KoKo & Su Vlog Explore the world with love 💕

ချင်းမိုင်မှာ သဘာဝကို ခံစားပြီး အေးအေးလူလူနဲ့ ထိုင်းအစားအစာတွေကို စားလို့ရတယ်နေတဲ့ နေရာလေးတစ်ခု 😍ရေပေါ်မှာ ဆောက်ထားတဲ့ တ...
10/01/2026

ချင်းမိုင်မှာ သဘာဝကို ခံစားပြီး အေးအေးလူလူနဲ့ ထိုင်းအစားအစာတွေကို စားလို့ရတယ်နေတဲ့ နေရာလေးတစ်ခု 😍

ရေပေါ်မှာ ဆောက်ထားတဲ့ တဲအိမ်လေးထဲမှာ ထိုင်ပြီး ချစ်ရတဲ့သူနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ ဖြစ်ဖြစ် စကားအေးအေးဆေးဆေးပြောလို့ရတဲ့ နေရာလေးတစ်ခု 🥰

စားစရာတွေကလည်း အကြာကြီးမစောင့်ရတဲ့ အပြင် အရသာကောင်းပြီး ဈေးလည်းသက်သာတယ် 🤭

သွားချင်တယ်ဆိုရင် location ထည့်ထားတယ်နော်

Huay Tueng Thao Reservoir
https://maps.app.goo.gl/dz1MEU4xfNsrYe199

02/01/2026

Benchakitti Park မှာ ဒီနေ့ ကိုကိုနဲ့တူတူ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒီ ပန်းခြံလေးဟာ ဘန်ကောက်မှာ အရမ်းလှပြီး လေ့ကျင့်ခန်းလုပ်လို့ကောင်းတဲ့ ပန်းခြံတွေထဲက ပန်းခြံတစ်ခုပါ ☺️

01/01/2026

2025 memories ❤️

Christmas ပြီးမှ Christmas vibe လုပ်နေသော ကိုကိုနဲ့ ကိုကို့ခေး 🎄
30/12/2025

Christmas ပြီးမှ Christmas vibe လုပ်နေသော ကိုကိုနဲ့ ကိုကို့ခေး 🎄

ဒီပုံလေးက စင်ကာပူနေ ပူလာအူပင်ကျွန်းကို သွားတုန်းကပုံလေးဒီပုံလေးဟာ ဘယ်ချိန်ကြည့်ကြည့် တော်တော်အသက်ဝင်တယ်ကိုကိုဟာ ဘယ်တော့မ...
16/12/2025

ဒီပုံလေးက စင်ကာပူနေ ပူလာအူပင်ကျွန်းကို သွားတုန်းကပုံလေး

ဒီပုံလေးဟာ ဘယ်ချိန်ကြည့်ကြည့် တော်တော်အသက်ဝင်တယ်

ကိုကိုဟာ ဘယ်တော့မှ အွန်လိုင်းပေါ်မှာလည်း စာအရှည်ကြီးတွေမရေးသလို၊ popular ဖြစ်အောင်လည်း လုပ်ချင်တဲ့သူမဟုတ်ဘူး

ဒါပေမယ့် စတွေ့ထဲက ခုထိ ဘဝမှာ ဘာတွေပဲ လုပ်ချင်လုပ်ချင် အမြဲတမ်း support ပေးပြီး အားပေးတဲ့ကိုကို့ကို ကျေးဇူးတင်ပါတယ် 😍

လူတစ်ယောက်ဟာ တကယ်ချစ်မိရင် တဖက်လူမှာရှိတဲ့ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေတောင် မမြင်တော့ပဲ အဲ့လူအတွက်ပဲ ရပ်တည်ပေးပါလိမ့်မယ် ❤️

14/12/2025

ဒါလေးက လွန်ခဲ့တဲ့ ၃လက ဘန်ကောက်က Asiatique မှာ ဖွင့်လိုက်တဲ့ Jurassic World ကို သွားခဲ့တာလေး ☺️

ထိုင်းမှာက တစ်ခုထူးဆန်းတာက ဒီလိုမျိုး attraction place တွေမှာဆို လူငယ်တွေလာကြည့်တာ သိပ်မတွေ့ရဘူး အကုန်လုံးက ကလေးမိဘတွေနဲ့ ၁၀ နှစ်အောက် ကလေးတွေကြီးပဲ 🥲
စင်ကာပူက Sentosa မှာဆို ဘာစီးချင်လဲ ဘာလုပ်မလဲ အကုန်လူငယ်တွေကြီးပဲ 🫢

အာ့နဲ့ ဒိုင်နိုဆောကြည့်ဖို့ တန်းစီနေတုန်း ကိုကို့ကိုပြောလိုက်သေးတယ် "ဒီကိုလာကြတာ ကလေးတွေနဲ့ သူတို့မိဘတွေပဲနော် ကိိုကို 😅"...

