Sunshine in Hanoi

  • Home
  • Sunshine in Hanoi

Sunshine in Hanoi Your guide to eating well and living smoothly in Hanoi. 🇻🇳
Serving up weekend Mala Tang, honest food reviews, and practical expat tips! ✨

✈️ Hanoi ကနေ နိုင်ငံခြားထွက်မယ့်သူတွေ Check-in Counter မှာ အကြာကြီးတန်းစီစရာ မလိုတော့ဘူးနော် 🧳ခရီးထွက်တော့မယ်ဆို Check-i...
24/07/2026

✈️ Hanoi ကနေ နိုင်ငံခြားထွက်မယ့်သူတွေ Check-in Counter မှာ အကြာကြီးတန်းစီစရာ မလိုတော့ဘူးနော် 🧳

ခရီးထွက်တော့မယ်ဆို Check-in counter မှာအကြာကြီး တန်းစီရတဲ့ဒုက္ခကလည်း တကယ်မသေးတာနော်။ Hanoi Noi Bai လေဆိပ်ဆို အမြဲလိုလို လူပြည့်နေတာဆိုတော့ အဲ့လိုက ခဏခဏကြုံရတာပါပဲ။

အခုတော့ Vietnam Airlines က Noi Bai International Airport (Terminal 2) မှာ Self Check-in နဲ့ Bag Drop စနစ်ကို နိုင်ငံခြားခရီးစဉ်တွေအတွက် စပြီးစမ်းသုံးနေတယ်လို့ ကြားတယ်။

အခုဆိုရင် Check-in Counter မှာ တန်းစီစောင့်စရာမလိုဘဲ Islands A–B က A01–A02 မှာထားထားတဲ့ self-service kiosk စက်တွေကနေ ကိုယ်တိုင်…

✅ Boarding Pass ထုတ်လို့ရမယ်
✅ Baggage Tag ထုတ်လို့ရမယ်
✅ Checked Baggage ကိုလည်း ကိုယ်တိုင်အပ်လို့ရမယ်

🔹 လေယာဉ်မထွက်ခင် ၆ နာရီ ကနေ မိနစ် ၆၀ အလိုအထိ check-in လုပ်လို့ရမယ်။
🔹 အိတ်တင်တာ (checked baggage) တွေကို လေယာဉ်မထွက်ခင် ၃ နာရီကနေ မိနစ် ၅၀ အလိုအထိ လုပ်လို့ရမယ်။
🔹 Boarding Pass နဲ့ Bag Tag ထုတ်တာကိုလည်း အဆင့်အများကြီးလုပ်စရာမလိုဘဲ ထုတ်လို့ရမယ်လို့ ပြောတယ်။

မလုပ်တတ်ရင်လည်း Vietnam Airlines က ဝန်ထမ်းတွေကို အကူအညီတောင်းလို့ရတယ်ဆိုတော့ တော်တော်တော့အဆင်ပြေတယ်ပြောရမယ်။ ခရီးထွက်မယ်ဆို Vietnam Airlines စီးရင် အရင်လို Check-in Counter မှာ အကြာကြီးတန်းစီရတာမျိုး လျှော့သွားတော့မှာပေါ့နော်။

ဒီစနစ်အောင်မြင်လို့ နောက်ပိုင်း ကျန်တဲ့ Airlines တွေပါ လိုက်လုပ်မယ်ဆိုရင် နိုင်ငံခြားခရီးသွားရတာ အကြာကြီးစောင့်စရာမလိုတော့ဘဲ အချိန်ကုန်သက်သာတော့မှာဆိုတော့ အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်။

Xin chào 👋"ဒီနေ့ ဘာမှာစားရမလဲ?"Grab Food ဖွင့်ပြီး နာရီဝက်လောက် Scroll လုပ်နေတာတောင် ဘာမှာရမှန်း မသိဖြစ်ဖူးကြလား? 😆တခါတလ...
23/07/2026

Xin chào 👋

"ဒီနေ့ ဘာမှာစားရမလဲ?"
Grab Food ဖွင့်ပြီး နာရီဝက်လောက် Scroll လုပ်နေတာတောင် ဘာမှာရမှန်း မသိဖြစ်ဖူးကြလား? 😆

