21/09/2026
#မုန်ညှင်းဆီ ကို အိမ်တိုင်းဆောင်ထားသင့်ပါတယ် အကျိုးကျေးဇူးများ ဖတ်ကြည့်ပါ
ဆောင်းရာသီအကူးအပြောင်းမှာ လူကြီးလူငယ်မရွေး ခံစားရတတ်တဲ့ ရင်ကျပ်တာ၊ အဆုတ်အအေးပတ်တာတွေအတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်ကတော့ သင့်မီးဖိုချောင်ထဲမှာရှိတဲ့ "မုန်ညင်းဆီ" ပဲ ဖြစ်ပါတယ်။
"အစွမ်းထက် မုန်ညင်းဆီ" ဟာ ရင်ကျပ်သက်သာစေရုံသာမကဘဲ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးနဲ့ အလှအပအတွက်ပါ အံ့မခန်း အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။
မုန်ညင်းဆီရဲ့ အဓိကအာနိသင်များ
အအေးမိ၊ ရင်ကျပ် သက်သာစေခြင်း
ရင်ဘတ်၊ လည်ပင်းနဲ့ ကျောကို မုန်ညင်းဆီ စိမ့်ဝင်အောင်လိမ်းပြီး နွေးနွေးထွေးထွေးနေပေးရင် ချွဲသလိပ်တွေ အမြန်ပျော်ဆင်းစေပါတယ်။ ကလေးငယ်တွေ ရင်ပြည့်ရင်ကယ်ဖြစ်ရင်လည်း ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို အသာအယာ ပွတ်လိမ်းပေးနိုင်ပါတယ်။
အကိုက်အခဲနဲ့ ထုံနာကျင်နာများအတွက်
ဇက်ကြောတက်၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ဒူးနာ၊ ခါးနာနဲ့ ထုံနာကျင်နာတွေဖြစ်ရင် မုန်ညင်းဆီနဲ့ နှိပ်နယ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
အသားအရေနဲ့ ဆံကေသာ အလှအပ
ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့တာ၊ နေလောင်တာတွေကို ကာကွယ်ပေးပါတယ်။ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံသားကို နက်မှောင်သန်စွမ်းစေပါတယ်။
ခန္ဓာကိုယ်တွင်း ကျန်းမာရေး
မုန်ညင်းဆီ/စေ့ကို စားသုံးပေးရင် အစာခြေစနစ်ကောင်းမွန်ပြီး သွေးတိုး၊ နှလုံးရောဂါတို့ကို သက်သာစေပါတယ်။ နှိပ်နယ်ပေးရင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ချွေးအဖြစ် ထွက်လာစေပါတယ်။
အထူးနည်းလမ်း - ခြေဖဝါးနှိပ်နယ်ခြင်း
ညအိပ်ရာမဝင်မီ ၃ မိနစ်ခန့် ခြေဖဝါးကို မုန်ညင်းဆီနဲ့ ပွတ်လိမ်းပေးခြင်းက အံ့သြစရာကောင်းလောက်အောင် အကျိုးများစေပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး မနက်ခင်းမှာ လန်းဆန်းတက်ကြွစေပါတယ်။
သွေးတိုးထိန်းပေးပြီး၊ မှတ်ဉာဏ်နဲ့ မျက်စိအာရုံကို အားကောင်းစေပါတယ်။
အဆီကျစေပြီး အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဒီလောက် အကျိုးကျေးဇူးများတဲ့ သဘာဝဆေးဖက်ဝင် မုန်ညင်းဆီကို အိမ်တိုင်းမှာ ဆောင်ထားဖို့ အကြံပြုလိုက်ရပါတယ်ရှင်။
Family Cooking
===============
crd
#တိုင်းရင်းဆေး