Alisa's POV

Website Contact the business

Alisa's POV Myanmar Marketing Girl in Dubai. Sharing her daily life moments and her experiences✨

10/14/2026

အလုပ်လျှောက်တဲ့အခါ ကိုယ့် Application ကိုပိုသတိထားမိစေဖို့ Alisa လုပ်ဖြစ်တဲ့အရာ ၄ ခု 💼

Alisa အလုပ်လျှောက်တဲ့အခါ Apply နှိပ်ပြီးရုံနဲ့ မပြီးသေးဘူး။ ကိုယ့် Application ကို ပိုသတိထားမိဖို့၊ ကိုယ့်အတွေ့အကြုံတွေကို ပိုရှင်းရှင်းလင်းလင်း ပြနိုင်ဖို့ ဒီအချက် ၄ ချက်ကို လုပ်ဖြစ်တယ်။ တစ်ခုချင်းစီ မျှဝေပေးမယ်နော်။

1️⃣ JD ကိုဖတ်ပြီး CV ကို အလုပ်နဲ့ကိုက်အောင် ပြင်တယ်

JD ထဲက အဓိကတာဝန်တွေနဲ့ မဖြစ်မနေလိုတဲ့ Skills တွေကို သေချာဖတ်တယ်။ ကိုယ်လုပ်ဖူးတာနဲ့ ဆင်တူတဲ့အပိုင်းတွေရှိရင် အဲဒီ Experience တွေကို CV မှာ ပိုပေါ်လွင်အောင် ရေးတယ်။ ကိုယ့်အတွေ့အကြုံနဲ့ ကိုက်ညီတဲ့ Keywords တွေကိုသုံးပြီး ATS ဖတ်ရလွယ်အောင် Layout နဲ့ Heading တွေကို ရိုးရိုးရှင်းရှင်းထားတယ်။

2️⃣ လျှောက်ထားတဲ့ Company က HR နဲ့ Hiring Manager ဖြစ်နိုင်တဲ့သူတွေကို LinkedIn မှာ Connect လုပ်တယ်
အလုပ်လျှောက်ပြီးရင် အဲဒီ Company မှာ အလုပ်လုပ်နေတဲ့ HR၊ Recruiter တွေနဲ့ ကိုယ်ဝင်ချင်တဲ့ Team ကို ဦးဆောင်နေတဲ့သူတွေကို ရှာကြည့်တယ်။
ဥပမာ Marketing Role လျှောက်ထားရင် Marketing Manager ဒါမှမဟုတ် Head of Marketing လိုသူတွေကိုပါ Connect လုပ်ထားတယ်။
သူတို့တင်တဲ့ Post တွေကနေ Company နဲ့ Team အကြောင်း ပိုသိလာရတာမျိုးလည်း ရှိတယ်။

3️⃣ Connection လက်ခံပြီးရင် ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့ Message ပို့တယ်
“Hi” တစ်ခွန်းပဲ ပို့ထားတာထက် ကိုယ်ဘယ်သူလဲ၊ ဘယ် Position ကို လျှောက်ထားလဲ၊ အဲဒီအလုပ်နဲ့ သက်ဆိုင်တဲ့ Experience ဘာရှိလဲဆိုတာ တိုတိုရှင်းရှင်း မိတ်ဆက်တယ်။
တစ်ဖက်လူလည်း အလုပ်များနိုင်တာဆိုတော့ စာအရှည်ကြီးထက် ကိုယ်ပြောချင်တာကို ချက်ချင်းနားလည်နိုင်အောင် ရေးတယ်။
အဓိကက ကိုယ့် Application ကို သတိထားမိနိုင်ဖို့နဲ့ ကိုယ့်အကြောင်း နည်းနည်းပိုသိသွားဖို့ပါ။

4️⃣ Easy Apply နှိပ်ပြီးတာနဲ့ မရပ်လိုက်ဘူး
Company ရဲ့ Website ဒါမှမဟုတ် LinkedIn Page မှာ Recruitment Email ရှိမရှိ ထပ်ရှာကြည့်တယ်။
Email ကနေ Application လက်ခံတယ်ဆိုရင် CV၊ အဲဒီ Role အတွက် သေချာရေးထားတဲ့ Cover Letter နဲ့ Portfolio Link ကိုပါ ပို့တယ်။
အထူးသဖြင့် Marketing လိုအလုပ်မျိုးမှာ ကိုယ်လုပ်ခဲ့တဲ့ Campaign နဲ့ လက်တွေ့အလုပ်တွေကို Portfolio နဲ့ ပြပေးနိုင်တော့ CV ထဲမှာ မပြောပြနိုင်သေးတဲ့အပိုင်းတွေကိုပါ ဖြည့်ပြောခွင့်ရတယ်။

