု ရှိပါက အတူတကွ ဖြေရှင်းခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ခြင်းမရှိတဲ့ အဖွဲ့အစည်းစိတ်ဓါတ်နဲ့ အတူတကွဆောင်ရွက်ကြတာပဲဖြစ်ပါတယ်။

ဝန်ထမ်းနဲ့သူဌေး ဆိုတဲ့ ဆက်ဆံရေးထက် သူငယ်ချင်းတွေ ရင်းရင်းနှီးနှီး လုပ်ကိုင်ကြတာက ပိုပြီး ပျော်ရွှင်ဖို့ကောင်းသလို စိတ်ကိုတက်ကြွစေတာက အလုပ်ကို ပိုမိုအောင်မြင်စေတယ် လို့ သူမကယုံကြည်ခဲ့တာဖြစ်တယ်။

အခုချိန်မှာတော့ သူမရဲ့ဆန်ပြုတ်ဆိုင်ဟာ ဆိုင်ခွဲ ၃ ဆိုင်ရှိနေပြီဖြစ်ပြီး အချိန်ပြည့်ဝန်ထမ်း ၁၂ ဦးမှ ၁၅ ဦးအထိရှိကာ တစ်ယောက်မှ အလုပ်အလွန်အကျွံလုပ်စရာမလိုအောင် လူအလုံအလောက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူ အသက် ၂၁ နှစ်မှာ Poly ကနေကျောင်းပြီးကတည်းက မိဘတွေရံ့လုပ်ငန်းကိုဝင်လုပ်ချင်နေတာဖြစ်ပြီး သူ့မိဘတွေက ဘဝအတွေ့အကြုံရအောင်အပြင်မှာ အရင်အလုပ်လုပ်ခိုင်းခဲ့တာမို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ရာကနေ သမ္မတကိုယ်ရံတော်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မစ္စလင်ကတော့ စားသုံးသူတွေအနေနဲ့ ဒီဆိုင်ကိုလာတာက သူမရဲ့အတွေ့အကြုံ သမ္မတသက်တော်စောင့်ဘဝအကြောင်းကို သိချင်လို့လာတာထက် သူမရဲ့ကောင်းမွန်တဲ့ဆန်ပြုတ်ကြောင့် လာတာပဲ ဖြစ်တယ်လို့ မျှော်လင့်ထားပါတယ်တဲ့။

💡ကျနော်ပြောချင်တာက - ဘဝမှာ လူဆိုတာ တစ်မျိုးတစ်နေရာတည်းမှာ အလုပ်လုပ်ရတာ ပျော်ချင်မှပျော်မှာပါ။

စင်ကာပူမှာ အခုလိုကိုယ်ပိုင်လုပ်ငန်းလေးတွေကို ဦးစီးလုပ်ရတာဟာ လူငယ်နဲ့ သက်လတ်ပိုင်းတွေရဲ့ အိပ်မက်ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုရင် ရေရှည်ပလန်ဆွဲအစီအစဉ်ချဖို့လိုပြီး မစ္စလင်အနေနဲ့ မိဘရဲ့လက်ငုတ်ရှိပြီးသား လုပ်ငန်းကို မတူအောင်တိုးချဲ့လုပ်ကိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

"I am giving myself five years before deciding my future."

မစ္စလင်ဟာ သူ့ကိုယ်သူ ၅ နှစ်အချိန်ပေးပြီးမှ သူ့ဘဝရဲ့လမ်းကြောင်းအတွက် ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချခဲ့တာပါ။

ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံကလူငယ်လူရွယ်တွေဟာ နိုင်ငံစီးပွားရေးကောင်းတာကြောင့် မိမိတို့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ခွင့် ရကြတဲ့ အားကျဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ် ခင်ဗျား။

