စပ် - SAP Spicy & Mala

စပ် - SAP Spicy & Mala ချင်းမိုင်မြို့တွင်း ပူပူစပ်စပ် ရှူးရှူးရှဲရှဲလေးတွေ စားချင်တယ်ဆိုရင် စပ် ကို သတိရလိုက်ပါ။
(1)

ကြက်သဲကြက်မြစ်ရဲ့ အစပ်အရသာကို ရွှေဖရုံသီးအချိုလေးနဲ့ ပြန်ထိန်း၊ ဘူးသီးဟင်းခါးကြာဆံဟင်းရည်လေးနဲ့ ငပိရည်၊ တို့စရာလေးနဲ့ ဖွ...
30/05/2026

ကြက်သဲကြက်မြစ်ရဲ့ အစပ်အရသာကို ရွှေဖရုံသီးအချိုလေးနဲ့ ပြန်ထိန်း၊ ဘူးသီးဟင်းခါးကြာဆံဟင်းရည်လေးနဲ့ ငပိရည်၊ တို့စရာလေးနဲ့ ဖွယ်ဖွယ်ရာရာဖြစ်အောင် ချက်ပေးခဲ့ပါတယ်။☺️😋 မနက်ဖြန်မှာတော့

-ကြက်ပေါင်လုံးကြော်
-သရက်ချဥ်သုပ်
-မုန်ညင်းဟင်းချို
-ငပိထောင်း ၊ တို့စရာဆိုတော့ စားကောင်းမှာ အသေအချာပါပဲ...Hello မင်မင်ဆိုတဲ့ msgလေးတွေ စောင့်နေမယ်နော် 🤩

#ချင်းမိုင်ချိုင့်ဆွဲ #မြန်မာထမင်းဟင်း #မြန်မာအိမ်ချက်လက်ရာ #ချိုင့်ဆွဲ

ရှယ်အမဲနှပ်၊ ငရုတ်သီးချက်၊ တို့စရာ၊ ဂေါ်ရခါးသီးချဥ်ရည်ဟင်းနဲ့ ရုံးပတီသီးကြော်နဲ့ စားကောင်းကြတယ်မလား? မနက်ဖြန်မှာတော့-ကြက...
29/05/2026

ရှယ်အမဲနှပ်၊ ငရုတ်သီးချက်၊ တို့စရာ၊ ဂေါ်ရခါးသီးချဥ်ရည်ဟင်းနဲ့ ရုံးပတီသီးကြော်နဲ့ စားကောင်းကြတယ်မလား? မနက်ဖြန်မှာတော့
-ကြက်သဲကြက်မြစ်အစပ်ကြော်
-ရွှေဖရုံသီးချက်
-ဘူးသီးဟင်းခါး
-ငပိရည် ၊ တို့စရာ စီစဥ်ထားပါတယ်။ စပ်ရဲ့ ထုံးစံအတိုင်း အကောင်းဆုံးချက်ပေးမှာမို့ Hello မင်မင်ရေသာ လုပ်လိုက်ပါတော့နော်...🤩😋

ဒီနေ့ကတော့ မြန်မာအချိုပွဲ မေတ္တာလက်ဆောင်ထည့်ပေးတဲ့နေ့လေးပါ။ ဝက်သားလုံးချက်လေးရယ်၊ မန်ကျည်းရွက်သုပ်လေးရယ်၊ ငရုတ်ကောင်းနို...
28/05/2026

ဒီနေ့ကတော့ မြန်မာအချိုပွဲ မေတ္တာလက်ဆောင်ထည့်ပေးတဲ့နေ့လေးပါ။ ဝက်သားလုံးချက်လေးရယ်၊ မန်ကျည်းရွက်သုပ်လေးရယ်၊ ငရုတ်ကောင်းနိုင်နိုင်ပေါက်ထားတဲ့ ဂေါ်ဖီဟင်းခါးပူပူလေး၊ ငပိရည် တို့စရာလေးနဲ့ ရိုးရိုးရှင်းရှင်း ခံတွင်းတွေ့စေမှာပါနော်။ ပြီးတော့ ပေါင်မုန့်သာကူကြိုလေး အချိုတည်းဆိုတော့ ဘာလိုသေးလဲ ကာကာတို့ရယ်ပေါ့🤩 မနက်ဖြန်မှာတော့

