Warr Tee - ဝါးတီးဆွဲမယ်

Warr Tee - ဝါးတီးဆွဲမယ် စိတ်ထဲပေါ်တာချက်မယ် ပြုတ်မယ်🫶
(1)

ထမင်းလေးသာယူခဲ့😝
03/05/2026

ထမင်းလေးသာယူခဲ့😝

တစ်ခါမှ korea dramaတွေဆို ဇာတ်လမ်းရှည်တာကော စိတ်မရှည်တာရောကြောင့်ဆုံးအောင်မကြည့်ဖူးဘူး။ ဒီThe King’s Warden ကားကိုတော့ အ...
02/05/2026

တစ်ခါမှ korea dramaတွေဆို ဇာတ်လမ်းရှည်တာကော စိတ်မရှည်တာရောကြောင့်ဆုံးအောင်မကြည့်ဖူးဘူး။ ဒီThe King’s Warden ကားကိုတော့ အတိုအထွာလေးမြင်ရင်းကနေ ကြည့်မိတာ ရင်ထဲကိုနင့်နေတာပဲ😐ဇာတ်ကားသာပြီးသွားတယ် တစ်ညလုံးအိပ်လို့မရတော့ဘူး😞အဲ့ခေတ်နန်းတွင်း အာဏာလုပွဲတွေကြောင့် မြေစာပင်ဖြစ်ရတဲ့ဘဝတွေက ယခုမျက်မြင်ပဲမို့ ဘုရင်လေးကို သနားမိတာရော အဲ့ခေတ်ကိုရောက်သွားသလို ဆွဲခေါ်သွားတာ အတွေးထဲမှာတင် နင့်ပြီးနစ်သွားရတာ။ တစ်နေကုန်ထိုင်တွေးနေတဲ့အထိပဲ🫢

ငါးသံပုရာပေါင်း (အလွယ်နည်း)🍋‍🟩🐟🐟 ပါဝင်ပစ္စည်းများငါး (တစ်ကောင် တီလားဗီးယား-ကကတစ် နှစ်သက်ရာ)သံပုရာရည် 2–3 ဇွန်းငရုတ်သီးစိ...
30/04/2026

ငါးသံပုရာပေါင်း (အလွယ်နည်း)🍋‍🟩🐟
🐟 ပါဝင်ပစ္စည်းများ
ငါး (တစ်ကောင် တီလားဗီးယား-ကကတစ် နှစ်သက်ရာ)
သံပုရာရည် 2–3 ဇွန်း
ငရုတ်သီးစိမ်းကြိတ်ထားပါ။
ကြက်သွန်ဖြူ (လှီးထား)
ငံပြာရည် 1–2 ဇွန်း
ဆား အနည်းငယ်
သကြား အနည်းငယ်
နံနံပင် (လိုသလို) ရှမ်းနံနံ
🍳 ပြုလုပ်နည်း
1. ငါးကိုအကြေးထိုးပြီးပြင်ဆင်ထားပါ
ငါးကို သန့်ရှင်းစွာဆေးပြီး အနည်းငယ်အလျားလိုက် လှီးပါ (အရသာဝင်အောင်)ထို့နောက် အရသာနှပ်ပါ။
2.ငံပြာရည် + ဆား + သကြားနှင့်ငါးကို10–15 မိနစ်ခန့်နှပ်ထားပါ။
3.ပေါင်းဖို့ပြင်ပါ
ပန်းကန်ထဲမှာ ငါးကိုထည့်ပြီးရေနွေးအိုး (steamer) ထဲမှာ 15–20 မိနစ်ခန့် ပေါင်းပါ။
4.နောက်ဆုံးအဆင့်
ငါးကျက်ပြီးရင် သံပုရာရည် သကြား ရှမ်းနံနံ နံနံပင်
စပ်ထားသောအရည်ကို လောင်းပါ။
(သံပုရာကို မပေါင်းခင် မထည့်တာကပိုမွှေးပြီး မချဉ် မခါးစေဘူး)
5.အလှဆင်ပါ
နံနံပင်နဲ့ အပေါ်က ထပ်ထည့်ပြီး စားလို့ရပါပြီ။
အကြံပြုချက်
သံပုရာရည်ကို ပေါင်းပြီးမှ ထည့်ပါ။ အရသာပိုကောင်းပါတယ်။

#ငါးသံပရာပေါင်း

🎉 Facebook recognized me as a top rising creator this week!
28/04/2026

🎉 Facebook recognized me as a top rising creator this week!

