03/08/2026
မြန်မာ့ဓလေ့ စရိုက်နှင့် လုပ်ငန်းခွင်တွင်း ကိုယ့်ဖြစ်တည်မှုပျောက်ဆုံးခြင်း ပြသနာ
သူက အရမ်းသည်းခံတက်တယ်။ သည်းခံခြင်း တရား။ အနေအေးတယ် ဘာပြသနာမှမရှိဘူးဆိုတဲ့ အစရှိတဲ့စကားသံတွေက မြန်မာ့လူ့ဘောင်အသိုင်းဝိုင်းမှာ ချီးကျူးတာလား ၊ ဓလေ့စရိုက်လား ၊ အုပ်ချုပ်လို့ ကောင်းအောင် ဖိနှိပ်လို့ကောင်းအောင် တမြင်ပြုမူခဲ့သလားဆိုတာ တွေးစရာဖြစ်လာခဲ့တယ်။
သည်းခံခြင်း
အရွယ်ငယ်ငယ်ကတည်းက သည်းခံခြင်းဆိုတာကို နောက်ဆုတ်ခြင်းလို့ တလွဲအမြင်မှားခဲ့ကြတယ်။ ဘာကို ပဲဖြစ်ဖြစ် သည်းခံလိုက်ပါ။ နိုင့်ထက်ပြုကျင့်တဲ့ အသိုင်းဝိုင်းတခုကိုတွေ့တဲ့အခါမှာတောင်မှ သည်းခံလိုက်ပါလို့ ပြောတက်ကြတယ်။ သည်းခံလိုက်ပါဆိုတဲ့စကားကို ကြားလာတာနဲ့အမျှ သည်းခံခြင်း ဆိုတာကို ဆက်မလုပ် တော့ခြင်း ၊ လက်လျှော့ခြင်း ၊ နောက်ဆုတ်ခြင်းအဖြစ် နားလည်မှုလွဲသွားကြတယ်။
သည်းခံခြင်းသည် နောက်ဆုတ်ခြင်းမဟုတ်
အဆိုးနဲ့ကြုံလာတဲ့အခါ သည်းခံပါလို့ ဆိုကြတယ်။ တကယ့်အနှစ်သာရက ကိုယ်သွားမယ့် ပန်းတိုင်းကို ရောက်အောင်သွားရမှာပါပဲ။ သည်းခံလိုက်ပါဆိုတာက ကြုံလာတဲ့အဆိုးကို စိတ်လိုက်မာန်ပါ တုန့်ပြန်မိတဲ့ အခါ လမ်းကြောင်းလွဲသွားနိုင်တာကြောင့် သည်းခံပါလို့ ဆိုခဲ့ကြတယ်။ သည်းခံပါရဲ့နောက်မှဦက သည်းခံပြီး ကျော်ဖြတ်ပါလို့ဆိုလိုတာပါ။ ရပ်လိုက်ပါလို ဆိုလိုတာ မဟုတ်ပါဘူး။ ပန်းတိုင်းကို မရောက်စေတဲ့ အဆိုးနဲ့ ကြုံလာတဲ့အခါ ကြုံလာတဲ့အဆိုးကို သည်းခံပြီး ရည်ရွယ်ရာပန်းတိုင်းကို ရောက်အောင် သွားကို သွားရမှာပါ။
နိုင်ငံရပ်ခြားမှာ သတိထားမိခြင်း
ငယ်စဥ်က မိဘတွေက သားနှစ်ယောက်ကို တာဝန်တူတူပေးတယ်။ အကြီးနဲ့ အငယ်ဆိုပါတော့။ အကြီး ဖြစ်တဲ့သူက ပေးလာတဲ့တာဝန်ကို ကျေပွန်အောင်လုပ်တယ်။ တာဝန်ပြီးဆုံးသည်အထိပေါ့။ အငယ် ဖြစ်သူက လုပ်ချင်တဲ့ဆန္ဒရှိသလောက်ကိုသလုပ်ပြီး သူ့တာဝန်ကို အကြီးဖြစ်တဲ့သူကို တာဝန်ယူစေ တယ်။
