Zin Maung Maung အထှာလေးတော့ရှိကြ

ကိုလျှောက်တဲ့လမ်းကမှန်ကန်ရင် ကျန်ခဲ့တဲ့ခြေရာတောင်သိက္ခာရှိတယ်
08/03/2026

ကိုလျှောက်တဲ့လမ်းက
မှန်ကန်ရင်
ကျန်ခဲ့တဲ့ခြေရာတောင်
သိက္ခာရှိတယ်

လူတိုင်းလူတိုင်းက ကောင်းတာလုပ်ရင်သာတလောကလုံးကို သိစေချင်ကြတာမကောင်းတာလုပ်ရင်တော့ ဘယ်သူမှသူစေချင်ကြတာ မဟုတ်ဘူးမင်းသူတို့အ...
16/02/2026

လူတိုင်းလူတိုင်းက ကောင်းတာလုပ်ရင်သာ
တလောကလုံးကို သိစေချင်ကြတာ
မကောင်းတာလုပ်ရင်တော့ ဘယ်သူမှ
သူစေချင်ကြတာ မဟုတ်ဘူး

မင်းသူတို့အပေါ်မှာ ဘယ်လောက်ပဲကောင်းခဲ့ပါစေ
သူတို့အကြိုက်ကို မလိုက်နိုင်တော့တဲ့တစ်နေ့
နောက်လူကိုပြောပြတဲ့ ဇာတ်လမ်းထဲမှာ
မင်းဟာ လူကြမ်းကြီး ဖြစ်သွားရအုံးမှာပဲ

လူတွေက...သူတို့နဲ့အဆင်ပြေနေတုန်းသာ
အကောင်းပြောတာ သူတို့နဲ့အဆင်မပြေတော့ဘူး
ဆိုတာနဲ့ ကောင်းခဲ့တာတွေကို သတိမရတော့ဘူး
မကောင်းတာပဲ ရွေးပြောကြတော့တာ

ဒါကြောင့်...တဖက်ပဲနားထောင်မယ်ဆိုရင်
လူတိုင်းက သူတို့ပြောပြတဲ့ ဇာတ်လမ်းထဲမှာ
အကုန်သူတော်ကောင်းတွေချည်း ဖြစ်သွားရလိမ့်မယ်

သူ့ဖက် ကိုယ့်ဖက်ကို မျှတွေးပေးတတ်တဲ့
အသိဥာဏ်ရှိမှသာ ဘယ်ဟာကအမှား/အမှန်
ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမညဆိုတာ
သိနိူင်တာပါ...။


Nay Min Kha

ဘာအထှာလည်းစကားပုံတွေမေ့‌နေပီနော်မနောက်နဲ့
25/01/2026

ဘာအထှာလည်းစကားပုံတွေမေ့‌နေပီနော်မနောက်နဲ့

မြန်မာ​တွေ သူများနိုင်ငံမှာဒုက္ခ​ရောက်ကြလို့ …ထိုင်းကိုလည်း အပြစ်မတင်နဲ့ ….မလေးကိုလည်း အပြစ်မတင်နဲ့ ….အမေရိကားလည်း အပြစ်...
23/01/2026

မြန်မာ​တွေ သူများနိုင်ငံမှာ
ဒုက္ခ​ရောက်ကြလို့ …

ထိုင်းကိုလည်း အပြစ်မတင်နဲ့ ….

မလေးကိုလည်း အပြစ်မတင်နဲ့ ….

အမေရိကားလည်း အပြစ်မတင်နဲ့ …

သူတို့ အဘိုးအဘွား
သူတို့ အဖေအမေတွေက
သူတို့နိုင်ငံကို သခင်နိုင်ငံဖြစ်အောင်
ကြိုးစားသွားကြတာ ….

