Alisa's POV

Alisa's POV Myanmar Marketing Girl in Dubai. Sharing her daily life moments and her experiences✨

31/01/2026
Marketing သမားတွေ အထူးသဖြင့် Mid to Entry level experience ရှိတဲ့ သူတွေ အနေနဲ့ Dubai မှာ အလုပ်ရှာမယ် ဆိုရင်တော့ ဒီ skill...
22/01/2026

Marketing သမားတွေ အထူးသဖြင့် Mid to Entry level experience ရှိတဲ့ သူတွေ အနေနဲ့ Dubai မှာ အလုပ်ရှာမယ် ဆိုရင်တော့ ဒီ skills (၄) ခု တတ်ထားမယ်ဆိုရင် အလုပ်ရတာပိုမြန်နိုင်ပါလိမ့်မယ်။

တခြားကိုယ်မှာ experience ကောင်းကောင်းရှိထားတယ်ဆိုရင်လည်း အလုပ်ကရနိုင်ပေမဲ့ Dubai မှာက start-up တွေများလို့ ဒီ skills လေးတွေကို တီးမိ ခေါက်မိရှိထားတယ်ဆို ပိုအဆင်ပြေနိုင်ပါတယ်။

Dubai မှာ Marketing သမားတွေအတွက် ဘယ်လို opportunities တွေရှိနိုင်လဲဆိုတာကို ဒီ အောက်က video မှာပြောပြထားပါတယ် 👇 အားလုံးပဲအဆင်ပြေကြပါစေ 🫶

https://www.facebook.com/share/r/19rZX1ki6X/?mibextid=wwXIfr

20/01/2026

ဒူဘိုင်းမှာ Marketing သမားတွေအတွပ် ရှိတဲ့ opportunities များ ‼️✅

Ramadan မှာအလုပ်ရှာလို့ရလားဆိုပြီး အမေးများကြပါတယ်။ ဖြစ်နိုင်ရင်တော့ ရှောင်ပါ။ မဖြစ်မနေလာဖြစ်မယ်ဆိုရင်တော့ ပြင်ဆင်သင့်တာ...
16/01/2026

Ramadan မှာအလုပ်ရှာလို့ရလားဆိုပြီး အမေးများကြပါတယ်။ ဖြစ်နိုင်ရင်တော့ ရှောင်ပါ။ မဖြစ်မနေလာဖြစ်မယ်ဆိုရင်တော့ ပြင်ဆင်သင့်တာလေးတွေ ပြောပြပေးထားပါတယ်။ ❤️❤️
အရင်တခါကလဲ ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်။ အသေးစိတ်ပြန်ဖတ်ချင်ရင် comment ပါပြန်တင်ပေးထားပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေ 🙌🙌

14/01/2026

Alisa ကိုလည်း မလာခင်က တချို့တွေက Barista သင်တန်းတတ်သွား၊ Hotel Management ပိုင်းတတ်သွားဆိုပြီး ပြောကြပါတယ် ။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ ငါ့မှာ strong experience ရှိတယ်။ ငါ့ career ကိုမပြောင်းနိုငိဘူး ။ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ရအောင်ကိုရှာခဲ့တာပါ။ အားလုံးပဲ အဆင်ပြေကြပါစေ 🫶
သိချင်တာရှိ လာမေးလို့ရပါတယ်နော် 🫶

ဘာအကြောင်းနဲ့ဖြစ်ပါစေ  မကြာခင် မြန်မာကနေ ထွက်လာတော့မယ်။  ဘယ်နိုင်ငံရွေးချယ်ရမလဲစဉ်းစားနေတဲ့သူတွေ အထူးသဖြင့် ✅ မိသားစုကို...
09/01/2026

ဘာအကြောင်းနဲ့ဖြစ်ပါစေ မကြာခင် မြန်မာကနေ ထွက်လာတော့မယ်။ ဘယ်နိုင်ငံရွေးချယ်ရမလဲစဉ်းစားနေတဲ့သူတွေ အထူးသဖြင့်

✅ မိသားစုကို အဝေးကနေ ပြန်ထောက်ပံ့ပေးရမှာ
✅မိသားစုက မထောက်ပံ့ပေးနိုင်ဘူး ။ ကိုယ်ဘာသာရုန်းကန်ရမှာ
✅ ကျောင်းဆက်မတတ်ချင်ဘူး။ အလုပ်နဲ့ပဲ သွားချင်တာ

ဆိုတဲ့ သူတွေအတွက် ဒူဘိုင်း (UAE) ကတော့ အဆင်ပြေပြီး လာသင့်တဲ့ နိုင်ငံလို့ ထင်မိပါတယ်။

