Vlog by Ehra

Vlog by Ehra Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vlog by Ehra, east dagon, Dagon.

နိုင်ငံ​သေး​ပေမဲ့  ဘက်စုံဖွံ့ဖြိုးတိုးတက်​သော စင်ကာပူနိုင်ငံ Singapore နိုင်ငံဒီတခါ​တော့ ကိုအလုပ်လုပ်​နေတဲ့ စင်ကာပူ နိုင...
11/07/2025

နိုင်ငံ​သေး​ပေမဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်​သော စင်ကာပူနိုင်ငံ Singapore နိုင်ငံ

ဒီတခါ​တော့ ကိုအလုပ်လုပ်​နေတဲ့ စင်ကာပူ နိုင်ငံ အ​ကြောင်း မသိ မဖြစ်​စေရ​အောင် စင်ကာပူ နိုင်ငံ​အ​ကြောင်း ရေး​ပေးလိုက်ပါတယ်

🇸🇬 စင်ကာပူနိုင်ငံအကြောင်း

စင်ကာပူ (Singapore) သည် အရှေ့တောင်အာရှတွင် တည်ရှိသော ပင်လယ်ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ မလေးရှားနိုင်ငံ၏တောင်ဘက်အစွန်းတွင် တည်ရှိပြီး ဧရိယာ ~733 စတုရန်းကီလိုမီတာသာရှိသည်။ သို့သော် စီးပွားရေး၊ နည်းပညာနှင့် စည်းကမ်းဥပဒေစနစ်အရ ကမ္ဘာတစ်ဝှမ်းလှည့်ခရီးသည်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝိုင်းဝန်းဂုဏ်ပြုသော နိုင်ငံဖြစ်သည်။



📜 သမိုင်းနောက်ခံ

စင်ကာပူသည် 14 ရာစုကတည်းက သမိုင်းတွင်တွေ့ရှိခဲ့ပြီး “Singapura” (မြှားနတ်မြို့) ဟုခေါ်တွင်ခဲ့သည်။ 1819 ခုနှစ်တွင် Sir Stamford Raffles သည် ဗြိတိသျှကုန်သွယ်ရေးအခြေခံအဖြစ် တည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်လက်အောက်ဝင်ခဲ့ပြီး 1965 ခုနှစ်တွင် မလေးရှားမှ ခွဲထွက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။ ထိုအချိန်မှစ၍ People’s Action Party (PAP) အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်မှုဖြင့် ဖွံ့ဖြိုးလာသည်။



🏛️ နိုင်ငံရေးနှင့် အုပ်ချုပ်မှု

စင်ကာပူသည် Parliamentary Republic ဖြစ်ပြီး သမ္မတသည် အထွေထွေအမှုအတွက်ဦးဆောင်ပြီး ဝန်ကြီးချုပ်သည် နိုင်ငံတစ်ခုလုံးကို စီမံခန့်ခွဲသည်။ လက်ရှိ ဝန်ကြီးချုပ်မှာ Lawrence Wong ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုနှင့် လွတ်လပ်သော တရားစီရင်မှုစနစ်ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုအပြည့်အဝရှိသည်။



💹 စီးပွားရေးနှင့် နည်းပညာ

စင်ကာပူမှာ သဘာဝအရင်းအမြစ်မရှိသော်လည်း
• ပင်လယ်ဆိပ်ကမ်း (World-class port)
• အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု
• ထုတ်လုပ်ရေး၊ Electronics
• Biotech, Fintech
တို့မှတဆင့် တော်တော်များများ ဝင်ငွေရရှိသည်။
Changi လေဆိပ်သည် ကမ္ဘာ့အကောင်းဆုံးလေဆိပ်ထဲမှ တစ်ခုဖြစ်ပြီး Logistics Center အဖြစ်အသုံးပြုသူများစွာရှိသည်။



👨‍👩‍👧 လူဦးရေနှင့် လူမှုဖွဲ့စည်း

လူဦးရေ ~5.9 သန်းခန့်ရှိပြီး လူမျိုးစုအုပ်စုများမှာ –
• တရုတ် – ၇၄%
• မလေး – ၁၃%
• အိန္ဒိယ – ၉%
• အခြား – ၄%
ဘာသာစကား ၄ မျိုး (အင်္ဂလိပ်၊ မလေး၊ တရုတ်၊ တမီးလ်) ကို တရားဝင်အသုံးပြုသည်။
မြို့တော်တစ်ခုတည်းသာရှိပြီး အလွန်သန့်ရှင်း၍ စည်းကမ်းတကျဖြစ်သည်။



🚌 သယ်ယူပို့ဆောင်မှုနှင့် မြို့ပြဖွံ့ဖြိုးမှု

MRT (မြေအောက်ရထား) နှင့် bus system များသည် တိကျမှု၊ သန့်ရှင်းမှုနှင့် စနစ်တကျ ဖြစ်သည်။ Grab, Taxi စနစ်များလည်း Digital ပြောင်းလဲပြီးအဆင်ပြေသည်။
စင်ကာပူသည် “Smart Nation” Vision ဖြင့်
• SingPass
• QR Payment
• Smart street lights
• Data sensors
တို့ကို မြို့တော်တွင် အပြည့်အဝအသုံးချနေသည်။



🏡 အိမ်ရာစနစ် (HDB)

HDB သည် စင်ကာပူအိမ်ရာဖွံ့ဖြိုးရေးအဖွဲ့ဖြစ်ပြီး လူဦးရေ ~၈၀% ကျော်သည် HDB တိုက်များတွင် နေထိုင်သည်။ အိမ်ရာအရစ်ကျ၊ သက်သာသောဈေးနှုန်းဖြင့် ထုတ်ပေးသည်။ အိမ်ရာတစ်ခုတည်းမှာပင် mall, school, clinic, playground စသည်များကို တစ်စုတစည်းတည်း စီမံထားသည်။