မိဘဖြစ်တွေက အငယ်ဖြစ်တဲ့သူကို သူကအရမ်းလည်တာပဲဆိုပြီး ရယ်ရယ်မောမောနဲ့ အငယ်ဖြစ်တဲ့ သူကို ချီးကျူးတယ်။ အငယ်ဖြစ်တဲ့သူကလည်း မိသအပြုမူကြောင့် သူ့လုပ်ရပ်ဟာ မှန်တယ်ဆိုတဲ့အမြင်ကိုသာ မြင်သွားစေတယ်။ အကြီးတယောက်ရဲ့အမြင်မှာတော့ ကြုံရပါများလာတဲ့အခါ ဒါဟာလူလည်ကျတာလို့ မြင်လာတယ်။ နောက်ပိုင်းကျတော့ အကြီးဖြစ်ကပါ သူ့လုပ်ရမယ့်တာဝန်ကို ပြီးအောင်မလုပ်ပဲ ထားခဲ့တော့ တယ်။ အဲ့ဒီနောက်တော့ မိဘဖြစ်တဲ့သူတွေက အကြီးကိုတော့ တာဝန်မကျေဘူးလို့ဆိုပြန်တယ်။ အကြီးဖြစ် တဲ့သူကိုတော့ သူကအရမ်းလည်တာပဲလို့ ချီးကျူးမှုပြုခြင်းမခံရပါဘူး။ ဒါဟာဘာ့ကြောင့်လဲ။
လုပ်ငန်းခွင်သဘောတရားထပ်တူညီမျှမှု
လုပ်ငန်းခွင်မှာလည်း မိသားစုတခုထဲက ဖြစ်တည်လာတဲ့ ပြသနာကို မီးမောင်းထိုးပြသလိုပါပဲ ဝန်ထမ်းနှစ် ယောက်ရှိမယ်။ တယောက်က လုပ်ငန်းခွင်ထဲမှာ သူ့တာဝန်ချိန်ပဲလုပ်ချင်တယ်။ သူလုပ်ရမယ့် တာဝန်တွေကို အခြားသူလုပ်အောင်ဆောင်ရွက်တက်တယ်။
ဥသြငှက်တွေလို သူ့ဥကို သူများအသိုက်မှာ ဝင်ဥတယ်လို့ဆိုရမှာပေါ့။ ဒါကို လုပ်ငန်းခွင်ရဲ့ခေါင်း ဆောင်ဖြစ်တဲ့သူက Smart ကျတယ်လို့ သတ်မှတ်တယ်။ တဖက်စောင်းနင်းဖြစ်လာတဲ့ အဖွဲ့အစည်းအဖြစ် မသိမသာပုံပေါ်လာတယ်။ အချို့လူကြီးကကျတော့လည်း အငယ်မလုပ်ပဲ လစ်လျူရှုထားတဲ့အလုပ်တွေကို ဘာမှမပြောလိုပဲ သူကကြီးဝင်လုပ်သွားတယ်။ သူ့ရဲ့ စီမံခန့်ခွဲရမယ့် အလုပ်တွေထက် မပြီးပျက်တဲ့အလုပ် တွေကို ဝင်ရောက်လုပ်ကိုင်နေရင်း အလုပ်ပျင်းတဲ့ ဝန်ထမ်းရဲ့ စိတ်ဖြစ်မှာဖြစ်နေတဲ့ မလုပ်လည်းရတယ်ဆိုတဲ့ မသိစိတ်ကို အသိအမှတ်ပြုရာရောက်သွားတယ်။ တာဝန်ယူမှုရှိရှိလုပ်ကိုင်နေတဲ့သူတွေမှာတော့ သူ့ရဲ့ တာဝန် ရော အခြားသူရဲ့တာဝန်တွေပါ ပုံကျလာတဲ့အခါ အခြားတဖက်မှာ တာဝန်ယူမှုနဲသလောက် အခြားတဖက် မှာတော့ တာဝန်ယူရတာတွေ များလာခဲ့တယ်။
မြန်မာလူမျိုးတွေက ဘာနဲ့တူနဲ့ဆိုတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်အတိုင်းပါပဲ သည်းခံခြင်းကို ပါရာစီတမောလို့ ခေါင်းကိုက်လည်းသောက် နှာစေးလည်းသောက် ဖျားလည်းသောက် ညောင်းညာကိုက်ခဲလဲ သောက်ဆိုသလို နားလည်မှုတွေ လွဲခဲ့ကြတယ်။