ငါးသလောက် (Hilsa fish) ကို အရိုးနူးနူးနဲ့စားချင်ရင်ပေါင်းပြီးချက်တဲ့နည်းက အကောင်းဆုံးပါ။ အရိုးတွေထိနူးပြီးစားရတာပိုအရသာရ...
26/04/2026

ငါးသလောက် (Hilsa fish) ကို အရိုးနူးနူးနဲ့စားချင်ရင်ပေါင်းပြီးချက်တဲ့နည်းက အကောင်းဆုံးပါ။ အရိုးတွေထိနူးပြီးစားရတာပိုအရသာရှိပါတယ်။
🐟 ငါးသလောက် အရိုးနူးပေါင်းနည်း🥰
လိုအပ်တဲ့ပစ္စည်း🍀
ငါးသလောက် – ၁ ကောင် (အလယ်လတ်အရွယ်)
ရှာလကာရည် ၄ဇွန်းခန့်
ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီး)
ကြက်သွန်ဖြူ ၄–၅ မွှာ (ထောင်း)
ခရမ်းချဉ်သီး ၄လုံးခန့်
ချင်း နည်းနည်း
စပါးလင် ၂ပင်ခန့်
ငရုတ်သီးစိမ်း ၃–၅ လုံး
ဆား လိုသလောက်
ဟင်းချိုမှုန့် (သို့) MSG နည်းနည်း
ဆီ ၂ ဇွန်း
ပဲငံပြာရည် (သို့) ငါးငံပြာရည် – အနည်းငယ်
ပြုလုပ်နည်း🍀
1.ငါးကို သန့်စင်ပြီး အပိုင်းတုံးတွေဖြတ်ပါ။ပြီးရင် ရှာလကာရည် ထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ငံပြာရည်နဲ့ ငါးကို၁နာရီခန့်နှပ်ထားပါ။
ငရုတ်သီး ချင်း ကြက်သွန်ဖြူနီ စပါးလင်တို့ကိုရောထောင်းပြီးခရမ်းချဉ်သီးကို နူးရုံဆီသတ်ပါ။ ထို့နောက် ပေါင်းမည့်အိုးအောက်ခြေကို ကြံ သို့မဟုတ် စပါးလင် ခင်းပြီးငါးကိုထည့်ပါ ခရမ်းချဉ်သီးအနှစ်ချက်ထားတာထည့်ပါ။
ကြက်သွန်နီ ၄ခြမ်းစိတ်ထားတာထည့်ပါ။
ရေထည့်ပါ။ ပြီးနောက်မီးအေးအေးနှင့်ပေါင်းပါ။
4.အရိုးနူးစေချင်ရင်
အချိန်ကို ကြာကြာပေါင်းပါ။ ခဏခဏ မမွှေပါနှင့်။ ငါးတွေကြေသွားတတ်ပါသည်။
မီးအပူကို နည်းနည်းနဲ့ အချိန်ကြာကြာပေါင်းရင် အရိုးတွေ နူးလာမယ်
ငါးသလောက်က အရိုးများတဲ့ငါးမို့ ကြာကြာပေါင်းတာ က အရေးကြီးဆုံးပါ။

စိတ်ပျော်အောင်နေဖို့ဆိုတာ အခြေအနေမူတည်ပြီး နည်းလမ်းတွေက မတူနိုင်ပေမယ့် အောက်ကအချက်တွေက အတော်အသုံးဝင်ပါတယ်🍀၁။ ကိုယ့်ကိုယ်...
25/04/2026

စိတ်ပျော်အောင်နေဖို့ဆိုတာ အခြေအနေမူတည်ပြီး နည်းလမ်းတွေက မတူနိုင်ပေမယ့် အောက်ကအချက်တွေက အတော်အသုံးဝင်ပါတယ်🍀

၁။ ကိုယ့်ကိုယ်ကို သဘောထားကောင်းထားပါ🍀
ကိုယ့်ကိုယ်ကို အပြစ်တင်တာလျှော့ပြီး “ဒီနေ့တော့ အကောင်းဆုံးကြိုးစားခဲ့တယ်” လို့ယူဆပါ။

၂။ ကိုယ်ကြိုက်တဲ့အရာတွေ လုပ်ပါ🥰
သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာ၊ စာဖတ်ပြီးကိုယ့်စိတ်ကိုပျော်စေတဲ့အရာတစ်ခုခုကိုနေ့တိုင်းထည့်ပါ။