ဒီအချက်တွေ လုပ်လိုက်လို့ လျှောက်သမျှအလုပ်တိုင်းက အကြောင်းပြန်လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်လုပ်နိုင်တာတွေကို ပိုရှင်းရှင်းလင်းလင်း ပြနိုင်ခဲ့တယ်လို့ ခံစားရတယ်။🤍

အလုပ်(၄) ခါရှာခဲ့ရတဲ့အချ်ိန်အတွင်း အင်တာဗျူးတွေအများကြီး ဖြေခဲ့ရတဲ့ အတွေ့အကြုံအရ Introduction အပြင် ဒီမေးခွန်း ၃ ခုက်ိုလ...
10/10/2026

အလုပ်(၄) ခါရှာခဲ့ရတဲ့အချ်ိန်အတွင်း အင်တာဗျူးတွေအများကြီး ဖြေခဲ့ရတဲ့ အတွေ့အကြုံအရ Introduction အပြင် ဒီမေးခွန်း ၃ ခုက်ိုလဲ သေချာဖြေနိုင်ရင် HR တွေ သဘောကျပါတယ်။

ဒူဘ်ိုင်းက အင်တာဗျူးအတော်များများမှာ မေးတတ်လို့ သေချာလေးပြင်ဆင်သွားရင်တော့ အမှတ်ပိုရနိုင်ပါတယ်။ ကဲ အားလုံးပဲ အဆင်ပြေကြပါစေ🍀🍀

#ဒူဘ်ိုင်းအလုပ်ရှာ

လွန်ခဲ့တဲ့ တနှစ် (1st Oct 2025) က ဘဝမှာ အလုပ်ဖြုတ်ခဲ့လိုက်ရတယ်ဆိုတဲ့ တုန်လှုပ်မှုကို တကယ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ ဒူဘ...
10/04/2026

လွန်ခဲ့တဲ့ တနှစ် (1st Oct 2025) က ဘဝမှာ အလုပ်ဖြုတ်ခဲ့လိုက်ရတယ်ဆိုတဲ့ တုန်လှုပ်မှုကို တကယ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။

ဒူဘိုင်းရောက်ပြီး ၃ ပတ်အတွင်းလဲ အလုပ်ရ၊ လစာလေးလဲ ကောင်းတဲ့ အထဲ ပါတယ်ဆိုပြီး ပျော်နေတာ ၃ လတောင် မပြည့်သေး Company Financial problem ကြောင့်ဆိုပြီး terminate လုပ်ခံလ်ိုက်ရပါရော ။

အမှန်တိုင်းပြောရရင် ကိုယ့်အရင်က work experience တွေနဲ့ ကိုယ့်အနေအထားက မြန်မာ job market မှာဆို MNC ကြီးတွေမှာ ရွေးပြီး ချေမိုးပြီး နေခဲ့တာပါ။
အလုပ်ဖြုတ်ခံရမျိုးမပြောနဲ့ offer မှာတောင် ကိုယ်လိုချင်တဲ့ လစာ range ကိုတောင်းလို့ ရမှ accept လုပ်ခဲ့တာကြီးပဲ။

ဟော ဒူဘ်ိုင်းလဲ ရောက်ရော ကိုယ်တခါမှတောင် မစဉ်းစားဖူးတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ကို တနေ့တနေ့ လစာလျော့တော့မလား ဒီလ လစာပေးပါ့မလား လစာနောက်ကျပြန်ပြီလား ဘယ်နေ့ အလုပ်ထုပ်ခံရမလဲ စသဖြင့် ခံရတာတွေ အများကြီးပါ။

ဒူဘိုင်းမှာတော့ အနည်းဆုံး ၁ နှစ်လောက်က အဲလိုမျိုးတွေ လူးလှိမ့်ခံရပါတယ် ။ အာကြောင့် စိတ်ဓာတ်မာမှ လက်ကြောတင်းမှ အဆင်ပြေပါမယ်။ 😅😅

