Cooking Together with Poe

Cooking Together with Poe ပိုးတို့အိမ်မှာ ချက်စားဖြစ်တဲ့ ဟင်းချက်နည်းလေးတွေ၊ မုန့်လုပ်နည်းလေးတွေ မျှဝေပေးနေပါတယ် 🧑‍🍳 ❤️

တူတူချက်စားကြည့်ကြမယ်နော် 🥰

15/06/2026

ကြာဇံဟင်းခါးပူပူလေးကို အိမ်မှာအလွယ်ချက်ကြမယ် 😋🧑‍🍳

ချဉ်ငံစပ်ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါးပူပူလေး 😋ဒီနေ့ နေ့လည်စာကိုတော့ မိုးအေးအေးလေးနဲ့လိုက်ဖက်အောင် ကြာဇံဟင်းခါးပူပူလေးနဲ...
14/06/2026

ချဉ်ငံစပ်ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါးပူပူလေး 😋

ဒီနေ့ နေ့လည်စာကိုတော့ မိုးအေးအေးလေးနဲ့လိုက်ဖက်အောင် ကြာဇံဟင်းခါးပူပူလေးနဲ့ ရှောက်သီးသုပ်လေး သုပ်ဖြစ်ပါတယ်

ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းကို ရောထောင်းပြီး ကြွက်နားရွက်မှိုလေးရယ် ကြက်တောင်ပံတုလေးရယ် ပဲကြာဇံလေးရယ်ထည့်ပြီး ချက်ထားတာဆိုတော့ ပူပူစပ်စပ်လေးနဲ့ အရမ်းမွှေးပြီး သောက်လို့ကောင်းပါတယ်

ရှောက်သီးသုပ်လေးကိုတော့ မပါမဖြစ် စိမ်းစားငပိလေးပါ မီးကင်ပြီး ထည့်ထားပါတယ်ရှင်။ ကြက်သွန်များများ၊ ပုစွန်ခြောက်များများနဲ့ ထည့်သုပ်ထားတာဆိုတော့ အရမ်းကို ကောင်းသောပါပဲရှင် ❤️

14/06/2026

ဆီမလိုတဲ့ ချဉ်ငံစပ် ရှောက်သီးသုပ် 😋

13/06/2026

ဖက်ထုပ်ဆီချက် ကောင်းကောင်းလေးကြိုက်ရင် ဒီနည်းလေးအတိုင်း လုပ်စားကြည့်နော်🧑‍🍳🥟

🥟 ဖက်ထုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေက

ကြက်ကြိတ်သား 30သား
ပဲငံပြာရည်အကျဲ 2 tbsp
ခရုဆီ 2 tbsp
နှမ်းဆီမွှေး 1 tbsp
သကြား 1 tsp
ဆား 1 tsp
ငရုတ်ကောင်း 1 tsp
ထောင်းထားတဲ့ ကြက်သွန်ဖြူ 1 tsp နဲ့
ဂျင်း 1 tsp
ပြောင်းကော်မှုန့် 2 tbsp
ကြက်သွန်မြိတ် တို့ပဲ ဖြစ်ပါတယ်

ထပ်ခါထပ်ခါ ချက်စားချင်မယ့် ကြက်ဥကြော်ချက် 😋ကြက်ဥကို ရိုးရိုးကြော်မစားဘဲ ဒီလိုမျိုး ကြော်ချက်လေး ချက်စားကြည့်နော်အချဉ်မစူ...
11/06/2026

ထပ်ခါထပ်ခါ ချက်စားချင်မယ့် ကြက်ဥကြော်ချက် 😋

ကြက်ဥကို ရိုးရိုးကြော်မစားဘဲ ဒီလိုမျိုး ကြော်ချက်လေး ချက်စားကြည့်နော်

အချဉ်မစူးဘဲ ခရမ်းချဉ်သီးအနှစ်လေးတွေနဲ့ တော်တော်လေးကို စားလို့လည်းကောင်းပါတယ်

ချက်နည်းလေးက

ကြက်ဥလေးတွေကို ဆားထည့်ပြီး အရင်ကြော်ထားလိုက်ပါတယ်

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ဆီသပ်ပြီး ခရမ်းချဉ်သီးလေးတွေ ထည့်ပါတယ်။ အရသာအတွက်ကတော့ ဆားနဲ့ ဟင်းချိုမှုန့်ထည့်ပါတယ်

ခရမ်းချဉ်သီးအနှစ်ကျပြီဆိုရင် ကြက်ဥကြော်ထားတာလေးထည့်၊ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်လိုက်ရင် အရမ်းကိုစားလို့ကောင်းတဲ့ ကြက်ဥကြော်ချက်လေး ရသွားပါပြီရှင် ❤️

11/06/2026

ထမင်းမြိန်စေမယ့် လျှို့ဝှက်ချက် 😋

09/06/2026

ဒီကြက်ဥကြော်ချက်လေးနဲ့ဆို ထမင်းမြိန်မှာ သေချာပါတယ်ရှင် 🧑‍🍳

လက်ဖက်သုပ်‌ဆို မစားရမနေနိုင်တဲ့သူလေးတွေ ရှိကြလားနော် ဒီနေ့တော့ အိမ်မှာလက်ဖက်နှပ် ဖြစ်တာနဲ့ လက်ဖက်သုပ်လေးပါ သုပ်စားဖြစ်ပါ...
07/06/2026

လက်ဖက်သုပ်‌ဆို မစားရမနေနိုင်တဲ့သူလေးတွေ ရှိကြလားနော်

ဒီနေ့တော့ အိမ်မှာလက်ဖက်နှပ် ဖြစ်တာနဲ့ လက်ဖက်သုပ်လေးပါ သုပ်စားဖြစ်ပါတယ်

အရသာပိုရှိသွားအောင်လို့ ငံပြာရည်လေးကို သုံးပြီး ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်ထားပါတယ်ရှင်

ပိုး video လေးလည်း တင်ပြီးသွားပါပြီ ❤️

07/06/2026

လက်ဖက်သုပ်ကို ငံပြာရည်နဲ့သုပ်တာ မစားဖူးသေးရင် သုပ်စားကြည့်နော် 🧑‍🍳

ကြာကြာအထားခံတဲ့ ကြက်သားလုံးကို အိမ်မှာကိုယ်တိုင်လုပ်စားမယ်ဆို ဒီနည်းလေးအတိုင်း လုပ်ကြည့်နော်ထုပ်"ထုပ်"လေးနဲ့ bouncy ဖြစ်...
05/06/2026

ကြာကြာအထားခံတဲ့ ကြက်သားလုံးကို အိမ်မှာကိုယ်တိုင်လုပ်စားမယ်ဆို ဒီနည်းလေးအတိုင်း လုပ်ကြည့်နော်

ထုပ်"ထုပ်"လေးနဲ့ bouncy ဖြစ်အောင် တစ်ဆင့်ချင်းစီ ပုံအောက်မှာ ရေး‌ထားပေးပါတယ်ရှင် ❤️

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cooking Together with Poeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์