တခါတလေဟင်းမချက်ချင်လို့ Grab ကနေမှာစားဖို့ စဉ်းစားပေမယ့် ဘယ်ဆိုင်ကကောင်းလဲ ဘာမှာစားရမလဲမသိဖြစ်နေရင် Sunshine ရဲ့ ဒီ page လေးကို follow ထားနော်

Grab Food ကို ထုံးလိုမွှေ ရေလိုနှောက်အောင် မှာစားနေကြမို့ ဘယ်ဆိုင်က အရသာကောင်းလဲ၊ ဈေးသက်သာလဲဆိုတာကို ရှာရှာဖွေဖွေ သိတာက Sunshine ရဲ့ talent တွေထဲက တစ်ခုပေါ့ ဟီး 🤭

✨ ပထမဆုံး Grab Food Review အနေနဲ့ Recommend ပေးချင်တဲ့ ဆိုင်လေးကတော့...
🐼 Tiệm Ăn Panda ဆိုတဲ့ မာလာဆိုင်လေးပါ။

မြန်မာမှာစားခဲ့ရတဲ့ မာလာအရသာမျိုးကို Hanoi မှာ လိုက်ရှာရတာ မလွယ်ဘူးဆိုတာ ဒီမှာနေတဲ့သူငယ်ချင်းတွေ သိကြမှာပါ။ ဒီဆိုင်လေးဆီကတော့ ကိုယ်တွေ တောင့်တနေတဲ့မာလာအရသာမျိုးလေး ရပါတယ်

မာလာဖက်ထုပ်၊ မာလာခေါက်ဆွဲ နဲ့ Hotpot လေးတွေ ဒီဆိုင်မှာ ရတယ်။ Menu က အများကြီး မဟုတ်ပေမယ့် အရသာကတော့ ရှယ်ပဲ! 🔥

🍲 Sunshine အနေနဲ့ ဒီဆိုင်လေးကနေ စားဖို့အတွက် Recommend ပေးရမယ်ဆိုရင်တော့... Chinese Mala Hotpot လေးကို စားကြည့်စေချင်တယ်...

ဈေးက 180K VND ကို အစားများတဲ့သူအတွက် ၁ ယောက်စာ ဆိုပေမယ့် ၂ ယောက်စာလောက်လည်း အဆင်ပြေပြေ စားလို့ရတယ်... portion ကတော့ အနေတော်ပါပဲ။

Sunshine တို့ကတော့ အိမ်မှာ Hotpot ကိုယ်တိုင်လုပ်စားရမှာ ပျင်းတဲ့နေ့တွေ၊ အပြင်လည်း မထွက်ချင်တဲ့အချိန်တွေဆို ဒီ Chinese Mala Hotpot ကိုပဲ Grab ကနေ မှာစားဖြစ်တယ်။ အလုပ်ရှုပ်စရာမလိုဘဲ မာလာအရသာကောင်းကောင်းလေး စားရတော့ စားပျော်တယ်

🔗 ဆိုင်လင့်ခ်လေးလိုချင်ရင် Comment မှာ "Shop" လို့ရေးလိုက်တာနဲ့ လာမန့်ပေးပါမယ်ရှင်

နောက်လည်း ဒီလို Grab မှာ မှာစားဖို့ စားသောက်ဆိုင်ကောင်းကောင်းလေးတွေကို တင်ပေးသွားမှာမို့ Sunshine ရဲ့ page လေးကို Like/Follow လေးလုပ်ပေးပြီး Support ပေးပါဦးနော် 🧡

🧡 Hanoi မှာ ပိတ်စလှလှလေးတွေ ဝယ်ချင်ရင် ဒီလမ်းလေးကို သွားပါ 🧡ဟနွိုင်းမှာ အဝတ်ပိတ်စတွေ ဝယ်ပြီး ကိုယ်တိုင်ချုပ်ဖို့ပဲဖြစ်ဖြ...
21/07/2026

🧡 Hanoi မှာ ပိတ်စလှလှလေးတွေ ဝယ်ချင်ရင် ဒီလမ်းလေးကို သွားပါ 🧡

ဟနွိုင်းမှာ အဝတ်ပိတ်စတွေ ဝယ်ပြီး ကိုယ်တိုင်ချုပ်ဖို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်ကို ပြန်ပို့ချင်လို့ပဲဖြစ်ဖြစ် ဝယ်ချင်တယ်ဆိုရင်တော့ Old Quarter ထဲက ဒီလမ်းလေးကို သွားကြည့်ပါနော်။ တလမ်းလုံး ပိတ်စဆိုင်တွေချည်းပဲ သီးသန့်ရောင်းပေးတာပါ။

