T T Naing

T T Naing Healthy life, healthy style🥰

သူမသည်တစ်ချိန်ကမင်းသမီးလေးပါမိန်းကလေးတွေရဲ့ဘဝကမိဘအိမ်မှာနေတုန်းကရွှေမင်းသမီးလေးပါမိဘတွေရဲ့အရိပ်အောက်မှာရှိနေချိန်သူအတိုင...
09/03/2026

သူမသည်တစ်ချိန်ကမင်းသမီးလေးပါ
မိန်းကလေးတွေရဲ့ဘဝက
မိဘအိမ်မှာနေတုန်းကရွှေမင်းသမီးလေးပါ
မိဘတွေရဲ့အရိပ်အောက်မှာရှိနေချိန်
သူအတိုင်းသူအထွာနဲ့တော့
အားလုံးလိုတရခဲ့တဲ့မင်းသမီးလေးတွေပါ
အချိန်တန်အရွယ်ရောက်တော့
ချစ်သူရလိုပျော်မဆုံးမော်မဆုံး
ချစ်သူစကားကဒီကမ္ဘာမှာမင်းသာအလှဆုံးဆိုဘဲ
ချစ်သူစကားနားယောင်လို့နှစ်ယောက်တစ်ဘဝလဲဖြစ်ရော
အိမ်ရှင်မအဖြစ်အလှတွေမပြင်အားဘဲ
အိမ်အလုပ်မှာနစ်မွန်းနေရင်း
တစ်ခါကမင်သမီးလေးက
မင်းကိုချစ်လို့ဘဝကိုပေးအပ်ရင်း
သူအလှတွေကုန်ကာပျောက်နေ
အလှတွေမပြင်အားတဲ့
ကိုယ့်ချစ်သူအိမ်ရှင်မကို
ဖေးမကူလက်တွဲရင်း
ပျော်စရာဘဝလေးကို
ဖန်တီးလို့ပေးလိုက်ပါ
အိမ်ရှင်ထီးကိုကိုတို့........
#အိမ်ရှင်မ #အချစ်

စာအုပ်စာပေလူ့မိတ်ဆွေဒီဆောင်ပုဒ်လေးအတိုင်းဘဲကျမတို့တွေတစ်ခါတစ်လေစိတ်မပျော်ရွှင်တဲ့အချိန်စိတ်အားငယ်ချိန်အထီးကျန်နေတဲ့အချိန...
09/01/2026

စာအုပ်စာပေလူ့မိတ်ဆွေ
ဒီဆောင်ပုဒ်လေးအတိုင်းဘဲ
ကျမတို့တွေတစ်ခါတစ်လေ
စိတ်မပျော်ရွှင်တဲ့အချိန်
စိတ်အားငယ်ချိန်
အထီးကျန်နေတဲ့အချိန်တွေ
ဒီလိုအချိန်တွေရှိလာခဲ့ပြီဆိုရင်
ကျမတို့အားလုံးအတွက်ခွန်အားတွေ
အသိဉာဏ်ဗဟုသုတတွေ
လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတာ
စာအုပ်တွေပါ
အချိန်တိုင်းအတွက်
ဘဝအတွက်
အကောင်းဆုံးသောအဖော်မွန်......
゚ #စာအုပ်

ငွေလိုချင်ရင်မြေကြီးကိုပြောပါဖိအားများလာရင်ရေကိုကြည့်ပြီးပြောပြပါစိတ်ညစ်စရာရှိရင်ကောင်းကင်ကိုမော့ကြည့်ပါအားနည်းနေရင်နေရေ...
08/27/2026

