ငါတို့ရန်ကုန်

ငါတို့ရန်ကုန် ခြေလှမ်းတိုင်းမှာငါတို့တွေအတူရှိတယ်

"အိမ်" အရောက်ပြန်ကြမယ်....

Let's do it! .lll.
(1)

18/09/2026

တစ်ထုပ်ထဲနဲ့ ပြည့်စုံစေမယ့်
၃ မျိုးစပ် လက်ဖက်ထုပ်တွေ
ရပါပြီ။

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

တလရ ပွဲကြည့်ပရိတ်သတ် မမယု ကိုဇော်လတ်သူတို့ သီချင်းတွေနဲ့ကြီးပြင်းလာတာအားပေးလည်း ရှေ့ဆုံးတန်းကပဲနော်ငါတို့ရန်ကုန်က ခုနှစ်...
08/09/2026

တလရ ပွဲကြည့်ပရိတ်သတ်

မမယု ကိုဇော်လတ်

သူတို့ သီချင်းတွေနဲ့ကြီးပြင်းလာတာ
အားပေးလည်း ရှေ့ဆုံးတန်းကပဲနော်
ငါတို့ရန်ကုန်က ခုနှစ်ထွေကြော်တင်မဟုတ်

အမှန်က ပွဲတိုင်းကျော်ဟေ့ ပွဲတိုင်းကျော် 😁

နယူးယောက်ပွဲလား အီဖေကိုယ်မလွတ်စေရ
တိုကျိုလား ... ဟိုက် ဟိုက် ဆိုပြီး ရှေ့ဆုံးပဲ
မဲဆောက်ပွဲတွေ့လိုက်တယ်နော်
မော်ဒယ်ပါ ဝင်လုပ်လိုက်သေး ဟေး ဟေး
လန်ဒန်၊ ဒူဘိုင်း၊ တောင်ကိုရီးယားမလွတ်စေရ
ပါရီ၊ ဘာလင် ဥရောပပွဲလား အလွတ်မခံ 🎊
အဲ့လိုတွေ အားပေးတာပါဆို ...

ငါတို့ရန်ကုန်က တာမွေအဝိုင်းထိပ်မှာရောင်းတဲ့
ပါပရာကြွပ်ကြွပ်ကြော်လိုမျိုး ကြွပ်ပြီး ရွနေတာ
ဒါပေမဲ့
တလရပွဲပဲသွားတယ် တလရပဲလုပ်တယ်
လိုင်းကြောင်ပြီး အရောင်ပြ လက်သုံးချောင်း မထောင်

အမေစုပြောတာလေး ချစ်လို့
"ကောက်ရိုးမီးတွေ မဟုတ်ဘူးနော်" ဆိုတာလေး

ပြောစရာရှိသေးတယ် ...
နားထောင်ဖို့အချိန်ရသေးလား
ဩစတြေးလျပွဲမှာ ကိုဇော်လတ်ရဲ့
တော်ကီတွေဗျာ ရေလည်အထာကျတယ်
ဪ ... ဆရာက ဆရာပဲ

သူနဲ့ ကိုအယ်ဖြူရယ်
ကျောက်မြောင်း စာပေလောက မျက်စောင်းထိုးက
လက်ဖက်ရည်ဆိုင်ထိုင်ခဲ့အချိန်တွေ သတိရ
ပုရွက်ဆိတ်တွေရပ်တည်ချက်
တစ်ခါမျှ မယိုင်ခဲ့ မျက်မြင်ကိုယ်တွေ့မို့
ဖောက်သည်ချရတာ့မယ်ဗျာ ...