အဲဒီလမ်းမှာတင် မျက်စိကျစရာ ပိတ်စဆိုင်တွေ အများကြီးရှိပြီး အားမရသေးဘူးဆိုရင် နည်းနည်းဆက်လျှောက်လိုက်တာနဲ့ Fabric Market ကိုပါ ရောက်သွားပါတယ်။ ဈေးထဲမှာလည်း ပိတ်စဆိုင်တွေ အများကြီးရှိပြီး စိတ်ကြိုက်လျှောက်ကြည့်လို့ရသေးတယ်။

Sunshine ကတော့ လမ်းဘက်ကို ရောက်ဖူးပေမယ့် ဈေးထဲတော့ မဝင်ဖြစ်သေးဘူး။ သိထားရသလောက်တော့ ပိတ်စအများစုက ဒုတိယထပ်မှာ ရောင်းကြတယ်လို့ ပြောပါတယ်။

💡 ဝယ်တော့မယ်ဆိုရင် ဈေးဆစ်ဖို့တော့ မမေ့နဲ့ဦးနော်…
ဆိုင်တွေက တဆိုင်နဲ့တဆိုင် နီးနီးကပ်ကပ်လေးနဲ့ဆိုတော့ သူ့ထက်ငါအပြိုင်ဈေးခေါ်တတ်ကြတယ်။ ကိုယ့်ဘက်က ဈေးဆစ်နိုင်မှ တော်ကာကြမယ်ပေါ့နော်။

Sunshine ကတော့ အမှန်အတိုင်းပြောရရင် ပိတ်စအကြောင်း သိပ်မသိဘူး။ 😅 သူငယ်ချင်းတစ်ယောက် လိုချင်တယ်ဆိုလို့ သွားကြည့်ပေးခဲ့တာရယ်… ပိတ်စအကြောင်းနားလည်တဲ့သူတွေဆိုရင်တော့ အဲ့လမ်းနဲ့ ဈေးလေးကို သွားလည်ပြီး လေ့လာကြည့်သိလား.. ပျော်ဖို့ကောင်းတယ်။

💰 ဈေးကတော့ Sunshine မေးကြည့်ခဲ့ရသလောက်ဆို ၁ မီတာကို 60K - 200K VND ထိ အစားစားရှိတယ်ပေါ့နော်။ ပုံတွေထဲက CAP VAR နာမည်နဲ့ဆိုင်လေးကတော့ များများဝယ်ရင် လျှော့ပေးမယ်လို့ ပြောတယ်။

📍 လိပ်စာလေးတွေကိုတော့ comment မှာ ရေးပေးထားမယ်နော်

သူငယ်ချင်းတို့ရော ဒီလမ်းနဲ့ ဈေးလေးကို ရောက်ဖူးကြလားဟင်? မရောက်ဖူးသေးရင်လည်း အတွေ့အကြုံရအောင် သွားကြည့်ဖို့ ညွှန်းပေးပါရစေနော် ✨

18/07/2026

Sunshine နဲ့အတူတူ Hanoi ကနေ Laos ဘက်ကို Sleeper Bus လေးစီးပြီး Visa Run သွားကြရအောင် 🚌✨

ဒီ Video လေးထဲမှာ

🛂 Border ဖြတ်တဲ့အဆင့်တွေ
🚌 Sleeper Bus အတွေ့အကြုံ
📋 E-Visa Process
💡 သတိထားသင့်တဲ့အချက်လေးတွေကို

အသေးစိတ် ရှင်းပြပေးထားလို့ ဗီဇာတိုးဖို့ လိုနေတဲ့သူတွေအတွက် တကယ်ကို အသုံးဝင်မှာပါ။

💛 Hanoi မှာနေပြီး Vietnam E-Visa အတွက် Visa Run လုပ်ဖို့လိုနေတယ်ဆိုရင် Sunshine မှာ Visa Run Service လည်းရှိပါတယ်။ 💛

