Chit Daily Life ကျေးလက်ဘဝနေထိုင်မှု / Country life)

02/09/2026

ဘာဟင်းချက်ကြလဲ
လယ်ငါး၊ချောင်းငါးချိူချိူလေးတွေ
ချက်တယ်
ပုဇွန်ကြော်စပ်စပ်၊
ငပိရည်ဖျော်ငရုတ်သီးစပ်စပ်နဲ့
ထမင်းမိန်မိန်စားကြမယ

02/09/2026

ကျိူက်ထော်မှာ
ငါးသလောက်ပိုက်ချတော့
ကျိူက်ထော်ငါးသလောက်ဆို
လတ်လတ်ဆတ်ဆတ်ရတယ်
အစိမ်းမှာကို မွှေးနေတာ
ချက်လိုက်ရင်လဲချိူနေတာပဲ
ငါးသလောက်ချက်ရင်
ဟင်းခပ်အမွှေးအကြိုင်ဘာမှမထည့်ဘူး
သူ့ရဲ့အနံ့နဲ့တင်ပြည့်စုံတယ်
ကွမ်းခြံကုန်းငါးသလောက်လဲရှိတယ်
မြစ်ကတော့တဆက်ထဲပါ
ကွမ်းခြံကုန်းမှာဖမ်းတော့
ကွမ်းခြံကုန်းငါးသလောက်ဖြစ်တာပေါ့
အရသာကအတူတူပဲရှယ်

အစပ်စားနိုင်ရင် လာခူးကြပါတပင်စိုက်ထားရင် အမုန်းစားပဲ
01/09/2026

အစပ်စားနိုင်ရင် လာခူးကြပါ
တပင်စိုက်ထားရင် အမုန်းစားပဲ

မင်္ဂလာနံနက်ခင်းပါရှင် တောတောင်သဘာ၀ကစိတ်ကိုအေးချမ်းစေပါတယ် လူသားအားလုံးစိတ်ပျော်ရာအရပ်မှာနေနိုင်ကြပါစေ  #ကျေးလက်ဘ၀ #အင်ခ...
31/08/2026

မင်္ဂလာနံနက်ခင်းပါရှင်
တောတောင်သဘာ၀က
စိတ်ကိုအေးချမ်းစေပါတယ်
လူသားအားလုံး
စိတ်ပျော်ရာအရပ်မှာ
နေနိုင်ကြပါစေ

#ကျေးလက်ဘ၀
#အင်ခိုင်ဘွမ်
#အိမ်မက်တွေအကောင်အထည်ဖော်နိုင်ကြပါစေ

ဂျီ(ချေ)သားဆီပြန် ကိုယ်တွေကတော့ ဘာအသားရရ ဆီပြန်ချက်တော‌ချက်ပေါ့ အဲ့နေ့က ဂျီရတော့အဘနဲ့ဦးမုဆိုးကဂျီချေးခါးချက်ကြွေးမယ်ဟေ့တ...
30/08/2026

ဂျီ(ချေ)သားဆီပြန်
ကိုယ်တွေကတော့ ဘာအသားရရ ဆီပြန်ချက်
တော‌ချက်ပေါ့
အဲ့နေ့က ဂျီရတော့
အဘနဲ့ဦးမုဆိုးက
ဂျီချေးခါးချက်ကြွေးမယ်ဟေ့တဲ့
ကလီစာတွေများများနဲ့ချက်ထားတဲ့အပြင်
အရောင်အဆင်းက ခပ်ဖွေးဖွေးဆိုတော့ မစားချင်ဘူး
စားမိတယ်ဆိုလည်း
တတုံးပြီးတတုံးနှိုက်မိနေရော
အရသာက ခါးဆိမ့်ဆိမ့်လေး
ထည့်ထားတဲ့ဟင်းခပ်အမွှေးအကြိုင်တွေကလဲ
လုံး၀သဘာ၀
ပုံကတော့
ကိုယ်ချက်တဲ့ဆီပြန်ဟင်းကိုပဲရိုက်ထားမိတယ်
ဂျီချေးခါးဟင်းကိုရိုက်ဖို့
စားလို့ကုန်မှသတိရတယ်😁
ဂျီကလဲ ဘယ်လောက်ပေါလဲဆို
ကိုယ့်ရှေ့ဖြတ်ဖြတ်ပြေးနေလို့
ဒီဆိတ်က ရိုင်းလှပါလားပေါ့
နောက်တော့မှ ဂျီမှန်းသိတယ်

ဆိတ်ထက် အရပ်ကလေးနည်းနည်းမြင့်တယ်
ဂျီအီးဂျီလန့်တဲ့
သည်းခြေမပါလို့
အရမ်းလန့်တတ်တဲ့သတ္တဝါလို့ ပြောကြတာပဲ
ဟုတ်မဟုတ်တော့ သေချာမသိဘူး
ဂျီသာ ပေါပေါမြင်ခဲ့တာ
ဆတ်သားခြောက်ဆိုပြီး
ဈေးကွက်ထဲမှာအမြဲတွေ့နေရတာနော်
ကျနော်နေခဲ့တဲ့ နှစ်နှစ်အတွင်း
ဆတ်တကောင်ပဲရတာတွေ့ဖူးတယ်
အဲ့ဒါတောင် သူတို့ဘက်မှာပစ်တာ
ထိပြီးမှပြေးလာလို့
လီဆူးမုဆိုးတွေလိုက်လာတာ
တောင်လေးလုံးကျော်တယ်တဲ့

30/08/2026

သိပ်မစပ်ရှာပါဘူး🥴

ဦးလေးရဲ့ဘူးစိုက်ခင်းနဲ့ ၊ကြက်ဟင်းခါးခြံ
29/08/2026

ဦးလေးရဲ့ဘူးစိုက်ခင်းနဲ့ ၊ကြက်ဟင်းခါးခြံ

28/08/2026

ချဉ်ပေါင်နဲ့မျှစ်နဲ့ကြော်စားချင်လည်း
ချက်ခြင်းထခုတ်ပြီးပြုတ်လိုက်ရုံပဲ
မျှစ်ပြုတ်ရှိမှတော့
ငပိရည်ကမကျိူလို့မဖြစ်တော့ဘူး
ငပိရည်နဲ့မျှစ်ပြုတ်ရှိရင်
အိပ်လို့ကိုမပျော်ပါဘူးအေတဲ့
တောင်ယာလုပ်စားသူ
အများစုကတော့
ရိုးရှင်းတယ်၊လောဘနည်းတယ်၊အေးချမ်းတယ်

မှိုဝိုင်းနှုတ်ပေးကြပါအုံး ဘာမှိုလဲရော သိကြရဲ့လား
28/08/2026

မှိုဝိုင်းနှုတ်ပေးကြပါအုံး
ဘာမှိုလဲရော သိကြရဲ့လား

28/08/2026

အိမ်ကကြက်ဖကလဲ
လှလှလေးမတွန်ဘူး
ငါတွန်ပြချင်တယ်
လူထူပြီဆိုအရှက်ခွဲ😎

ที่อยู่

Pak Kret

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chit Daily Lifeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์