Min and Anii’s diary

Min and Anii’s diary ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Min and Anii’s diary, อาหารและเครื่องดื่ม, Bangkok.

04/11/2024

သစ်သီးခြင်းလေးတွေကို ပြင်ဆင်ပြီး မီးဖိုချောင်
မှာထားခြင်းဟာ ရှေးနှစ်ပေါင်းများစွာတည်းကရှိခဲ့တဲ့
Spiritual Kitchen Magic Craft တစ်မျိုးဖြစ်ပါတယ်။

သစ်သီးလေးတွေမှာ မတူညီတဲ့ Spiritual ကောင်းကျိုးများရှိကြတာကြောင့် ယခုခတ်အရဆို ယတြာအနေနဲ့ အိမ်တစ်အိမ်မှာ အစီအရင်ထားလေ့ရှိကြပါတယ်။
ဒီနေ့မှာတော့ Anii တို့ရဲ့ The Green Kitchen လေးမှာ Fruit Basket လေးအတူပြင်ဆင်ရင်း သစ်သီးလေးတွေရဲ့ Spiritual Benefits လေးတွေဝေမျှပေးထားပါတယ်ရှင်

Soul Family များလည်း သစ်သီးခြင်း အစီအရင်လေး လုပ်ဆောင် စမ်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

သစ်တော်သီး - အသက်ရှည်ခြင်းနှင့် ကောင်းမွန်သော ကံကြမ္မာ

လိမ္မော်သီး - ပျော်ရွင်မှုနှင့် ကံကောင်းခြင်း

ဒူးရင်းဩဇာသီး - အကာအကွယ်နှင့် ကုစားခြင်း

နဂါးမောက်သီး - ငွေကြေးချမ်းသားကြွယ်ဝမှာနှင့် အင်အား

ပန်းသီးနီ - ကျန်းမာခြင်းနှင့် ပြည့်စုံကြွယ်ဝခြင်း

ပန်းသီးစိမ်း - ကျန်းမာခြင်းနှင့် လန်းဆန်းတက်ကြွခြင်း

ထောပတ်သီး - ချစ်ခြင်းမေတ္တာနှင့် မွှေးဖွားအားကောင်းခြင်း

လီမွန် - သန့်စင်ခြင်းနှင့် ကောင်းသောစွမ်းအင်များဖိတ်ခေါ်ခြင်း

ငှက်ပျောသီး - ပျော်ရွှင်ခြင်းနှင့် စွမ်းအားပြည့်ဝခြင်း

ဖရဲသီး - နုပျိုခြင်းနှင့် ကံကောင်းစေခြင်း

သင်္ဘောသီး - ကြီးထွားခြင်းနှင့်ခံနိုင်စွမ်းရှိခြင်း

30/10/2024

Cocoa Ceremony ( Manifestation Ritual )

Cocoa ဟာ ကျန်းမာရေးအရရော ၊ Spiritual အရပါ ကောင်းကျိုးတွေအများကြီးဖြစ်တဲ့ Kitchen Craft တစ်မျိုးဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Cocoa Ceremony လေးလုပ်ဆောင်ရင်း
ကိုကိုးမှုန့်လေးကို အရသာရှိရှိလုပ်သောက်ကာ Manifestation အတူတူလုပ်ကြရအောင်ပါ။ 🤍✨

20/10/2024

October Special Womb Healing Soup 🎃🥕

October လကို ကိုယ်စားပြုတဲ့ pumpkin လေးနဲ့
မိမိတို့ရဲ့ ဝမ်းဗိုက်နဲ့ Sacral Chakra ကို အားကောင်းစေတဲ့ ပူပူနွေးနွေး Soup လေးလုပ်သောက်ကြည့်ရအောင်ပါ။

လိမ္မော်ရောင် အသိီးအနှံလေးတွေဟာ မိမိတို့ရဲ့ ကိုယ်တွင်းက Sacral Chakra တစ်နည်းအားဖြင့် စိတ်ခံစားမှုများ ချိတ်ဆက်ရာမှာ အားကောင်းစေပါတယ်။

ရွှေဖရုံသီးလေးဟာ Prosperity ပြည့်စုံကြွယ်ဝခြင်း ၊ ငွေကြေးချမ်းသာခြင်း နှင့် Fertility ကို ကိုယ်စားပြုပါတယ်။
အိမ်တစ်အိမ်ရဲ့ မှာ တ်ိုးပွါးခြင်း ဓာတ်တွေ ယူချင်တဲ့အခါ ရွှေဖရုံသီး စွပ်ပြုတ်လေးကို လက်ယာရစ် (၃) ကြိမ် မျက်လုံးမှိတ်၍မွှေကာ

“ I am ready to receive abundance and prosperity “
ငါဟာ ပြည့်စုံကြွယ်ဝခြင်း နဲ့ ချမ်းသာခြင်းတွေ လက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ (၃) ကြိမ်ရွတ်ဆိုလိုက်ပါ။

မိမိတို့ရဲ့ ဝမ်းဗိုက်ဟာ နွေးသောအစားအသောက်များနှင့် သင့်လျော်ပါတယ်။
ပူပူနွေးနွေးစွပ်ပြုတ်ကလေးများဟာ ဝမ်းဗိုက်ကို healing energy ဖြစ်စေပြီး မိမိတို့ရဲ့ခံစားချက်များကိုနွေးထွေးစေပါတယ်။

October လရဲ့ main character ဖြစ်တဲ့ pumpkin လေးနဲ့ အတူ October Special Womb Healing Soup 🎃🥕လေးလုပ်သောက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်နော်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Min and Anii’s diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์