Aktsawm Family Cooking

Aktsawm Family Cooking အစုံချက်🍝တရုတ်ဟင်းချက်များ👩‍🍳
စားကြမယ်🥘စိုက်ပျိုး​ကြမယ်🥬
သိကောင်းစရာ သတင်း အဖြာဖြာ! ဗဟုသုတစုံ❤️🙏

ပုသိမ် ဟာလဝါ စေးစေးအိအိလေးကို ကြိုက်နှစ်သက်သူများအတွက် ဒီနေ့မှာတော့ လုပ်ရတာလည်းလွယ်၊ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ အချိန်တိုအ...
05/27/2026

ပုသိမ် ဟာလဝါ စေးစေးအိအိလေးကို ကြိုက်နှစ်သက်သူများအတွက် ဒီနေ့မှာတော့ လုပ်ရတာလည်းလွယ်၊ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ အချိန်တိုအတွင်း လုပ်စားနိုင်မယ့် "ဟာလဝါ” အလွယ်လုပ်နည်း လေး လာပါပြီရှင်။

ထောပတ်နံ့သင်းသင်း၊ အုန်းနို့ဆိမ့်ဆိမ့်လေးနဲ့ စေးစေးပိုင်ပိုင် ရှိလှတဲ့အပြင် ဘိန်းစေ့လေးတွေ ပါးစပ်ထဲ ဝါးလိုက်တိုင်း မွှေးအိနေစေတဲ့ နည်းလမ်းကောင်းလေးမို့ မလုပ်စားဖူးသေးတဲ့ သူတွေ လုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

✨ လိုအပ်သော ပါဝင်ပစ္စည်းများ
• ကောက်ညှင်းမှုန့်- နို့ဆီဘူး ၁ ဘူးခွဲ (မုန့်သားစေးပိုင်စေရန်)
• ဆန်မှုန့်- ထမင်းစားဇွန်း ၄ ဇွန်း (မုန့်သားတင်းကျစ်စေရန်)
• ထန်းလျက်ခဲ- အနေတော် ၁၄ လုံး (အချိုကြိုက်ရင်ပိုထည့်နိုင်ပါတယ်ရှင်)
• ရေသန့်- ၄၀၀ မီလီလီတာ (နို့ဆီဘူး ၁ ဘူးခွဲနီးပါး)
• အုန်းနို့- ၅၀၀ မီလီလီတာ (နို့ဆီဘူး ၁ ဘူးခွဲကျော်)
• ထောပတ်- ထမင်းစားဇွန်း ၂ ဇွန်း (အမောက်)
• သကြား- ထမင်းစားဇွန်း ၂ ဇွန်း (အရသာချိုမြိန်စေရန်)
• ဘိန်းစေ့- အနည်းငယ် (မီးအေးအေးဖြင့် အနံ့မွှေးအောင် လှော်ထားရန်)
• ဆား- လက်ဖက်ရည်ဇွန်း တစ်ဝက်

👩‍🍳 ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ထန်းလျက်ရည်ကျိုခြင်းနှင့် မုန့်နှစ်ဖျော်စပ်ခြင်း
• အိုးထဲသို့ ထန်းလျက်၊ ရေ နှင့် ဆားတို့ ထည့်ကာ ထန်းလျက်များ အရည်ပျော်သွားသည်အထိ ကျိုပေးပါရှင်။ အရည်ပျော်လျှင် ဇကာဖြင့် 6သချာစစ်ယူပြီး အအေးခံထားရပါမယ်။
• ဇလုံတစ်ခုထဲတွင် ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်တို့ကို အရင်ရောမွှေပြီးမှ အုန်းနို့ကို လောင်းထည့်ကာ မှုန့်နှစ်များ ခဲမနေစေရန် သမအောင် ဖျော်ပေးပါရှင်။ မုန့်နှစ်ညက်သွားပြီဆိုမှ အအေးခံထားသည့် ထန်းလျက်ရည်ကို ရောထည့်ပြီး တစ်သားတည်းဖြစ်အောင် ထပ်မံမွှေပေးရပါမယ်။