ငွေလိုချင်ရင်မြေကြီးကိုပြောပါ
ဖိအားများလာရင်ရေကိုကြည့်ပြီးပြောပြပါ
စိတ်ညစ်စရာရှိရင်ကောင်းကင်ကိုမော့ကြည့်ပါ
အားနည်းနေရင်နေရောင်ခံပါ
စိတ်မငြိမ်ရင်လေတိုက်တဲ့အသံနားထောင်ပါ
သဘာဝနဲ့ဆက်စပ်ပြီး
လူတစ်ယောက်ရဲ့ကံကောင်းခြင်းတွေကို
ဖုန်းရွှေပညာအရ ရယူနိုင်တယ်လို့သိရပါတယ်
ဒီလိုရေကန်လေးနားဒီလိုလေး
လေ့ကျင်းခန်းပုံမှန်လုပ်ပြီး
အပေါ်ကအချက်အလက်တွေကို
နေ့စဉ်ရွတ်ဆိုနေရင်
နေရောင်ခြည်လေးရယ်
လေကောင်းလေသန့်တွေရယ်နဲ့
လူကကျန်းမာရေးပိုကောင်းလာမှာတော့အမှန်ဘဲ။
#ဖုန်းရွှေ #ကျန်းမာရေး

08/25/2026

ဟိုငေးဒီငေး တစ်ခါလေလျှောက်ငေးကြည်သည်ပေါ့။
#ရူခင်း

08/23/2026

Cactus အပင်အမျိုးအစားလေး
ဒီလို Cactus အပင်လေးတွေက
အသီးအပွင့်တွေတော့မရဘူး
တစ်စိမ့်စိမ့်ထိုင်ကြည့်ရင်တော့
ချစ်မဝကြည့်မ‌ဝလေးနော်
ကြိုက်းလွန်းလို့ဝယ်ခဲ့တာ
တစ်အိုးကိုကိုးထောင်
ကြိုက်တဲ့အပင်ခြောက်အိုးဝယ်ခဲ့လိုက်တယ်။
#အပင်

WiFi နှစ်လိုင်းအသုံးပြုထားပုံလေးပါအမည်မတူဝိုင်ဖိုင်နှစ်လိုင်းကိုဘယ်လိုပေါင်းစပ်ထားလဲဆိုတော့WiFi နှစ်လိုင်းရဲ့အလယ်မှာကြား...
08/21/2026

WiFi နှစ်လိုင်းအသုံးပြုထားပုံလေးပါ
အမည်မတူဝိုင်ဖိုင်နှစ်လိုင်းကို
ဘယ်လိုပေါင်းစပ်ထားလဲဆိုတော့
WiFi နှစ်လိုင်းရဲ့အလယ်မှာကြားခံစက်တစ်ခုလိုပါတယ်
ကြားခံစက်ကနေမှနှစ်လိုင်းပေါင်းထားတဲ့လိုင်းကို
နောက်ထပ်စက်အကြီးတစ်ခုကိုထပ်ထဲ့ပြီးမှတူအင်ဝမ်း
အဖြစ်လိုင်းထပ်ထွက်လာပါတယ်
နှစ်လိုင်းအသုံးပြုထားတဲ့အတွက်
တစ်လိုင်းပြတ်ခဲ့ရင်တောင်
နောက်ထပ်တစ်လိုင်းရှိသေးတဲ့အတွက်
အချိန်ပြည့်နီးပါး WiFi အသုံးပြုနိုင်ပါတယ်။
#နည်းပညာ

ငယ်ငယ်ကစားခဲ့ဘူးတဲ့မာလကာသီးနဲ့အခုခေတ်စားရတဲ့မာလကာသီးအရသာအရမ်းကွာခြားသွားပြီလွန်ခဲ့တဲ့နှစ်လေးဆယ်လောက်ကသဘာဝအတိုင်းပေါက်တဲ့...
08/18/2026

ငယ်ငယ်ကစားခဲ့ဘူးတဲ့မာလကာသီးနဲ့
အခုခေတ်စားရတဲ့မာလကာသီး
အရသာအရမ်းကွာခြားသွားပြီ
လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်က
သဘာဝအတိုင်းပေါက်တဲ့မာလသီးတွေများ
အပင်ပေါ်မှာစားလို့ရလောက်တဲ့အ‌ နေအထားတွေ့ရင်
မှည့်တဲ့အထိမစောင့်တော့ဘဲခူးစား
ဘယ်အချိန်ခူးစားခူးစားချိုနေတာ
အခုခေတ်မာလကာသီးတွေ
အလုံးတွေကတော့လှလိုက်တာ
စားကြည့်ဘာအရသာမှမတွေ့ဘူး
အခုလဲမာလကာသီးလေးစားဖို့ကို
နောက်ထပ်အရသာမူန့်ကကူရသေးတယ်
ခေတ်တွေတိုးတက်လာတာ
ကောင်းသလိုလိုမကောင်းသလိုလိုပေါ့
#ခေတ် #မာလကာသီး #သဘာဝ

