Khin’s Kitchen

Khin’s Kitchen ခင်ရဲ့မီးဖိုချောင်မှ အကောင်းဆုံးအိမ်ချက်လက်ရာများ 🤍

☎️ - 09449911115

19/04/2026

ချိုချဉ်စပ်ခါး ဝက်လက်ဖက်သရက်သီးချဉ်စပ်ဟင်း

ချဉ်ပြုံးပြုံးသရက်သီးအရသာ၊လက်ဖက်ရဲ့ခါးသက်သက်အရသာနဲ့ ဝက်သားရဲ့အဆီအသားအရသာတို့ပေါင်းစပ်ပြီး ထူးခြားတဲ့အရသာကိုပေးစွမ်းတဲ့ဝက်လက်ဖက်သရက်သီးချဉ်စပ်ဟင်းလေးက ထမင်းပူပူနဲ့စားလို့ လိုက်တဲ့ဟင်းလေးပဲဖြစ်ပါတယ်ရှင်

နွေရာသီတွင်သရက်သီးစိမ်းကိုစားသုံးခြင်းဖြင့်
ခန္ဓာကိုယ်ကိုအေးမြစေပြီးအပူဒဏ်ကိုကာကွယ်ပေးနိုင်ပါတယ်ရှင်

သရက်သီးကိုအစိမ်းရောင်သရက်သီးစိမ်းကိုသာ
ထည့်ချက်သင့်ပါတယ်ရှင် မှည့်နေသော သရက်သီးကိုချက်လျှင်ဟင်းအရသာကို ပြောင်းလဲစေနိုင်ပါတယ်ရှင်

လက်ဖက်ကိုရေစင်အောင်ဆေးပြီးညှစ်ထားပါက
ခါးသက်တဲ့အရသာကို လျော့နည်းသွားစေပါတယ်ရှင်

ခင်ကတော့အိမ်မှာနှပ်ထားတဲ့လက်ဖက်လေးရှိလို့
တခါထဲတန်းထည့်လိုက်ပါတယ်ရှင် အစပ်ကြိုက်သူများအနေဖြင့်ငရုတ်သီးစိမ်းကို ပိုထည့်နိုင်ပါတယ်ရှင်

ဒီဟင်းလေးက ထမင်းဝိုင်းကို အရသာထူးခြားစေမှာမို့ စမ်းချက်စားကြည့်လို့ရပါတယ်ရှင်🤍

#ဟင်းချက်နည်း
#ဝက်လက်ဖက်ချဉ်စပ် #သရက်သီး

14/04/2026

သင်္ကြန်ရောက်တိုင်း လွမ်းရတဲ့ အရသာက သင်္ကြန်ထမင်းပါပဲရှင်

သင်္ကြန်ဆိုရင်လည်းအချိုပွဲအနေနဲ့အုန်းနို့ကျောက်ကျောလေးကလည်းမပါမဖြစ်ပါပဲရှင်

နွေအပူကို အေးမြစေမယ့် ဖယောင်းနံ့သင်းသင်း
သင်္ကြန်ထမင်းဟာရင်အေးစေမယ့်ရိုးရာ ရာသီစာပဲဖြစ်ပါတယ်ရှင်

လူတိုင်းကြိုက်တဲ့ သင်္ကြန်ထမင်းရဲ့လျှို့ဝှက်ချက်ကတော့ငါးခြောက်ထောင်းကြော်နှင့် ဖယောင်းနံ့သင်းနေတဲ့ သင်းရေပဲဖြစ်ပါတယ်ရှင်

သင်္ကြန်ထမင်းမှာ အသုံးပြုတဲ့ “သင်းရေ” ရဲ့ အဓိပ္ပာယ်ကတော့သင်းရေ (သို့မဟုတ်) ဖယောင်းသင်းရည်လို့ခေါ်ပါတယ်ရှင်

“သင်းရေ” ဆိုသည်မှာ သင်္ကြန်ထမင်း စားသုံးရာတွင် ထမင်းထဲသို့ လောင်းထည့်ရသည့် ဖယောင်းရနံ့ သင်းပျံ့နေသော အေးမြသည့် သောက်ရေကိုဆိုလိုခြင်းဖြစ်ပါတယ်

