09/05/2026
ပုသိမ်မြို့ရဲ့ နေ့လယ်ခင်းနဲ့ ညနေခင်း အားလပ်ချိန်လေးတွေမှာ ဗိုက်ဆာလို့ပဲဖြစ်ဖြစ်၊ အစပ်လေးစားပြီး စိတ်ကြည်လင်ချင်လို့ပဲဖြစ်ဖြစ်... မင်မင်တို့ဆိုင်ရဲ့ Spicy ခေါက်ဆွဲ က အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါ။😉
နူးညံ့အိစက်နေတဲ့ ခေါက်ဆွဲဖတ်လေးတွေကို အစပ်အရသာ ထိထိမိမိနဲ့ သုပ်ထားပြီး၊ အပေါ်ကနေ လတ်ဆတ်တဲ့ ပုဇွန်၊ အသားနဲ့ ဥလေးတွေအပြင်🤤 ဆလပ်ရွက်လတ်လတ်ဆတ်ဆတ်လေးပါ တွဲဖက်ပေးထားလို့ တစ်လုပ်စားလိုက်တိုင်း အရသာစုံကို ခံစားရမှာပါ။ 🤭
ဟင်းရည်ပူပူလေးနဲ့ပါ တွဲဖက်သုံးဆောင်နိုင်လို့ အပြင်က နေပူတာတွေ၊ ပင်ပန်းတာတွေ အကုန်မေ့သွားစေရမယ်🤭နော်။
💰 ဈေးနှုန်းလေးတွေကတော့ မိသားစုဝင်တွေ အဆင်ပြေစေမယ့် ဈေးနှုန်းလေးတွေပါ-
• ကြက် Spicy ခေါက်ဆွဲ - ၉,၅၀၀ ကျပ်
• ဝက် Spicy ခေါက်ဆွဲ - ၁၀,၀၀၀ ကျပ်
• ပုဇွန် Spicy ခေါက်ဆွဲ - ၁၁,၅၀၀ ကျပ်
• ပင်လယ်စာ Spicy ခေါက်ဆွဲ - ၁၂,၅၀၀ ကျပ်
သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ အေးအေးဆေးဆေး ထိုင်စားလို့ရတဲ့ ဆိုင်ပတ်ဝန်းကျင်လေးလည်း ရှိတာမို့ ဒီနေ့ပဲ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။🥳
📍 ဆိုင်လိပ်စာ: ရွှေစည်းခုံလမ်း၊ နောင်ရိုးလက်ဖက်ရည်ဆိုင်ဘေး၊ ပုသိမ်မြို့
📞 အော်ဒါမှာယူရန်: 09-756369929
အိမ်အရောက် (Deli) လည်း ပို့ဆောင်ပေးနေတာမို့ အခု
ပဲ ဖုန်းလေးတစ်ချက် ဆက်လိုက်တော့နော် ❤️
# #