🎓 ပညာရေး

စင်ကာပူသည် OECD, PISA Ranking စသည်တို့တွင် ထိပ်ဆုံးအဆင့်ရှိသော နိုင်ငံဖြစ်သည်။
• NUS (National University of Singapore)
• NTU (Nanyang Technological University)
• SMU (Singapore Management University)
တို့သည် ကမ္ဘာလုံးဆိုင်ရာအဆင့်ရှိသည်။
ပညာရေးစနစ်သည် စနစ်တကျဖြစ်ပြီး ရှေးဦးဆုံးသင်ကြားမှု၊ အနာဂတ်အထောက်အကူဖြစ်စေသည်။



🏥 ကျန်းမာရေးနှင့် လူနေမှုအဆင့်

MediSave, MediShield စနစ်များဖြင့် Universal Healthcare system ရှိသည်။
Hospital များ၊ Polyclinic များသည် တပ်မက်မှုနည်းပြီး ဆေးကုသမှုကောင်းမွန်သည်။
လူတစ်ဦးစာဘဝအလျားမြင့် – ~83 နှစ် ဖြစ်သည်။



🛡️ လုံခြုံရေးနှင့် စည်းမျဉ်း

ပြစ်မှုနှုန်းနည်းဆုံးအဆင့်တွင် ပါဝင်သည်။
• Chewing gum တားမြစ်
• Drug ပြစ်မှု – ေ-သဒဏ်
• Smoking – designated area only
• National Service (NS) – ယောကျ်ားလေးများ ၂ နှစ်ဝင်ရ
• တော်တော်တင်းကြပ်သော Law enforcement



🌱 သဘာဝနှင့် Eco-City Vision

“City in a Garden” ဟုခေါ်ကြသည်။
• Gardens by the Bay
• Singapore Botanic Gardens (UNESCO Site)
• Park connector network
• Solar power, Rainwater harvesting
စနစ်များဖြင့် Eco-friendly urban design ထားရှိသည်။



🏖️ ခရီးသွားလုပ်ငန်း

အထင်ကြီးသော နေရာများ:
• Marina Bay Sands
• Sentosa Island
• Gardens by the Bay
• Merlion Park
• Jewel Changi Airport
• Universal Studios Singapore

စင်ကာပူသည် အာရှအတွင်း အရေးကြီးဆုံး ခရီးသွားDestination တစ်ခုဖြစ်သည်။



🧠 ထူးခြားသောအချက်များ
• ဧရိယာသေးငယ် (ကမ္ဘာပေါ် ဒုတိယအသေးဆုံး)
• သဘာဝရင်းမြစ်မရှိသော်လည်း အင်အားကြီးနိုင်ငံ
• ငြိမ်းချမ်းမှု၊ အဆင့်မြင့်နည်းပညာ၊ အတည်ပြုသည့်စည်းမျဉ်းများ
• တော်ဝင်မင်းသားမရှိပဲ နိုင်ငံရေးတည်ငြိမ်မှုဖြင့် အောင်မြင်



✅ အနှစ်ချုပ်

စင်ကာပူ သည် ဧရိယာသေးငယ်သော်လည်း
လူမှုစည်းကမ်းတကျမှု၊ စီးပွားရေးနည်းပညာအင်အား၊ ပညာရေးကျန်းမာရေးအရည်အချင်း
တို့ဖြင့် ကမ္ဘာ့ထိပ်တန်းအသက်မွေးဝမ်းကျောင်းအဆင့်မြင့်နိုင်ငံတစ်ခု ဖြစ်သည်။







ပင်လယ်ရေလည်း ချိုနိုင်သည်.. (စင်ကာပူရဲ့ သောက်သုံးရေ စီမံခန့်ခွဲမှု - ၅)💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧စင်ကာပူဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျ...
06/07/2025

ပင်လယ်ရေလည်း ချိုနိုင်သည်.. (စင်ကာပူရဲ့ သောက်သုံးရေ စီမံခန့်ခွဲမှု - ၅)
💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧

စင်ကာပူဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံလေးမို့ ရေချိုရှားပေမယ့် ပင်လယ်ရေကိုတော့ အကြိုက် ခပ်သုံးနိုင်ပါတယ်။ ပြဿနာက ပင်လယ်ရေမို့ ရေငန်ဖြစ်နေပြီး၊ သောက်သုံးလို့ရတဲ့ ရေချို (fresh water) မဟုတ်တဲ့ အချက်ပါပဲ။ ပေါပေါများများရတဲ့ ရေငန်ကို ရေချိုဖြစ်အောင် ပြုပြင်ထုတ်လုပ်နိုင်ရင်တော့ ဒါဟာ စင်ကာပူနိုင်ငံအတွက် အင်မတန် အသုံးဝင်တဲ့ ရေအရင်းအမြစ် တစ်ခု ဖြစ်ပါလိမ့်မယ်။ ပင်လယ်ရေငန်ကို ရေချိုဖြစ်အောင် ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းကို Desalination လို့ ခေါ်ပါတယ်။ အဲဒီလို ပြုပြင်ထုတ်လုပ်ပြီး ရလာတဲ့ ရေကိုတော့ Desali-nated water လို့ ခေါ်ပါတယ်။ စင်ကာပူရဲ့ ရေပိုက်ခေါင်းကြီး ၄ ခု (Four National Taps) လို့ တင်စားခေါ်ဝေါ်တဲ့ ရေချို အရင်းအမြစ်တွေထဲမှာ Desalinated water ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်း (Desalination) ဟာ စွမ်းအင်သုံးစွဲရမှု မြင့်မားပြီး ကုန်ကျစရိတ်လည်း အင်မတန်များတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပင်လယ်ရေတွေကို အင်မတန်စွမ်းရည်မြင့်တဲ့ ရေစစ်လွှာ (membranes) တွေကို ဖြတ်သန်းနိုင်အောင် ဖိအားပေးတွန်းလွှတ်ပြီးမှ ရေချိုတွေ ရရှိနိုင်တာမို့ပါ။ အဲဒီလို စစ်ထုတ်မှသာ ပင်လယ်ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားတွေ၊ သတ္တုဓာတ်တွေကို ဖယ်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

တွက်ချက်မှုတွေအရ ပင်လယ်ဆားငန်ရေကနေ ရေချို တစ်ကုဗမီတာ (၁၀၀၀ လီတာ) စစ်ထုတ်ယူနိုင်ဖို့ အတွက် လျှပ်စစ်ဓာတ်အား ၃.၅ kWhr (၃ ယူနစ်ခွဲ) သုံးစွဲရပါတယ်။ စင်ကာပူရဲ့ PUB ဌာနကတော့ လျှပ်စစ်ဓာတ်အား လျှော့ချသုံးစွဲပြီး ဆားငန်ရေကို ရေချိုအဖြစ် စစ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို အဆက်မပြတ် လေ့လာ သုတေသနပြု ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် လျှပ်စစ်ဓာတ်အားခ ချွေတာနိုင်မှသာလျှင် ဒီနည်းလမ်းက ရေရှည်တည်တံ့နိုင်မှာ ဖြစ်လို့ပါ။

💧ပင်လယ်ရေကို ရေချိုဖြစ်အောင် ဘယ်လိုလုပ်သလဲ?