၎င်းကို သာမန်ရေအတိုင်း အသုံးမပြုဘဲ
ထူးခြားသော ရနံ့ရရှိစေရန် အဆင့်ဆင့် ပြုလုပ်ကြရပါတယ်

1. ဖယောင်းသင်းခြင်း - မြေအိုး (သို့မဟုတ်) အိုးသန့်သန့်တစ်ခုထဲသို့ မီးသွေးခဲရဲရဲကို ထည့်ပြီး၊ ထိုမီးသွေးခဲပေါ်သို့ ပျားဖယောင်း၊နံ့သာဖြူ၊ကောက်ညှင်းဆန်၊သက်ကယ်မြစ် အနည်းငယ်ချပြီးမီးရှို့ပေးရပါတယ်
(ခင် သက်ကယ်မြစ် ရှာဖို့ အဆင်မပြေလို့မထည့်လိုက်ပါဘူးရှင်)

2. ရနံ့သွင်းခြင်း - မီးခိုးများ ထွက်လာသည်နှင့် အိုးကို အမြန်ဖုံးအုပ်ထားပြီးဖယောင်းနံ့များအိုးထဲတွင်ပြည့်နှက်နေအောင်လုပ်ဆောင်ရပါတယ်

3. ရေထည့်ခြင်း - ထိုဖယောင်းနံ့ သင်းနေသော အိုးထဲသို့ သောက်ရေအေး (သို့မဟုတ်)ရေခဲရေ၊ရေခဲကို ထည့်လိုက်သောအခါ ရေတွင် ဖယောင်းရနံ့ သင်းပျံ့သွားပြီး “သင်းရေ” ကို ရရှိခြင်း ဖြစ်ပါတယ်ရှင်

အနှစ်ချုပ်အားဖြင့်…

သင်္ကြန်ထမင်းရဲ့ ထူးခြားချက်ဖြစ်တဲ့ “ရင်အေးစေတဲ့ အရသာ” နဲ့ “မွှေးပျံ့တဲ့ ရနံ့” ကို ပေးစွမ်းနိုင်တာဟာဒီသင်းရေကြောင့်ပဲ ဖြစ်ပါတယ်ရှင့်

ဒီနေ့မှာခင်ကတော့ သင်္ကြန်ထမင်းနဲ့ အုန်းနို့ကျောက်ကျောကိုလုပ်စားဖြစ်လို့ မျှဝေ ပေးလိုက်ပါတယ်ရှင်

ရိုးရာသင်္ကြန်ထမင်းကို ခင် ပထမဆုံးအကြိမ် ချက်တာဖြစ်လို့ လိုအပ်ချက်များရှိရင်ချစ်တဲ့စိတ်နဲ့ နားလည်ခွင့်လွှတ်ပေးပြီး လိုအပ်ချက်များပြုပြင်ဖို့လိုတယ်ဆိုပြောပြလို့ရပါတယ်ရှင့်
ခင် ကြိုးစားချက်ထားပါတယ်ရှင်🤍

ကျေးဇူးတင်လွှာ
သကြင်္န် ထမင်းချက်နည်းပြောပြတဲ့ အစ်မမာလာနဲ့ အစ်မမေမေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🤍

#သင်္ကြန်ထမင်း #အုန်းနို့ကျောက်ကျော

#ဟင်းချက်နည်း

13/04/2026

မြန်မာတို့ရဲ့ နှစ်သစ်ကူးမဟာသင်္ကြန်အခါသမယမှစ၍

မြန်မာပြည်သူပြည်သားအားလုံး

ရေလိုအေး၊ပန်းလိုမွှေးပြီး
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့်
လိုရာဆန္ဒတွေပြည့်စုံနိုင်ကြပါစေလို့

Khin's Kitchen မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်...🤍


05/04/2026

ပဥ္စငါးပါးစလုံးဆေးဖက်ဝင်တဲ့ကင်းပုံသီးကိုပုစွန်နဲ့ချက်စားကြမယ်ရှင့်
ကင်းပုံသီး အသီးနဲ့အရွက်သည်ဆီးချိူရောဂါထိန်းညှိပေးခြင်း၊အစာခြေစနစ်ကောင်းမွန်စေပြီးဝမ်းချူပ်ခြင်းကိုကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်အတွင်းရောင်းရမ်းမှုများကိုလျော့ချပေးနိုင်ပြီးအရေပြားရောဂါများကိုသက်သာစေရန်အထောက်အကူပြုစေပါတယ်