အသေးစိတ် သိလိုသမျှကို စုံစမ်းဖို့ Message သာ ပို့လိုက်ပါရှင်။ 📩

အာရှရဲ့အမြင့်ဆုံး Starbucks ဆိုင်လေးကို ရောက်ပြီးကြလား?? ☕☁️Sapa ကို သွားမယ့်သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးတစ်ခုပြောစ...
10/07/2026

အာရှရဲ့အမြင့်ဆုံး Starbucks ဆိုင်လေးကို ရောက်ပြီးကြလား?? ☕☁️

Sapa ကို သွားမယ့်သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးတစ်ခုပြောစရာရှိတယ်.. အခု Starbucks က Sapa Fansipan တောင်ထိပ်မှာ ဆိုင်ဖွင့်ထားတယ်နော်… ဒါက Starbucks အတွက်လည်း အာရှမှာဖွင့်ဖူးသမျှအမြင့်ဆုံး ဆိုင်နေရာထဲမှာပါတယ် 🏔️

ဆိုင်အပြင်အဆင်ကိုလည်း မှန်တွေနဲ့လုပ်ထားတာဆိုတော့ Fansipan တောင်ထိပ်လေးမှာထိုင်၊ Starbucks ကော်ဖီလေးသောက်ပြီး ပတ်ဝန်းကျင်ရှုခင်းတွေ၊ တိမ်တွေကို ကြည့်လို့ရမှာဆိုတော့ တကယ်မိုက်တာနော်။ ✨

ဆိုင်က ဒီနှစ် မတ်လမှာမှ ဖွင့်ထားတာဆိုတော့ သိပ်မကြာသေးဘူး။ Sapa Fansipan ကော်ဖီဆိုင်တွေက ပုံမှန်ဆို အမြဲလူပြည့်ကြပ်နေတာမို့ ဒီ Starbucks ဆို လူတော်တော်တော့ များမှာ။

ဘာပဲဖြစ်ဖြစ် Sapa ကိုရောက်ရင် ဒီ Starbucks ဆိုင်လေးတော့ မဖြစ်မနေသွားခဲ့ကြဦးနော် သူငယ်ချင်းတို့ 🧡

Hanoi မှာ ဈေးသင့်ပြီးစားလို့ကောင်းတဲ့ Sushi ဆိုင်လေးတစ်ခု 🍣ဟဲလို… ဒီနေ့တော့ Hanoi မှာနေနေတဲ့ သူငယ်ချင်းတွေအတွက် စားလို့က...
02/07/2026

Hanoi မှာ ဈေးသင့်ပြီးစားလို့ကောင်းတဲ့ Sushi ဆိုင်လေးတစ်ခု 🍣

ဟဲလို… ဒီနေ့တော့ Hanoi မှာနေနေတဲ့ သူငယ်ချင်းတွေအတွက် စားလို့ကောင်းပြီး ဈေးသင့်တဲ့ Sushi ဆိုင်လေးတစ်ဆိုင်ကို ခေါ်သွားပေးမယ်နော်… ဆိုင်နာမည်လေးက Sushibar Hà Nội တဲ့… Sunshine စားဖူးသမျှ ဂျပန်ဆူရှီဆိုင်တွေထဲမှာ ဒီဆိုင်လေးက ဈေးတော်တော်သင့်ပြီး အရသာအရမ်းကောင်းတာမို့ သူငယ်ချင်းတို့ကိုလည်း စားစေချင်လို့ ညွှန်းပေးဖြစ်တာရယ် 💛

(ဒီဆိုင်ပြီးရင် နောက်ထပ်အကြိုက်ဆုံး ဆူရှီဆိုင်ကတော့ Old quarter ထဲက Sushi Ichi ဆိုတဲ့ဆိုင်.. ဒီဆိုင်လေးကတော့ ဈေးနည်းနည်းများသလို menu အရမ်းစုံတယ်၊ ဒါလေးကိုတော့ နောက်မှ post သက်သက်ထပ်တင်ပေးပါမယ်)

🍣 အခု Sushibar လေးက ဆူရှီအပြင် a la carte menu တွေလည်း တော်တော်စုံတယ်။ Salmon, Mackerel, Eel နဲ့ တခြားငါးတွေပါတဲ့ menu တွေ တော်တော်များတာမို့ Sunshine လို ဟနွိုင်းရောက်မှ ငါးအရမ်းစားချင်နေတဲ့သူတွေဆို ဒီဆိုင်လေးက ကွက်တိပဲ။