ပထမဆုံးအဆင့်ကို Intake screen လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာ ပင်လယ်ရေတွေကို စက်ရုံထဲ သွင်းယူရပါတယ်။ အဲဒီလို သွင်းယူရာမှာ အနယ်အမှုံတွေ ပါမလာစေဖို့ ရေစစ် (mechanical filter) နဲ့ စစ်ယူပါတယ်။ တချိန်တည်းမှာ ရေထဲကို ကလိုရင်း (Chlorine) ခတ်ပေးပါတယ်။ ရေပိုက်လိုင်းတလျှောက်နဲ့ စက်ရုံထဲက ရေသန့်စင်စနစ်တစ်ခုလုံးမှာ ပင်လယ်ပြင်က သက်ရှိတွေ၊ ပိုးမွှားတွေ ပေါက်ပွားလာခြင်း မရှိစေဖို့ ဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ Floatation Unit ကို ဖြတ်သန်းစေပါတယ်။ ဒီအဆင့်မှာ ရေထဲကို သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းအချို့ကို တွက်ချက်ပြီး ရောထည့်ပေးရပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေကြောင့် ရေထဲမှာ ပျော်ဝင်ပြီး ပါလာတဲ့ မသန့်ရှင်းတဲ့အရာတွေဟာ စုစည်းမိသွားပြီး အမှုန်အမွှားတွေအဖြစ်ပြောင်းလဲလာပါတယ်။ အဲဒီလို ပြောင်းလဲသွားတဲ့အချိန်မှာ ရေထဲကို လေမှုတ်ထည့်ပေးပါတယ်။ ရေထဲမှာ လေပူဖောင်းတွေဖြစ်လာရင် အမှိုက်သရိုက်တွေက အပေါ်ကို တက်လာတတ်တဲ့ သဘောရှိတာကြောင့် မသန့်ရှင်းတဲ့အရာတွေ စုစည်းမိသွားပြီး ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေထဲက ပေါ့တဲ့အမှုန်အမွှားတွေဟာ အပေါ်ကို တက်လာပါတယ်။ အဲဒီအမှုံအမွှားတွေကို ဖယ်ရှားရှင်းလင်း ပေးပါတယ်။

တတိယအဆင့်ကတော့ Gravity sand unit ဖြစ်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ Floatation Unit ထဲကနေ ထွက်လာတဲ့ ရေထဲမှာ လေးတဲ့ အမှုန်အမွှားတွေ ပါဝင်နေဆဲဖြစ်တာကြောင့် ရေကို သဲထဲမှာ ဖြတ်သန်းစေပြီး၊ အဲဒီအမှုန်တွေကို သဲက စစ်ထုတ်ယူထားစေပါတယ်။

စတုတ္ထအဆင့်ကတော့ အာရ်အို (RO) လို့ လူသိများတဲ့ Reverse osmosis ဆိုတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ ရေထဲမှာ ပျော်ဝင်နေတာ မှန်သမျှကို semi-permeable membrane လို့ခေါ်တဲ့ ရေစစ်က စစ်ထုတ်ဖယ်ရှားပေးတဲ့အဆင့် ဖြစ်ပါတယ်။ အဲဒီ ရေစစ်ကို ဖြတ်သန်းနိုင်ဖို့အတွက် တတိယအဆင့်ကထွက်လာတဲ့ ရေတွေကို အင်မတန်ပြင်းထန်တဲ့ ဖိအားနဲ့ တွန်းထုတ်ပေးရပါတယ်။ အဲဒီ ရေစစ်ကို ရေမော်လီကျူတွေကလွဲလို့ အခြားဘယ် မော်လီကျူတွေမှ မဖြတ်သန်းနိုင်ပါဘူး။

နောက်ဆုံးအဆင့်ကတော့ Post treatment အဆင့်ဖြစ်ပါတယ်။ အာရ်အို အဆင့်ကနေထွက်လာတဲ့ ရေကို ထပ်မံပြီး ပိုးသတ်သန့်စင်သလို၊ လူတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပြန်လည်ဖြည့်စွက်ပေးတဲ့လုပ်ငန်း (remineralization) ကိုလည်း လုပ်ဆောင်ရပါတယ်။ အဲဒီနောက် ကလိုရင်း (chlorine) နဲ့ ဖလူအိုရိုက် (fluoride) စတဲ့ ရေသန့်ဆေးဝါးတွေ ဖြည့်စွက်ပြီး အများပြည်သူထံ ပြန်လည်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

💧စင်ကာပူနိုင်ငံရှိ Desalination စက်ရုံများ

လက်ရှိမှာ စင်ကာပူနိုင်ငံအတွင်း Desalination ပြုလုပ်ပေးတဲ့ စက်ရုံ ၅ ခု တည်ထောင်ထားရှိပြီး လည်ပတ်နေတယ်လို့ သိရပါတယ်။

ပထမဆုံးစက်ရုံကတော့ ၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ စတင်လည်ပတ်ခဲ့တဲ့ SingSpring စက်ရုံဖြစ်ပါတယ်။ တစ်ရက်ကို ရေချို ကုဗမီတာ ၁၃၆,၃၈၀ ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံအတွက် နေ့စဉ် ရေလိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းကို အဲဒီစက်ရုံက ဖြည့်ဆည်းပေးခြင်းပဲ ဖြစ်ပါတယ်။ Tues မှာ တည်ရှိတဲ့ အဲဒီစက်ရုံ ကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်တဲ့ စနစ် (Public Private Partnership – PPP) ပုံစံနဲ့ စတင်ခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီကို ၂၀၀၅ ကနေ ၂၀၂၅ ခုနှစ်အထိ လုပ်ပိုင်ခွင့် ပေးထားတာ ဖြစ်ပါ တယ်။