၂။ မုန့်ထိုးခြင်း
• မုန့်နှစ်ရည်များကို ဟင်းချက်အိုးထဲလောင်းထည့်ကာ မီးဖိုပေါ်တင်ပြီး အောက်ခြေမကပ်စေရန် အဆက်မပြတ် မွှေပေးရပါမယ်ရှင်။
• မွှေရင်းဖြင့် မုန့်သား ပျစ်ခဲလာပြီး အရောင်ရင့်လာပြီဆိုလျှင် ပြင်ဆင်ထားသည့် ထောပတ် (၂) ဇွန်းကို ထည့်သွင်းမွှေပေးပါရှင်။ ထောပတ်ပျော်သွားလျှင် အရသာမြည်းကြည့်ပြီး အချိုလိုပါက သကြား (၂) ဇွန်း ထပ်ထည့်နိုင်ပါတယ်နော်။
• မုန့်သား စေးပိုင်ကျစ်လျစ်လာစေရန် စုစုပေါင်း ကြာချိန် မိနစ် (၃၀) ခန့် မီးအေးအေးဖြင့် အဆက်မပြတ် ထိုးပေးဖို့ လိုအပ်ပါတယ်ရှင်။ မိနစ် (၂၀) လောက် ရောက်တဲ့အခါ လှော်ထားသော ဘိန်းစေ့များကို ထည့်မွှေပေးပြီး 6သ6သချာချာ ဆက်ထိုးပေးပါ။ တာရှည်အထားခံချင်လျှင် ဟာလဝါကို ခပ်မာမာကျစ်ကျစ်လေးဖြစ်အောင် ထိုးပေးရပါမယ်ရှင်။

၃။ အအေးခံ၍ လှီ:ဖြတ်ပုံဖော်ခြင်း
• မုန့်သားပစ်ပစ်လေးနှင့် အရောင်ရင့်ပြီး အိအိတွဲတွဲ အနေအထားရပြီဆိုလျှင် ဆီ (သို့မဟုတ်) ထောပတ်သုတ်ထားသော လင်ဗန်းထဲသို့ ပြောင်းလောင်းထည့်ကာ မျက်နှာပြင် ညှိပေးပါရှင်။
• ခဏလောက် အအေးခံပြီး ချက်ချင်းစားလို့ရသလို၊ မုန့်သား မာမာတင်းတင်းလေ: နဲ့ လှီ:ရလွယ်ကူချင်ရင်တော့ ရေခဲ6သတ္တာထဲမှာ တစ်ရက်ခန့် အအေးခံထားပါ။ နောက်ရက်တွင် မိမိနှစ်သက်ရာ အတုံးလေးများ လှပစွာ တုံးဖြတ်ပြီး စားသုံးနိုင်ပါပြီရှင်။

ကဲ... ဒီနည်းလမ်းအတိုင်း လုပ်မယ်ဆိုရင်တော့ ထောပတ်နံ့သင်းသင်းနဲ့ စေးစေးပိုင်ပိုင် ရှိလှတဲ့ "ပုသိမ်ဟာလဝါ" ရှယ်မုန့်လေးကို အိမ်မှာတင် အလွယ်တကူ သုံးဆောင်နိုင်ပြီပေါ့ရှင်။

ကိုယ်တိုင်လုပ်တာဖြစ်လို့ သန့်ရှင်းလတ်ဆတ်ပြီး အချိုကိုလည်း စိတ်ကြိုက် ချင့်ချိန်နိုင်ပါတယ်ရှင်။🥰✨

#ဟာလဝါ #ပုသိမ်ဟာလဝါ #မြန်မာ့ရိုးရာမုန့် #မုန့်လုပ်နည်း

ချဥ်ပေါင်ကြော်နဲ့ငါးခူဟင်းကြိုက်သူတွေတွက်ပါမြိန်စရာဟင်းလေးပါရှယ်ပဲ🤤🤤 #စားစရာ  #တို့စရာ  #ငါးပိ  #ချဥ်ပေါင်ကြော်
05/16/2026

ချဥ်ပေါင်ကြော်နဲ့ငါးခူဟင်းကြိုက်သူတွေတွက်ပါ
မြိန်စရာဟင်းလေးပါရှယ်ပဲ🤤🤤
#စားစရာ #တို့စရာ #ငါးပိ #ချဥ်ပေါင်ကြော်

ခန္ဓာကိုယ်က တိတ်တဆိတ် ပေးလာတဲ့ အချက်ပေးလက္ခဏာတွေကို သတိထားမိကြရဲ့လား? 🤫အသည်းမှာ အဆီပိတ်တာ၊ အဆီဖုံးတာတွေဟာ ပထမရက်ကတည်းက အ...
05/16/2026