✍️ လူငယ်တွေ ဘဝတိုးတက်ရေးအတွက် လမ်းပြစာတွေက ဆက်ရေးပေးဖို့ ရှိပါတယ်။

Richard Myo Thant
15-Aug-2025

02/04/2025

ဆရာတော် ဦးဗုတ်*ဟဲ့ မယ်နု ဝဋ်ကြွေးရှိရင် ဆပ်ရတယ်ဟဲ့*မယ်နု!!!*တပည့်တော်ရော တပည့်တော် လှုဒါန်း ခဲ့တဲ့ ကျောင်းကြီးကော ဝဋ်ကြွေး ကျေပြီ ထင်ပါတယ် ဘုရား*မြင့်ခွင်ရအောင် ရိုက်ကူးပေးခဲ့တဲ့ video ပိုင်ရှင်အားအထူးကျေးဇူးတင်ရှိပါတယ်။

ငလျင်နဲ့ architecture သင်ခန်းစာ▪️မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အတွက် အင်မတန်ဝမ်...
29/03/2025

ငလျင်နဲ့ architecture သင်ခန်းစာ

▪️မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အတွက် အင်မတန်ဝမ်းနည်းမိပါတယ်။ အဝေးကနေမို့လို့ ကူညီနိုင်တာ ငွေကြေးကလွဲ တစ်စုံတစ်ရာမျှမရှိဘူး။ သို့သော် တတ်ကျွမ်းတဲ့အရာလေးနဲ့ စာလေးရေးခွင့်ပြုပါ။

▪️ငလျင်က လူတွေကို တိုက်ရိုက်မသတ်ပါဘူး။ အဆောက်အဦးပြိုလဲမှုကသာ သတ်တာပါ။ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါမှာ အများစုက အပေါ်ယံ အလှအပတွေ၊ မြေပိုင်ဆိုင်မှု အကျယ်အဝန်းတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။

▪️ဖန်သားတွေနဲ့ တည်ဆောက်ထားတာလား၊ ကျွန်းသစ်တွေနဲ့ ထွင်းထုထားတာလားဆိုတာကို စိတ်ဝင်စားကြသလို၊ တိုက်ခန်းဝယ်မယ်ဆိုရင်လည်း မီးဘေး၊ ရေဘေးကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာထက် အခန်းရဲ့ မြင်ကွင်းကောင်းလား၊ ဘယ်လောက်အထပ်မြင့်လဲဆိုတာကို ပိုပြီး အာရုံစိုက်မိတတ်ပါတယ်။

▪️အပေါ်ယံလှပမှုက အဓိကဖြစ်နေတယ်။ တခြားအရေးကြီးတဲ့အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်။ ရေတိုပဲကြည့်ကြတယ်ပေါ့ဗျာ။

📌၁။ အဆောက်အဦးတွေက ဘာဖြစ်လို့အရေးပါတာလဲ။

▪️ငလျင်ဆိုတာအမှန်တော့ သဘာဝဖြစ်ရပ်တစ်ခုပါ။ တကယ့်အန္တရာယ်အစစ်က အဆောက်အဦးတွေနဲ့ ပြိုလဲလာတဲ့ပစ္စည်းတွေ။ အဆောက်အဦးတစ်ခု ဘယ်လိုဒီဇိုင်းဆွဲထားလဲ၊ ဘာmaterialsတွေ အသုံးပြုထားလဲ၊ ဘယ်လောက်ထိခိုင်ခိုင်မာမာတည်ဆောက်ထားလဲကသာ အစိတ်စိတ်အမွှာမွှာပျက်စီးသွားတဲ့အဆောက်အဦးတစ်ခုနဲ့ လူတွေအချိန်မီတိမ်ရှောင်လို့ရနိုင်တဲ့အဆောက်အဦးတစ်ခုကို ကွာခြားစေတာပါ။