အမဲသားကို ရှယ်နှပ်ပါမယ်။ ရုံးပတီသီးကြော်ပါမယ်။ ငရုတ်သီးငပိချက်လေးနဲ့ တို့စရာလတ်လတ်ဆတ်ဆတ်တွဲပါမယ်။ အရည်သောက်ကတော့ ဂေါ်ရခါးသီးချဥ်ဟင်းလေး ချက်ပါမယ်။ ရေးရင်းနဲ့တောင် ဗိုက်ဆာလာလို့ အမြန်လေးသာ helloလိုက်ကြတော့နော်...😋

#စပ် #ချင်းမိုင်ချိုင့်ဆွဲ #မြန်မာအိမ်ချက်လက်ရာ #အိမ်ချက် #မြန်မာထမင်းဟင်း #ချင်းမိုင်

ပုစွန်ချိုချိုလေးကို ငရုတ်သီးစိမ်းမွှေးမွှေးလေးနဲ့ ရောချက်၊ ကန်စွန်းရွက်ကြော်၊ မုန်ညင်းဖြူဟင်းရည်ထဲ အသားလုံးလေးရောချက်တေ...
27/05/2026

ပုစွန်ချိုချိုလေးကို ငရုတ်သီးစိမ်းမွှေးမွှေးလေးနဲ့ ရောချက်၊ ကန်စွန်းရွက်ကြော်၊ မုန်ညင်းဖြူဟင်းရည်ထဲ အသားလုံးလေးရောချက်တော့ သဘာဝအချိုအရသာလေးပေါ့။ ပြီးတော့ ငပိရည်နဲ့တို့စရာလေး ကူလိုက်တော့ ပြီးပြည့်စုံတဲ့ မြန်မာ့အိမ်ချက်ထမင်းဝိုင်းလေး ဖြစ်ပြီပေါ့🦐😋 တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ အဆင်ပြေသလို မှာလို့ရပါတယ်။ မနက်ဖြန်အတွက် menuလေးကတော့
-ဝက်သားလုံးချက်
-မန်ကျည်းရွက်သုပ်
-ဂေါ်ဖီဟင်းခါး
-ငပိရည်
-တို့စရာလေးတွေ စီစဥ်ထားပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ စားမြိန်မယ့်ဟင်းအတွဲအစပ်လေးမို့ orderမပြည့်ခင် chatboxကို Helloလိုက်ပါတော့နော်🫢

#စပ် #အိမ်ချက် #မြန်မာအိမ်ချက်လက်ရာ #ချင်းမိုင်ချိုင့်ဆွဲ #မြန်မာထမင်းဟင်း #ချင်းမိုင် #ချိုင့်ဆွဲ

မိုးအေးအေးနေ့လေးမှာ ကြက်မွကြော်လေးရယ်၊ မုန်လာဥပိုးတီသုပ်လေးရယ်၊ ဂေါ်ရခါးသီးဟင်းရည်၊ ငပိထောင်းလေးနဲ့ စားမြိန်ကြတယ်မလား? တ...
26/05/2026

မိုးအေးအေးနေ့လေးမှာ ကြက်မွကြော်လေးရယ်၊ မုန်လာဥပိုးတီသုပ်လေးရယ်၊ ဂေါ်ရခါးသီးဟင်းရည်၊ ငပိထောင်းလေးနဲ့ စားမြိန်ကြတယ်မလား? တစ်ရက်တစ်ရက် ဟင်းmenuတွေ အတတ်နိုင်ဆုံးမတူအောင် စဥ်းစားပြီး အရသာရှိရှိ သန့်သန့်ရှင်းရှင်းချက်ပေးထားပါတယ်။ တစ်ခါလောက်တော့ စမ်းမှာကြည့်နော်😋 ကြိုက်သွားရင်တော့ မင်မင်တို့ ချိုင့်ဆွဲတာဝန်ယူပေးပါရစေ🫢 မနက်ဖြန်မှာတော့
-ပုစွန်ငရုတ်သီးချက်
-ကန်စွန်းရွက်ကြော်
-မုန်ညင်းဖြူဟင်းချို
-ငပိရည် ၊ တို့စရာ စီစဥ်ထားလို့ chatbox လာပြီး မင်မင်ရေလို့သာ လာမှာလိုက်ကြတော့နော်....