သူတို့နိုင်ငံ ရဲ့ အုပ်ချုပ်သူအဆက်ဆက်က
လူတွေ အုပ်ချုပ်သွားကြတာ …

ငါတို့နိုင်ငံအုပ်ချုပ်ရေးကို
လူတွေလက်ထဲကိုထည့်နိုင်အောင်
ကြိုးစားကြစမ်းပါ …

ခေါင်းမော့ရင်ကော့ပြီး
သခင်တစ်ယောက်ပမာ ကြွေးကြော်နိုင်အောင်
ကြိုးစားကြစမ်းပါ ….

ငါနဲ့ မဆိုင်ဘူး
ငါက အနေသာကြီး
ငါက နိုင်ငံရေး စိတ်မဝင်စားဘူး
ငါက ပြည်ပမှာ အေးအေးဆေးဆေးပဲ လို့
တွေးထားတဲ့သူတွေ ….
ခုတော့ …
သူတို့​တွေရဲ့အိမ်တံခါးတွေကိုလည်း
လာခေါက်တာခံနေရပြီ …

မြန်မာပြည်

သဟဇာတဖြစ်တဲ့ရာသီဥတု

စီးပွါးရေးအလားအလာရှိတဲ့ ရေခံမြေခံ

သင့်တင့်လျောက်ပါတ်တဲ့လူဦးရေ

ပင်လယ်သမုဒ္ဒယာ ၊ မြစ်​ချောင်းအင်းအိုင်
စိမ်းလမ်းစို​ပြေတဲ့ သဘာဝ​တော​တောင်

တစ်သက်စားမကုန်နိုင်​အောင်​ပေါကြွယ်လှတဲ့
ရေ​/မြေ သယံဇာတ …

မဟာဗျူဟာအရအချက်အချာကျတဲ့နေရာ

ဒီလောက်ကောင်းတဲ့နိုင်ငံ
ငါတို့တွေ ဘာကြောင့်ဒုက္ခတွေရောက်နေကြလဲ

စဉ်းစား …

ပြောင်းလဲချိန်တန်ပြီ မဟုတ်ဘူး
ပြောင်းလဲချိန်အရမ်းနောက်ကျနေပြီ …
Crd

18/01/2026

ယုံကြည်မှုကို တန်ဖိုးထားပါ
တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး
ဖိနပ်က နှစ်ဖတ်ရှိမှ ခရီးရောက်တာ
ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ တစ်ယောက်တည်း ရှိယုံနဲ့မရဘူး။
သူ့ဘက် ကိုယ့်ဘက်ရှိမှ
အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ
ပျတ်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။
ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။
ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုတ်ဆံကို
မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ်။
ယုံကြည်လို့ ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။
ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို
တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။
ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို
နာကျင်ဒဏ်ရာတွေ မပေးရဘူး။
ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။
အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ်
ကိုယ်ချင်းစာတရားတွေပါတယ်
သံယောဇဉ်တွေပါတယ်။
ဒါကြောင့် ယုံကြည်မှုကို
လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး တကယ်လို့
ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ
တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ်။
ဒီလိုဘဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။
ဒါပေမယ့်
တကယ် ဝမ်းမနည်းပါဘူး
စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။
အဲ့ဒါက ဘာလဲဆိုတော့
အရင်လို စေတနာတွေ အကူအညီတွေ
ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ။
ယုံကြည်မှုကို တန်ဖိုးထားပါ။
တစ်ချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ
ပြန်ရနိုင်တဲ့ထိ ဈေးမပေါဘူးလေ။

18/01/2026

တစ်ဖက်သတ်နိုင်ပွဲနဲ့
အဆုံးမသတ်မိစေနဲ့

#နှောရိုးသား

နိုင်ပွဲလေးပြန်တွေလို့ဝမ်းသာပါတယ်
17/01/2026

နိုင်ပွဲလေးပြန်တွေလို့ဝမ်းသာပါတယ်

ที่อยู่

F226+RPQ Khlong Tamru, Chon Buri District, Chon Buri
Chon Buri

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Zin Maung Maungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์