Hiring Post ‼️‼️အသိရဲ့ မိတ်ဆွေ တစ်ယောက်က Vacation Villa လ်ိုမျိုးဖွင့်မှာမို့လို့ လူတွေ အများကြီး လိုနေပါတယ်။ Meal and A...
09/24/2026

Hiring Post ‼️‼️
အသိရဲ့ မိတ်ဆွေ တစ်ယောက်က Vacation Villa လ်ိုမျိုးဖွင့်မှာမို့လို့ လူတွေ အများကြီး လိုနေပါတယ်။ Meal and Accommodation provide လုပ်ပေးပါမယ်တဲ့ Visa and Salary ကတော့ Negotiation လုပ်ကြည့်လို့ရနိုင်ပါတယ် ။

ပိုင်ရှင်က တရုတ်လူမျိုးမို့ တရုတ်စကား ပြောတတ်ရင် ပိုအားသာပါလိမ့်မယ်။ Role ပေါ်မူတည်ပြီး တခြား Language တွေလိုအပ်တာလဲရှိပါတယ်။
စိတ်ဝင်စားရင် DM လို့ရပါတယ်။ CV ပို့ရမဲ့ ဖုန်းနံပါတ်နဲ့ email လာတောင်းပေးပါ။ 🙌🙌

ဒူဘိုင်းရောက်ပြီးသား / ဒူဘိူင်း အတွေ့အကြုံရှိပြီးသား သူတွေအတွက် သီးသန့်ပါ ။ ‼️High Season အမှီ အလုပ်သစ်ပြောင်းချင်ပေမဲ့ ...
09/23/2026

ဒူဘိုင်းရောက်ပြီးသား / ဒူဘိူင်း အတွေ့အကြုံရှိပြီးသား သူတွေအတွက် သီးသန့်ပါ ။ ‼️

High Season အမှီ အလုပ်သစ်ပြောင်းချင်ပေမဲ့ လက်ရှိအလုပ်ကနေလည်း Risk ယူပြီး မထွက်ချင်သေးတဲ့သူတွေဆိုရင် LinkedIn မှာဒီလို‌လေးတွေလုပ်ထားပါနော် 🙌🙌

အလုပ်ပြောင်းဖို့ စဉ်းစားနေပြီဆိုရင် Vacancy တွေ့မှ CV ပြင်၊ နေ့တိုင်း Job Search လုပ်၊ Apply လုပ်နေရုံတင်မဟုတ်ဘဲ ကိုယ်အလုပ်လုပ်နေတုန်းမှာပဲ Opportunity အသစ်တွေအတွက် Ready ဖြစ်နေအောင် ကြိုပြင်ထားလို့ရပါတယ်။ အားလုံးပဲ Good Luck ပါ🍀🍀

#ဒူဘ်ိုင်းအလုပ်ရှာ

09/15/2026

“ATS-Friendly CV ဖြစ်ပြီး Interview မရဘူး” ဆိုပြီး Page မှာလာပြောကြတဲ့သူတွေရှိပါတယ်။

တကယ်တော့ ATS-Friendly Format ဖြစ်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ် Job Apply လုပ်တဲ့အခါ ဒီအချက်တွေကိုပါ သေချာကြည့်ဖို့လိုပါတယ်။

၁) ပထမဆုံးက Keywords ပါ။

ကိုယ်တကယ် Apply လုပ်ချင်တဲ့ Job တစ်ခုတွေ့ပြီဆိုရင် Job Description ကို သေချာဖတ်ပါ။ သူတို့က ဘယ်လို Skills, Tools နဲ့ Experience တွေကို ရှာနေလဲ ကြည့်ပါ။

ဥပမာ Job Description ထဲမှာ Influencer Management, Content Planning နဲ့ Meta Ads လိုအပ်တယ်လို့ ရေးထားတယ်။ ကိုယ့်မှာလည်း ဒီ Experience တွေ တကယ်ရှိတယ်ဆိုရင် CV ထဲမှာ ရှင်းရှင်းလင်းလင်း ပါနေဖို့လိုပါတယ်။