စေတမန်ခေတ်၊ စေတမန်လုပ်တဲ့ပွဲဆို
ပွဲတက်ချင်တဲ့သူတွေမှ တစ်ပုံတစ်ပင်
ပုရွက်ဆိတ်တွေ ဖိတ်ခံရမှာစိုးလို့ ထွက်ပြေးတယ်ဗျာ
ကျောက်မြောင်းထဲ အုတ်အုတ်သဲသဲ
ပွဲမတက်ရကောင်းလား မဖိတ်ရကောင်းလား
စိတ်တွေဆိုးကျ ဒေါသတွေထွက်ကြတာတွေကို
မြင်တွေ့လာခဲ့ရလို့ပါ ...
ငမ်းငမ်းတက်ဖြစ်နေကြတာ
ဖိတ်စာမရောက်လာလို့ ဂုဏ်ဆာနေကျချိန်
ပုရွက်ဆိတ်တွေကတော့ ပြတ်တယ်

ဟိုး ... Orange နားက
ဆိုင်စုတ်လေးမှာ ပုန်းနေကြတာ
ဘာတဲ့ BC ဟုတ်လား ရယ်ချင်တယ် 😁
ကိုယ်တွေက တစ်အိမ်တည်း
အတူနေခဲ့ အတူစားခဲ့တော့
BC မတိုင်ခင်ကတည်းက
သူတို့က ဂိတ်ဆုံး BC ဟေ့
ဒီလောက်ဆို သူတို့ရပ်တည်ခဲ့တာ သဘောပေါက်
အဲ့ဒါ စစ်အဏာရှင်ခေတ်
သန်းရွှေခေတ် (ဦးတပ်မခေါ်ပါ)

သံမဏိစိတ်ဓာတ်တွေ
အခုထိလည်း သံဓိဌာန်ချထားတဲ့
စိတ်ဓါတ် လုံးဝ မပြောင်း

ကျွန်တော်တို့ခေတ်က သူရဲကောင်းဆိုတာ
ဒါမျိုးလူတွေဗျ အခုချိန်ထိလည်း မယိုင်မလဲ ...

ကျွန်တော်က သူတို့နဲ့ အိမ်အတူကိုပြန်ချင်တာ
ကျောက်မြောင်း ကျားကွက်သစ်ထဲထိုင်းရင်း
ဂီတဗဟုသုတတွေ အများကြီးနားထောင်ချင်တာ။

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ



စာကြွင်း။ ။ မမယု အကြောင်းနောက်နေ့ ထပ်ရေးမယ်နော် ...

SpringZey Promotions ဗျို့ငါတို့ရန်ကုန် ထုတ်ကုန်များ မှာယူ အားပေးကြနော်!SpringZey ကနေမှာရင် ပို့ခ မယူဘူးDelivery ခ သူတို...
07/09/2026

SpringZey Promotions ဗျို့

ငါတို့ရန်ကုန် ထုတ်ကုန်များ မှာယူ အားပေးကြနော်!

SpringZey ကနေမှာရင် ပို့ခ မယူဘူး
Delivery ခ သူတို့ စိုက်ပေးမှာတဲ့ ... Yeah! baby!

ဘာတွေမှာရမှာလဲဆိုတော့ ...

၃ မျိုးစပ်လက်ဖက် (ခုအသစ်ထွက်တာ)
လက်ဖက်ချဉ်စပ်
လက်ဖက်ညွန့်
ခုနှစ်ထွေအကြော်စုံ
ပုဇွန်ခြောက်
ဗာလချောင်ကြော် (လူတိုင်းကြိုက်)

ရောင်းချင်လှပါပြီ ရောင်းချင်လှပါပြီ
အဆင်ပြေရင် အိမ်ကတစ်ယောက်ပါ
သေချာလေးထုတ်ပြီး ထည့်ရောင်းပေးမှာ 🥳

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

တစ်ထုပ်ထဲမှာအစုံအလင်ပါမယ် 😍လက်ဖက်ညွန့်ချဉ်စပ်လေးရဲ့အရသာ၊ခုနှစ်ထွေကြော်လေးရဲ့ကြွပ်ရွမှု၊ပုစွန်ခြောက်လေးရဲ့ကောင်းမွန်မှု ဒ...
06/09/2026

တစ်ထုပ်ထဲမှာအစုံအလင်ပါမယ် 😍

လက်ဖက်ညွန့်ချဉ်စပ်လေးရဲ့အရသာ၊
ခုနှစ်ထွေကြော်လေးရဲ့ကြွပ်ရွမှု၊ပုစွန်ခြောက်
လေးရဲ့ကောင်းမွန်မှု ဒါတွေအားလုံးကို
တစ်ထုပ်ထဲမှာပေါင်းစပ်ပေးထားတဲ့
"၃ မျိုးစပ်လက်ဖက်" ထွက်ပါပြီ။