ဒုတိယမြောက်စက်ရုံကတော့ Tuas South (TSDP) စက်ရုံ ဖြစ်ပါတယ်။ ယခင်ကတော့ အဲဒီစက်ရုံကို Tua-spring လို့ ခေါ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ စင်ကာပူရဲ့ အကြီးမားဆုံး Desalination စက်ရုံ ဖြစ်ပါတယ်။ ရှေ့ပိုင်းကာလတွေမှာ ပုဂ္ဂလိကကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ စင်ကာပူ အစိုးရ ရဲ့ PUB ဌာနပိုင် ဖြစ်လာပါတယ်။

တတိယမြောက် စက်ရုံကတော့ Tues စက်ရုံ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ ၂၁၇ သန်း တန်ပြီး၊ တစ်ရက်ကို ရေချို ဂါလံပေါင်း သန်း ၃၀ ထုတ်လုပ်ပေးနိုင်ပြီး မိသားစုပေါင်း ၂ သိန်း အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။ ထူးခြားတာက အဲဒီစက်ရုံမှာ လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ကနေ ထုတ်ယူသုံးစွဲတာပါ။ ဒါကြောင့် ရေချို ထုတ်လုပ်မှုစရိတ်ကို သက်သာသွားစေပါတယ်။ စက်ရုံရဲ့ ခေါင်မိုးပေါ်ဟာ စတုရန်းမီတာ ၇၀၀၀ ကျော် ကျယ်ဝန်းပြီး အဲဒီမှာ ဆိုလာချပ်တွေ တပ်ဆင်ထားတာပါ။ အဲဒီ ဆိုလာချပ်တွေကနေ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁.၄ သန်း ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီ လျှပ်စစ်ဓာတ်အား ပမာဏဟာ အိမ်ခန်းလေးခန်းစီပါတဲ့ လူနေတိုက်ခန်းပေါင်း ၃၀၀ ကျော်ကို လျှစ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဖြူးပေးဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလျှပ်စစ်ဓာတ်အားပမာဏဟာ Desalination စက်ရုံကြီးအတွက်တော့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပမာဏရဲ့ ၁ ရာခိုင်နှုန်း ပဲ ရှိတယ်လို့ ဆိုပါတယ်။

စတုတ္ထမြောက် စက်ရုံကတော့ Keppel Marina East ဖြစ်ပြီး ၂၀၂၀ မှာ ဖွင့်လှစ်ခဲ့တာပါ။ ထူးခြားချက်ကတော့ ပင်လယ်ဆားငန်ရေ တွေကို ရေချိုအဖြစ် ချက်လုပ်ပေးနိုင်ရုံသာမကဘဲ၊ စင်ကာပူနိုင်ငံထဲက ရေလှောင်ကန်တွေမှာ သိုလှောင်ထားတဲ့ မိုးရေတွေကိုလည်း သောက်သုံးရေဖြစ်တဲ့အထိ သန့်စင်ပေးနိုင်တဲ့ စက်ရုံ ဖြစ်နေတာပါ။ ဒီစက်ရုံကလည်း တစ်ရက်ကို ရေဂါလံ သန်း ၃၀ လောက် ထုတ်လုပ်ပေးပြီး စင်ကာပူနိုင်ငံသောက်သုံးရေ လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပါတယ်။ Keppel subsidiary ကုမ္ပဏီက ၂၀၂၀ ခုနှစ်ကနေ ၂၀၄၅ ခုနှစ်အထိ ၂၅ နှစ် လုပ်ပိုင်ခွင့် ရရှိထားပါတယ်။

နောက်ဆုံးစက်ရုံကတော့ Jurong Island စက်ရုံ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ Tuas Power လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ Tembusu Multi-Utilities Complex (TMUC) လုပ်ငန်းခွင်နဲ့ တွဲဖက်ထားတဲ့အတွက် စွမ်းအင်သုံးစွဲမှု ပိုမိုထိရောက်သက်တာတဲ့ အချက် ဖြစ်ပါတယ်။

ပင်လယ်ရေတွေ ချိုပါစေ ဆိုတဲ့စကားဟာ စင်ကာပူအတွက်တော့ ယုံတမ်းစကား မဟုတ်တော့ပါဘူး။ ပင်လယ်ဆားငန်ရေတွေကို ရေချိုဖြစ်အောင် ပြောင်းလဲပြီး ပြည်သူတွေသောက်သုံးနိုင်အောင် ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်ပါတယ်။

စင်ကာပူရဲ့ သောက်သုံးရေ စီမံခန့်ခွဲမှုအကြောင်း ပြောရင်း အတွေးတစ်ခု ဝင်မိပါတယ်။ ပင်လယ်ဆားငန် ရေတွေကိုတောင် ရေချိုဖြစ်အောင် လူသားတွေရဲ့ အစွမ်းနဲ့ ပြောင်းလဲပစ်နိုင်ရင်၊ မြန်မာပြည်သူတွေ ကြုံတွေ့နေရ တဲ့ ခါးသီးတဲ့ နေ့ရက်တွေကိုလည်း ချိုမြိန်တဲ့နေ့ရက်တွေအဖြစ် မြန်မာပြည်သူတွေကိုယ်တိုင် ပြောင်းလဲနိုင်လိမ့် မယ် ဆိုတဲ့ အတွေးပါ။ စင်ကာပူရဲ့ ပင်လယ်ရေတွေကတော့ ရေချိုဖြစ်သွားပါပြီ။ မြန်မာပြည်သူအားလုံးလည်း ချိုမြိန်မှုအပေါင်း မကြာမီ ခံစားနိုင်ကြရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