Recruiter က ကိုယ့် CV ထဲမှာ လိုက်ရှာပြီး ခန့်မှန်းနေရအောင် မလုပ်ပါနဲ့။

၂)ဒုတိယတစ်ချက်က CV တစ်စောင်တည်းကို Job အားလုံးအတွက် မသုံးပါနဲ့။

General CV တစ်စောင်ရှိထားတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်တကယ်လိုချင်တဲ့ Job တွေအတွက်တော့ Customize လုပ်ဖို့ အကြံပေးချင်ပါတယ်။

CV တစ်စောင်လုံး ပြန်ရေးစရာမလိုပါဘူး။

ကိုယ့်ရဲ့ Summary, Keywords နဲ့ ဘယ် Experience ကို ပိုပြီး Highlight လုပ်မလဲ ဆိုတာကို Apply လုပ်မယ့် Position အလိုက် ပြောင်းပေးလို့ရပါတယ်။

တတိယတစ်ချက်က Responsibilities တွေပဲ မရေးပါနဲ့။ Achievements ကိုပါ ပြပါ။

ဥပမာ—

“I managed social media campaigns.”

လို့ပဲ ရေးထားမယ့်အစား ကိုယ်လုပ်ခဲ့တဲ့ Campaign ကြောင့် ဘာ Result ရခဲ့လဲ ဆိုတာ ပြပါ။

Engagement တက်သွားလား? Followers တိုးလာလား? Leads ရလာလား? Sales တက်လာလား?

ဖြစ်နိုင်ရင် Numbers နဲ့ Results တွေ ထည့်ပါ။

၃)နောက်ဆုံးတစ်ချက်ကတော့ Go Specific ပါ။

ဥပမာ ကိုယ်က Brand Marketing Experience ရှိတယ်။ အခု Social Media Marketing Role ကို Apply လုပ်မယ်ဆိုပါစို့။

ကိုယ်လုပ်ခဲ့ဖူးတဲ့ Branding Responsibilities အားလုံးကို တန်းတူ Highlight လုပ်နေဖို့ မလိုပါဘူး။

အဲ့ဒီအစား Social Media Strategy, Content Planning, Influencer Campaigns, Digital Activations နဲ့ Social Media Results တွေကို ရှေ့ပိုင်းမှာ ပို Highlight လုပ်ပါ။

Experience မရှိတာ မဟုတ်ပါဘူး။ ကိုယ် Apply လုပ်နေတဲ့ Job နဲ့ အကိုက်ညီဆုံး Experience ကို Recruiter မြင်လွယ်အောင် Position လုပ်ပေးတာပါ။

ဒါကြောင့် မှတ်ထားရမှာက
✅ ATS Friendly Format က Foundation ပါ။
✅Keywords က CV ကို Relevant ဖြစ်စေတယ်။
✅Achievements က CV ကို Stronger ဖြစ်စေတယ်။
✅Customization ကတော့ ကိုယ်လိုချင်တဲ့ Job နဲ့ ပို Match ဖြစ်အောင် ကူညီပေးပါတယ်။

ဒူဘိုင်းမှာ အလုပ်မလျှောက်ခင် ATS friendly format ဆိုတာ ဘာလဲ သိအောင် အရင်လုပ်ပါ။ ‼️‼️Dubai က Recruiter တွေ သုံးတဲ့ system...
09/11/2026

ဒူဘိုင်းမှာ အလုပ်မလျှောက်ခင် ATS friendly format ဆိုတာ ဘာလဲ သိအောင် အရင်လုပ်ပါ။ ‼️‼️

Dubai က Recruiter တွေ သုံးတဲ့ system တခု ၊ တနည်းအားဖြင့် ထောင်ပေါင်းများစွာသော CV တွေထဲက ကိုက်ညီတဲ့ CV တွေကို ဆန်ကာတင် ရွေးထုတ်ပေးတဲ့ system ပါ။

အရိုးရှင်းဆုံး Format ဖြစ်ရပါမယ်။
Standard font - Time News Roman OR any other simple fonts သုံးပါ။
Font Size တည်ီတည်းသုံးပါ။
Font color အမည်းပဲသုံးပါ။

ရိုးရှင်းပြီး Standard ဖြစ်တဲ့ Headline တွေပဲသုံးပါ။
ဥပမာ Work Experiences , Responsibilities, Education စသဖြင့် ပုံမှန်သုံးနေကျ အတိုင်းသုံးပါ။
ဆန်းဆန်းပြားပြား စကားလုံးတွေ မသုံးပါနဲ့။

