PhyUnique

PhyUnique ✨ “PhyUnique – Learning, Living & Sharing Uniquely” ✨

✨ “2026 is not just a new year. It’s a new chapter.I am wishing love, money & peace for every soul watching this vlog.” ...
31/12/2025

✨ “2026 is not just a new year. It’s a new chapter.
I am wishing love, money & peace for every soul watching this vlog.” ✨

HAPPY New Year 2026

🎄✨ Merry Christmas from PhyUnique ✨🎄This beautiful season reminds us to slow down, breathe deeply, and be grateful for a...
24/12/2025

🎄✨ Merry Christmas from PhyUnique ✨🎄

This beautiful season reminds us to slow down, breathe deeply, and be grateful for all the little miracles in our lives. May your Christmas be filled with peaceful moments, gentle smiles, warm hearts, and hopeful thoughts for the days ahead 🤍

As the year comes to an end, we wish you clarity for your dreams, strength for your journey, and confidence to step into your next chapter with light and positivity.No matter where you are in life right now. Your future is still full of beautiful possibilities ✨

10/12/2025

⭐ A positive mind doesn't mean life is perfect.

It means you're learning to hold peace in the middle of chaos. ⭐

09/12/2025

🗺️ Göreme to Uçhisar kalesi ကိုသွားလည်တာလေးပါနော်

🚌 Göreme Otogar မှာ English လိုမေးပြီး ကားစီးလို့ရပါတယ်

💸 တယောက်ကို 50 Turkish Lira ဆိုတော့ 1$ လောက်ဘဲကျပါတယ်

👣🚶 ကားပေါ်ကနေဆင်းရင်တော့ Uçhisarကိုရောက်မယ့် တောင်ပေါ်ကို နည်းနည်းတက်ရပါတယ်ရှင်။

📽️ Video နောက်ဆုံးမှာတော့ အလှပုံလေးတွေ ထည့်ထားပါတယ်နော်

✨ လှလှလေး၀တ်ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါဦးနော် ❤️

☔☁️ ရာသီဥတုအေးတယ်နော် အနွေးထည်ထူထူလေးတော့ ယူသွားသင့်ပါတယ်။ ✨🥼

09/12/2025

🤍 Sharing is caring ဆိုတဲ့အတိုင်း ကျမ Cappadocia ရောက်နေချိန်မှာ တွေ့ရ မြင်ခဲ့ရတာလေးတွေရယ်
နောက်ပြီး ဘယ်လို Processing တွေကို PHYU EDU ကနေ အဓိက တာ၀န်ယူ ဆောင်ရွက်ပေးနေတယ်ဆိုတာလေးကို ရှင်းပြထားချင်ဖြစ်ပါတယ်နော်။ 🤍

08/12/2025

POV : me as a travel vlogger 😆😁

08/12/2025

✨ ချစ်ရသော သူတို့ရေ PhyUnique Vlog ကနေ
ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ ✨

🎈 Cappadocia ကို လာဖို့ မေးတဲ့သူတွေ များတာမို့ ဖြေပေးတာပါနော်။

Cappadocia က Nevşehir ဆိုတဲ့ မြို့မှာတည်ရှိပါတယ်နော်။

Zone က ၄ ခု ရှိပါတယ်ရှင့်

⭐ Nevşehir
⭐ Ürgüp
⭐ Göreme
⭐ Avanos

🚍 Göreme Otogar လို့ ပြောပြီးဆင်းတာက အ‌ဆင်
အပြေဆုံးလို့ ထင်ပါတယ်။

🛫 လေယာဉ်နှင့်လာမယ်ဆိုရင်လဲ Nevşehir airport/Kayseri airport မှာ ဆင်းလို့ရပါတယ်နော်။
Airport Shuttle တွေရှိပါတယ်။

Kayseri ဆိုရင်တော့ ပိုဝေးတာပေါ့နော်။

🛌 Hotel တွေကိုတော့ Agoda, Trip.com and Booking.com တို့ကနေ ကြည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်လို့ရပါတယ်ရှင့်။

💸 Budget saving ဖြစ်ချင်ရင်တော့ Public Transportation တွေကို အသုံးပြုပြီးသွားလို့ရပါတယ်ရှင်။