ခန္ဓာကိုယ်က တိတ်တဆိတ် ပေးလာတဲ့ အချက်ပေးလက္ခဏာတွေကို သတိထားမိကြရဲ့လား? 🤫
အသည်းမှာ အဆီပိတ်တာ၊ အဆီဖုံးတာတွေဟာ ပထမရက်ကတည်းက အုန်းအုန်းဒိုင်းဒိုင်းနဲ့ လက္ခဏာပြတတ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့... မကြာခဏ နုံးချိတာ၊ ဗိုက်ကယ်ဗိုက်ပွတာ၊ ညာဘက်နံရိုးအောက်က တင်းကျပ်ကျပ်ဖြစ်တာ၊ စားသမျှအစာမကြေတာနဲ့ မနက်နိုးလာရင်တောင် လန်းဆန်းမနေဘဲ ဆက်ပန်းနေတာမျိုး... ဒါတွေဟာ အသည်းက တောင်းဆိုနေတဲ့ တိတ်တဆိတ် အချက်ပေးသံတွေ ဖြစ်နိုင်ပါတယ်။
အများစုက ဒီလိုဖြစ်ရင် ဈေးကြီးတဲ့ အားဆေးတွေ၊ ဗီတာမင်တွေကိုပဲ ပြေးဝယ်တတ်ကြပေမယ့်... ကျွန်မတို ပတ်ဝန်းကျင်မှာတင် အလွယ်တကူရှိနေတဲ့၊ ရှေးလူကြီးတွေ အမြဲတမ်း ပြုတ်သောက်ပြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းခဲ့တဲ့ "မန်ကျည်းရွက်နု" ရဲ့ အာနိသင်ကိုတော့ မေ့ထားတတ်ကြပါတယ်။
မန်ကျည်းရွက်နုရဲ့ သဘာဝအချဉ်အရသာဟာ အစာစားချင်စိတ်ကို တိုးစေရုံတင်မကဘဲ ကိုယ်တွင်းအဆီဓာတ်ကို လျှော့ချပေးတယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်တာကို သက်သာစေတယ်။ ဒါ့အပြင် အသည်းကို အားကောင်းစေတဲ့ Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေ ကြွယ်ဝစွာပါဝင်ပြီး အစာဟောင်းစွန့်စနစ်ကို ကောင်းမွန်စေလို ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ပုံမှန်လေး သောက်ပေးတဲ့အခါ ဗိုက်ထဲမှာ နေလိုထိုင်လို ကောင်းပြီး လူက ပေါ့ပါးသွက်လက်လာတာကို သိသိသာသာ ခံစားရမှာပါ။
ပြုလုပ်ရမယ့်နည်းလမ်းလေးကလည်း အရမ်းလွယ်ကူပါတယ် 👇
မန်ကျည်းရွက်နု - တစ်ဆုပ်စာခန့်
သန့်ရှင်းသောရေ - ၁ လီတာ
မန်ကျည်းရွက်ကို စင်ကြယ်အောင်ဆေးပြီး ရေထဲထည့်ကာ (၁၀) မိနစ်ကနေ (၁၅) မိနစ်ခန့် ပွက်ပွက်ဆူအောင် ပြုတ်ပေးပါ။ ပြီးရင်တော့ တစ်နေ့ကို တစ်ဖန်ခွက်နှုန်းဖြင့် နွေးနွေးလေး သောက်ပေးရုံပါပဲ။ (အရသာအတွက် ပျားရည်အနည်းငယ် ထည့်သောက်နိုင်ပါတယ်ရှင်။)
ရှေးလူကြီးတွေဟာ အသည်းအဆီဖုံးလို ဆေးခန်းပြေးရမယ့် အခြေအနေအထိ ရောက်အောင် မစောင့်ကြပါဘူး။ မီးဖိုချောင်ထဲက သဘာဝပစ္စည်းလေးတွေနဲ့ပဲ ခန္ဓာကိုယ်ကို နေ့တိုင်း ကြိုတင်ပြုပြင် ထိန်းသိမ်းခဲ့ကြတာပါ။ တခါတလေမှာ ကျွန်မတိုခန္ဓာကိုယ်က တကယ်လိုအပ်နေတာဟာ ဈေးကြီးတဲ့အရာတွေ မဟုတ်ဘဲ... မိမိတို မေ့လျော့နေတတ်တဲ့ သဘာဝဆေးဖက်ဝင် နွေးနွေးလေးတစ်ခွက်လည်း ဖြစ်နေနိုင်ပါတယ်နော်။ 🤗
#ကျန်းမာရေး #ဆေးနည်း #အသညးအဆီဖုံး #သဘာဝဆေးဖက်ဝင်အပင်များ #မနကျည်းရွက်နု #ရးရာဆေးနည်း #ကျန်းမာရေးဗဟုသုတ