စကားလုံး (Keywords)ရွေးချယ်မှုက အရေးကြီးပါတယ်။
ATS system နဲ့ ကိုက်ဖို့က အလုပ်ခေါ်စာက keywords တွေနဲ့ 60-80% ကိုက်ညီနေမှ ဆန်ကာတင်စာရင်းမှာကျန် နိူင်တာပါ။

ATS friendly format CV ရှိတိုင်း အင်တာဗျူး အခေါ်မခံရနိုင်ပါ။
တကယ် ကောင်းမွန်တဲ့ CV တောင်မှ ATS system က ရွေးတဲ့ ဆန်ကာတင်စာရင်းထဲပါတာပါ။ အဲမှာမှ ယှဉ်ရင် သာသွားနိုင်တာက CV ထဲမှာ ကိုယ်က ဘယ်လို experience ကောင်းကောင်းရှိလဲဆိုတာ ဖော်ပြနိူင်လေ ကိုယ့်အတွက် chance ကောင်းလေပါ။

ATS friendly format CV လိုချင်တာဖြစ်ဖြစ် တခြားသိချင်တာတခုခုရှိတာဆို အချိန်မရွေးလာမေးလို့ရပါတယ်။ 🙌🙌

အသိအမ လုပ်နေတဲ့ Company မှာ Account Receivable Coordinator position ခေါ်နေပါတယ်။ Insurance Brokerage Mid-size company ပါ...
09/10/2026

အသိအမ လုပ်နေတဲ့ Company မှာ Account Receivable Coordinator position ခေါ်နေပါတယ်။ Insurance Brokerage Mid-size company ပါ။ Stable ဖြစ်ပြီး Alisa သိသလောက် System လဲကျပါတယ် ။

Package
- 5,000 AED and above (based on experiences)
- Visa and Medical insurance provided

Requirements
- Fluent English Skills (Mandatory)
- Basic Accounting Skills
- External Communication ( Client Service) Skill

UAE မှာရှိနေပြီးသားလူတွေအတွက် လျှောက်သင့်တဲ့ အလုပ်လေးမို့ share ပေးလိုက်ပါတယ်။
စိတ်ဝင်စားရင် DM မှာ CV လာပို့ပေးပါ။ 💕💕

ဒူဘိူင်း က ရာသီဥတု ပူတော့ outdoor လဲမသွားချင် လကုန်ခါနီး ပြတ်လတ်နေတုန်း အပြင်သွား  ဓာတ်လဲဖမ်း ချင်တဲ့ သူတွေအတွက် နေရာလေး...
08/30/2026

ဒူဘိူင်း က ရာသီဥတု ပူတော့ outdoor လဲမသွားချင် လကုန်ခါနီး ပြတ်လတ်နေတုန်း အပြင်သွား ဓာတ်လဲဖမ်း ချင်တဲ့ သူတွေအတွက် နေရာလေးတခု ✨✨

IKEA Brand ကိုအစထဲက သိပေမဲ့ အခုမှ display showroom ကိုသေသေချာချာသွားကြည့်ဖူးတယ်။ Showroom. အများစုက display item တွေဆို ထိုင်ကြည့်ခွင့်မရှိတာမျိုးပါ။

IKEA မှာကတော့ တကယ့် အိပ်ခန်း၊ ဧည့်ခန်း အခန်းဖွဲ့စည်းပုံအတိုင်း ခင်းကျင်းပြသပေးထားတဲ့အပြင် လှဲ ကြည့်ထိုင်ကြည့်လို့ပါရပါတယ်။ Decoration လှလှလေးတွေပါဆင်ပေးထားလို့ ဓာတ်ဖမ်းလို့လဲရပါတယ်။ သူ့ရဲ့ own food court က menu တွေကလဲ စျေးအရမ်းသက်သာပါတယ်။
Ice-cream ဆို 1-2 AED Shawama ဆို 5 AED လောက်ပဲဆိုတော့ လူတွေများကြီး တော့ တန်းစီ စောင့်ရပါတယ်။

📍location က Dubai Festival City Mall မှာပါ။ Union Etisalad Head Office မှတ်တိုင်ကနေဆို Bus 53 ရောက်ပါတယ်။ 🙌

Address

925 N Water Street @ Fourth St
Bay City, MI
48708

Alerts

Be the first to know and let us send you an email when Alisa's POV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alisa's POV:

Shortcuts

Share