💼🧳ကျမကတော့ Work and Travel ဖြစ်တာမို့ နေရာအများကြီး မသွားခဲ့နိုင်ပါဖူးရှင့်။

Uçhisar kalesi, Göreme open air museum တို့ကိုဘဲ ကျမရောက်ခဲ့ပါတယ်။

တခြားသော နာမည်ကြီးတဲ့နေရာတွေလဲရှိပါတယ်နော်။

Balloons ကတော့ ရာသီဥတုမကောင်းလို့ မကြည့်ခဲ့ရပါဖူးရှင်။

နောက်ထပ် vlog တွေမှာ ထပ်တွေ့ပါမယ်နော်။ ❤️

Based on my truth story လေး တခု ပြောပြချင်ပါတယ်နော် 🤗ကိုယ့်လက်ချောင်းတွေ  မတူညီကြတာကို သတိထားမိကြတယ်မဟုတ်လားရှင် 😊နိုင်င...
17/11/2025

Based on my truth story လေး
တခု ပြောပြချင်ပါတယ်နော် 🤗

ကိုယ့်လက်ချောင်းတွေ မတူညီကြတာကို သတိထားမိကြတယ်မဟုတ်လားရှင် 😊

နိုင်ငံရပ်ခြားမှာ နေကြတဲ့ အခါ တယောက်နဲ့ တယောက် ကံတရားရယ် ကြိုးစားအားထုတ်မှုရယ် ဉာဏ်ရယ် ပါရမီရယ်ကြောင့် 🍀

တခြားသူတွေ ဘယ်လောက် အဆင်မပြေဖူး ပြေတယ်
ပြောပြော ကိုယ်နဲ့ကျ ပြေနေတတ်တယ် မပြေတာလဲ
ဖြစ်တတ်တယ်နော် 🤍

အသက် ၂၀ ကတည်းက ရုန်းကန်ရတဲ့သူရဲ့ ရင့်ကျက်မှုက အသက် ၃၀ မှ စရုန်းကန်ရမယ့်သူနဲ့တော့ အတွေ့အကြုံတွေ ကွာခြားမှာပါ ✨

တခုဘဲ တွေးရမှာက တက်နဲ့ လှော်မရရင် လက်နဲ့လှော်မယ်ဆိုတာပါဘဲ 🤗
Positive Mind concept လို့ပြောလိုက်ရင်လဲ
ကိုယ်မို့ သူမို့နဲ့ လိုက်ယှဉ်ကြည့်တတ်ကြပါတယ် 🌝

ဆင်လဲ ဆင်အထွာနဲ့ နာကျင်မှုခက်ခဲမှုရယ်နဲ့ပါ
ဆိတ်လဲ ဆိတ်အထွာနဲ့ ပေါ့ 🥹

IQ နဲ့ မရရင် EQ ကိုသုံးဖို့လိုပါတယ်
လိုက်လျောညီထွေ ရှိကိုရှိရပါတယ်
သူများနိုင်ငံမှာ သုည ကနေ စရပ်တည်ရတာမို့
စိတ်ခွန်အား လူခွန်အား ပတ်၀န်းကျင် အသစ်
အကုန်လုံးက ကိုယ့်အတွက် အကုန် အသစ်ပါကွယ် 👊

နိုင်ငံခြားကို ဘယ်လောက် တတ်နိုင်တဲ့သူဘဲ သွားသွား
မတတ်နိုင်တဲ့သူဘဲ သွားသွား👌

ငွေနဲ့ အရာအားလုံးဖြေရှင်းလို့မရတာမို့
စိတ်ဓာတ်မာကျောနေဖို့က အဓိက လိုပါတယ်နော် 💪

အားလုံးသောသူများ ကျန်းမာချမ်းသာစွာဖြင့် အဆင်ပြေပြေ ဖြတ်ကျော်နိုင်ဖို့ရာ ဆုတောင်းပေးပါတယ်။ 🙏🙏🙏

16/11/2025

✨ Journaling ကို ဘယ်လိုမျိုးရေးရင် ကိုယ့်အတွက် စိတ်သက်သာမှု ရစေသလဲ ဆိုတာလေးကို ပြောပြထားပါတယ်✨

13/11/2025

ဘ၀ မှာ ဖြစ်ချင်သလို မဖြစ်လာရင် ဖြစ်အောင် က ရတဲ့ ဇာတ်သဘင်သည်တွေပါ ❤️တခုဘဲ ယုံကြည်ထားရမှာက အချိန်တခုရောက်မလာသေးရင် ကိုယ်လိ...
11/11/2025