▪️ငလျင်တွေကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ သို့သော် ပိုမိုကောင်းမွန်တဲ့အဆောက်အဦးတွေကို တည်ဆောက်လို့ရနိုင်ပါတယ်။လူတွေက သဘာဝဘေးအန္တရာယ်တွေကျရောက်တဲ့အခါ ကြောက်လန့်ကြတယ်။ ဝမ်းနည်းကြတယ်။ ပြင်ဆင်ကြတယ်။ အထုတ်ပြင်ကြ သိမ်းကြနဲ့ပေါ့။ သို့သော် ခဏကြာတော့ ပုံမှန်အတိုင်းပဲဖြစ်ကုန်ကြတယ်။

▪️သာမန်မိသားစုတစ်စုမှာ တော်ရုံသူအနေနဲ့ ဘေးအန္တရာယ်တွေကို အာရုံစိုက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ "အခက်မသင့်လို့ ဖြစ်တာပဲလေ" ဆိုတဲ့ အတွေးနဲ့ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်တချို့ကို ပြင်ဆင်ပြီး ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။

📌 ၂။ မိသားစုများအတွက် ကြိုတင်ပြင်ဆင်မှု အလေ့အကျင့်များ:

၁။ သင့်အိမ်က အရေးပေါ်လှေကားကို ရှင်းလင်းပါ။

▪️သင်သာ လူနေထူထပ်တဲ့နေရာတစ်ခုက တိုက်ခန်းတစ်ခန်းမှာနေတယ်ဆိုရင်တော့ သင်နောက်ဖေးကိုဝင်ပါ။ တိုက်ခန်းရဲ့အနောက် မြောင်းတွေရှိတဲ့ဘက်လှမ်းကြည့်ပါ။ အင်မတန်မှ အော်ဂလီဆန်စရာကောင်းမှာပါ။ နောက်ဖေးလှေကားဆိုရင်လဲ အဝတ်လှမ်းတဲ့သူကလှမ်း အပေါက်ပိတ်တဲ့သူကပိတ်နဲ့ ရှုပ်ပွနေမှာပါ။

▪️အမှန်တော့ ဒီလိုမျိုးအလေ့အကျင့်လေးတွေကို ပြင်ဆင်ဖို့ လွယ်ကူပါတယ်။ သို့သော် လူတိုင်းပါဝင်နိုင်ဖို့ခက်ခဲတယ်။ ဒီအတွက် အကောင်းဆုံးကတော့ မိမိတစ်ကိုယ်စာ စတင်ကြိုးစားကြည့်ပါ။

▪️အိမ်ရဲ့အဝင်အထွက်လမ်းတွေအကုန်လုံးကို ရှင်းလင်းထားပါ။ သော့ခတ်ထားသည်ရှိသော် သော့များကို နီးစပ်ရာထားထားပါ။ အိမ်သူအိမ်သားအကုန်လုံးကို အသိပေးထားပါ။

၂။ အိမ်သူအိမ်သားများနဲ့အလေ့အကျင့်လုပ်ထားပါ။

▪️အရေးပေါ်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တစ်ခုကို အတူတကွ ရေးဆွဲပါ။ ကလေးငယ်တွေပါအပါအဝင် ဘေးပတ်ဝန်းကျင်နဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။

▪️အိမ်ထဲမှာဆိုရင် ဘယ်နေရာတွေက လုံခြုံတဲ့နေရာတွေလဲ (ဥပမာ - စားပွဲအောက်၊ နံရံထောင့်) ဆိုတာ သတ်မှတ်ထားပါ။
အိမ်ပြင်မှာဆိုရင် ဘယ်နေရာမှာ စုဝေးကြမလဲဆိုတာ သတ်မှတ်ထားပါ။ (ဥပမာ - အိမ်ရှေ့က ခြံဝင်းထဲမှာရှိတဲ့ သစ်ပင်အောက်)
အကြောင်းတစ်ခုခုကြောင့် အဆက်အသွယ်ပြတ်ခဲ့သည်ရှိသော် နေရာတစ်ခုခုမှာ ပြန်ဆုံတွေ့ကြမလဲဆိုတာကို သတ်မှတ်ထားပါ။