လက်ဖက်အသားကို အညွန့်အချိုနဲ့
အညွန့်ချဉ်စပ် နှစ်မျိုးရွေးချယ်ဝယ်ယူ
နိုင်ပါတယ်။

ဝယ်ယူလိုသူများ ငါတို့ရန်ကုန်ရဲ့
မက်ဆင်ဂျာမှာဆက်သွယ်ပေးပါခင်ဗျာ။

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

ငါတို့ရန်ကုန်ရဲ့ထုတ်ကုန်အသစ်လေးကဘာဖြစ်မလဲဆိုတော့...See more
05/09/2026

ငါတို့ရန်ကုန်ရဲ့ထုတ်ကုန်အသစ်လေးက
ဘာဖြစ်မလဲဆိုတော့...See more

04/09/2026

ရန်ကုန်မှာပြန်ဆုံကြမယ်

ယုဇန
ထိန်လင်း
Just The Way Band

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

ငါတို့ရန်ကုန် အားပေးမှုများဘယ်နိုင်ငံက အများဆုံးဖြစ်မလဲ ဝေ့!ရန်ကုန်ကို လွမ်းဆွတ်တဲ့ စိတ်နဲ့ "ငါတို့ရန်ကုန်" ရဲ့ လက်ဖက်၊ ...
02/09/2026

ငါတို့ရန်ကုန် အားပေးမှုများ
ဘယ်နိုင်ငံက အများဆုံးဖြစ်မလဲ ဝေ့!

ရန်ကုန်ကို လွမ်းဆွတ်တဲ့ စိတ်နဲ့
"ငါတို့ရန်ကုန်" ရဲ့ လက်ဖက်၊ ခုနစ်ထွေကြော်နဲ့
ပုစွန်ဘာလချောင်ကြော်တွေကို
ဝယ်ယူအားပေးကြတာ အားလုံးကို
ပထမဦးစွာ ကျေးဇူး အထူးတင်ပါတယ်။

လက်ရှိ ကိုယ်စားလှယ်တွေဆီမှာ
ရောက်ရှိနေတဲ့ အမှာစာတွေအရတော့
ဂျပန်, အင်္ဂလန် နှင့် အမေရိကားတို့မှာ
ရောက်ရှိနေသူတွေရဲ့ အားပေးမှုကတော့
ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

မလေးရှား၊ ထိုင်း၊ တောင်ကိုရီးယား၊
နော်ဝေ၊ Finland, ဂျာမနီ နှင့် ဩစတြေးလျ
အစအစရှိတဲ့ ကိုယ့်တော်လှန်ပြည်သူတွေ
အခြားနိုင်ငံအသီးသီးမှာ ရောက်ရှိနေသူတွေရော ...
ဘယ်နိုင်ငံက အများဆုံး ဖြစ်မလဲ။ 😉

🔥 Comment မှာ ပါဝင်ပေးကြပါဦး!

မိမိရောက်ရှိနေတဲ့ နိုင်ငံအမည် သို့မဟုတ်
နိုင်ငံအလံလေးတွေကို Comment မှာ
ရေးသားဖော်ပြပေးခဲ့ကြပါဦး။

မိမိတို့ ရောက်ရှိရာ နိုင်ငံအလိုက်ရှိနေတဲ့
ကိုယ်စားလှယ်ကြီးများဆီမှာလည်း
အလွယ်တကူ တိုက်ရိုက် မှာယူရရှိနိုင်ပါတယ်။

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

"ဦးနှောက်ရဲ့ အမှတ်တရပိုင်းကို အမြန်ဆုံး နှိုးဆွနိုင်တာ အနံ့ပါတဲ့..." ​သိပ္ပံပညာမှာ Olfactory Memory လို့ ခေါ်ကြတယ်။ တခြာ...
01/09/2026

"ဦးနှောက်ရဲ့ အမှတ်တရပိုင်းကို
အမြန်ဆုံး နှိုးဆွနိုင်တာ အနံ့ပါတဲ့..."