🍱 Menu တွေက 100K vnd ဝန်းကျင်လောက်ကနေ စတာဆိုပေမဲ့ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့အရသာက တော်တော်ကို တန်တယ်လို့ ခံစားရတယ်။ ပုံမှန်ဆို ဈေးကြီးတဲ့ ငါးရှဉ့်တို့၊ ဆယ်မွန်တို့ဆိုလည်း ဒီဆိုင်လေးမှာ 100K ကျော်ကျော်လေးပါပဲ။

🐟 Sunshine စားနေကြကတော့ Grilled Salmon with butter sauce ကို ထမင်း set လေးနဲ့ မှာစားလေ့ရှိတယ်။ တခြား Sunshine စားဖူးတဲ့ ဂျပန်ဆိုင်တစ်ခုဆို ထမင်း နဲ့ ရေညှိဟင်းချို ၂ မျိုးပဲပါတဲ့ Set တခု 50K လောက် ပေးရဖူးတယ်။ ဒီ Sushibar မှာကြ ထမင်း၊ ရေညှိဟင်းချို၊ ပင်လယ်စာ ကြက်ဥပေါင်း ၃ မျိုးအပါကိုမှ 25K ထဲဆိုတော့ အရမ်းကိုတန်သောပဲ

🍤 Sunshine ရဲ့ကောင်လေးလို Seafood မစားတဲ့သူတောင် ဒီဆိုင်ရဲ့ Salmon တွေ၊ Sushi တွေကိုတော့ စားလို့ရတယ်၊ ကြိုက်တယ်ပြောတယ်

📍 Sushibar ကသိသလောက်ဆို Tây Hồ, Cầu Giấy, Hà Đông တို့မှာရှိတယ်။ Sunshine က Tay Ho မှာနေတော့ Syrena ထဲကဆိုင်ခွဲလေးမှာပဲ စားဖြစ်နေတယ်

💌 သူငယ်ချင်းတို့ရော ဒီဆိုင်လေးမှာ စားဖူးလား? ဘယ်လိုနေလဲ ကြိုက်လား? ဒါမှမဟုတ် တခြား စားဖူးတဲ့၊ ကြိုက်တဲ့ sushi ဆိုင်လေးတွေရော ရှိလား? တကယ်လို့ ရှိတယ်ဆို Sunshine ကို comment ထဲမှာ ပြောပြပေးသွားလို့ရမလားနော်… သွားစားကြည့်ချင်လို့ပါ

📢 ဗီယက်နမ်ကို လာမယ့် ခရီးသွားတွေအတွက် သိထားမှရမယ့် ဇူလိုင် (၁) ရက်နေ့ကစပြီး ပြောင်းလဲသွားတဲ့ အချက်အလက်များ 🇻🇳မင်္ဂလာပါရှ...
01/07/2026

📢 ဗီယက်နမ်ကို လာမယ့် ခရီးသွားတွေအတွက် သိထားမှရမယ့် ဇူလိုင် (၁) ရက်နေ့ကစပြီး ပြောင်းလဲသွားတဲ့ အချက်အလက်များ 🇻🇳

မင်္ဂလာပါရှင့်! ဗီယက်နမ်ကို လာလည်ဖို့ စီစဉ်နေတဲ့ သူငယ်ချင်းတွေအတွက် လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် သိထားသင့်တဲ့ အချက်လေးတွေကို Sunshine အနေနဲ့ မျှဝေပေးချင်ပါတယ်။

🔴 Health Declaration (ကျန်းမာရေး ကြေညာချက်) ကိစ္စ

ဇူလိုင်လ ၁ ရက်နေ့ကစပြီး Health Declaration မဖြစ်မနေ လုပ်ရမယ်လို့ သတင်းတွေ ထွက်နေပေမဲ့၊ တကယ်က ခရီးသွားသူတိုင်း အမြဲလုပ်စရာ လိုတာမဟုတ်ပါဘူး။ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒါက ကူးစက်ရောဂါ ဖြစ်ပွားလာတဲ့ အခြေအနေမျိုးမှသာ လိုအပ်ရင် ကောက်ခံမယ့် စနစ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ စိုးရိမ်စရာ မလိုပါဘူးနော်!