ဘ၀ မှာ ဖြစ်ချင်သလို မဖြစ်လာရင်
ဖြစ်အောင် က ရတဲ့ ဇာတ်သဘင်သည်တွေပါ ❤️

တခုဘဲ ယုံကြည်ထားရမှာက အချိန်တခုရောက်မလာသေးရင် ကိုယ်လိုချင်သလို ဘယ်လိုမှမဖြစ်နိုင်ဖူး

ဇွဲ လုံလ ဝီရိယရယ် အရမ်းကိုမှ အရေးကြီးတယ်
ကိုယ့်ရဲ့ကံက ကြိုးစားမှုပေါ် မူတည်ပြီး
အလ္လာ(ဘုရားသခင်) က ပေးပါလိမ့်မယ်

ရှုံးနိမ့်မှု စွပ်စွဲမှု တိုက်ခိုက်မှု မနာလိုမှုတွေ ဆင်းရဲမှုကို
တုံ့ပြန်ရတာ ပိုလွယ်တယ် သည်းခံရတာထက်

တခုဘဲ အမြဲ စိတ်ထဲ ထားခဲ့တာက
အဆိုးဆုံးတွေပြီးရင် အကောင်းဆုံးတွေ လာမယ်

အဆိုးတွေ ဖြစ်လာရတာ ကောင်းတဲ့ Transformation တခု ကို ပြောင်းလဲဖို့ဘဲ

ကံက ရပ်နေရင် ဇွဲ လုံလ ဝိရီယ နဲ့ ဉာဏ်ကို လွှာသုံးဖို့ဘဲ

၂၀၂၅ ကို အရမ်းမျှော်လင့်ထားခဲ့တာ
ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါလဲ နေတတ်အောင် နေဖို့ က ခဲ့ရတဲ့ သဘင်သည်လေး
ဒေါ်ကြည်ဖြူနှင်းစက် ဖြစ်ခဲ့ပါပြီ။

မေ‌မေ့ကို မထင်မှတ်ဘဲ အနားကိုခေါ်ထားနိုင်ခဲ့တာတော့ ဘ၀ရဲ့ အမှတ်တရဘဲ 😊🤗

#11112025

25/09/2025

Merhaba!!! အားလုံးပဲ မင်္ဂလာပါ

ဒီနေ့မှာတော့ ကျမတို့ Phyu Edu မှာ တူရကီ ဘာသာစကားနဲ့ ပတ်သက်ပြီး သင်တန်းစုံစမ်းတဲ့သူတွေအတွက် သတင်းကောင်းလေး ရှိပါတယ်ရှင့်။🥰

✅အဲ့တာကတော့ ကျမတို့ Phyu Edu ကနေတူရကီဘာသာစကားကို အခြေခံ A1 level မှ C1 ထိ သင်ကြားနိုင်မယ့် သင်တန်းတွေ ဖွင့်လှစ်သွားမှာပါ ဖြစ်ပါတယ်။ ✅

သင်ကြားပေးမယ့် ဆရာကတော့ Regaib Albayrak ဖြစ်ပြီး ဆရာ့ရဲ့ မိတ်ဆက် Video လေးကိုလည်း အောက်မှာ ကြည့်ရှူနိုင်ပါတယ်။

🤩Native speaker တယောက်ဖြစ်သည့်အပြင် ဆရာကိုယ်တိုင်ကလည်း စာသင်သည့်အတွေ့အကြုံ ၁၀ နှစ်တိတိ ရှိတာဖြစ်ပါတယ်။ 🤩

သင်တန်းကို စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူ မည်သူမဆို WhatsApp number +90552 187 18 07 သို့ဖြစ်စေ၊ Page Cb သို့ဖြစ်စေ လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဪ…ဒါနဲ့ စိတ်ဝင်စားတဲ့သူတွေအတွက် ကျမတို့ဘက်ကနေ free course စီစဉ်ပေးထားပါတယ်။

⏰အချိန်ကတော့ လာမယ့် စက်တင်ဘာ ၂၉ရက်နေ့၊ တူရကီအချိန် ညနေငါးနာရီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအချိန်နဲ့ဆိုရင်တော့ ည၈နာရီခွဲ အချိန်ပါ။ ⏰

Address

Istanbul

Alerts

Be the first to know and let us send you an email when PhyUnique posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share