31/07/2026
🌿 မြို့ပြရဲ့ ရုန်းရင်းခတ်ဆန်မှုတွေကြားကနေ ခဏတာထွက်ပြေးပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ သီခြားတည်ရှိပြီး နွေးထွေးအေးချမ်းမှုကို ခံစားနိုင်မယ့် "Stay | with | home" (อยู่ | กับ | บ้าน) ကော်ဖီဆိုင်လေး ✨
Louis ဒီတစ်ခေါက် ညွှန်းပေးချင်တာကတော့ ဘန်ကောက်မြို့၊ (Onnut 17) က Panya Village ထဲမှာ သီးခြားတည်ရှိပြီး Hidden ဖြစ်နေတဲ့ Homey & Art Cafe လေးပဲ ဖြစ်ပါတယ် 🏡💖
ဆိုင်နာမည်လေးအတိုင်းပဲ ကိုယ့်အိမ်ခြံဝန်းလေးထဲက ဥယျာဉ်မှာ အေးအေးဆေးဆေး ထိုင်နေရသလိုမျိုး စိတ်ကို အလွန်တရာ လန်းဆန်းပေါ့ပါးစေတဲ့ Vibe မျိုးကို ခံစားနိုင်ပါတယ်။
🎨 ဒီဆိုင်လေးက ကော်ဖီသောက်ဖို့ သက်သက်တင်မကဘဲ အနုပညာနဲ့ အနားယူမှုကိုပါ တွဲဖက်ပေးထားတာကြောင့် လုံးဝကို သဘောကျစရာကောင်းပါတယ်။စားပွဲဘေးလေးတွေမှာ အရောင်ခြယ်စရာတွေနဲ့ ပုံဆွဲစရာတွေ ချပေးထားတာကြောင့် တူးမြောင်းလေးဘေးနဲ့ သစ်ပင်စိမ်းစိမ်းတွေကြားမှာ အေးအေးဆေးဆေး ထိုင်ပြီး လေပြည်ညင်းခံစားရင်း အမှတ်တရတွေ လွတ်လပ်စွာ ဖန်တီးနိုင်သလို
ဘုတ်ဂိမ်းနဲ့ Chess ♟️ တွေလည်း ကစားလို့ရပါတယ်။ အေးဆေးထိုင်ပြီး အလုပ်လာလုပ်ချင်တဲ့သူတွေအတွက်လည်း တိတ်ဆိတ်ပြီး အရမ်းသင့်တော်တဲ့နေရာလေးပါ။ ဖတ်ဖို့ စာအုပ်လေးတွေလည်းထားပေးထားပါတယ် 📚✨
ဆိုင်မှာ လှည့်ပတ်သွားလာနေတဲ့ အသည်းယားစရာကောင်းတဲ့ ဝဝကစ်ကစ် ကြောင်လေးတွေလည်း ရှိနေပါသေးတယ် 🐱✨
☕ Menu တွေအနေနဲ့
ကော်ဖီလက်ရာကောင်းတွေ၊ လန်းဆန်းစေတဲ့ ဖျော်ရည်နဲ့ လက်ဖက်ရည်အမျိုးမျိုးကို ဈေးနှုန်းချိုသာစွာနဲ့ ရရှိနိုင်ပါတယ်။
ကော်ဖီနဲ့ လိုက်ဖက်မယ့် Homemade ကိတ်မုန့်တွေအပြင် အာဟာရဖြစ်စေမယ့် ရိုးရှင်းတဲ့ ထိုင်းဟင်းလျာနဲ့ အခြားစားစရာလေးတွေကိုပါ မှာယူစားသုံးနိုင်လို့ အေးအေးဆေးဆေးထိုင်ပြီး chill လို့ရပါတယ်။
📍 တည်နေရာနဲ့ ဆိုင်ဖွင့်ချိန်
Location: Panya Village, Onnut Soi 17, Bangkok (BTS Onnut ဘူတာကနေ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ကားငှားပြီးဖြစ်ဖြစ် ဆက်လက် သွားရောက်နိုင်ပါတယ်)
🕑 Opening Hours: နေ့စဉ် နံနက် 10:00 နာရီမှ ည 08:30 နာရီအထိ (အင်္ဂါနေ့ ပိတ်ပါတယ်)
ပိတ်ရက်လေးမှာ သူငယ်ချင်းတွေနဲ့ chill ဖို့ဖြစ်စေ၊ ချစ်ရတဲ့သူနဲ့ Date ဖို့ဖြစ်စေ စာအုပ်ဖတ်ရင်း၊ အရောင်ခြယ်ရင်း ဒါမှမဟုတ် ကိုယ့်ကိုကိုယ် အချိန်ပေးချင်တယ်ဆိုရင်တော့ Stay | with | home ဆိုင်လေးကို သွားဖြစ်အောင် သွားကြည့်ကြဖို့ Louis က ညွှန်းပေးလိုက်ပါတယ်နော် 💕