အထက်လူကြီးရဲ့ လေးစားမှုလျော့ကျခြင်း
အဲ့လိုပဲ ဝန်ထမ်းနှစ်ယောက် ဥပမာလိုပါပဲ။ အလုပ်ချိန် ပိုလုပ်ရရင် Complaint တက်တဲ့ ဝန်ထမ်းမျိုးက လုပ်ငန်းခွင်အရေးကြုံလာတဲ့အခါမှာလည်း အထက်လူကြီးရဲ့ ဦးစားပေးစဥ်းစားခြင်းကို ခံရတယ်။ သူ့ကိုတော့ ခေါ်လို့မရဘူး Complain များတယ်။ အခြားတယောက်ကတော့ အလုပ်ချိန် ဘယ် လောက်များများ အလုပ် ဘယ်လောက်များများ လုပ်တယ်။ ဘာစကားမှမပြောဘူး။ အဆိုးဆုံးက ဝဋ်ကြွေးလို့ ခံယူလိုက်တာပဲ။ အလုပ်လိုအပ်လာတိုင်း ဘာမှမပြောတဲ့ဝန်ထမ်းကိုပဲ ဦးစားပေးစဥ်းစားတယ်။ လိုအပ်တိုင်းလဲ အဲ့ဒီဝန်ထမ်း ပါပဲ။ အချိန်ကြာလာတော့ လေးစားမှုကိုမရှိတော့တာမျိုး ဘယ်လိုခိုင်းခိုင်း ရပါတယ်လို့ မြင်လာတော့တယ်။
ရာထူးတိုးအတွက် စဥ်းစားတဲ့အခါ
ကျောင်းနေစဥ်အခါက အထက်တန်းစာကျေညက်ပြီးအောင်မှာ တက္ကသိုလ်တက်ရောက်ခွင့်ရမယ် ဆိုတဲ့ ကျောင်းပညာအခြေပြုစဥ်းစာပုံနဲ့ လုပ်ငန်းခွင်မှာလူတော်တော်များများက လွယ်လွယ်စဥ်းစားလိုက်ကြ တယ်။ မြန်မာလူမျိုးအတော်များများက အောက်ခြေသိမ်းအလုပ်တွေ အကုန်လုပ်တယ်။ တာဝန်ကျေအောင် လုပ်တယ်။ အပြောမခံရအောင်လုပ်တယ်။ အလုပ်ချိန်ပြီးသွားချိန်ထိ လုပ်ရမယ့်တာဝန်တွေ မပြီးပျက်သေးတဲ့ အခါ အချိန်ပိုဆင်းပြီးလည်း ပြီးဆုံးအောင်လုပ်ပါတယ်။ တခြားသူတွေကတော့ လုပ်ရမယ့်တာဝန်ကို သူများ လုပ်အောင် ခိုင်းတတ်တယ်။ သူတို့လုပ်ရမယ့်အလုပ်လည်း ခပ်တည်တည်နဲ့ မင်းဒါတွေလုပ်ရမယ် ဆိုတာမျိုး ခိုင်းတတ်ကြတယ်။ သူတို့လုပ်ရမယ့်အလုပ်ကို အခြားသူကိုလုပ်ကိုင်စေပြီး သူ့လုပ်ငန်းတာဝန်ကို ပြီးဆုံး စေတယ်။ အထက်မှာဖော်ပြခဲ့တဲ့ မိသားစုအကြောင်းလေးလိုပါပဲ အထက်လူကြီးကလည်း အဲ့ဒီလို လုပ်ငန်း တာဝန်ကို ပြီးဆုံးစေတဲ့သူကိုပဲ Smart ကျတယ်ဆိုပြီး မြင်ပါတယ်။ ရာထူးတိုးဖို့ စဥ်းစားတဲ့အခါမှာတော့ လုပ်ငန်းချိန်လည်း ပိုလုပ်ရရင် Complaint တက်တယ်။ သူလုပ်ရမယ့်အလုပ်တွေကိုလည်း သူများတွေကို လှည့်ဖြားပြီး