12/03/2025
Our hearts ache.
[English Below]
#အထူးဝမ်းနည်းကြေကွဲခြင်း
Assumption University၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိနယ်မြေမှ မြန်မာကျောင်းသားတစ်ဦးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် ပြင်းထန်ကားမတော်မဆမှုတစ်ခုကြုံရကာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့၌ ဘဝတပါးသို့ကူးပြောင်းသွားကြောင်း ကျွန်ုပ်တို့ BSA-CMUမှကြားသိရပါသည်။
သို့ရာတွင် ယနေ့ ၂၀၂၅ခုနှစ် မတ်လအထိ အဆိုပါ ယာဉ်ပေါ့ဆမှုကြောင့် ဆုံးပါးသွားရရှာသော ကျောင်းသားနှင့် ကျန်ရစ်သူမိသားစုအတွက် တရားမျှတမှု တစုံတရာ မရရှိသေးသည့်အတွက် များစွာ တုန်လှုပ်ခြောက်ခြားမိပါသည်။
ကျွန်ုပ်တို့ BSA-CMUမှ အဖွဲ့ဝင်ကျောင်းသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် သက်ဆိုင်ရာတက္ကသိုလ်အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အထူးကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
It is with profound sorrow that we, BSA-CMU, have learned of the passing of a Myanmar student from Suvarnabhumi Campus, Assumption University, Bangkok, Thailand. The student was involved in a severe traffic accident on November 17, 2024, and tragically succumbed to his injuries on November 20, 2024.
However, as of March 2025, We are deeply concerned that justice has yet to be served for the student and his bereaved family regarding this tragic incident.
As members of BSA-CMU, we extend our heartfelt condolences to the victim’s family and stand in solidarity with them. We urge the relevant university authorities and responsible institutions to take necessary actions to ensure that the truth is uncovered and justice is served.
Burma Students Association-CMU