ဗီတာမင် A၊Bနှင့်Cတို့ကြွယ်ဝစွာပါဝင်သဖြင့်
ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတယ်လို့သိရပါတယ်ရှင့်

ကင်းပုံသီးနဲ့ပုစွန်ဟင်းသည်ရိုးရှင်းသော်လည်းကျန်းမာရေးနှင့်အလွန်ညီညွှတ်တဲ့ဟင်းတခွက်ဖြစ်ပါတယ်ရှင်

အထူးသဖြင့် ဆီးချိုရှိသူများနှင့်အစာခြေစနစ်မကောင်းသူများတွက်ဆေးဖက်ဝင်တဲ့ဟင်းလျာတခုဖြစ်လို့လိုက်ချက်စားကြည့်လို့ရပါတယ်ရှင့်

ကင်းပုံသီး အချိုနဲ့ အခါး နှစ်မျိူးရှိပါတယ်
ခင်ကတော့အချိုသီးကိုချက်ထားပါတယ်ရှင့်

ကင်းပုံသီးအခါးကတော့ သလိပ်နဲ့သည်းခြေကိုနိုင်ပြီး ဝမ်းကိုသက်စေတဲ့အစွမ်းရှိတယ်လို့ သိရပါတယ်ရှင်

#ဟင်းချက်နည်း
#ကင်းပုံသီး #ပုဇွန်

31/03/2026

ခရမ်းသီးသေးသေး (ခရမ်းခေါင်းသီး) နှင့်
ငါးနီတူခြောက်ဟင်း

ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်တဲ့ ခရမ်းသီးသေးသေး ငါးနီတူခြောက်ဟင်း ဟာ အရသာရှိရုံသာမက ချက်ရတာလည်း လွယ်ကူရိုးရှင်းပါတယ်ရှင်
ခရမ်းသီးရဲ့ နူးညံ့ချိုအိတဲ့ အရသာနဲ့ ငါးနီတူခြောက်ရဲ့ မွှေးပျံ့တဲ့အရသာတို့ ပေါင်းစပ်လိုက်တဲ့အခါ ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက်တဲ့ ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်ရှင်

ငါးနီတူခြောက်ကို ကြော်ပြီးမှ ထည့်ချက်လည်းရသလိုအချဉ်အရသာလေးထည့်စားချင်ရင်မကျီးရည်လေးထည့်ပြီး ချဉ်စပ်လေးလည်းချက်စားလို့ရပါတယ်ရှင့်
ခင်ကတော့ဒီဟင်းကို ကြိုက်လို့ခဏ ခဏ ချက်စားဖြစ်ပါတယ်ရှင့် စားကောင်းကြပါစေရှင့်🤍
#ဟင်းချက်နည်း
#ခရမ်းသီးသေးသေး

27/03/2026

ကော်ရည်ခေါက်ဆွဲချက်စားတဲ့အခါ ဟင်းရည်တွေအေးသွားရင် ကော်ရည်တွေကြဲသွားတတ်တဲ့ပြသနာမျိုး ကြုံဖူးကြလား ?

အဲ့လိုမျိုး မကြုံရစေဖို့အတွက် ခင်ချက်စားဖြစ်တဲ့
ကော်ရည်ခေါက်ဆွဲချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် 🤍

#ဟင်းချက်နည်း
#ကော်ရည်ခေါက်ဆွဲ

25/03/2026

ရာသီစာဒန့်သလွန်သီးကို ငါးရံ့ခြောက်နဲ့အာလူးလေးထည့်
မန်ကျည်းရည်လေးနဲ့ ဆီလည်ရေလည်ဟင်းလေးချက်စားကြမယ်

ရာသီဥတုပူလို့ ဆီပြန်ဟင်းမစားချင်တဲ့သူတွေအတွက်
ဒီဟင်းလေးချက်စားကြည့်ပါရှင့်🤍

#ဟင်းချက်နည်း
#ဒန့်သလွန်သီး #ငါးရံ့ခြောက်

19/03/2026

ပါဝင်ပစ္စည်းနည်းနည်းနဲ့အရသာရှိတဲ့မျှစ်စပ်ငပိရည်ကျိုဟင်းချက်နည်းကိုမျှဝေပေးလိုက်ပါတယ်