လူကြီးရှေ့မှာခိုင်းတယ်။ အဲ့ဒီလို မြင်ရဖန်များလာတဲ့အခါ လူကြီးဖြစ်တဲ့သူရဲ့အမြင်မှာ သူက အလုပ်ကိုပြီးမြောက်အောင် လုပ်နိုင်တယ်လို့ မြင်လာတယ်။ ဓလေ့ စရိုက် ထုံးစံတွေနဲ့ ကြီးပြင်းလာတဲ့ မြန်မာလူမျိုးတွေအဖို့ကတော့ သည်းခံပြီးလုပ်ပေးရင်း ကိုယ့်လုပ်ရမယ့်တာဝန်လား သူများလုပ်ရမယ့် တာဝန် လားဆိုတာ ကွဲကွဲပြားပြားမသိတော့ပဲ ပြီးဆုံးအောင် ကြိုးစားပန်းစားလုပ်နေတော့တယ်။
လူကြီးတယောက်ရဲ့ အမြင်မှာတော့ သူကအရမ်းအလုပ်လုပ်တယ် သူမရှိရင် အဲ့ဒီနေရာက မဖြစ်ဘူး အခြားသူလည်း သူလိုမလုပ်နိုင်ဘူးဆိုပြီး ရာထူးတိုးပေးဖို့စဥ်းစားတဲ့နေရာမှာ ပျက်ကွက်မှုတွေဖြစ်လာတယ်။ အဲ့ဒီအခြေနေမှာ ဘာကိုစဥ်းစားမိလဲဆိုရင်တော့ အိမ်တအိမ်မှာ နွားတွေရှိမယ်ဆိုရင် အပင်ပန်းခံနိုင်ပြီး သန်မာတဲ့နွားက ထွန်ယက်ရတယ်။ သူ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်နိုင်တော့လည်း မြန်မာစကား ပုံမှာ သဘောကောင်းတဲ့နွားက များများအခိုင်းခံရတယ်ဆိုတာမျိုးပေါ့။ နွားတကောင် ဘယ်လောက်ကျွမ်းကျင် သည်ဖြစ်စေ ဖြစ်တည်မှုမှာ သရင်ငှား (စာရင်းငှား ထွန်ယက်သူ) ရာထူးတော့ မရနိုင်ဘူး။ အခြေနေကို အဲ့လိုမြင်လာတယ်။ အခြားသူတွေကို ကိုယ့်တာဝန်တွေပါ လုပ်အောင် ခိုင်းနိုင်သူတွေကိုတော့ ရာထူးတိုးပေးဖို့ မျက်စိကျနေလေ့ရှိတယ်။ သရင်းငှား (စာရင်းငှား ထွန်ယက်သူ) လစာတိုးတယ်ပေါ့။ တကယ်က တခြားသူကို လှည့်ဖြားပြီးခိုင်းနေသူကိုတော့ လုပ်ကိုင်နိုင်စွမ်းမရှိသူ ၊ ပျင်းတဲ့သူလို့ မမြင်နိုင်တော့ဘူး။ ဘာလို့ဆို လုပ်ငန်းက ပြီးမြောက်နေလို့ပါပဲ။
နောက်ဆုံး သုံးသပ်ချက်
မိဘနေရာက အမြင်ကိုလည်း မသုံးသပ်လိုပါဘူး။ မန်နေဂျာတယောက်နေရာ ခေါင်းဆောင်တ ယောက် အမြင်ကိုလည်း မသုံးသပ်လိုပါဘူး။ သို့ပေမယ့် ပေးအပ်လာတဲ့တာဝန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်ဆီကပါ တာဝန်တွေပါ ယူနေရတာမျိုး အရာရာကို သည်းခံခြင်းလို့ လွဲမှားစွာနားလည်နေသူတယောက် နေရာကသူတွေ အတွက်တော့ သုံးသပ်ပြီး ရှေ့ဆက်ပါမယ်။
