Shwe Myanmar - ရွှေမြန်မာစားသောက်ဆိုင်

Shwe Myanmar - ရွှေမြန်မာစားသောက်ဆိုင် Delicious Myanmar Food & Drink

🎂🎉 Happy Birthday ပါ သားသား/သမီးလေးရေ ဆိုင်မာပွဲတေလာကျင်ပရပါ​၏ ဈေးနှုန်းချိုချိုနဲ့🥂❤️💕🎈ဒီနေ့ကတော့ မိသားစုအတွက် အပျော်ရွ...
20/09/2026

🎂🎉 Happy Birthday ပါ သားသား/သမီးလေးရေ
ဆိုင်မာပွဲတေလာကျင်ပရပါ​၏ ဈေးနှုန်းချိုချိုနဲ့🥂❤️💕🎈

ဒီနေ့ကတော့ မိသားစုအတွက် အပျော်ရွှင်ဆုံးနေ့လေးတစ်နေ့အတွက်ဆိုင်ကနွေးထွေးကျင်ပပေရင်
အသက်တစ်နှစ်တိုးလာတိုင်း ကျန်းမာပျော်ရွှင်ပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံတဲ့ကလေးလေး ဖြစ်ပါစေ။ 💖

🌟 ဆုတောင်းသမျှပြည့်ပါစေ
🌟 ပညာတော်ပြီး ထူးချွန်ပါစေ
🌟 ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာပါစေ
🌟 မိဘကိုလည်း အမြဲပျော်ရွှင်စေတဲ့ သားကောင်း/သမီးကောင်းလေး ဖြစ်ပါစေ

🎂🎁 Happy Birthday,👼💗

ဆီချက်ခေါက်ဆွဲ သည် မြန်မာရိုးရာခေါက်ဆွဲဟင်းတစ်မျိုးဖြစ်ပြီး အသားဆီချက်၊ ကြက်သွန်ဖြူဆီမွှေးနှင့် အရသာစုံစုံလင်လင်ဖြင့် ရေ...
01/08/2026

ဆီချက်ခေါက်ဆွဲ သည် မြန်မာရိုးရာခေါက်ဆွဲဟင်းတစ်မျိုးဖြစ်ပြီး အသားဆီချက်၊ ကြက်သွန်ဖြူဆီမွှေးနှင့် အရသာစုံစုံလင်လင်ဖြင့် ရောနယ်စားသုံးရသော အစားအစာဖြစ်သည်။
ဆိုင်မာရပါပီခများ🫶 #ရွေမြန်မာစားသောက်ဆိုင် #မြန်မာအစားအသာ #🇲🇲

26/07/2026
12/07/2026

ညကCome and chill ကျလယ်စင် B3 အနောက်က ရွေမြန်မာစားသောက်ဆိုင်အသစ်လေး #ရွေမြန်မာစားသောက်ဆိုင် -စားသောက်ဆိုင်

20/06/2026

ပြဿနာဗျို့ ပြဿနာ 📢

ဘာလဲဆို ပိတ်ရက်ရောက်လို့ ဘော်ဒါတွေစုပြီး အပြင်ထွက်စားမယ်ဆိုရင် အမြဲတမ်းကြုံရတဲ့ ပြဿနာ 😭

စားချင်တာတွေ စုံစုံလင်လင်မှာပြီးလို့ ဘေလ်လည်းကျလာရော...

"ဟေ့ကောင် မင်းက ဝက်ခေါင်းသုပ် ပိုစားတယ်"

"မင်းက မာလာရှမ်းကောထဲက အသားတွေချည်း ရွေးနှိုက်စားသွားတာ" ဆိုပြီး

"သူရှင်း၊ ငါရှင်း" နဲ့ အပတ်တိုင်း အငြင်းပွားပြီး ကပ်စေးနဲစစ်ပွဲ ဆင်နွှဲနေရတဲ့ ဘော်ဒါတွေ ရှိတယ်ဆိုရင်... ခေါင်းသိပ်မစားပါနဲ့တော့ဗျာ

ပိုက်ဆံအိတ်လည်း မပါး၊ ဘော်ဒါချင်းလည်း ငြင်းစရာမလိုဘဲ စရိတ်သက်သက်သာသာနဲ့ ဗိုက်ကားအောင် စားလို့ရမယ့်

ကိုယ့်မြန်မာဆိုင်လေးမှာ ဒီတစ်ပတ် ပိတ်ရက်ဆုံစည်းမှုကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ရအောင်

ကဲ... ဘော်ဒါတွေကို အခုပဲ Mention ခေါ်ပြီး ချိန်းလိုက်တော့ဗျို့👀🍻

📌 ပါဆယ်အမြန်မှာရန်: 0990564937
📌 ဆိုင်တည်နေရာ: ချာရွန်ဆင်ဌာနီ လမ်းကြား၊ ဘန်ပူးမိုင်၊ ဘန်ပူး၊ စမုတ်ပရာကန်