ရေးသားသူ - #ခိုင်ကြည်သစ်

#စင်္ကာပူ
#ဆားငန်ရေ
#ရေချို
#သောက်သုံးရေ
#ကလိုရင်း
#ဖလူအိုရိုက်

#အစိမ်းရောင်လမ်း
အစိမ်းရောင်လမ်းမှကူးယူဖော်ပြသည်

July လအတွက် စက်ချုပ်/အင်္ဂလိပ်စာ/တရုတ်စာ အခြေခံတွေနဲ့ အခြားactivities တွေကို Free join ချင်သူများ WhatsApp,,နံပါတ် 84275...
28/06/2025

July လအတွက် စက်ချုပ်/အင်္ဂလိပ်စာ/တရုတ်စာ အခြေခံတွေနဲ့ အခြားactivities တွေကို Free join ချင်သူများ
WhatsApp,,နံပါတ် 84275196 မှာဆက်သွယ်စုံစမ်းပြီး နာမည်စာရင်း‌ေပးနိုင်ပါပြီ🥰

စေတနာဖြင်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ကိုယ့်သူငယ်ချင်း‌ေတွလဲတက်လို့ရအောင် share ပေးသွားဦးနော်🥰

26/06/2025

တကယ်တော့ စင်္ကာပူဆိုတာ
အရမ်းပူပါတယ်😅

19/06/2025

သင်က စင်္ကာပူမှာ အလုပ်လုပ်နေပြီး အင်္ဂလိပ်စာနဲ့တရုတ်စာ ကို အခမဲ့လေ့လာချင်တယ်ဆိုရင် ‌commentမှာမန့်ခဲ့နော်🥰

1.6.25  At the St.Andrew cathedral Church's welcome centre 11:30-1PM
01/06/2025

1.6.25
At the St.Andrew cathedral Church's welcome centre 11:30-1PM

ငွေစုရုံနဲ့ မလုံလောက်တော့ဘူး! ငွေကို ငွေထပ်ရှာခိုင်းမယ့် ရင်းနှီးမြှုပ်နှံမှု ၅ နည်း၁။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်း...
07/05/2025

ငွေစုရုံနဲ့ မလုံလောက်တော့ဘူး! ငွေကို ငွေထပ်ရှာခိုင်းမယ့် ရင်းနှီးမြှုပ်နှံမှု ၅ နည်း

၁။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်း

အိမ်ခြံမြေဟာ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ ဥပမာ - သင့်မှာ ကျပ်သိန်း ၅၀၀၀ ရှိတယ်ဆိုပါစို့။ မြို့ပြင်မှာ မြေကွက်တစ်ကွက် ဝယ်လိုက်ပါတယ်။ နှစ်အနည်းငယ်အကြာမှာ အဲ့ဒီဒေသက ဖွံ့ဖြိုးလာတာနဲ့အမျှ သင့်မြေကွက်လည်း တန်ဖိုးတက်လာမှာဖြစ်ပါတယ်။ ပိုကောင်းတာက အဲ့ဒီမြေပေါ်မှာ တိုက်ခန်းငှားရမ်းဖို့ အဆောက်အဦး ဆောက်ထားရင် လစဉ်ဝင်ငွေ ရနိုင်ပါသေးတယ်။

၂။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း

ကိုယ်ပိုင်လုပ်ငန်းက စွန့်စားရတာများပေမယ့် အမြတ်အစွန်းလည်း အများဆုံးရနိုင်တဲ့ နည်းလမ်းပါ။ ဥပမာ - စားသောက်ဆိုင်လေး ဖွင့်မယ်ဆိုရင် သင့်မှာ ကျပ်သိန်း ၃၀၀ လောက် ရင်းနှီးရပါမယ်။ ဆိုင်ခန်းငှား၊ ပရိဘောဂနဲ့ ချက်ပြုတ်ရေး ပစ္စည်းတွေဝယ်၊ စားပွဲထိုးနဲ့ စားဖိုမှူး ခန့်ထားဖို့ပါ။ တစ်လကို အရောင်း ကျပ်သိန်း ၁၅၀ ရရင် အမြတ် ၂၀% လောက်ရမယ်ဆိုရင် တစ်လကို သိန်း ၃၀ လောက် ကျန်နိုင်ပါတယ်။

၃။ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံခြင်း

ရှယ်ယာစျေးကွက်မှာ ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဝယ်ယူထားခြင်းဖြင့် နှစ်စဉ်အမြတ်ဝေစု ရရှိနိုင်ပါတယ်။ ဥပမာ - သင်က ကျပ်သိန်း ၁၀၀၀ လောက်နဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာဝယ်ထားရင် တစ်နှစ်ကို ၁၀% လောက် အမြတ်ရနိုင်ပါတယ်။ ဒါ့အပြင် ရှယ်ယာစျေးတက်လာရင် ရောင်းချပြီး မတည်ငွေအမြတ်လည်း ရနိုင်ပါသေးတယ်။

၄။ အွန်လိုင်းစီးပွားရေး

ခေတ်ကာလနဲ့အညီ အွန်လိုင်းပေါ်က စီးပွားရေးတွေက အရမ်းခိုင်မာလာပါပြီ။ ဥပမာ - သင့်မှာ ကျပ်သိန်း ၅၀ လောက်ရှိရင် Facebook Shop လေး စတင်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေ ဝယ်ယူသိုလှောင်ထားပြီး အွန်လိုင်းကနေ ရောင်းချတာမျိုးပါ။ တစ်လကို အရောင်း ကျပ်သိန်း ၅၀ ရရင် အမြတ် ၃၀% လောက်နဲ့ တစ်လကို သိန်း ၁၅ လောက် ကျန်နိုင်ပါတယ်။ လူငှားစရာမလိုတာက အားသာချက်ပါ။

၅။ ငွေစုဘဏ်အပ်ငွေနှင့် ဘွန်းလက်မှတ်များ

ဘဏ်အပ်ငွေက အန္တရာယ်အနည်းဆုံးနဲ့ သေချာတဲ့အတိုးရတဲ့ နည်းလမ်းပါ။ ဥပမာ - သင့်မှာ ကျပ်သိန်း ၁၀၀၀ ရှိပြီး တစ်နှစ်စာ စာရင်းရှင်အပ်ငွေအဖြစ် ထားရင် ၈% လောက်နဲ့ တစ်နှစ်ကို သိန်း ၈၀ လောက် အတိုးရနိုင်ပါတယ်။ အစိုးရဘွန်းလက်မှတ်တွေကလည်း အလားတူပါပဲ။

အားလုံးကို အသုံးချနည်း အချို့ ထပ်ပြောပြပါမယ်။

"ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုစီမံကြမလဲ" ဆိုတော့...