လူသားတို့ စိတ်
စိတ်ပညာအရမှာ လူတွေက ထပ်ခါတလဲလဲကြုံလာရတဲ့အခါ ပုံမှန်ဖြစ်နေရမယ့်အရာလို့ သတ်မှတ် တတ်ကြတယ်။ ပထမတခါ ကူညီပေးတယ် ၊ နောက်တခါ ကူညီပေးတယ် ကူညီပါများလာတဲ့အခါမှာတော့ တဖက်က အကူညီမတောင်းတော့ဘူး သူလုပ်လိမ့်မယ်ဆိုပြီး ဖြစ်တော့တယ်။ အဲ့ဒီအချိန် မကူညီတော့တဲ့အခါ သူလုပ်ရမယ့်အလုပ်ကို မလုပ်ဘူးဆိုပြီး တချိန်လုံးအကူညီတောင်းနေတဲ့သူက အရင်ငိုပါလိမ့်မယ်။ အခြားသူတ ယောက်လုပ်ရမယ့်အလုပ်တွေကို လိုက်လုပ်ပေးနေတာကလည်း တဖက်လူရဲ့ ကိုယ်စွမ်းကိုယ်စတက်မလာ အောင်ပြုမူဆောင်ရွက်နေသူအဖြစ် အပြစ်ရှိတဲ့သူတယောက်သာဖြစ်သွားတက်တာကို သတိထားမိဖို့ ပျက် ကွက်တက်ကြတယ်။
ရက်ရောခြင်းဆိုတာက ပုံသေစွဲကိုင်ခြင်းနဲ့ အသိဉာဏ်မဲ့ပေးကမ်းခြင်းရဲ့ အလယ်မှာသာဖြစ်တည် ပါတယ်။ သင့်တင့်တဲ့ အတိုင်းအတာ ၊ မှန်ကန်တဲ့ ပုဂ္ဂိုလ် ၊ မှန်ကန်တဲ့ အချိန်တို့နဲ့ မကိုက်ညီတဲ့ အကူအညီက လမ်းမှန်ဖြစ်စေတာမဟုတ်ဘဲ ဒုက္ခကိုသာ ဖိတ်ခေါ်ရာဖြစ်ပါတယ်။
အကူညီပေးခြင်း ၊ စေတနာထားခြင်း ၊ သည်းခံခြင်း ၊ ပေးဆပ်ခြင်းဆိုတာတွေရဲ့ တိကျသေချာတဲ့ အဓိပ္ပါယ်ကို နားလည်အောင်လုပ်ထားသင့်တယ်။
စေတနာကို နယ်နမိတ်သတ်ခြင်း
နယ်နိမိတ်သတ်မှတ်ချက်မရှိတဲ့ စေတနာထားမှုက ရေရှည်မှာ စိတ်ရုပ်ပင်ပန်းနွမ်းနယ်မှု (Burnout) နှင့် အချိန်ကာလ ကြာလာတာနဲ့အမျှ မကျေနပ်မှု(Resentment) တို့ကိုသာ မွေးဖွားပေးတက်တယ်။ လူ့စိတ်က အလေ့အကျင့်ပေါ်မှာ မျှော်လင့်ချက် (Baseline) ကို ပြောင်းလဲသတ်မှတ်တတ်တယ်။ ဘာမှမပြောဘဲ လုပ်ပေးတဲ့သူဆီက "အမြဲတမ်း အချိန်ပိုလုပ်ပေးတာကို ပုံမှန် (Standard Behaviour)" လို့ အထက်လူကြီးရဲ့ ဦးနှောက်က မှတ်ယူလိုက်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ သူ အချိန်ပိုလုပ်ပေးတာဟာ "ကျေးဇူးတင်စရာ" မဟုတ်တော့ဘဲ "မပါမဖြစ် တာဝန်" တစ်ခုလို ဖြစ်သွားပြီး၊ လေးစားမှု (Respect) သာမက ကျေးဇူးသိတတ်မှု (Gratitude) ပါ လျော့နည်းသွားခြင်း ခံကြရတော့တယ်။
