Dubai Lunch Box

Dubai Lunch Box Asian Foods, Daily & Weekly Special, Lunch Box, Customized Family Set, Delivery..🌿

အာလာကတ် ချစ်သူတွေအတွက်…Week 2 Menu လေး! ✨“အာလာကတ်မှ အာလာကတ်ပဲ” ဆိုတဲ့ Customer လေးတွေအတွက် DLB ရဲ့ Homemade Ala Carte Me...
10/08/2026

အာလာကတ် ချစ်သူတွေအတွက်…Week 2 Menu လေး! ✨

“အာလာကတ်မှ အာလာကတ်ပဲ” ဆိုတဲ့ Customer လေးတွေအတွက် DLB ရဲ့ Homemade Ala Carte Menu လေးတွေ ဒီတစ်ပတ်မှာလည်း မတူတဲ့ Menu အသစ်လေးတွေနဲ့အတူ ပြန်လာပါပြီနော် ❤️

ဒီတစ်ခါမှာတော့ မကြာခဏမရတဲ့ ရောင်းမလောက် Menu လေးတွေပါ ထည့်ပေးထားတာမို့ ရတုန်းလေးမှာထားဖို့ မမေ့နဲ့နော် 😋

🍽️ ဒီတစ်ပတ်ရဲ့ Ala Carte Menu

🦑 ကင်းမွန်အချိုနှပ် — AED 36
ကင်းမွန်သား ထုပ်ထုပ်လေးတွေကို အချိုလေးနဲ့ အိအိနူးနူးဖြစ်အောင် နှပ်ထားတာမို့
ထမင်းပူပူလေးနဲ့သာ နယ်စားလိုက်… ကွက်တိပါပဲ 🤤

🐟 ငါးသလောက် အရိုးနူးပေါင်း — AED 40
တစ်ညလုံး တစ်ရက်လုံး အရိုးကအစ နူးအိနေအောင် ပေါင်းထားတဲ့ DLB ရဲ့ ရောင်းမလောက် Menu လေး ❤️
Pre-order လေးတွေ များနေလို့ kitchen team က်ုပူဆာပေးထားတာမို့ရတုန်းလေး မှာထားနော်!

🐍 ငါးရှဉ့်ဆီပြန် — AED 40
ငါးရှဉ့်ကြိုက်တဲ့သူဆို ၂ ခါပြန်မတွေးနဲ့နော်! 😆
ထမင်းနဲ့စားမလား၊ မြည်းမလား… အားလည်းရှိ၊ အရသာလည်းရှယ်မို့ လက်မနှေးသင့်ဘူးနော် 🤎

🐐 ဆိတ်သားနှပ် — AED 38
ဆိတ်သား အသားသီးသန့်လေးကို မြန်မာအရသာစစ်စစ်နဲ့ နူးအိပြီး အရသာထိထိမိမိလေး ဖြစ်အောင် နှပ်ထားပေးပါတယ်။
မြန်မာအရသာလေးကို တကယ်စားချင်နေပြီဆို ဒီတစ်ပွဲတော့ ယူလိုက်တော့! 😋

🌿 မျှစ်ချဉ်ပေါင် — AED 18
🍤 မျှစ်ပုဇွန်ချဉ်ပေါင် — AED 25

ချဉ်ပေါင်ပျစ်ပျစ်နှစ်နှစ်လေးထဲ မျှစ်နုနုလေးနဲ့ ပုဇွန်လေး ပါလာပြီဆိုရင်တော့…
🍚 ထမင်းအိုးသာ တည်လိုက်တော့နော်!
ကျန်တာ ဘာမှမလိုတော့ဘူး 🤭❤️

DLB ရဲ့ အရောင်းရဆုံးထဲက တစ်ခု ဖြစ်တာမို့ စားဖူးသူတိုင်း ဘာကြောင့်ကြိုက်ကြလဲ သိမှာပါနော်!

━━━━━━━━━━━━━━

⏰ **Pre-order Last Order — 13.8.2026 Thursday, 12:00 PM(နေ့လည်) **

🚚 Delivery day and time — 14.8.2026 Friday, 12:00 PM to 5:00 PM
Minimum 50aed ဆိုတာနဲ့ free delivery way လေးလဲစီစဉ်ပေးထားတယ်နော်

👩🏻‍🍳 လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးမှာမို့
Order မပိတ်ခင်လေး အမှီမှာထားဖို့ လိုမယ်နော်!