#ရွှေမြန်မာစားသောက်ဆိုင်
#ဘော်ဒါတွေစုံရင်
#ဘန်ပူးမိုင်
#သူရှင်းငါရှင်း

15/06/2026

လာခဲ့လိုက်တော့ဗျာ 😍😎

ဈေးတန်တန်နဲ့ ဝက်ခေါင်းသုပ် အချဉ်စပ်စပ်လေးရပြီနော် 🔥တနေကုန် ပူအိုက်တဲ့ ရာသီဥတုထဲမှာ အလုပ်လုပ်ရလို့ လူကလည်း နုန်း၊ ခံတွင်း...
11/06/2026

ဈေးတန်တန်နဲ့ ဝက်ခေါင်းသုပ် အချဉ်စပ်စပ်လေးရပြီနော် 🔥

တနေကုန် ပူအိုက်တဲ့ ရာသီဥတုထဲမှာ အလုပ်လုပ်ရလို့ လူကလည်း နုန်း၊ ခံတွင်းကလည်း ပျက်နေတယ် ဟုတ်?

အဲ့ဒီလို ခံတွင်းပျက်နေရင် ဆွေမျိုးမေ့သွားစေမယ့် "ဝက်ခေါင်းသုပ်" ရှိပါတယ်ဗျာ 😎

အချဉ်၊ အစပ်၊ အငန် ကိုယ်ကြိုက်သလို ဗမာစကားနဲ့ စိတ်ကြိုက်လှမ်းမှာပါ

ထိုင်းဆိုင်တွေလို စကားမပေါက်လို့ မှာသလိုမရတာမျိုး လုံးဝမရှိစေရဘူးပေါ့ 🫰🏻

အညောင်းအညာတွေအကုန်လုံး ဝက်ခေါင်းသုပ် စပ်စပ်လေး စားရင်း ဖျောက်ဖျက်ပစ်ဖို့

ညနေခင်း အလုပ်ဆင်းရင် ကျွန်တော့်ဆိုင်ကို တန်းမောင်းလာခဲ့လိုက်တော့ဗျို့

📌 ပါဆယ်အမြန်မှာရန် - 0990564937
📌 ဆိုင်တည်နေရာ - ချာရွန်ဆင်ဌာနီ လမ်းကြား၊ ဘန်ပူးမိုင်၊ ဘန်ပူး၊ စမုတ်ပရာကန်

#ရွှေမြန်မာစားသောက်ဆိုင်
#ဝက်ခေါင်းသုပ်ရှယ်ပွဲ
#အချဉ်စပ်စပ်
#ခံတွင်းမြိန်စေရမယ်
#ဘန်ပူးမိုင်

တစ်နယ်တစ်ကျေး၊ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ခွဲပြီး ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ တို့မြန်မာတွေ အားလုံး... တစ်ခါတလေ အမိမြ...
10/06/2026

တစ်နယ်တစ်ကျေး၊ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ခွဲပြီး ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ တို့မြန်မာတွေ အားလုံး...

တစ်ခါတလေ အမိမြေက အမေ့လက်ရာတွေကို သတိရပြီး အိမ်လွမ်းစိတ်တွေ ပေါ်လာတတ်တယ်မလားဗျာ? ❤️

အဲ့ဒီလိုနေ့မျိုးဆိုရင် ကိုယ့်လူမျိုးအချင်းချင်း ဆုံဆည်းရာ ဘန်ပူးမိုင်က "ရွှေမြန်မာ" ဆိုင်လေးကို လှမ်းခဲ့လိုက်ပါ 🫰🏻

အမိမြေက အရသာစစ်စစ်အတိုင်း ချက်ပြုတ်ထားတဲ့ အစားအစာလေးတွေကို မြန်မာလို စိတ်ကြိုက်မှာစားရင်း

ရွာအကြောင်း၊ အိမ်အကြောင်းတွေ ပြောရင်းနဲ့ အိမ်လွမ်းစိတ်တွေကို ဖြေဖျောက်လိုက်ရအောင်

ဒီမှာက စျေးနှုန်းလည်း ချိုသာသလို၊ စေတနာလည်း အပြည့်မို့ အမြဲတမ်း ခင်ခင်မင်မင် ဖော်ဖော်ရွေရွေပါပဲဗျ 🫶🏻

📌 ပါဆယ်အမြန်မှာရန် - 0990564937
📌 ဆိုင်တည်နေရာ - ချာရွန်ဆင်ဌာနီ လမ်းကြား၊ ဘန်ပူးမိုင်၊ ဘန်ပူး၊ စမုတ်ပရာကန်

#ရွှေမြန်မာစားသောက်ဆိုင်
#မြန်မာစာစစ်စစ်
#အိမ်လွမ်းစိတ်ပြေရာ
#စမုတ်ပရာကန်

"ကိုယ်တိုင်ချက်စားရင် စျေးသက်သာမယ်အောက်မေ့လို့ စျေးဝယ်လိုက်တာနဲ့တင် ဘတ် ၂၀၀ ကျော်ကုန်သွားတယ်" ဆိုတဲ့ အဖြစ်မျိုး ကြုံဖူးက...
08/06/2026