ခရမ်းချဉ်သီးဆော့စ် အိမ်မှာ သန့်သန့်လုပ်စားကြမယ်နော်!  အပြင်က စိတ်မချရတာ ကြောက်နေရင် ဒီနည်းက အရသာရှိ၊ ကလေးစားလည်း စိတ်ချရ...
04/30/2026

ခရမ်းချဉ်သီးဆော့စ် အိမ်မှာ သန့်သန့်လုပ်စားကြမယ်နော်!
အပြင်က စိတ်မချရတာ ကြောက်နေရင် ဒီနည်းက အရသာရှိ၊ ကလေးစားလည်း စိတ်ချရပြီး လုပ်ရလွယ်ပါတယ် 😍
# # # ပါဝင်ပစ္စည်း (အဓိက)
- ခရမ်းချဉ်သီး လုံးကောင်းများစွာ
- သကြား ၁၀၀ ဂရမ်
- ရှာလကာရည် ၃၀ ဂရမ်
- ဆား အနည်းငယ်
# # # လုပ်နည်း အဆင့်ဆင့် (၁၅–၂၀ မိနစ်ပဲ ကြာတယ်)
1. ခရမ်းချဉ်သီး ဆားနည်းနည်းထည့် ရေဆေး → ထိပ်လေးစိပ် ဓားနဲ့ အရာပေး
2. ရေနွေးထဲ ၂ မိနစ် စိမ် → အခွံ လွယ်လွယ်ခွာ
3. အခွံခွာပြီး အတုံးလေး တုံး → ကြိတ်စက်နဲ့ ရေမထည့်ပဲ ညက်ညက်ကြိတ်
4. ဒယ်အိုးထဲ ထည့် မီးအေးနဲ့ တည်၊ အဆက်မပြတ် မွှေ (ကပ်မသွားအောင်)
5. ပျစ်လာရင် သကြား ၁၀၀ ဂ + ဆား အနည်းငယ် ထည့် ဆူအောင် ဆက်မွှေ
6. နောက်ဆုံး ရှာလကာ ၃၀ ဂ ထည့် ပိုပျစ်လာသည်ထိ တည်ပါ
အအေးခံပြီး လေလုံဖန်ပုလင်းထဲ ထည့် ရေခဲသေတ္တာထဲ သိမ်းပါ။
အကြော်စုံ၊ ကြက်ကင်၊ ဟင်းရည်နဲ့ တွဲစားရင် အရမ်းကောင်းတယ်! 🍅
လုပ်ကြည့်ပြီး ဘယ်လောက်ကောင်းလဲ ပြန်ပြောပေးပါနော် 😋 #ဟင်းချက်နည်း #ဟင်းချက်ကျမယ်။

04/30/2026

ငါးခေါင်းထူးရှည်ချက်နည်း

ပထမဆုံး စမ်းလုပ်ကြည့်ပြီး တစ်အိမ်လုံး ကြိုက်သွားကြတဲ့ အင်ဒိုကြက်ကြော် Ayam Panyat ပါရှင်.. 🍗🌶️🥙 အတွင်းသား အိစက်စက် အပြင်...
04/30/2026

ပထမဆုံး စမ်းလုပ်ကြည့်ပြီး တစ်အိမ်လုံး ကြိုက်သွားကြတဲ့ အင်ဒိုကြက်ကြော် Ayam Panyat ပါရှင်.. 🍗🌶️🥙 အတွင်းသား အိစက်စက် အပြင်သား ကျွတ်ကျွတ်လေး နဲ့ မွှေးပျံ့နေတဲ့ ဟင်းပွဲတစ်ပွဲပါရှင်..

🍗သန့်စင်ပြီးသား ကြက်ပေါင်သားကို ဆား ဆနွင်း ဂျင်း ကြက်သွန်ဖြူထောင်းရည် ပဒဲကော သကြား ခရုဆီ နှမ်းဆီမွှေးတို့နဲ့ ၂-၃ နာရီကြာ ရေခဲသေတ္တာ ရိုးရိုးအကန့်မှာ နှပ်ထားပါမယ်..

အရသာနှပ်ပြီးသား ကြက်သားကို ရေတဝက်မြှုပ်အနေလောက်ထည့်ပြီး မီးဖိုပေါ် ၁၅ မိနစ်ခန့်ပြုတ်ပါမယ်.. ရေနွေးလိုရင် ထပ်စွက်ပါ.. တဖက်ခြမ်းလှန်တဲ့အခါ အပေါ်ရံ အရေခွံများ ပဲ့မထွက်သွားအောင် သတိပြုပါ..