၃။ ကိုယ်ခန္ဓာကို ထိန်းသိမ်းပါ🍀
လေ့ကျင့်ခန်းနည်းနည်းလုပ်တာ၊ အိပ်ရေးဝအောင်အိပ်
တာ၊ အစားအစာကောင်းကောင်းစားတာက စိတ်ခံစားမှုကိုတောင် ပိုကောင်းစေပါတယ်။

၄။ လူတွေနဲ့ဆက်ဆံရေးကောင်းထားပါ🍀
မိတ်ဆွေ၊ မိသားစုနဲ့ စကားပြောခြင်းက စိတ်ကိုပေါ့ပါးစေတယ်။ တစ်ယောက်တည်းပဲမနေပါနဲ့🥰

၅။ ကျေးဇူးတင်စိတ်ရှိပါ
နေ့စဉ်သေးသေးလေးတွေတောင် “ကျေးဇူးတင်ပါတယ်” လို့စဉ်းစားခြင်းက စိတ်ကိုပျော်ရွှင်စေပါတယ်။မိမိကိုယ်ကိုအထင်မသေးမိပါစေနဲ့🍀🥰

၆။ မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ လျော့ပါ🙏
အလုပ်တွေ၊ တာဝန်တွေကို အလေးမထားဘဲ တစ်ချက်ချင်းလုပ်ပြီး အနားယူချိန်ပေးပါ။အပူတွေကိုခေါင်းထဲအကြာကြီးမထားပါနဲ့🥰

၇။ မိမိလုပ်နိုင်မယ်လို့ယုံကြည်ပြီးရည်မှန်းချက်အသေးတွေကစထားပါ🥰
အကြီးမားဆုံးမဟုတ်ဘဲ အလွယ်တကူရနိုင်တဲ့ရည်မှန်းချက်တွေထားပြီး ပြီးမြောက်တိုင်း ကိုယ်ကိုယ်ကို ပျော်ရွှင်ခွင့်ပေးပါ🍀
#စိတ်ပြေရာဖြေရာ

24/04/2026

ကြက်ဉငံပြာရည်ကြော်နဲ့ ကတက်ပင်စိမ်းဟင်းချို

ဝက်သားလေးကို ကင်ပြီး ပူစီနံ ကောက်ညှင်းမှုန့်လှော် ရှမ်းနံနံလေးထည့်ပြီးသံပရာရည်ညှစ်ပြီးသုပ်စားကြည့် ရှယ်ကောင်း😋
23/04/2026

ဝက်သားလေးကို ကင်ပြီး ပူစီနံ ကောက်ညှင်းမှုန့်လှော် ရှမ်းနံနံလေးထည့်ပြီးသံပရာရည်ညှစ်ပြီးသုပ်စားကြည့် ရှယ်ကောင်း😋

ဒီစတော်ဘယ်ရီကိုတော့ ဘယ်သူမှစားလို့ဝင်မှာမဟုတ်ဘူး😂🍓
23/04/2026

ဒီစတော်ဘယ်ရီကိုတော့ ဘယ်သူမှစားလို့ဝင်မှာမဟုတ်ဘူး😂🍓

23/04/2026

ဘုရားစျေးတန်းကအလွမ်းရဆုံး မြန်မာမုန့်လေးတွေ🥰
လက်လုပ်မုန့်အစုံရတဲ့ အန်တီလည်းခုထိရောင်းနေသေးလားနော်။ လှော်စာလည်း စားချင်သလို ခဲတံကျည်တောက်လေးလည်းလွမ်းမိတယ်🥰

ဘုရားစျေးတန်းကအလွမ်းရဆုံး မြန်မာမုန့်လေးတွေ🥰လက်လုပ်မုန့်အစုံရတဲ့ အန်တီလည်းခုထိရောင်းနေသေးလားနော်။ လှော်စာလည်း စားချင်သလိ...
22/04/2026

ဘုရားစျေးတန်းကအလွမ်းရဆုံး မြန်မာမုန့်လေးတွေ🥰
လက်လုပ်မုန့်အစုံရတဲ့ အန်တီလည်းခုထိရောင်းနေသေးလားနော်။ လှော်စာလည်း စားချင်သလို ခဲတံကျည်တောက်လေးလည်းလွမ်းမိတယ်🥰

သထုံဘုရားစျေးတန်းကိုလွမ်းတယ်🥰
21/04/2026

သထုံဘုရားစျေးတန်းကိုလွမ်းတယ်🥰

ที่อยู่

Bangkok
10520

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Warr Tee - ဝါးတီးဆွဲမယ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์