🔴 လေဆိပ်မှာ ကျန်းမာရေး စစ်ဆေးခြင်း

ဒါပေမဲ့ လေဆိပ်တွေမှာ ကိုယ်အပူချိန်တိုင်းတာမျိုးတွေတော့ ရှိနိုင်ပြီး တကယ်လို့ ဖျားနေတဲ့ လက္ခဏာတွေ ပြနေရင်တော့ ခရီးသွား ရာဇဝင်နဲ့ ကျန်းမာရေး အခြေအနေကို အနည်းငယ် အမေးခံရနိုင်ပါတယ်။

🔴 Arrival Form

အခု Health Declaration က Arrival Form နဲ့မတူဘူးနော်။ ဒါကြောင့် ဗီယက်နမ်ကို လာလည်မယ့်သူငယ်ချင်းတွေအနေနဲ့ Online ကနေ ကြိုတင် ဖြည့်ရမယ့် Arrival Form (QR code) ကိုတော့ ဖြည့်ကိုဖြည့်လာရပါမယ်။ ဖြည့်ဖို့မမေ့ပါနဲ့နော်!

ဒီအချက်လေးတွေက ဗီယက်နမ်ကို လာမယ့်သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ခရီးသွားမယ့် သူငယ်ချင်းတွေကိုလည်း သိသွားအောင် Mention ခေါ်ပြီး ပြောပြပေးလိုက်ပါဦးနော် ✈️🎒





Xin chào 👋Mala Tang Order လေးတွေကို ဒီတစ်ပတ်တော့ Tuesday to Friday ထိ order လက်ခံပေးမယ့်အကြောင်းလေး သတင်းကောင်းပါးချင်ပါ...
29/06/2026

Xin chào 👋

Mala Tang Order လေးတွေကို ဒီတစ်ပတ်တော့ Tuesday to Friday ထိ order လက်ခံပေးမယ့်အကြောင်းလေး သတင်းကောင်းပါးချင်ပါတယ်ရှင့်… Weekend ကတော့ ခရီးသွားစရာလေးရှိလို့နားပါမယ်နော်

👆 တစ်ယောက်စာ: 145K VND (အစားနည်းတဲ့သူ၊ ပုံမှန်စားသူတွေဆို တစ်ယောက်စာက ၂ ယောက်စားလို့ လောက်အောင်ကို ချက်ပေးထားပါတယ်)
✌️ နှစ်ယောက်စာ: 210K VND (အလျှံအပယ် များများစားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးယူနော်)

🥩 အသားကတော့ ဝက်သား နဲ့ အမဲသား ရပါမယ်။

ပဲလိပ်တို့၊ ခေါက်ဆွဲပြားတို့ထပ်ထည့်ချင်တယ်ဆိုလည်း Add-On အနေနဲ့ မှာလို့ရပါတယ်ရှင်

🫘 Fried bean curd roll - 6.5K VND
🍜 Flat sweet potato vermicelli - 10K

ကိုယ်တိုင် အိမ်မှာ လုပ်စားသလိုမျိုး စေတနာအပြည့်နဲ့ ချက်ပေးမှာမို့ သန့်သန့်လေးနဲ့ကောင်းကောင်းလေး စားရအောင် ခုပဲ Message ပို့လိုက်တော့နော် 💌

မနက်ဖြန် Sunday အတွက် Mala Tang အော်ဒါလေးတွေ လက်ခံပါသေးတယ်နော် 📢 ဒီနေ့ အားပေးတဲ့ တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများ...
27/06/2026

မနက်ဖြန် Sunday အတွက် Mala Tang အော်ဒါလေးတွေ လက်ခံပါသေးတယ်နော် 📢

ဒီနေ့ အားပေးတဲ့ တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်

👆 တစ်ယောက်စာ: 145K VND (အစားနည်းတဲ့သူ၊ ပုံမှန်စားသူတွေဆို တစ်ယောက်စာက ၂ ယောက်စားလို့ လောက်အောင်ကို ချက်ပေးထားပါတယ်)
✌️ နှစ်ယောက်စာ: 210K VND (အလျှံအပယ် များများစားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးယူနော်)