၃။ အိမ်ရဲ့ကြံ့ခိုင်မှု။

▪️အမြဲတစ်စေစစ်ဆေးနေပါ။ အိမ်ရဲ့ အုတ်မြစ်၊ နံရံ၊ ခေါင်မိုးတွေကို ပုံမှန် စစ်ဆေးပြီး အားနည်းနေတဲ့ အပိုင်းတွေကို ပြုပြင်ထားရင်တော့ ငလျင်ဒဏ်ကို ပိုခံနိုင်ရည်ရှိစေနိုင်ပါတယ်။

📌 ၃။ Safety: ခိုင်မာတဲ့အဆောက်အဦးတစ်ခုဘယ်လိုတည်ဆောက်ရမလဲ။

💡၁။ ခိုင်မာတဲ့foundation

▪️သစ်ပင်အကြီးကြီးတစ်ပင်မှာ ခိုင်မာတဲ့အမြစ်တွေရှိဖို့လိုအပ်တယ်။ အဆောက်အဦးတိုင်းကလဲ မြေကြီးထဲခိုင်မြဲနေစေဖို့ Foundationကောင်းကောင်းလိုအပ်ပါတယ်။ အောက်ခြေကနေစ အပေါ်အထိ အဆောက်အဦးတစ်ခုလုံးက သေသေချာချာပေါင်းစည်းထားနိုင်ဖို့လိုအပ်တယ်။ မြေသားက ပျော့နေတယ်။ Foundationကိုလဲ တိမ်တိမ်လေးပဲ တူးထားမယ်ဆိုရင်တော့ ထိုအဆောက်အဦးက ပိုမိုလှုပ်ခတ်နေမှာပါ။

Š Moe 2025. All Rights Reserved

💡၂။ အားဖြည့်တည်ဆောက်ခြင်း (Reinforcement):

▪️အဆောက်အဦးတွေမှာ သံချောင်းတွေ (Reinforcement bars) နဲ့ ကွန်ကရစ်တွေကို ပေါင်းစပ် အသုံးပြုခြင်းအားဖြင့် အင်မတန် ခိုင်ခံ့တဲ့ တည်ဆောက်မှုကို ရရှိနိုင်ပါတယ်။ သံချောင်းတွေက အဆောက်အဦးကို ဆွဲဆန့်အားနဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိစေပြီး ကွန်ကရစ်ကတော့ အဲဒီသံချောင်းတွေကို တစ်စုတစ်စည်းတည်း ထိန်းထားပေးပါတယ်။

💡၃။ ချိတ်ဆက်မှုများ (Connections):

▪️အဆောက်အဦးတစ်ခုမှာပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးဟာ တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ငလျင်လှုပ်တဲ့အခါ အဲဒီ့ချိတ်ဆက်မှုတွေ မပြတ်တောက်သွားမှသာ အဆောက်အဦးတစ်ခုလုံး တည်မြဲနိုင်မှာပါ။

💡၄။ လိုက်လျောညီထွေရှိမှု (Ductility)

▪️ငလျင်လှုပ်တဲ့အခါ အဆောက်အဦးဟာ တင်းမာပြီး မလှုပ်ရှားနိုင်ဘူးဆိုရင် အလွယ်တကူ ပျက်စီးသွားနိုင်ပါတယ်။ လိုက်လျောညီထွေရှိတဲ့ အဆောက်အဦးတွေကတော့ ငလျင်ရဲ့ စွမ်းအင်ကို စုပ်ယူပြီး အနည်းငယ် ကိုင်းညွတ်နိုင်တဲ့အတွက် ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ ပြတ်ရွှေ့ကြောနဲ့နီးကပ်နေတဲ့နေရာဒေသတိုင်းလိုလို ထည့်သွင်းစဥ်းစားသင့်ပါတယ်။

💡၅။ ပုံသဏ္ဍာန်နှင့် ညီမျှမှု (Shape and Symmetry):

