34 Meeshay Noodle Start your morning with Meeshay—comforting Burmese noodles made with love, served fresh every day.

အရင်ကလေ အီကြာကွေး မပွ လို့ လွှတ်ပြစ်လိုက် ကြော်လိုက် နဲ့ 😖အခုတော့ ဘယ်လိုကြော်ကြော် ပွမွပြီး ကောင်းနေရော …ပဲအီကြာရပါတယ်ရှ...
13/08/2026

အရင်ကလေ အီကြာကွေး မပွ လို့ လွှတ်ပြစ်လိုက် ကြော်လိုက် နဲ့ 😖

အခုတော့ ဘယ်လိုကြော်ကြော် ပွမွပြီး ကောင်းနေရော …

ပဲအီကြာရပါတယ်ရှင့် 👏🏻👏🏻👏🏻

🌷❤️ အမေများနေ့မှာ အမေ့ကို သတိရရင်း… မနက်စာလေး လာစားကြမယ်နော် ❤️🌷ဒီနေ့ အမေများနေ့ ဆိုတော့ အမေ့အတွက် ကောင်းမွန်တဲ့ဆုတောင်း...
12/08/2026

🌷❤️ အမေများနေ့မှာ အမေ့ကို သတိရရင်း… မနက်စာလေး လာစားကြမယ်နော် ❤️🌷

ဒီနေ့ အမေများနေ့ ဆိုတော့ အမေ့အတွက် ကောင်းမွန်တဲ့ဆုတောင်းလေးတစ်ခု ပေးရင်း၊ ကိုယ်တိုင်လည်း အရသာရှိတဲ့ မနက်စာလေး စားလိုက်ကြရအောင်ရှင် 🥰

ဒီနေ့လည်း ဆိုင်လေး ပုံမှန်ဖွင့်ပါတယ်နော် 🍜
မြီးရှည် ၊ တိုဟူးနွေး ရှမ်းခေါက်ဆွဲ ပူပူလေးတွေရသလို
☕ မနက်ခင်းနဲ့ လိုက်ဖက်တဲ့ အစားအစာလေးတွေလည်း ရပါတယ်။

ပြီးတော့ ကိုယ်တိုင်ကြော်ထားတဲ့ အီကြာကွေးပူပူလေး လည်း ရပါပြီနော် 😋🥖
ပူပူလေးကို ကော်ဖီ၊ လက်ဖက်ရည်လေးနဲ့ တွဲစားရင်တော့ မနက်ခင်းလေးက ပိုပြီးပြည့်စုံသွားမှာပါ ❤️

ဒီနေ့ အမေများနေ့မှာ အမေ့ကို ချစ်တယ်ဆိုတဲ့စကားလေး ပြောဖို့ မမေ့ကြနဲ့နော် 🌷
အမေရှိနေသေးရင် အမေ့ဘေးမှာ နေခွင့်ရတဲ့အချိန်လေးတွေကို တန်ဖိုးထားကြပါစို့ ❤️

မနက်စာလေးစားရင်း စကားလေးပြောချင်ရင်
ကျွန်မတို့ဆိုင်လေးကို ဝင်ခဲ့ကြပါနော် 🥰🍜🥖

🌤️ ဒီနေ့လည်း ဆိုင်လေးဖွင့်ပါတယ်ရှင့် ❤️မနက်စာအတွက် ရှမ်းခေါက်ဆွဲလေးတွေနဲ့အတူ🥖 အီကြာကွေးလေးလည်း ရပါပြီနော်။အီကြာကွေးလေးကတ...
11/08/2026

🌤️ ဒီနေ့လည်း ဆိုင်လေးဖွင့်ပါတယ်ရှင့် ❤️

မနက်စာအတွက် ရှမ်းခေါက်ဆွဲလေးတွေနဲ့အတူ
🥖 အီကြာကွေးလေးလည်း ရပါပြီနော်။

အီကြာကွေးလေးကတော့ ကိုယ်တိုင် ကိုယ်တိုင်ကြော်ထားတာမို့
ပူပူနွေးနွေး၊ ကြွပ်ကြွပ်လေးနဲ့ မနက်ခင်းကော်ဖီ/လက်ဖက်ရည်လေးနဲ့ဆို အရမ်းလိုက်ပါတယ်ရှင့် 😋☕️

မနက်စာ မစားရသေးရင် ဆိုင်လေးကို ဝင်လာခဲ့ပါနော်။
ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ကြော်ပြီး စိတ်ရင်းနဲ့ ပြင်ဆင်ပေးထားပါတယ်ရှင့် ❤️