​သိပ္ပံပညာမှာ Olfactory Memory လို့ ခေါ်ကြတယ်။
တခြား အာရုံတွေထက် "အနံ့" က
လူတစ်ယောက်ကို အတိတ်ရဲ့ တစ်နေရာဆီ ချက်ချင်း
ပြန်ပို့ပေးနိုင်လောက်အောင် စွမ်းအားကြီးတယ်။

​နိုင်ငံခြားရောက်နေသူတွေအဖို့ကတော့
ငါတို့ရန်ကုန် အထုပ်လေးကို ကတ်ကြေးနဲ့ ညှပ်၊
အိတ်ပါးစပ်ကို ဟလိုက်တာနဲ့ ထွက်လာတဲ့ ရနံ့ဟာ ...

​အညှော်တွေကြော်နေတဲ့ ရန်ကုန်တိုက်ခန်းလေးထဲက
မီးဖိုချောင်ဆီ ချက်ချင်း ပြန်ရောက်သွားစေခဲ့တယ်
​မိုးရွာချိန် အိမ်ရှေ့ဝရန်တာမှာ ထိုင်ငေးပြီး
အပေါင်းအသင်းတွေနဲ့ လက်ဖက်သုပ်စားခဲ့တဲ့အချိန်
ကျောင်းအပြန် ဗိုက်ဆာနေတဲ့အချိန်
ရုံးအပြန်မောလှတဲ့အချိန်တွေက
ညနေစောင်းမိုးတွင်းမှာ ကြားရတဲ့ဖားအော်သံတွေနဲ့
ရန်ကုန်အိမ်မှာရှိတဲ့ ထမင်းစား စားပွဲကို
ချက်ချင်း ပြန်ပို့ပေးလိုက်သလိုပါပဲ။

မိသားစုမစုံပေမဲ့ အဝေးတနေရာမှာ
တစ်ယောက်တည်းနေရင်း အခုလို
အရသာ အရောင်အဆင်း အနံ့တွေနဲ့ပြည့်စုံတွေရတော့
နေ့တိုင်း တစ်ရက်မပျက် လွမ်းရတဲ့ရန်ကုန်ကို
ဒီနေ့ ဒီအနံ့က အရင်ထက် ပိုပြီးလွမ်းစေတယ်။

အိတ်ကလေးကို ဖွင့်လိုက်တဲ့ ခဏမှာတင်
​စာတစ်လုံးနဲ့မှ မဖော်ပြပဲ ရလာတဲ့
ရန်ကုန်ရဲ့ အငွေ့အသက်တွေ
အခန်းထဲ အပြည့် ရောက်လာရတာ
လွမ်းပြီး မွန်းကြပ်စေရတယ်၊
ပြီးတော့ အိမ်ကိုလည်း အရမ်းပြန်ချင်တယ် ... 😔

​ငါတို့ရန်ကုန်အထုပ်ကို
ဖောက်ဖောက်ချင်းလေးအချိန်မှာ
ထွက်လာတဲ့ ရနံ့က သင့်ကို
ရန်ကုန်ရဲ့ ဘယ်အမှတ်တရဆီ
ခေါ်သွားပေးခဲ့သလဲဆိုတာ
လွမ်းနေရတဲ့သူချင်းတူတူ ပြောပြပေးခဲ့ပါဦး။

မိမိတို့ ရောက်ရှိနေတဲ့ နိုင်ငံအသီးသီးအလိုက်မှာ
ရောင်းချပေးနေတဲ့ ကိုယ်စားလှယ်ကြီးများဆီမှာ
အလွယ်တကူ မှာယူရရှိနိုင်ပါတယ်။

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

အဝေးရောက်နေတဲ့သူတွေဆီမှာ"အချိန်ခရီးသွားစက်" Time Machine ဆိုတာတကယ်ရှိတယ်။ဒါပေမဲ့ အဲ့ဒါက စက်ပစ္စည်းတစ်ခု မဟုတ်ဘူး။ "ငါတို...
26/08/2026

အဝေးရောက်နေတဲ့သူတွေဆီမှာ

"အချိန်ခရီးသွားစက်"
Time Machine ဆိုတာတကယ်ရှိတယ်။

ဒါပေမဲ့ အဲ့ဒါက စက်ပစ္စည်းတစ်ခု မဟုတ်ဘူး။

"ငါတို့ရန်ကုန်" ရဲ့ ပါဆယ်ထုပ်ကို
ဖောက်လိုက်ချိန်မှာ ထွက်လာတဲ့
လက်ဖက်နဲ့ ဘာလချောင်ကြော်ရဲ့ မွှေးရနံ့ပဲ။