📩 Order တင်ရန် — DLB Messenger or 0509025691

🍜✨ DLB ရဲ့ ချစ်ရတဲ့ Customer အားလုံးအတွက် Favourite Menu တစ်ခုဖြစ်တဲ့ ငါးနှစ်မျိုး မုန့်ဟင်းခါး ပြန်လာပါပြီ! ❤️ရန်ကုန် မ...
06/08/2026

🍜✨ DLB ရဲ့ ချစ်ရတဲ့ Customer အားလုံးအတွက် Favourite Menu တစ်ခုဖြစ်တဲ့ ငါးနှစ်မျိုး မုန့်ဟင်းခါး ပြန်လာပါပြီ! ❤️

ရန်ကုန် မုန့်ဟင်းခါး..အိုးကြီးချက်.ပျစ်ပျစ်နှစ်နှစ် အရသာလေးကိုမှ ကြိုက်တဲ့သူတွေအတွက်တော့ နဲ့ DLB ရဲ့ မုန့်ဟင်းခါးကို စားဖူးသူတွေ အတွက် ဒီအရသာကို သိပြီးသားမို့ အများကြီးညွှန်းနေစရာတောင် မလိုတော့ပါဘူ:💛

ဒီတစ်ခေါက်တော့ အားပေးတဲ့ Customer တွေအတွက် Special Offer လေး ထပ်စီစဉ်ထားပါတယ်။

✨ Special Combo - AE 35 + VAT
🍜 မုန့်ဟင်းခါး(အိုးဘဲဥ+ပဲကြော်+ငါးဖယ်)
🥟 ပဲအီကြာ နှစ်မျိုးလုံးကိုမှ 35 AED ဘဲကျသင့်မှာပါ

50 AED နှင့်အထက် Order များအတွက် ရှိပါတယ်. 🛵

📌 Pre-order — 8.8.2026 6PM မတိုင်ခင်
🚚 Delivery Date — 9.8.2026 (Sunday)

ပွဲအရေအတွက် အကန့်အသတ်ရှိတာမို့ လက်မလွတ်ရအောင် အခုပဲ ကြိုတင် Order တင်ထားလိုက်ပါနော်။ 🥰

📩 Order Now
DLB Page Messenger သို့မဟုတ်
📞 050 902 5691 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

🚗 Car Delivery ဖြင့် အချိန်မီပို့ဆောင်နိုင်ရန် ရောက်ရှိပါက Building အောက်ထပ်သို့ ဆင်းယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🙏

တစ်ရက်တည်းရတဲ့ မို့ လက်မလွတ်လိုက်နဲ့နော်! 🍜✨

🍱 နေ့တိုင်းစားရမယ့် 𝗟𝘂𝗻𝗰𝗵 𝗕𝗼𝘅 𝗦𝗲𝗿𝘃𝗶𝗰𝗲 ကို ရွေးတဲ့အခါ…ဈေးနှုန်းတစ်ခုတည်းထက် ✨ အရသာ• သန့်ရှင်းမှု • ဟင်းအပြောင်းအလဲ • ဝန်ဆ...
31/07/2026

🍱 နေ့တိုင်းစားရမယ့် 𝗟𝘂𝗻𝗰𝗵 𝗕𝗼𝘅 𝗦𝗲𝗿𝘃𝗶𝗰𝗲 ကို ရွေးတဲ့အခါ…

ဈေးနှုန်းတစ်ခုတည်းထက် ✨ အရသာ• သန့်ရှင်းမှု • ဟင်းအပြောင်းအလဲ • ဝန်ဆောင်မှု ✨ တွေကိုလည်း အဓိကထားရွေးချယ်လာကြပါတယ် ..