▪️ပုံသဏ္ဍာန် မမှန်ကန်တဲ့၊ မညီမျှတဲ့ အဆောက်အဦးတွေဟာ ငလျင်လှုပ်တဲ့အခါ ပိုပြီး လှုပ်ခတ်ပြီး ပျက်စီးနိုင်ခြေ ပိုများပါတယ်။ ဥပမာ - တစ်ဖက်က အင်မတန်လေးလံနေပြီး တစ်ဖက်က ပေါ့ပါးနေတာမျိုး။

▪️ကျနော်မှာချင်တာကတော့ အဆောက်အဦးဆောက်လုပ်တဲ့သူတိုင်းက ငွေကြေးအကုန်အကျခံပြီး အကောင်းဆုံးconstruction၊ အတော်ဆုံး Architect၊ အစိစပ်ဆုံးစစ်ဆေးသူတွေနဲ့ တည်ဆောက်နိုင်မှာမဟုတ်ဘူး။ အများစုက သာမန်ဝန်ထမ်းလစာထပ်မပိုတဲ့လုပ်အားခနဲ့ မနည်းရှင်သန်နေကြရတဲ့သူတွေ။ သူတို့အနေနဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်ကိုင်ပေးချင်ပါစေ အသိအမှတ်ပြုခံရမှာလဲမဟုတ်၊ ငွေလဲပိုရမှာလဲမဟုတ်။ အချောင်လိုက်တဲ့သူ၊ ရေသာခိုမယ့်သူရှိချင်ရှိမယ်။

▪️အလုပ်ရှင်ဘက်ကလဲ အမြတ်အစွန်းစားဖို့ကလွဲ clientဘက်ကို ငဲ့ကြည့်ပေးဖို့ ရှိမယ်မထင်ဘူး။Clientဘက်ကလဲ ငွေကြေးအကုန်အကျနည်းဖို့ရယ် အကျိုးမထိခိုက်ဖို့ရယ်ကလွဲ ဘာမှ ကြိုးစားကြမယ်မထင်ဘူး။

▪️အကြံပေးချင်တာကတော့ ဘက်တွေအကုန်လုံး တစ်ဦးနဲ့တစ်ဦးပေါင်းစည်းပြီးကြိုးစားကြဖို့ပါ။ ကိုယ်လုပ်နေကြအရာထပ် နည်းနည်းလေးပိုလုပ်ပေးလိုက်။ ဘာမှတော့ ပြန်ရဖို့မျှော်လင့်မထားကြနဲ့။ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့။

📌 ၄။ အဆုံး

▪️ဒါကြောင့်မို့ ငလျင်ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် ပိုမိုကောင်းမွန်တဲ့ အဆောက်အဦးတွေကို တည်ဆောက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခြင်းနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ငလျင်ဘေးရဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်ပါတယ်။

▪️အဆောက်အဦးဆောက်တယ်ဆိုတာ ကိုယ့်ရဲ့နေရာလေးတစ်ခုကို မိုးလုံဖို့ လေလုံဖို့ ကိုယ့်ကို ကာကွယ်နိုင်ဖို့ပါ။ အလှအပဆိုတာ အပေါ်ယံအရေးပါမှုသာ ဖြစ်တယ်ဆိုတာကို သိရှိဖို့ နောက်မကျသေးပါဘူး။ ငလျင်ကိုတော့ ကျွန်တော်တို့ မတားဆီးနိုင်ပေမယ့် လုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားသွားနိုင်ပါတယ်။

✍️ Moe Notes

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေ...
07/03/2025

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။
အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။
တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။
မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။
မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။
ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်။
"ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။
"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။
"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"
ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။
အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။
တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။

Crd

Credit

Address

Singapore

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+6596607929

Website

Alerts

Be the first to know and let us send you an email when Sone Sea Yar Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sone Sea Yar Trading:

Share