ဒီနေ့လည်း အားပေးကြမယ့်သူလေးတွေကို စောင့်နေပါမယ်နော် 🥰

မနက်ဖြန် ကောက်ညှင်းပြန်ပေါင်း…ပဲအီကြာ…အီကြာကွေးရပါမယ် ရှင့်…ကျန်မီနူး က တော့ ပုံမှန်တ်ုင်းရပါမယ် 👏🏻👏🏻👏🏻
10/08/2026

မနက်ဖြန်

ကောက်ညှင်းပြန်ပေါင်း…

ပဲအီကြာ…

အီကြာကွေးရပါမယ် ရှင့်…

ကျန်မီနူး က တော့ ပုံမှန်တ်ုင်းရပါမယ် 👏🏻👏🏻👏🏻

ရော့ပီဇာစား 🤪နိုင်ငံခြားသားစျေးမရောင်းရဘူး…ဟိုနားလေးမှာ ဘာရှိတယ် ဒီနားလေးမှာ ဘာရှိတယ် ဆိုပြီး ထိုင်းနိုင်ငံကြီးကို ကာကွယ...
09/08/2026

ရော့ပီဇာစား 🤪

နိုင်ငံခြားသားစျေးမရောင်းရဘူး…

ဟိုနားလေးမှာ ဘာရှိတယ် ဒီနားလေးမှာ ဘာရှိတယ် ဆိုပြီး ထိုင်းနိုင်ငံကြီးကို ကာကွယ်နေတာ ဘယ်သူတွေလို့ထင်လဲ 🤣

ရိသလို ရွှဲသလိုလို စောင်းမြောင်းပြောတာရော ဘယ်သူတွေလဲ…

အဖမ်းမခံ ရအောင် ကြည့်နေနော် ဆိုတာကရော ဘာတွေလဲ…

စိတ်တွေလည်းလျော့ကျပါအုံးရှင်…

ချင်းမိုင်ရဲ့ မြန်မာဆိုင်က ကျမ တစ်ဦးထည်း ဖွင့်ထားတာလား…

လမ်းဘေး စျေးသည်အဆုံး ဆိုင်ကြီး နာမည် ကြီးတွေ အများကြီးပါအေ…

မြေနိမ့်ရာ လှံမဆိုက် ချင်စမ်းပါနဲ့…

အချင်းချင်းတွေပဲ ထားလိုက်စမ်းပါ…

သူများနိုင်ငံမှာနေပြီး သူများရေ မြေ ပေါ် လုပ်စားနေရတာ… လိုအပ်ရင် နိုင်ငံတော်ကြီး က ပဲ ဆုံးဖြတ်စမ်းပါစေ…

မရောင်ရာ ဆီလူးဖို့ အတွေးတေ က ရပ်သင့်သလား လို့ ပါ 🙏🏻🙏🏻🙏🏻🙏🏻

တောင်းပန်ပ်တယ် နော် အားလုံးကိုပေါ့နော်…

🌿 မနက်စောစောနဲ့ ဘတ် ၂၀၀၀ ဖိုး အော်ဒါလေး ပို့ပြီးပါပြီ 🥰တစ်နေ့တာရဲ့ ပထမဆုံးအောင်မြင်မှုလေးကအော်ဒါလေးတစ်ခုနဲ့ စတင်လိုက်ရတာ...
09/08/2026

🌿 မနက်စောစောနဲ့ ဘတ် ၂၀၀၀ ဖိုး အော်ဒါလေး ပို့ပြီးပါပြီ 🥰

တစ်နေ့တာရဲ့ ပထမဆုံးအောင်မြင်မှုလေးက
အော်ဒါလေးတစ်ခုနဲ့ စတင်လိုက်ရတာပါပဲ။ ❤️

ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ပြင်ဆင်၊ ကိုယ်တိုင်ထုပ်ပိုးပြီး
စားသုံးသူတွေဆီ အရောက်ပို့ပေးနိုင်တဲ့အချိန်တိုင်း
“ကြိုးစားနေတာ အလကားမဟုတ်ဘူး” ဆိုတဲ့ ခွန်အားလေး ရပါတယ်။

ဒီနေ့လည်း အလုပ်တွေ အဆင်ပြေပါစေ၊
အော်ဒါတွေလည်း ဒီထက်ပိုဝင်လာပါစေ 🙏🏻✨

မနက်စောစောကတည်းက အားပေးမှာယူပေးကြတဲ့ Customer လေးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် 💕