၁။ ရရှိတဲ့ဝင်ငွေကို ခွဲခြမ်းစိတ်ဖြာပါ
- လစဉ်စုဆောင်းငွေ ၃၀%
- အရေးပေါ်သုံးငွေ ၂၀%
- ရင်းနှီးမြှုပ်နှံမှုအတွက် ၅၀% စသဖြင့် ခွဲခြားထားသင့်ပါတယ်။

၂။ မတူညီတဲ့ နည်းလမ်းတွေကို ရောစပ်သုံးပါ
ဥပမာ - ငွေကျပ်သိန်း ၁၀၀၀ ရှိရင်
- ဘဏ်အပ်ငွေ ၄၀% (သိန်း ၄၀၀)
- အိမ်ခြံမြေ ၃၀% (သိန်း ၃၀၀)
- ရှယ်ယာ ၂၀% (သိန်း ၂၀၀)
- ကိုယ်ပိုင်လုပ်ငန်း ၁၀% (သိန်း ၁၀၀) စသဖြင့် ခွဲမြှုပ်နှံနိုင်ပါတယ်။

၃။ စဉ်ဆက်မပြတ် လေ့လာပါ
- စီးပွားရေးသတင်းတွေ ဖတ်ရှုခြင်း
- အောင်မြင်တဲ့ စီးပွားရေးသမားတွေရဲ့ အတွေ့အကြုံတွေ လေ့လာခြင်း
- စီးပွားရေးဆိုင်ရာ သင်တန်းတွေ တက်ရောက်ခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။

သတိပြုရမှာက ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် -

- မိမိနားလည်တဲ့ နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံပါ
- တစ်ခုတည်းမှာ အားလုံးမထည့်ပါနဲ့
- ရေရှည်အမြင်နဲ့ စဉ်းစားပါ
- အရေးပေါ်သုံးငွေ အမြဲသီးသန့်ထားပါ
- ဥပဒေနဲ့အညီ ဆောင်ရွက်ပါ

နိဂုံးချုပ်အနေနဲ့ ပြောရရင် ငွေကိုငွေထပ်ရှာပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စိတ်ရှည်လက်ရှည် လုပ်ဆောင်ရတဲ့ ကိစ္စဖြစ်ပါတယ်။ မိမိရဲ့ အခြေအနေ၊ စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးချယ်ပြီး စနစ်တကျ လုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်မှုရရှိမှာ သေချာပါတယ်။


Crd 🙏🙏🙏

01/05/2025

စင်္ကာပူ>

09/04/2025

သင်တန်းကစာရင်းပိတ်သွားပါပြီနော်🙅
တက်မယ်လို့ပြောပြီး လာမတက်တဲ့သူတွေ ရိုက်ခံရမယ်😒
နောက်batch စရင်ပြန်ခေါ်ပေးမယ်😘

ထိုင်းကို ဘယ်လမ်းကပဲ ဝင်လာလာမေ (၁) ရက်နေ့ကစပြီး TDAC မဖြစ်မနေ ဖြည့်ရမည်။ ‼️🇹🇭 ထိုင်းနိုင်ငံကို ▪️အလည်အပတ်ပဲဖြစ်ဖြစ်▪️ကျေ...
04/04/2025

ထိုင်းကို ဘယ်လမ်းကပဲ ဝင်လာလာ
မေ (၁) ရက်နေ့ကစပြီး TDAC မဖြစ်မနေ ဖြည့်ရမည်။ ‼️

🇹🇭 ထိုင်းနိုင်ငံကို
▪️အလည်အပတ်ပဲဖြစ်ဖြစ်
▪️ကျောင်းနဲ့ပဲဖြစ်ဖြစ်
▪️ရေကြောင်းကပဲ လာလာ
▪️လေယာဉ်နဲ့ပဲ လာလာ
▪️ကားနဲ့ပဲ လာလာ
မေလ (၁) ရက်နေ့ကစပြီး Thailand Digital Arrival Card ဆိုတဲ့ TDAC ကို မဖြစ်မနေဖြည့်ရမှာဖြစ်ပါတယ်။

တစ်ယောက်ချင်းစီ ဖြည့်လည်း ရသလို အုပ်စုလိုက် အနေနှင့် ဖြည့်လည်း ရပါတယ်။📌📌

ဘယ်လိုဖြည့်ရမလဲ ❓

1️⃣ ထိုင်းကို မဝင်ခင် (၃)ရက်အလိုမှာ ကြိုဖြည့်ထားရပါမယ်။

2️⃣ https://tdac.immigration.go.th ကို အရင် ဝင်ပါ။

3️⃣ Arrival Card ဆိုတာကို ရွေးပါ။

4️⃣ ပြီးရင် နာမည်၊ နိုင်ငံ၊ လူမျိုး၊ Passport Number စသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖြည့်ရပါမယ်။

5️⃣ (၁) ယောက်နဲ့အထက် ဖြည့်မယ်ဆိုရင်တော့ Add ဆိုတာကို နှိပ်ပြီး အချက်အလက်တွေထပ်ဖြည့်ရမှာဖြစ်ပါတယ်။

6️⃣ ပြီးရင်တော့ အချက်အလက်တွေကို ပြန်စစ်ပြီး ပြင်ချင်တာရှိရင် Edit နဲ့ပြင်လို့ရပါတယ်။

7️⃣ အကုန်မှန်ပြီဆိုရင်တော့ Email Address ရိုက်ထည့်ပြီး Submit နှိပ်လို့ရပါပြီ။

8️⃣ ပြီးရင်တော့ ကိုယ့်ရဲ့ Email ထဲကို TDAC ကတ် ပြန်ပို့လာပေးမှာဖြစ်ပါတယ်။ ဒါဆိုရင် Print ထုတ်သွားလဲ ရသလို ဖုန်းထဲကနေပဲ Immigration မှာ ပြလဲ ရပါတယ်။