အထက်လူကြီး အမြင်
မန်နေဂျာသို့မဟုတ် ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးနှောက်က အလုပ်ပြီးမြောက်ဖို့ထက် "ခေါင်းခဲရ မယ့် ကိစ္စကိုရှောင်ရှားဖို့ (Conflict Avoidance)" ကို ပိုပြီး ဦးစားပေးတတ်တယ်။ Complain တက်တဲ့သူကို ခိုင်းရမှာ စိတ်ရှုပ်စရာကောင်းတာကြောင့် ဘာမှမပြောတဲ့သူကိုယ်တိုင် ခင်းပေးထားတဲ့ အလွယ်လမ်းကိုပဲ တောက်လျှောက် ရွေးချယ်မိသွားတာ ဖြစ်ပါတယ်။ တကယ်တော့ အသိမှတ်မပြုခံရခြင်း လေးစားမှုမခံခြင်း အစရှိတဲ့ အရာတွေအားလုံးက ခံရသူကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ ရလဒ်တခုသာဖြစ်နေတက်တယ်။
ကုန်ပစ္စည်းတစ်ခုလိုပါပဲ အချိန်မရွေးလွယ်လွယ်နဲ့ရနိုင်နေတဲ့ အရာတစ်ခုဟာ တန်ဖိုးနည်းသလို ထင်ရတတ်ပြီး၊ ငြင်းဆန်မှုတွေ ၊ စည်းမျဉ်းတွေနဲ့ "ရရှိဖို့ ခက်ခဲတဲ့အရာ (Complain တက်သူ၏ အချိန်)" က ပိုပြီးတန်ဖိုး ကြီးသလို အထက်လူကြီးက ထင်မှတ်သွားတာမျိုးကြုံကြရတာပါ။
ပြတ်သားခြင်းနဲ့ ရိုင်းစိုင်းခြင်းကို ရှင်းရှင်းလင်းလင်းသိပါစေ
ငြင်းရင် မကောင်းဘူးဆိုဘူးဆိုတဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်နဲ့ အထက်လူကြီး စိတ်ဆိုးသွားမှာ ကြောက်တဲ့စိတ်ဟာ နှစ်ရှည်လများမှားယွင်းနေတဲ့ အယူအဆတခုပါ။ Assertiveness ဆိုတဲ့ ပြတ်သားစွာ ပြောဆိုခြင်းဆိုတာ တိုက်ခိုက်ခြင်း မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်း၊ နယ်နိမိတ်နှင့် တန်ဖိုးကို လေးစားမှုရှိရှိဖြင့် ပြတ်ပြတ်သားသား တဖက်လူသိအောင်အသိပေးခြင်းမျိုးသာ ဖြစ်ပါတယ်။
ကိုယ့်တန်ဖိုးကိုယ် တည်ဆောက်ပါ
ကိုယ်တိုင်ငြိမ်ပြီး အချိန်ပိုလုပ်ပေးနေတာတဲ့ လုပ်ရပ်တွေကို ရပ်လိုက်ပါ။ ခေါင်းဆောင်ဖြစ်သူရဲ့ သတိ မထား မိတော့တဲ့ လွယ်လွယ်နဲ့ရတာပဲလို့ မြင်နေတဲ့အမြင်ကို ပြောင်းလဲပေးလိုက်ပါ။ အချိန်ပိုဆင်းခဲ့ပြီးနောက် ပြီးစီး ခဲ့တဲ့ လုပ်ငန်းဆိုင်ရာအချက်လက်တွေကို ခေါင်းဆောင်ဖြစ်တဲ့သူသိအောင် (သိလည်း