18/11/2024
“မုန့်ဟင်းခါးအစ ….ခေတ်က”(English below)
မုန့်ဟင်းခါးဘယ်ကစလဲ ဆိုတဲ့ သမိုင်းကြောင်းဟာ ကျွန်တော်တို့လက်လှန်းမီသလောက် အထောက်အထားသေချာမရှိတာကြောင့် “မုန့်ဟင်းခါး” ဆိုတဲ့ အသုံးအနှုန်းကို အစောဆုံးတွေ့ရှိခဲ့တဲ့ကာလ ကုန်းဘောင်ခေတ်ကို သွားလိုက်ကြရအောင်
ကုန်းဘောင်ခေတ်က စာဆိုစလေဦးဦးပုညရဲ့ လင်္ကာတစ်ပုဒ်ထဲမှာ “မုန့်ဟင်း” ဆိုတဲ့ အသုံးကို စတင်တွေ့ရှိခဲ့ပြီး ကုန်ဘောင်ခေတ် ဒုတိယပိုင်းမှာတော့ စာဆိုတော်ဦးမင်းရဲ့ “မုန့်တီ”ဆိုတဲ့ ဖော်ပြချက်အရ မုန့်ဟင်းခါးဟာ ကုန်းဘောင်ခေတ်မှာစပြီး လူစားများတဲ့ အစားအသောက်တစ်ခုဖြစ်နေနိုင်ပါတယ်
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေဟာ ဒီနေ့အထိ “ မုန့်၊မုန့်ဟင်း၊မုန့်တီ”ဆိုပြီး ခေါ်ဆိုနေတာတွေရှိသေးတာကြောင့် မုန့်ဟင်းခါးဟာ ကုန်းဘောင်ခေတ်ထက်လည်း စောတဲ့ အစားအစာလည်းဖြစ်နိုင်ပါတယ်
မြန်မာ့ရိုးရာ စားစားစရာဖြစ်တဲ့ မုန့်ဟင်းခါးဟာ ရိုးရာစားသောက်ဖွယ်ဖြစ်တာနဲ့အညီ နေရာဒေသအလိုက် အခေါ်အဝေါ်၊ချက်နည်း၊အရသာ၊ပါဝင်ပစ္စည်းတွေ များစွာ ကွာခြားချက်တွေရှိပေမယ့် ဒီကနေ့ထိ လူကြိုက်များတဲ့ အစားအစားထဲပါဝင်နေပါတယ်
အဲ့အထဲမှာ ရန်ကုန်မုန့်ဟင်းခါးနဲ့ ဧရာဝတီတိုင်းဘက်က မုန့်ဟင်းခါးကတော့ လူကြိုက်များပြီး မနက်စာအပြင် သာရေး၊နာရေး၊ပွဲလမ်းသဘင်တွေမှာပါ စားသုံးတည်ရှိနေပါတယ်
ဒီနေ့ခေတ်မှာတော့ အသင့်စား မုန့်ဖက်ခြောက်၊ဟင်းရည်ခြောက်တွေကို မြန်မာမှာသာမက တခြားနိုင်ငံတွေမှာပါ ဝယ်ယူလို့ရနေတာကြောင့် ဘယ်နိုင်ငံရောက်ရောက် မုန့်ဟင်းခါးယဉ်ကျေးမှုမှာပါဝင်လို့ရနေပြီဘဲဖြစ်ပါတယ်
မိတ်ဆွေတို့ဘက်မှာရော မုန့်ဟင်းခါးအပြင် ဘယ်လိုခေါ်ကြလဲ ၊ မုန့်ဟင်းရည်ကို ငါးအပြင် တခြားဘယ်အသားတွေနဲ့ ချက်ပြုတ်ကြပါသလဲ?
ကိုယ်တိုင်ချက်ပြုတ်ဖို့ အချိန်မပေးနိုင်သူတွေအနေနဲ့ ကျွန်တော်တို့ Rangoon Yumမှာ ငါးခူမုန့်ဟင်းခါး ရောင်းချပေးနေပြီဖြစ်ကြောင်းလည်း အသိပေးပါ
တယ်ခင်ဗျာ ။
The Origins of Mohinga… Through the Ages
The history of where Mohinga originated is somewhat unclear, but let’s journey back to the Konbaung Dynasty, where the term “Mohinga” first appeared.
In the Konbaung era, the poet U Ponnya mentioned “Mohinga” in his writings. Later, in the second half of the Konbaung period, the poet U Min described “Monti,” suggesting that Mohinga was already a popular dish.
However, some regions in Myanmar still refer to it as “Mont,” “Mohinga,” or “Monti,” indicating that Mohinga might have existed even before the Konbaung Dynasty.
As a beloved traditional dish, Mohinga varies in name, cooking methods, flavors, and ingredients across different regions. Yet, it remains a favorite food to this day.
Among the most popular versions are Yangon Mohinga and Ayeyarwady Mohinga, enjoyed not only for breakfast but also at various ceremonies and events.
Today, ready-to-eat Mohinga packs and dried soup mixes are available not just in Myanmar but also in other countries, making it possible to enjoy Mohinga culture anywhere in the world.
How do you call Mohinga in your region? Besides fish, what other meats do you use in your Mohinga broth?
For those who can’t find the time to cook, we at Rangoon Yum offer delicious catfish Mohinga.
#ချင်းမိုင်မြို့လေးထဲကမြန်မာမုန့်ဟင်းခါး