တစ်ခါတစ်ဗိုက်ဆာရင်အာလူးကိုဒီလိုကြော်စားကြည့်နော်အားလူးနှစ်လုံးကိုအခွံခွါ  အတုံးလေးတွေတုံးပြီးပြုပ်ခနလေးနဲ့နူးပါတယ်  နူးအ...
08/17/2026

တစ်ခါတစ်ဗိုက်ဆာရင်အာလူးကိုဒီလိုကြော်စားကြည့်နော်
အားလူးနှစ်လုံးကိုအခွံခွါ အတုံးလေးတွေတုံးပြီးပြုပ်ခနလေးနဲ့နူးပါတယ် နူးအိသွားတဲ့အာလူးကို အကြော်မူန့်လေးထဲ့ ဆားအချိုမူန့်လေးမဆလာလေးပါ ထဲ့နယ်ပြီးဒီလိုအပြားလေးတွေလုပ်ပြီးကြော်စားပါတယ်။
#အစားအစာ

ပင်စိမ်းအိမ်တစ်အိမ်မှာအိမ်ရှင်မမေမေတွေရဲ့ဘဝကကိုယ်စားချင်တာချက်မစားရတာများပါတယ်မိခင်ဆိုတဲ့ဘဝကိုရောက်သွားတာနဲ့သားသမီးတွေကအ...
08/15/2026

ပင်စိမ်း
အိမ်တစ်အိမ်မှာအိမ်ရှင်မမေမေတွေရဲ့ဘဝက
ကိုယ်စားချင်တာချက်မစားရတာများပါတယ်
မိခင်ဆိုတဲ့ဘဝကိုရောက်သွားတာနဲ့
သားသမီးတွေကအမြဲတမ်းနံပတ်တစ်ဦးစားပေးဖြစ်သွားပြီ။

အိမ်မှာကလေးတွေကငါးမစားဘူး
တစ်ခါတစ်လေကြော်ထားရင်စားတယ်
ချက်ထားရင်မစားဘူး
ကိုယ်တွေကလဲချက်ထားတာမှစားချင်တယ်
ကိုယ်စားချင်တာအသာထား
သူတို့လေးတွေစားကောင်းဖို့သာအရေးပေးဖြစ်တယ်။

ဒီနေ့တော့ကိုယ်စားချင်တာဦးစားပေးလိုက်တယ်
ငါးကြင်းဆီပြန်လေးချက်တယ်
ပင်စိမ်းဆိုကျမအရမ်းကြိုက်လို့
ငါးဟင်းချက်တဲ့အထဲလဲထဲ့ချက်လိုက်တယ်
ငါးဟင်းအနှစ်နဲ့ပင်စိမ်း အညွန့်လေးတွေကိုလဲတို့စားလိုက်တယ်။
ကျမလိုပင်စိမ်းကြိုက်တဲ့သူတွေရှိလား
#အစားအစာ #ငါး

08/12/2026

ရှောက်ပန်းသီး
ကျွဲကောသီးခေါ်ရှောက်ပန်းသီး မြစ်ကြီးနားဘက်အခေါ်ကရှောက်ပန်းသီးပါ။
ဒီနေ့ကျွဲကောသီးလေးဝယ်လာတာ အချိုပေါ့ပြီး ချိုချဉ်လေးပါ ကျမကတော့အချိုကြိုက်လို့ သူနဲ့တို့စားဖို့အချိူမူန့်လေးပါထပ်ဝယ်လာပါတယ် အသက်ကြီးလာတော့အချိုပိုကြိုက်လာတယ် ကျန်းမာရေးအတွက်ဆိုရင် အချိုကရှောင်ရတော့မှာပါအခုတော့စားလိုက်ဦးမယ်။
#ကျွဲကောသီး #ရှောက်ပန်းသီး ゚

Address

Omaha, NE

Alerts

Be the first to know and let us send you an email when T T Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T T Naing:

Shortcuts

Share