ကိုကိုကလည်း ပြန်ပြောပါတယ် "ကိုကိုလည်း ကိုကို့ခေးကို လိုက်ပို့တာလေ" တဲ့

အဲ့လိုနဲ့ ၁၀ နှစ်အောက်ကလေးတွေနဲ့ တူတူတန်းစီပြီး ဒိုင်နိုဆောကြည့်ခဲ့တဲ့ အမှတ်တရလေးပေါ့... ဘယ်လောက်ပျော်နေလဲဆိုတာ video ထဲမှာသာ ကြည့်တော့ 🤣

ဒိုင်နိုဆောသွားကြည့်ချင်တဲ့ ခေးတွေအတွက် အောက်မှာ location ချထားပေးပါတယ်။ လက်မှတ်တော့ အရင်ဝယ်သွားကြနော် ❤️

https://maps.app.goo.gl/U2QuRwb73ncaoFTn7?g_st=ic

ဒီပုံလေးက လွန်ခဲ့တဲ့ ၇ နှစ်က ခုလို December မှာ သူငယ်ချင်းတွေနဲ့ စင်ကာပူက East Coast ကမ်းခြေတစ်ဝိုက် BBQ လုပ်စားခဲ့တဲ့ ည...
13/12/2025

ဒီပုံလေးက လွန်ခဲ့တဲ့ ၇ နှစ်က ခုလို December မှာ သူငယ်ချင်းတွေနဲ့ စင်ကာပူက East Coast ကမ်းခြေတစ်ဝိုက် BBQ လုပ်စားခဲ့တဲ့ ညနေလေးပေါ့ 🤭

အဲ့တုန်းက ကိုကို ဝိတ်တက်လာတဲ့အချိန် (တော်တော်ကြီး တက်လာတာ 😬) စိတ်ကူးပေါက်ပေါက်နဲ့ ကိုကို ကုန်းပိုးဆိုပြီး ကိုကို့ကို ပူဆာ.. ကိုကိုက မနိုင့်တနိုင်နဲ့ ကုန်းပိုး.. သူငယ်ချင်းတွေက အမိအရ ဓါတ်ပုံရိုက်နဲ့ ဟီးဟီး ရီလိုက်ရတာ 🤣

ခုချိန်မှာတော့ အကုန်လုံးက အမှတ်တရအဖြစ် ကျန်ခဲ့တာပေါ့လေ။ အကုန်လုံးကိုလည်း သတိရပါတယ်လို့ ❤️



အသက် ၂၀ ကျော်မှာ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခဲ့လည်း အသက်၃၀ ကျော်သွားရင် လူတွေဟာ သက်တောင့် သက်သာနေလို့ရမယ့်...
12/12/2025

အသက် ၂၀ ကျော်မှာ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခဲ့လည်း အသက်၃၀ ကျော်သွားရင် လူတွေဟာ သက်တောင့် သက်သာနေလို့ရမယ့် comfort lifestyle ကိုပဲ ရွေးချင်ကြတယ်။

အဲ့လိုနဲ့ work-life balance ကို ဦးတည်ရင်း ခရီးသွားခြင်းဟာ မရှိမဖြစ်လိုအပ်လာကြတယ်။

ဒီ Page လေးမှာ ကိုကိုနဲ့ ဆုရဲ့ သွားခဲ့တဲ့ ခရီးတွေ၊ စားခဲ့တာတွေ၊ ပျော်စရာအခိုက်အတန့်လေးတွေ နဲ့ နှစ်ယောက်အတူဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို တင်ပေးသွားမှာပါ။

Lifestyle vlog page လေးမို့ စိတ်ဝင်စားရင် အားပေးကြပါဦးလို့ ☺️❤️





ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KoKo & Su Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์