၁၅ မိနစ်ကြာ (သို့) ရေခန်းစပြုလောက်ပြီဆို အတွင်းသားတွေကျက်ပါပြီ..

ပြုတ်အိုးထဲကဆယ်ပြီး အသင့်ပြင်ထားတဲ့ ဆီအိုးပူထဲ ထည့်ကြော်ပါမယ်.. တစ်ဖက်ကို (၅) မိနစ်ခန့် မီး medium-high လောက်နဲ့ကြော်ပါမယ်.. မီးသိပ်နည်းရင်မကောင်းပါဘူး ကြက်သားအတွင်းသားက က dehydrate ဖြစ်ပြီးခြောက်သွားပါတယ်..

တဖက် ၅ မိနစ်နဲ့ ၁၀ မိနစ်ရှိရင် မိမိ လိုချင်တဲ့ အရောင် အကျွတ် အနေအထားရရင် ဆီစစ်ထားပါမယ်..

🌶️ငရုပ်သီးအနှစ်အတွက် ကျမ အိမ်သားက အစပ်သိပ်မစားနိုင်တော့ အနှစ်များများ ရအောင် ငရုပ်စိမ်းအတောင့်ရှည်များများနဲ့ အစပ်တောင့် ၄-၅ တောင့်ကိုသုံးပါတယ်.. ငရုပ်သီး ခရမ်းချဉ်သီး ကြက်သွန်နီ တို့ကို ဆီနဲ့ ရောကြော်ပါမယ်.. အရသာအတွက်ဆား ကြက်သားမှုန့် ငံပြာရည် ထည့်ပါတယ်.. မကျက်တကျက် အနေအထားရောက်ရင် ဆယ်ပြီး ထောင်း/ကျိတ်စက်ထဲထည့်ကျိတ်ပြီး ညက်သွားတဲ့ အနှစ်တွေကို အိုးပူထဲကျက်တဲ့အထိ လှိမ့်လိုက်ရင်ရပါပြီ

🥙ကြက်သားကြော်ကို စဉ်းနီတုံးပေါ်တင်ပြီး ငရုပ် ကျည်ပွေ့နဲ့ အနည်းငယ် ထုပြားလိုက်ပါတယ်.. ငရုပ်နှစ်ကို အပေါ်မှာဆမ်းပြီး.. သခွါးသီးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်.. ပဲပြားကြော်၊ ပဲငပိတုံးကြော်တို့နဲ့ တွဲဖက် သုံးဆောင်ရင်လဲ လိုက်ဖက်ပါတယ်ရှင်..

04/30/2026

ခေါက်ဆွဲးအတွက်အနှစ်ချက်ထားနည်း " :

အမြိန်ဆုံးထမင်းဝိုင်းပြောပါဆိုရင် ဟင်းကောင်းပါမှမဟုတ်ဘူးနော် ငါးပိရည်စပ်စပ်နဲ့တို့စရာအစုံပါတဲ့ထမင်းဝိုင်းဆို အမြိန်ဆုံးပ...
04/30/2026

အမြိန်ဆုံးထမင်းဝိုင်းပြောပါဆိုရင် ဟင်းကောင်းပါမှမဟုတ်ဘူးနော် ငါးပိရည်စပ်စပ်နဲ့တို့စရာအစုံပါတဲ့ထမင်းဝိုင်းဆို အမြိန်ဆုံးပါ🤤🤤 #စားစရာ #တို့စရာ #ငါးပိ

ငါးရံ့အကောင်ကြီးခရမ်းချဥ်သီးနဲ့ချက်မာစလာအနံ့မွှေးမွှေးထမင်းပူပူနဲ့ငါးပိရည်ရှယ်ကောင်း🤤🤤 #စားစရာ  #တို့စရာ  #ငါးပိ  #ငါးရံ...
04/30/2026

ငါးရံ့အကောင်ကြီးခရမ်းချဥ်သီးနဲ့ချက်မာစလာအနံ့မွှေးမွှေးထမင်းပူပူနဲ့ငါးပိရည်ရှယ်ကောင်း🤤🤤
#စားစရာ #တို့စရာ #ငါးပိ #ငါးရံ့ဟင်း

04/28/2026

ငါးမျ်ုးစုံကင်စားနည်းပညာ
ဗဟုသုတရပါတယ်

#ငါးကင်

Address

1610 N Yale Drive
Garland, TX
75042

Alerts

Be the first to know and let us send you an email when Aktsawm Family Cooking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aktsawm Family Cooking:

Share

Category