Alisa ကိုယ်တိုင်ကလည်း မိသားစုကို ပြန်ထောက်ပံ့ပေးရမဲ့ ထဲမှာပါလို့ အခြား နိုင်ငံတွေထက် ဒူဘိုင်းကိုရွေးချယ်ဖြစ်ခဲ့တာပါ။ ပြီးတော့ Marketing သမား တစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့ professional career ကိုဆက်ပြီးထိန်းနိုင်မယ့် ဘာသာစကားလဲ မလိုပဲ အလုပ်လုပ်လို့ရတဲ့ နေရာလည်းဖြစ်တယ် , Visa ရနိုင်ချေ မြှင့်တာရယ်ကြောင့်လည်း ပါပါတယ်။ 💪

ဒူဘိုင်းရောက်တာ ၆ လပဲရှိသေးလို့ ကိုယ်တိုင်လည်းစမ်းတဝါးဝါးနဲ့ဆိုပေမဲ့ သိချင်တာရှိလာမေးလို့ရပါတယ်။
အားလုံးအဆင်ပြေကြပါစေ 🙌
Happy Friday ပါ 🍻

08/01/2026

Alisa ကိုယ်တိုင်လည်း ဒူဘိုင်းမလာခင်က အရမ်းသိချင်နေတဲ့ မေးခွန်းလေးပါ။ အခုလည်း အတော်များများလာမေးကြလို့ သေချာလေးရှင်းပြပေးထားပါတယ် 🫶🫶

Dubai မှာ partition နဲ့နေရတဲ့ ဒုက္ခက ပေါ့သေးသေးတော့မဟုတ်ဘူးနော်..ဒူဘိုင်းမှာ အလုပ်ရဖို့လွယ်တယ် ပိုက်ဆံကလည်း currency ကော...
07/01/2026

Dubai မှာ partition နဲ့နေရတဲ့ ဒုက္ခက ပေါ့သေးသေးတော့မဟုတ်ဘူးနော်..

ဒူဘိုင်းမှာ အလုပ်ရဖို့လွယ်တယ် ပိုက်ဆံကလည်း currency ကောင်းလို့ ပိုရတယ်။ စုမိတယ် ဆိုပြီး စိတ်ဝင်စားကြပေမဲ့ လူတိုင်းနီးပါး သည်းမခံနိုင်တာက partition အခန်းကျဉ်းလေးတွေနဲ့ နေရတာပါ။

Alisa လည်း partition မှာပဲနေတာပါ။ တစ်ယောက်ထဲတောင်မဟုတ် အခန်းဖော် တစ်ယောက်နဲ့ နေတာပါ။
အဲတာတောင်မှ မြန်မာငွေနဲ့ တွက်ရင် တလကို ၉ သိန်းလောက်ပေးရပါတယ် ။

ဒူဘိုင်းမရောက်ခင်ထဲက ငါ အခန်းကျဉ်းလေးမှာနေရမယ်ဆိုပြီး mentally prepare လုပ်သွားတာတောင်မှ တခါမျက်စိနဲ့မြင်ရတော့ shock ရခဲ့ပါတယ်။

အခုဆို ၃ ခါမြောက် အခန်းပြောင်းတာ ကျမှ အဆင်ပြေပြေ အခန်းလေး ရတာပါ။ ကံကောင်းစွာနဲ့ကိုယ်တွေ အခန်းက balcony နဲ့တွဲလျက်မို့ အပြင်ထွက်ထိုင် ကောင်းကင်ကြီးကို မြင်နေရတာပါ။ ဒူဘိုင်းမှာ ဒီလိုမျိုး အခန်းကနေ ကောင်းကင်ကိုမြင်ရဖို့ဆိုတာ အတော်ရှားပါတယ်။
နေရောင်ကိုရရင်တောင် ကံကောင်းပါ 🥲🥹

မဟုတ်လို့ Studio room ဌားရင် တလစာရဲ့ ၂/၃ လောက်က အခန်းဌားခနဲ့ပြုတ်သွားပါလိမ့်မယ်။ ကိုယ်က ဒိီကိုလာတာ ပိုက်ဆံရှာဖို့ ဆိုတဲ့ စိတ်နဲ့ နေရင်း အခုတော့ နေသားကျလာပါပြီ 😂💪

06/01/2026

ATS friendly format CV ကဘာလို့အရေးကြီးတာလဲ?

31/12/2025

Others: New Year night မှာ အိမ်တွင်းအောင်းရတာ မပျင်းဘူးလား

Me : I live in Ai Rigga 🥲

31/12/2025

Address


Alerts

Be the first to know and let us send you an email when Alisa's POV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alisa's POV:

  • Want your business to be the top-listed Food & Beverage Service?

Share

"စား မယ် ဟေ့"

"စား မယ် ဟေ့" is the food blog page that shares about food reviews, recommendation, restaurants and tips sharing for food lovers.