Video လေးနဲ့ကြည့်ချင်တဲ့ မိတ်ဆွေများအတွက်လည်း ဒီ Link မှာ ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

https://www.facebook.com/share/r/15yT3nfqY8/?mibextid=wwXIfr

ကဲ ဒါဆိုရင်တော့ ထိုင်းကိုသွားမယ့်သူတွေ မေလ (၁) ရက်နေ့ကစပြီး မဖြစ်မနေ ဒါကိုဖြည့်ကြဖို့ မမေ့နဲ့နော်။ 📣📣

Thai Visa အမျိုးမျိုးအတွက်လည်း
One-Stop Service ပေးနေတဲ့ migrate.me မှာ လာရောက်စုံစမ်းနိုင်ပါပြီ။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 💬
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 in Yangon🇲🇲⤵️
📞09 7840 45222 (Viber,Phone)
📞09 976 477 823 (Phone)

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 in Bangkok🇹🇭⤵️
📞+66 954480100 (Viber)


28/03/2025

ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင်နိုးလာပြီးလားလို့စိုးရိမ်နေမိတယ် human made တွေကြောင့်မဟုတ်တဲ့ သဘာဝငလျင်တွေဖြစ်လာမှုကို ပြန်ကြည့်ရင် ကမ္ဘာတိုက်ကြီးတွေဟာရွေ့လျားနေကြတဲ့ plate လိုခေါ်တဲ့ ကျောက်လွှာထု ကြီးတွေနဲ့ ဖွဲ့စည်းထားကြပါတယ် ဒီကျောက်လွှာကြီးတွေ ထိဆက်ထားတဲ့ join နေရာတွေဟာ fault လိုခေါ်တဲ့ ပြတ်ရွေ့ကြီးတွေ ဖြစ်လာကြပါတယ် ဒီ fault တွေ ပုံမှန်ရွေ့နေရာကနေ ရပ်ဆိုင်းခဲ့ရင်ဖြစ်ဖြစ် ပုံမှန် မရွေ့တော့ရင်ဖြစ်ဖြစ် တကြိမ်မှာ ပြင်ထန်စွာ ကျောက်လွှာအံချော် slip ဖြစ်ကြပါတယ် အဲ့အခါမှာ ပြင်ထန်တဲ့ ငလျင်ကြီးတွေဖြစ်လာကြပါတယ်
မြန်မာ နိုင်ငံဟာ india plate နဲ့ eurasian plate နှစ်ခုတေ့ဆက်ထာရာ ပေါ်မှာ ဖြစ်တည်နေတာပါ ဒီကျောက်လွှာထု plate ကြီး နှစ်ခု တေ့ဆက်ထားခြင်းကြောင့် စစ်ကိုင်း fault လို့ခေါ်တဲ့ ပြတ်ရွေ့ကြီး ဖြစ်ပေါ်လာပါတယ် မြန်မာပြည်မှာ အဓိကအားဖြစ် စစ်ကိုင်းပြတ်ရွေ့ ကျောက်ကြမ်းပြတ်ရွေ့ကဘော်ပြတ်ရွေ့ ရွှေတြိဂံပြတ်ရွေ့ မိုးမိတ်ပြတ်ရွေ့ ချင်းတွင်းပြတ်ရွေ့ ဒေးဒရဲပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ တွေရှိတဲ့ အထဲမှာမှ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားပါတယ် ဒီပြတ်ရွေ့ကို ၁၉၆၀ လောက်က စစ်ကိုင်းမှာပဲ ပညာရှင်တွေစတင်လေ့လာချိန်မှာ သာမန် fault အသေးလေးဖြစ်နိုင်တယ်လို့ စတင်ခန့်မှန်ခဲ့ပြီးမှ ၁၉၆၉ လောက်မှာ အမေရိကန်က ဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ရယူလာတဲ့ ဒေါက်တာ ဦးဝင်းဆွေတို့သေချာ သုသေတန ပြုပြီးတဲ့ အချိန်မှာ ဒီစစ်ကိုင်းပြတ်ရွေ့ဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး မြန်မာ နိုင်ငံကို တောင်နဲ့မြောက် လားရာအတိုင်း အလယ်က ပိုင်းထားပြီး မြောက်ဘက် တိဘက် ကုန်းမြင့် ဟူးကောင်းချိုင့်ထဲဝင်ပြီးအိန္ဒိယထိရှည်လျားကာ မြန်မာနိုင်ငံထဲ ထောင့်လျောက်ဝင်လာပြီး မိုးကောင်း မိုးမိတ် စစ်ကိုင်း အင်းဝ မန္တလေး ပျော်ဘွယ် မိတ္တိလာ မြစ်သား တောင်ငူ ပဲခူး သုံးခွ စတဲ့ မြို့ကြီးတွေကိုဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ တောင်ဘက် ကပ္ပလီပင်လယ် အိန္ဒိယ သမုဒ္ဒရာထဲ စိုက်ဝင်သွားပါတဲ့ တနှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ရွေ့လျားနေတဲ့ ကြီးမားလှတဲ့ သက်ရှိပြက်ရွေ့ကြီးဖြစ်နေတာကို သိရပါတော့တယ် (မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ ပုဂံငလျင် အင်းဝငလျင် ပဲခူးငလျင် စတဲ့ ငလျင်ကြီးအားလုံးဟာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့်ပဲဆိုတာပါသိခဲ့ရပါတယ်) ဒီလားရာဟာ တနည်းအားဖြစ်ဆိုရရင် မြန်မာနိုင်ငံဟာတောင်ဘက်ကို အမြဲရွေ့လျားနေတဲ့ India plate နဲ့မြောက်ဘက်လားရာအတိုင်းရွေ့လျားနေတဲ့ eurasian plate ကျောက်လွှာချပ်ကြီး နှစ်ခု ကို ဘေးချင်းကပ်ထားတာနဲ့တူပါတယ် ( နောက်နှစ်သန်းပေါင်းတချို့မှာ မြန်မာနိုင်ငံဟာတောင်မြောက်လားရာအတိုင်းနှစ်ခြမ်းကွဲသွားမယ်လို့ ပညာရှင်တွေခန့်မှန်းထားကြပါတယ် ၂၀၀၄ က ဖြစ်သွားကမ္ဘာကျော်ဆူနာမီ ဟာ ပင်လယ်ပြင်အောက်ထိဆက်နေတဲ့ ပျော့တဲ့ india plate ဟာမာတဲ့ eurasian plate အောက်စိုက်ဝင်သွားရာကနေဖြစ်လာတာပါ )ဒီကျောက်လွှာကြီးနှစ်ချပ်ဟာ တေ့ဆက်ထားရာကနေ ပုံမှန်မဟုတ်ပဲ တခုကတောင်ဘက်ကိုရွေ့ တခုက မြောက်ဘက်ကိုရွေ့တဲ့အခါကျောက်လွှာအံချော်မှု slip ဖြစ်ပါတယ် ဒီအခါမှာ မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေဖြစ်လာပါတယ် (ကျောက်လွှာကြီးတွေအံချော် slip ဖြစ်မှုကြီးရင်ကြီးသလို ဖြစ်ပွားရာ မြေတွင်းအနက် တိမ်ရင်တိမ်သလို ငလျင်တွေ ပိုပြင်းထန်ကြပါတယ်) စစ်ကိုင်း faultဟာနှစ် ရှစ်ဆယ်က နေတစ်ရာကြားပြည့်တိုင်းမှာအမြဲ ပြင်ထန်တဲ့ slipဖြစ်မှုနဲ့ အတူ ငလျင်ကြီးတွေ တကြိမ်ဖြစ်တတ်ပါတယ် သဘောက နှစ်တစ်ရာပြည့်တိုင်း ပြင်ထန်တဲ့ ငလျင် တကြိမ်ဖြစ်တတ်ပါတယ် သာဓကဆိုရလျှင် အထောက်အထားတွေအရ 1830 မှာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီးနောက် 1930 ပဲရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ပါတယ် ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာ နှစ် ၈၀ နဲ့ ၉၀ ကြားရှိခဲ့ပါပြီး ဒါကြောင့် ဒီပြတ်ရွေ့ဟာ နောက်တခါ ငလျင်ကြီးတွေထပ်လှုပ်လာနိုင်ပါတယ် (ငလျင် သဘောကလဲ ပြင်းထန်တဲ့ ငလျင်ကြီးတွေ မလာခင် နဲ့ လာပြီးချိန်တွေမှာငလျင်သေး၂လေးတွေ ရာထောင်ချီ အရင်လှုပ်ပါတယ် သမန်အတိုင်းဆို တုန်ခါမှုကို မသိနိုင်ပါဘူး ငလျင်တိုင်းစက်နဲ့ဆိုတော့သိပါတယ်ခု သူ ငြိမ်နေတာ နှစ် ကိုးဆယ်ထဲ ဝင်လာပြီး ခဏ ခဏ လဲ လှုပ်လာပြီး အားလုံး သတိရှိနေစေချင်မိတယ်ရှင့်
ကမ္ဘာ့နိုင်ငံတွေဟာ သဘာဝဘေး အန္တရယ်နဲ့ပတ်သတ်လာရင် ကာကွယ်ချင်းသည်ကုသခြင်းထက်ပိုကောင်းသည် ဆိုတဲ့ စကားအတိုင်း မဖြစ်ခင်ကြိုတင်ကာကွယ်ကြပါတယ် ဒါအပြင်ဖြစ်ပြီးတဲ့အခါမှာလဲ ဘယ်လို ပြန်တည်ထောင်ရမလဲ ဘယ်လိုပြန်ကုသရမလဲ စတဲ့ safe ဖြစ်မဲ့ plan တွေကို ကလေးလေးကနေ အဖိုးအဖွား တွေအထိ လက်တွေ့စာတွေ့သင်ကြားပေးသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ
ဟာလည်း စီမံခန့်ခွဲမှုက စလို ထောင့်ပေါင်းစုံက ကျင့်သားပြည့်ဝနေအောင် အမျိုးမျိုးကြိုးစားကြံဆောင်နေတဲ့ သူတွေကြီးပါပဲ ဂျပန်နိုင်ငံဟာ အကောင်းဆုံး ဥပမာပါရှင့် မြန်မာပြည်မှတော့ အထူးသဖြင့် သဘာဝဘေးအန္တရယ်နဲ့ ပတ်သတ်လာရင် ကာကွယ်ဖို့ ထက်ဖြစ်ပွားပြီးမှ သာ ရှင်းနေရတဲ့ စနစ်ထဲက နေမရုန်းထွက်နိုင်သေးပါဘူး ဒါကြောင့် ခုလို ငလျင် ငယ်လေးတွေ ခဏခဏ လှုပ်နေတာကြောင့် အကြီးအကျယ် မလှုပ်ပဲငြိမ်သက်နေတဲ့နှစ်တစ်ရာပြည့်ခါနီး စစ်ကိုင်းပြတ်ရွေ့ကြီးဟာ နောက်ထပ် ငလျင် ကြီး တခု လှုပ်ဖို့ သွေးတိုးစမ်း အားစုနေပြီးလားလို့စိတ်ပူမိပါတယ်ရှင့် (1930 လှုပ်ချိန်က ပဲခူး ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေဟာ ဒီအချိန်လောက် မဖွံ့ဖြိုးသေးပါဘူး ခုချိန်လှုပ်ခဲ့ရင်မတွေးရဲပါ) ဒါပြင် သဘာဝဘေး အကြီးအကျယ်ကြုံခဲ့တဲ့ ၂၀၀၈ နာဂစ် ပြီးနောက်
မြန်မာနိုင်ငံ အတွက် အထူးသဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးအတွက် နောက်ထပ် စိန်ခေါ်လာတဲ့ သဘာဝဘေးအန္တရယ် တစ်ခုလားလို့ တွေးနေမိပါတယ် ..…
ပန်းနုနွယ်(မူရင်းပိုစ့်ပိုင်ရှင်)

Address

East Dagon
Dagon

Alerts

Be the first to know and let us send you an email when Vlog by Ehra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share