မသိချင်ယောင် ဆောင် နေသူကို) ကိုယ်တိုင်ကလည်း သူသိတာကို မသိချင်ယောင်ဆောင်ပြီး သိအောင်ပြပါ သိအောင် ပြောပါ။ ကိုယ် တိုင်လုပ်ဆောင်ခဲ့တဲ့အချိန်ပိုတွေမှာ ပြီးစီးခဲ့တဲ့ အလုပ်တွေ အခြားသူမလုပ်ခဲ့တဲ့အတွက် ကိုယ့်အတွက် အပို တာဝန်ဖြစ်နေတာတွေကိုလည်း Report အဖြစ် ခေါင်းဆောင်ဖြစ်သူဆီစနစ်တကျတင်ပြပါ။
အမြဲတမ်း Yes နေတာကို ရှောင်ပါ။
အလုပ်ချိန်ကျော်တိုင်း အမြဲ "Yes" လို့ ပြောနေတာကို ရပ်တန့်ပါ။ ငြင်းဆိုခြင်းက မကောင်းသော အပြုအမူ မဟုတ်ပါဘူး ကိုယ့်ရဲ့ပင်မတာဝန်နဲ့ အရည်အသွေးကို ထိန်းသိမ်းတတ်ခြင်းသာဖြစ်ပါတယ်။ အရေးပေါ် အချိန်ပိုဆင်းခိုင်းတာမျိုးနဲ့ ကြုံလာရတဲ့အခါ "အရောင်းအဝယ်ဆန်သော တုံ့ပြန်မှု (Trade-off Matrix)" လုပ်သင့်တဲ့ ခေါင်းဆောင်မျိုးဆို "ဒီနေ့အတွက်လိုအပ်ချက်အရ အချိန်ပိုဆင်းပေးပါမယ်။ ဒါပေမဲ့ ဒါကို ဒီနေ့ အပြီးလုပ်လိုက်ရင် မနက်ဖြန်ပြန်ဝင်ရမယ့် အလုပ်ချိန်နဲ့ လုပ်ဆောင်ရမယ့်အဓိကအလုပ်တွေမှာ ကိုယ့်အတွက် အာရုံစူးစိုက်ဖို့ ခက်စေတဲ့အကြောင်းနဲ့ အလုပ်အစောပြန်ဝင်ရမယ်ဆိုခဲ့ရင်လည်း အလုပ်ဝင်ချိန် နောက်ကျ နိုင်တဲ့အကြောင်းပြောပြပြီး ဘယ်တစ်ခုကို ဦးစားပေးစေချင်ပါသလဲဆိုတာမျိုးကို မေးခွန်းထုတ်လို့ရပါတယ်။
ဒီကနေ့လုပ်ရပ်က နောက်ရက်အတွက်လည်း သက်ရောက်မှုရှိတာကို မသိတဲ့သူတွေကိုသိအောင် ပြောပြခြင်းကလည်း ကိုယ့်ကိုတန်ဖိုးထားစေတာမျိုးဖြစ်ပေါ်စေတယ်။ အဲ့ဒီလိုမေးလိုက်က ကိုယ်လုပ်ပေး နေတာက "အခမဲ့ မဟုတ်ဘဲ တန်ဖိုးတစ်ခု စွန့်လွှတ်ပေးနေရတာ ဖြစ်ကြောင်း" ခေါင်းဆောင်ဖြစ်သူ မန်နေဂျာဖြစ်သူ သိကို သိပါစေ။
မြန်မာစကားပုံက ဓားခုတ်ရာ လက်ဝင်မလျှိုနဲ့ဆိုတာမျိုး
အဖွဲ့အစည်းရဲ့ပြဿနာ ဒါမှမဟုတ် အခြားသူတွေရဲ့ အရည်ချင်းမဲ့ မစွမ်းဆောင်တာတွေကို ကိုယ်ပိုင် ပြဿနာအဖြစ် မခံယူပါနဲ့။ "ဒါကို ငါမလုပ်ပေးရင် ပျက်စီးသွားလိမ့်မည်" ဆိုတဲ့ စိတ်ဓာတ်ကို စွန့်လွှတ်ပါ။ အဖွဲ့အစည်း ပျက်စီးစရာရှိပါက ခေါင်းဆောင်ဖြစ်သူမြင်အောင် အပြစ်ကို အမှန်အတိုင်းပေါ်လွင်ပါစေ။ ကိုယ်တိုင်က အမြဲဖုံးဖုံးဖိဖိ ဝင်လုပ်ပေးနေသရွေ့ မကောင်းတဲ့ အလေ့အကျင့်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။