အဲ့ဒီ အနံ့လေး ရှူလိုက်ရတဲ့ အခိုက်အတန့်မှာပဲ...
ကိုယ်ရောက်နေတဲ့ နိုင်ငံခြားက အခန်းလေးထဲကနေ
ရန်ကုန်က အိမ်ရဲ့ ထမင်းဝိုင်းဆီ
ချက်ချင်း ပြန်ရောက်သွားရတာ။

မီးဖိုချောင်ထဲမှာ အမေ ဟင်းချက်နေတဲ့ အသံ၊
ရေနွေကြမ်းသောက်ရင်း
စကားပြောနေတဲ့ ရာသီဥတုနဲ့
ရန်ကုန်ရဲ့ အငွေ့အသက်တွေပါ
အတူတူ ခံစားချက်တွေပေါ်လာသမျိုး ...

ဒါက အစားအသောက် ဝယ်စားတာမဟုတ်ဘူး၊
အိမ်ပြန်လမ်းကို စက္ကန့်ပိုင်းလောက်
ခဏလေး ပြန်သွားကြည့်ရတာ ...

ပါဆယ်ထုပ်လေး ဖောက်လိုက်တဲ့ခဏမှာ
ဘယ်လို အမှတ်တရတွေဆီ
ပြန်ရောက်သွားတတ်လဲဆိုတာ ပြောပြပေးခဲ့ပါဦးနော် …

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

ဂျာမနီက အမျိုးတွေအိမ်သွားလည်တဲ့အခါဘာယူလာရမလဲမေးတော့ လက်ဖက်တဲ့ ...သူတို့က ငါတို့ရန်ကုန်လက်ဖက်သိပ်ကြိုက်ကြတာတခြားရော ဘာလို...
24/08/2026

ဂျာမနီက အမျိုးတွေအိမ်သွားလည်တဲ့အခါ
ဘာယူလာရမလဲမေးတော့ လက်ဖက်တဲ့ ...

သူတို့က ငါတို့ရန်ကုန်လက်ဖက်သိပ်ကြိုက်ကြတာ
တခြားရော ဘာလိုသေးလဲ မေးတော့
ရပြီတဲ့ ကျန်တာတွေက Frankfurt ဘက်မှာရတယ်တဲ့

ကိုယ်လည်း စပ်စုချင်တာရော
နဲနဲကွန့်ပြီး ထပ်မေးကြည့်တယ်

အိမ်မှာ လက်ဖက်မရှိဘူးလားမေးတော့
ရှိတယ်လေ၊ ဒါပေမဲ့ ဒီတံဆိပ်မဟုတ်ဘူးတဲ့

ဟိုတစ်ခါ ဝယ်စားဖူးကတည်းက
အရသာသဘောကျနေလို့
ပိုင်ရှင်တွေကို မှာရတာပါတဲ့ 🤩

ဟုတ်ပြီလေ
ဘယ်လို လုပ်ကျွေးမှာလဲမေးတော့
ဂျာမာန်စတိုင်လ်လေးရယ်
ငရုတ်သီးစိမ်းပါးပါးလှီး အချဉ်ရယ်
အရှေ့တစ်လကဝယ်ထားတဲ့
ဘာလချောင်ကြော်လေးနဲ့
လက်ဖက်ထမင်းလုပ်ပေးမယ်တဲ့။

ကိုယ်က စားသာစားရတယ်
သူ့အပြင်အဆင်လေး
အလှပျက်သွားမှာမို့ မစားရက်
မစားခင်လေး အိမ်လွမ်းနေသူတွေကို
ဒီဓါတ်ပုံလေးနဲ့တော့ အလွမ်းသယ်ခွင့်ပြုပါ 🙏

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ



စာကြွင်း - ငါတို့ရန်ကုန်ပိုင်ရှင်များစွာက ကမ္ဘာအနှံ့မှာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ငါတို့ရန်ကုန် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่