တခါစားဖူးရင်တစ်သက်မမေ့နိုင်တဲ့ မျှစ်စပ်ငပိရည်ကျိုဟင်းလေးက စားဖူးသူတိုင်းကြိုက်တဲ့ဟင်းလေးပါ

မိနစ်ပိုင်းအတွင်းချက်နိုင်တဲ့ မျှစ်စပ်ငပိရည်ကျိုဟင်းလေးက အလုပ်များတဲ့သူတွေအတွက်လည်း မြန်မြန်ဆန်ဆန်ချက်နိုင်တဲ့ဟင်းလေးဖြစ်ပါတယ်

မျှစ်စပ်ငပိရည်ကျိုဟင်းလေးကိုကြက်ဥနဲ့ကြက်သွန်နီလေးခေါက်ပြီးကြော်ထားတဲ့ကြက်ဥကြော်လေးနဲ့ဆိုအရမ်းလိုက်ဖက်တဲ့ဟင်းလေးပဲဖြစ်ပါတယ်ရှင့်

ထမင်းတအိုးခဏလေး ကုန်သွားမယ့်ဟင်းလေးဖြစ်လို့လိုက်ချက်စားကြည့်လို့ရပါတယ်ရှင့် 🥰

#ဟင်းချက်နည်း
#မျှစ်စပ်ငပိရည်ကြိုဟင်း

13/03/2026

ထမင်းပူပူလေးနဲ့လိုက်ဖက်တဲ့ ချဉ်ပေါင်ပုစွန်ဆိတ်ငပိရည်ချက်လေးကို အိမ်မှာကိုယ်တိုင်ချက်ပြုတ်ပြီး မိသားစုနဲ့အတူတူအရသာရှိရှိ သုံးဆောင်နိုင်ကြပါစေရှင့်

နောက်ထပ် ဘယ်လိုဟင်းလျာတွေရဲ့ ချက်ပြုတ်နည်းလေးတွေ သိချင်လဲဆိုတာ Comment မှာ ရေးခဲ့လို့ရပါတယ်ရှင့် 🥰🤍

Youtube - https://www.youtube.com/%C5%84skitchen-m4g

#မြန်မာ့ရိုးရာအစားအစာ
#ချက်နည်းပြုတ်နည်း
#အိမ်ချက်ဟင်း



#ဟင်းချက်နည်း

#ချဉ်ပေါင်ပုစွန်ဆိတ်ငပိရည်

09/03/2026

အမေ့လက်ရာဝက်ဆီဖတ် ချဉ်ပေါင်ကြော်လေးကအိမ်ပြန်တိုင်းစားချင်နေတဲ့ဟင်းတခွက်ပါပဲ

အမေ့လက်ရာအောက်မေ့သတိရလို့ အမေ့လက်ရာအတိုင်း ချက်ထားတဲ့ ခင့်လက်ရာ ဝက်ဆီဖတ်ချဉ်ပေါင်ကြော် 🤍
ချဉ်ပေါင်ရဲ့ ချဉ်ချဉ်ပြုံး အရသာရယ် ဝက်ဆီဖတ်ရဲ့ဆိမ့်ဆိမ့်လေးအရသာကို ပုံစံမပျက် ချက်ထားပါတယ်ရှင့်🤍

#ဝက်ဆီဖတ်ချဉ်ပေါင်ကြော်
#မြန်မာ့ရိုးရာအစားအစာ
#ချက်နည်းပြုတ်နည်း
#အိမ်ချက်ဟင်း
#အစားအသောက်




05/03/2026

ဟင်းတွေစားရတာ ရိုးအီနေပြီဆိုရင်
ကြွပ်ကြွပ်ရွရွကြက်ကြော်လေးကို ပဲထမင်းနဲ့ချက်စားကြည့်ပါရှင့် 🤍

ထောပတ်အနံ့မွှေးမွှေးလေးအပြင်
အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့အရမ်းကောင်းပါတယ်

#ဟင်းချက်နည်း
#ပဲထမင်းချက်နည်း

Address

Yangon,Myanmar.
Yangon

Website

Alerts

Be the first to know and let us send you an email when Khin’s Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share