"ကိုယ်တိုင်ချက်စားရင် စျေးသက်သာမယ်အောက်မေ့လို့ စျေးဝယ်လိုက်တာနဲ့တင်

ဘတ် ၂၀၀ ကျော်ကုန်သွားတယ်" ဆိုတဲ့ အဖြစ်မျိုး ကြုံဖူးကြတယ်မလားဗျာ? 🛒🤦‍♂️

ချက်ရ၊ ပြုတ်ရတာတင် အချိန်ကုန်တာ မဟုတ်ဘဲ လူလည်းပင်ပန်းသေးတယ်ဗျ

အဲ့ဒီလို ဒုက္ခတွေ ခံမနေပါနဲ့တော့
ကျွန်တော့်ရဲ့ "ရွှေမြန်မာ" ဆိုင်မှာ (၄၀) ဘတ်၊ (၅၀) ဘတ်ထည်းနဲ့

စားချင်တဲ့ မြန်မာစာတွေကို အဆင်သင့် ပူပူနွေးနွေး စားရတာ ပိုပြီး လက်တွေ့ကျကျ တွက်ခြေကိုက်ပါတယ်လို့

စျေးဝယ်ရတဲ့ ဒုက္ခ၊ ဟင်းချက်ရတဲ့ ဒုက္ခ၊ ပန်းကန်ဆေးရတဲ့ ဒုက္ခတွေအကုန်လုံးကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ

လူလည်းနား၊ စရိတ်လည်းသက်သာအောင် ဆိုင်ကိုပဲ လှမ်းခဲ့တော့နော် 😉🫶🏻

📌 ပါဆယ်အမြန်မှာရန် - 0990564937
📌 ဆိုင်တည်နေရာ - ချာရွန်ဆင်ဌာနီ လမ်းကြား၊ ဘန်ပူးမိုင်၊ ဘန်ပူး၊ စမုတ်ပရာကန်

#ရွှေမြန်မာစားသောက်ဆိုင်
#မချက်နဲ့တော့ဆိုင်လာခဲ့
#တွက်ခြေကိုက်တယ်
#ဘန်ပူးမိုင်

"ဒီနေ့တော့ စက်ရုံမှာ OT ဆင်းရလို့ ဆိုင်မှာ ထိုင်စားဖို့ အချိန်မရတော့ဘူး..." ဆိုပြီး ညစာအတွက် စိတ်မပူပါနဲ့တော့ဗျာအလုပ်ဆင်...
07/06/2026

"ဒီနေ့တော့ စက်ရုံမှာ OT ဆင်းရလို့ ဆိုင်မှာ ထိုင်စားဖို့ အချိန်မရတော့ဘူး..." ဆိုပြီး ညစာအတွက် စိတ်မပူပါနဲ့တော့ဗျာ

အလုပ်ဆင်းတာနဲ့ အဆောင်ပြန်မယ့်လမ်းမှာတင် ကျွန်တော့်ဆီ ဖုန်းလေးတစ်ချက်ပဲ ကြိုဆက်လိုက်ပါ 📞

"အစ်ကိုရေ... မာလာရှမ်းကော (၅၀) ဘတ်ဖိုး ပါဆယ် ကြိုပြင်ပေးပါ" လို့ ပြောထားရုံနဲ့တင်

ဆိုင်ရောက်တာနဲ့ အချိန်ကုန်ခံ စောင့်နေစရာမလိုဘဲ ပူပူနွေးနွေး အဆင်သင့် တန်းယူသွားရုံပါပဲ

ည (၁၀) နာရီအထိ ဖွင့်ထားတာမို့ ဘယ်လောက်နောက်ကျကျ ညစာကောင်းကောင်းလေး စားပြီး အိပ်ရာဝင်လို့ ရတာပေါ့

အချိန်ကို ချွေတာချင်ရင် အခုပဲ ဖုန်းနံပါတ်လေး မှတ်ထားလိုက်တော့နော်

အလုပ်ဆင်းရင် ဆိုင်မှာ စောင့်မနေနဲ့... ဖုန်းကြိုဆက်၊ ရောက်ရင် တန်းယူရုံပဲ 👊🏻

📌 ပါဆယ်အမြန်မှာရန် - 0990564937
📌 ဆိုင်တည်နေရာ - ချာရွန်ဆင်ဌာနီ လမ်းကြား၊ ဘန်ပူးမိုင်၊ ဘန်ပူး၊ စမုတ်ပရာကန်

#ရွှေမြန်မာစားသောက်ဆိုင်
ားတွေအတွက်
#ဖုန်းကြိုဆက်ပါဆယ်အမြန်
#စမုတ်ပရာကန်

ที่อยู่

Bang Pu
10280

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Shwe Myanmar - ရွှေမြန်မာစားသောက်ဆိုင် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์