🥩 အသားကတော့ ဝက်သား နဲ့ အမဲသား ရပါမယ်။ ၂ မျိုးလုံး ရောယူချင်လည်း ရတယ်ရှင့်။

🥘 For Add-On Items

🫘 Fried bean curd roll - 6.5K VND
🍜 Flat sweet potato vermicelli - 10K

အရေအတွက် အကန့်အသတ်လေးနဲ့ပဲ သေချာလေး ချက်ပေးနိုင်တာမို့ စားမယ်စဉ်းစားထားရင် ခုပဲ Message ပို့လိုက်တော့နော် 💌

📢 Vietnam ကို အလည်လာမယ့်သူတွေ သိထားသင့်တဲ့ အရေးကြီးသတင်းလေးတခု! 🇻🇳Vietnam ကိုအလည်လာမယ့်သူတွေအနေနဲ့ ယာယီနေထိုင်ကြောင်းထော...
27/06/2026

📢 Vietnam ကို အလည်လာမယ့်သူတွေ သိထားသင့်တဲ့ အရေးကြီးသတင်းလေးတခု! 🇻🇳

Vietnam ကိုအလည်လာမယ့်သူတွေအနေနဲ့ ယာယီနေထိုင်ကြောင်းထောက်ခံစာလုပ်ဖို့ လိုပါတော့မယ်နော်… အရင်ကတော့ ကြာကြာနေတဲ့ Foreigner တွေပဲ လိုတာဆိုပေမဲ့ အခုတော့ လာမယ့် July 24, 2026 ကနေစပြီး အလည်လာသူတွေပါ လုပ်ရမယ်ဆိုတဲ့ စည်းကမ်းအသစ် ထုတ်လိုက်တာပါ။

Hotel, homestay, resort, Airbnb စတဲ့ ကိုယ်တည်းမယ့် ဘယ်နေရာမှာမဆို check in လုပ်ပြီဆိုတာနဲ့ ယာယီနေထိုင်ကြောင်းထောက်ခံစာ လုပ်ရတော့မှာပါ 🏨✨

📌 လည်မယ့်သူတွေအတွက် ဘာတွေပြောင်းလဲသွားမလဲ?

တခုကောင်းတာက register ကိုယ်ကိုယ်တိုင် လုပ်စရာမလိုပါဘူး.. တည်းမယ့်နေရာရဲ့ ပိုင်ရှင် ဒါမှမဟုတ် host ကို register လုပ်ပေးဖို့ ပြောရင်ရပါတယ်… သူတို့ဘက်ကလည်း မေးလာနိုင်ပါတယ်…ဒါကြောင့် ခရီးသွားတဲ့အခါ Passport နဲ့ Visa ကို အလွယ်တကူ ထုတ်ပြနိုင်အောင် ဆောင်ထားဖို့ မမေ့နဲ့နော်! သူတို့ တာဝန်ယူပြီး လုပ်ပေးရမယ့် အရာတခုမို့

ကိုယ့်ဘက်က
🟧ကိုယ့်ရဲ့ နာမည်
🟧ပတ်စပို့စ် နံပါတ်
🟧ဗီဇာ
🟧ဘယ်နိုင်ငံသားဖြစ်ကြောင်း
🟧ဘယ်နှရက်နေမယ့်အကြောင်း… ဒါတွေပြောပြပေးဖို့ပဲ လိုပါတယ်

ပြီးရင် အိမ်ရှင် or host က online ကနေ register လုပ်ပေးပါလိမ့်မယ်… Online နဲ့ တင်လို့မရတဲ့နေရာမျိုးဆိုရင်လည်း သူတို့ သက်ဆိုင်ရာ ရဲစခန်းမှာ တင်ပေးပါလိမ့်မယ်နော်.. ကိုယ့်ဘက်က လိုအပ်မယ့်အချက်လေးတွေကို ပြင်ဆင်ထားဖို့ပဲ လိုပါတယ်

ဆိုတော့ ဗီယက်နမ်ရဲ့ဘယ်မြို့ကိုပဲသွားသွား ကိုယ့်ဘက်က Passport နဲ့ Visa လေး ready လုပ်ထားကြဖို့ မမေ့နဲ့နော် 📢





Address

206 Phố Huế

Alerts

Be the first to know and let us send you an email when Sunshine in Hanoi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Food & Beverage Service?

Share