ဒီတစ်ခေါက်ကတော့ နိုင်ငံခြားသား အဖြူနဲ့ ထိုင်းတွေ အရမ်းကို အားပေးခဲ့ကြတာ ပွဲ ၁၅၀ ထွက်ရောင်းရတယ်… ကောက်ညှင်းကတော့ တစ်ပွဲ ၅...
07/08/2026

ဒီတစ်ခေါက်ကတော့ နိုင်ငံခြားသား အဖြူနဲ့ ထိုင်းတွေ အရမ်းကို အားပေးခဲ့ကြတာ ပွဲ ၁၅၀ ထွက်ရောင်းရတယ်…

ကောက်ညှင်းကတော့ တစ်ပွဲ ၅၀ နဲ့ ၃၀ ကျော်လေး ကို မကုန်ပါဘူး…

နံရိုးတွေလည်း ကုန်ပါတယ်…

ကြိုက်လို့ ၂ ပွဲစားကြတဲ့သူတွေကြီးပဲ…

တကယ်ပါ ကျမရဲ့ food truck လေးက ကျမရဲ့ ကံကောင်းလေးပါ ❤️❤️❤️

ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻

မင်္ဂလာနံနက်ခင်းပါရှင်။ 🌞ဒီနေ့တော့ ဆိုင်ပိတ်ရက်ဖြစ်ပေမယ့် နေ့လယ်မှာ ကျောင်းဈေးပွဲ ကို သွားရောင်းမှာမို့ အခုကတည်းက အားလုံ...
07/08/2026

မင်္ဂလာနံနက်ခင်းပါရှင်။ 🌞

ဒီနေ့တော့ ဆိုင်ပိတ်ရက်ဖြစ်ပေမယ့် နေ့လယ်မှာ ကျောင်းဈေးပွဲ ကို သွားရောင်းမှာမို့ အခုကတည်းက အားလုံးကို စေတနာအပြည့်နဲ့ ပြင်ဆင်နေပါတယ်။

လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတဲ့ အရသာကောင်းတဲ့ ခေါက်ဆွဲလေးတွေကို လာရောက်မြည်းစမ်းပြီး အားပေးပေးကြပါဦးနော်။ ❤️

အမြဲအားပေးပြီး ချစ်ပေးကြတဲ့ Customer တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း အပြုံးလေးတွေနဲ့ ဆုံတွေ့ရဖို့ မျှော်လင့်နေပါတယ်။

နေ့လည် ၂:၀၀ နာရီကနေ ည ၇:၀၀ ထိပါ…

Unity concord international school ❤️❤️❤️

ကျောင်းကို လည်ပတ်ကြည့်ချင်သူတွေ လည်း လာပြီး ဆော့ကစား ကြပါ မုန့်လေးတွေ လာစားကြပါ။ ပျော်စရာ အရမ်းကောင်းတာပါရှင့်

တွေ့ကြမယ်နော်… အားပေးဖို့ မမေ့နဲ့ရှင်။ 🥰🍜

မနက်ဖြန်သောကြာနေ့ဆိုင်ပိတ်ပါတယ်။ စနေနေ့မှ ပြန်ဖွင့်ပါမယ်ရှင့် 🙏🏻🙏🏻🙏🏻
06/08/2026

မနက်ဖြန်သောကြာနေ့ဆိုင်ပိတ်ပါတယ်။

စနေနေ့မှ ပြန်ဖွင့်ပါမယ်ရှင့် 🙏🏻🙏🏻🙏🏻

မနက်ဖြန် နေ့လည် ၁:၀၀ ကနေ ည ၇:၀၀ ထိပါ ❤️ကျောင်းကို လည်း လာရောက်ကြည့်ရင်း ပန်းလေးရဲ့ မြီးရှည် နံရိုးပေါင်းလေး စားကြပါအုံးန...
06/08/2026

မနက်ဖြန် နေ့လည် ၁:၀၀ ကနေ ည ၇:၀၀ ထိပါ ❤️

ကျောင်းကို လည်း လာရောက်ကြည့်ရင်း ပန်းလေးရဲ့ မြီးရှည် နံရိုးပေါင်းလေး စားကြပါအုံးနော် 🙏🏻🙏🏻🙏🏻

ที่อยู่

Chiang Mai

เวลาทำการ

อังคาร 07:30 - 14:00
พุธ 07:30 - 14:00
พฤหัสบดี 07:30 - 14:00
ศุกร์ 07:30 - 14:00
เสาร์ 07:30 - 14:00
อาทิตย์ 07:30 - 14:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 34 Meeshay Noodleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์