တန်ဖိုးဆိုတာ
လုပ်ငန်းခွင်မှာ "တန်ဖိုးထားခံရခြင်း" ဆိုတာ အခြားသူတွေ ပေးသနားတာကို စောင့်ဆိုင်းနေရတာမျိုး မဟုတ်ဘဲ "မိမိကိုယ်တိုင် သတ်မှတ်ယူရသည့်အရာ (Self-Dignity)" ပါ။
ပေးဆပ်သောသူဆိုတာ မှန်ကန်တဲ့ပေးဆပ်မှုမှသာ
အရာရာကို ငြီးငြူမနေဘဲ အလိုက်သိပေးဆပ်ခြင်းက မွန်မြတ်တယ်ဆိုသော်လည်း၊ ကိုယ်သတ် မှတ်ထားတဲ့ နယ်နိမိတ် (Boundaries) နှင့် ကိုယ်ပိုင်တန်ဖိုး (Self-Worth) ထိခိုက်လာတဲ့အခါ ကိုယ့် စေတနာကို စနစ်ကျတဲ့ ပရော်ဖက်ရှင်နယ် တုံ့ပြန်မှုအဖြစ် ပြောင်းကို ပြောင်းမှရမှာပါ။
“သင့်ရဲ့ အချိန်နဲ့ စေတနာကို တန်ဖိုးမထားဘဲ အလကားရနေတယ်လို့ ထင်သွားအောင် သင့်ဘက်က ခွင့်မပြုပါနဲ့။ တန်ဖိုးဆိုတာ အကျိုးကြောင်းဆီလျော်စွာ ငြင်းဆန်တတ်သည့်အခါမှသာ စတင်ပေါ်လွင်လာတာ ပါ"
တရားခြင်း ၊ မတရားခြင်းတွေအားလုံးက ကိုယ့်ခွင့်ပြုချက်နဲ့ ဖြစ်တည် လာတာမျိုးဆိုတာကိုတော့ နားလည်ဖို့လိုပါတယ်။ ပေးဆပ်ခြင်းက မှန်ကန်ပါစေ သင့်တန်ဖိုးလည်း တက်ပါစေ။
သည်းခံမှုကို နားလည်မှု မလွဲစေဖို့
တချိန်လုံး နားလည်မှုလွဲနေတဲ့ သည်းခံခြင်းဆိုတာက ကိုယ့်ဖြစ်တည်မှု ၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေး တွေကိုဖျက်ဆီးဖို့ ခွင့်ပြုခြင်းမဖြစ်ရပါဘူး။ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီသွားတဲ့အခါ ကြုံတွေ့ရတဲ့ အခက် အခဲတွေကို သည်းခံလျှောက်လှမ်းခြင်းသာ ဖြစ်သင့်ပါတယ်။
တာဝန်မဲ့သူတွေ ၊ ပျင်းရိသူတွေ ၊ တာဝန်မသိသူတွေရဲ့နေရာမှာ အစားဝင်ခံပေးနေတာတွေကတော့ သည်း ခံခြင်း မဟုတ်ဘဲ "တာဝန်မဲ့မှုကို အားပေးနေခြင်း(Enabling)"နဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းသာဖြစ်ပါတယ်လို့ သုံးသပ်ရင် နိဂုံးချုပ်လိုက်ပါတယ်။
Savory Culinary
Send a message to learn more