#စပ် #ချင်းမိုင်ချိုင့်ဆွဲ #မြန်မာအိမ်ချက်လက်ရာ #မြန်မာထမင်းဟင်း

ဝက်သားသုပ်ချဥ်ချဥ်စပ်စပ်လေး၊ ပန်းစိမ်းကြော်၊ ငပိထောင်း၊ တို့စရာ၊ ခဝဲသီးဟင်းရည်... အမလေး...ရေးရင်းနဲ့တောင် စားချင်သွားပြီ...
25/05/2026

ဝက်သားသုပ်ချဥ်ချဥ်စပ်စပ်လေး၊ ပန်းစိမ်းကြော်၊ ငပိထောင်း၊ တို့စရာ၊ ခဝဲသီးဟင်းရည်... အမလေး...ရေးရင်းနဲ့တောင် စားချင်သွားပြီ😋 စားလို့လည်းကောင်း၊ အာဟာရလည်း ပြည့်အောင် စေတနာအပြည့် ချက်ပေးထားလို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်ရှင်။ မနက်ဖြန်ဟင်းလေးကတော့

-ကြက်မွကြော်
-မုန်လာဥဖြူပိုးတီသုပ်
-ဂေါ်ရခါးသီးချဥ်ရည်ဟင်း
-ငပိရည်လေးနဲ့ ဖွယ်ဖွယ်ရာရာ စားမြိန်အောင် ချက်ပေးမှာမို့ ထုံးစံအတိုင်း chatboxကိုသာ အပြေးလေးလာမှာလိုက်ကြတော့နော်...🏃‍♀️🏃‍♂️

#စပ် #ချင်းမိုင်ချိုင့်ဆွဲ #အိမ်ချက် #မြန်မာထမင်းဟင်း

ဒီနေ့တော့ ငယ်ငယ်က အမေချက်ကျွေးသလို ဝက်သားဆီပြန်အနှစ်တွေနဲ့ ထမင်းကိုနယ်၊ ပန်းမုန်လာကြော်ချိုချိုလေးထည့်စား၊ ငပိရည်ကို သခွ...
24/05/2026

ဒီနေ့တော့ ငယ်ငယ်က အမေချက်ကျွေးသလို ဝက်သားဆီပြန်အနှစ်တွေနဲ့ ထမင်းကိုနယ်၊ ပန်းမုန်လာကြော်ချိုချိုလေးထည့်စား၊ ငပိရည်ကို သခွားသီးနဲ့တို့ပြီး တဂျွမ်းဂျွမ်းကိုက်၊ အအီပြေ မုန်လာဥချဥ်ရည်လေးနဲ့ ထမင်းစားကောင်းချက် 9+ပါပဲ😋 သန့်သန့်ရှင်းရှင်း၊ အာဟာရပြည့်ပြည့်၊ မြန်မာ့အိမ်ချက်အရသာစားချင်ရင်တော့ 'စပ်'ကို သတိရလိုက်ပါ။ တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ အဆင်ပြေသလို မှာလို့ရပါတယ်နော်🤩

#စပ် #မြန်မာအိမ်ချက်လက်ရာ #ချင်းမိုင်ချိုင့်ဆွဲ #မြန်မာထမင်းဟင်း #အိမ်ချက်

Heyyy!!! ဒီနေ့ ဘာဟင်းနဲ့ စားကြလဲ?  တို့'စပ်'အဖွဲ့ကတော့ပြည်ကြီးငါး အချိုချက်လေးရယ်၊ မန်ကျည်းရွက်ဟင်းချိုလေးရယ်၊ မျှစ်ကြော...
22/05/2026

Heyyy!!! ဒီနေ့ ဘာဟင်းနဲ့ စားကြလဲ? တို့'စပ်'အဖွဲ့ကတော့ပြည်ကြီးငါး အချိုချက်လေးရယ်၊ မန်ကျည်းရွက်ဟင်းချိုလေးရယ်၊ မျှစ်ကြော်လေးရယ်၊ ငရုတ်သီးထောင်းစပ်စပ်၊ တို့စရာနဲ့ စားကြတယ်။ ပင်လယ်စာမစားတဲ့ ကာကာတွေအတွက်လည်း ကြက်သည်းကြက်မြစ်လေး ချက်ပေးဖြစ်ပါတယ်။😋 မနက်ဖြန်မှာတော့

-ကြက်သားကြော်
-သရက်သီးစိမ်းသုပ်
-ပဲကြာဆံဘူးသီးဟင်းခါး
-ငပိထောင်း၊ တို့စရာလေးတွေ စီစဥ်ထားပါတယ် 🤩 မနက်ဖြန်ဟင်းအတွဲအစပ်လေးက ကြိုမှာထားကြတဲ့သူတွေများလို့ orderမပိတ်ခင် မြန်မြန်လေးလာမှာလိုက်ကြတော့နော်...🥳

#စပ် #ချင်းမိုင်ချိုင့်ဆွဲ #အိမ်ချက် #မြန်မာထမင်းဟင်း

မင်မင်တို့ ဒီရက်ပိုင်းတွေ ဘယ်ပျောက်နေကြလဲလို့ တွေးမိကြသေးလား။ ဒီတလောမှာ မင်မင်တို့ အလုပ်တွေ ပိပြီး postတင်မအားနေကြလို့ပါ...
21/05/2026

မင်မင်တို့ ဒီရက်ပိုင်းတွေ ဘယ်ပျောက်နေကြလဲလို့ တွေးမိကြသေးလား။ ဒီတလောမှာ မင်မင်တို့ အလုပ်တွေ ပိပြီး postတင်မအားနေကြလို့ပါရှင်😅 Postမတင်ဖြစ်ပေမယ့် နေ့တိုင်း ကာကာတွေ စားလို့မြိန်အောင် အကောင်းဆုံးကြိုးစားချက်ပြီး အိမ်တိုင်ရာရောက် ပို့ပေးနေပါတယ်။ ဒီတစ်ပတ် menuလေးကလည်း စပ်ရဲ့ထုံးစံအတိုင်း ဆီနည်းနည်း၊ ဟင်းချိုမှုန့်မသုံးဘဲ သန့်သန့်ရှင်းရှင်း အာဟာရရှိရှိ ချက်ပေးမှာဆိုတော့ တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ အဆင်ပြေသလို မှာလို့ရပါပြီနော်😋

#စပ် #မြန်မာအိမ်ချက်လက်ရာ #ချင်းမိုင်ချိုင့်ဆွဲ #မြန်မာထမင်းဟင်း

စပါးလင်အနံ့သင်းသင်းနှင့် နူညံ့တဲ့ သဘာဝအရသာအချိုဓာတ်လေးနဲ့ ငါးခူစင်းကောလေးကိုရာသီပေါ် သရက်သီးတို့စရာလေးနဲ့ ခံတွင်းတွေ့ကြလ...
06/05/2026

စပါးလင်အနံ့သင်းသင်းနှင့် နူညံ့တဲ့ သဘာဝအရသာအချိုဓာတ်လေးနဲ့ ငါးခူစင်းကောလေးကို
ရာသီပေါ် သရက်သီးတို့စရာလေးနဲ့ ခံတွင်းတွေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်

မနက်ဖြန်တော့
ကြက်ပဲဟင်းလေးကို အအီပြေ ခရမ်းချဉ်သီးသုတ်လေးနဲ့ စားကြမယ်နော်
မြန်မာမုန့် အချိုပွဲလေးကတော့
ချိုချိုအီအီ ပေါင်မုန့်အုန်းနို့ဆမ်းလေးပေါ့ရှင်

#ချင်းမိုင်ချိုင့်ဆွဲ #မြန်မာထမင်းဟင်း #ချင်းမိုင် #အိမ်ချက် #မြန်မာအိမ်ချက်လက်ရာ #စပ်

ที่อยู่

Chiang Mai
50300

เวลาทำการ

จันทร์ 08:00 - 21:00
อังคาร 08:00 - 21:00
พุธ 08:00 - 21:00
พฤหัสบดี 08:00 - 21:00
ศุกร์ 08:00 - 21:00
เสาร์ 08:00 - 21:00
อาทิตย์ 08:00 - 21:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ စပ် - SAP Spicy & Malaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์