📍 𝗗𝘂𝗯𝗮𝗶 𝗟𝘂𝗻𝗰𝗵 𝗕𝗼𝘅 ကတော့ 𝗖𝗼𝗺𝗺𝗲𝗿𝗰𝗶𝗮𝗹 𝗞𝗶𝘁𝗰𝗵𝗲𝗻 ကနေ နေ့တိုင်း 𝗟𝘂𝗻𝗰𝗵 𝗕𝗼𝘅 ရာနဲ့ချီ ထုတ်လုပ်ပို့ဆောင်ပေးနေပြီး အခုဆို ကျော် ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးလာခဲ့ပါတယ်။ 💛

📍 𝗣𝗼𝗿𝘁𝗶𝗼𝗻 • 𝗛𝘆𝗴𝗶𝗲𝗻𝗲 • 𝗣𝗮𝗰𝗸𝗶𝗻𝗴 ကို အမြဲအလေးထားပြီး 𝗜𝗻-𝗛𝗼𝘂𝘀𝗲 𝗗𝗲𝗹𝗶𝘃𝗲𝗿𝘆 𝗦𝗲𝗿𝘃𝗶𝗰𝗲 နဲ့ Dubai ရဲ့ Prime Areas အများစု ကို ဝန်ဆောင်မှုပေးနေတဲ့ တခုတည်းသော Kitchen ဖြစ်ပါတယ်။

📍 နေ့စဉ် အိမ်ချက်လက်ရာဟင်းလျာများ အပြင်
🍜 မုန့်ဟင်းခါး၊အသုပ်စုံ၊ခေါက်ဆွဲကြော်၊နန်းပြားသုပ်
စတဲ့ 𝗔̀ 𝗟𝗮 𝗖𝗮𝗿𝘁𝗲 𝗠𝗲𝗻𝘂 တွေကိုလည်း အပတ်စဉ် စီစဉ်ပေးပါတယ်.

📍 𝗪𝗲𝗲𝗸𝗹𝘆 𝗠𝗲𝗻𝘂 ကို Private Group ထဲမှာ တစ်ပတ်စာကြိုတင် Share ပေးပြီး မစားချင်တဲ့ 𝗗𝗶𝘀𝗹𝗶𝗸𝗲 𝗠𝗲𝗮𝗹 တွေကိုလည်း အစားထိုးပြင်ဆင်ပေး ပါတယ်။

ဒီဝန်ဆောင်မှုအားလုံးကို အခုထိ ဈေးနှုန်းမပြောင်းဘဲ ဆက်လက်ပေးနိုင်တာဟာ နှစ်နဲ့ချီ အားပေးခဲ့ကြတဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံး ကြောင့်ပဲ ဖြစ်ပါတယ်။

💰 𝗠𝗼𝗻𝘁𝗵𝗹𝘆 𝗣𝗿𝗶𝗰𝗲𝘀
🍱 ၁ နပ်စာ – 𝗔𝗘𝗗 𝟯𝟱𝟬 / 𝗠𝗼𝗻𝘁𝗵
🍱 ၂ နပ်စာ – 𝗔𝗘𝗗 𝟲𝟬𝟬 / 𝗠𝗼𝗻𝘁𝗵

✨ တစ်ရက် 𝗔𝗘𝗗 𝟭𝟬 ဝန်းကျင်နဲ့
✅ 𝗤𝘂𝗮𝗹𝗶𝘁𝘆 ✅ 𝗛𝘆𝗴𝗶𝗲𝗻𝗲 ✅ 𝗙𝗥𝗘𝗘 𝗗𝗲𝗹𝗶𝘃𝗲𝗿𝘆 အားလုံးကို တစ်နေရာတည်းမှာ ရချင်တယ်ဆိုရင် 𝗗𝘂𝗯𝗮𝗶 𝗟𝘂𝗻𝗰𝗵 𝗕𝗼𝘅 ကိုသာ သတိရလိုက်ပါ။ 💛

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့မဟုတ် WhatsApp – 050 902 5691 မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🔥 ဒီတစ်ပတ် DLB ရဲ့ Special À La Carte Menu လေးတွေ လာပါပြီ! 🍽️စားဖူးသူတိုင်းစောင့်နေတဲ့ Menu တွေလည်းပါသလို၊ ရှားရှားပါးပါ...
27/07/2026

🔥 ဒီတစ်ပတ် DLB ရဲ့ Special À La Carte Menu လေးတွေ လာပါပြီ! 🍽️

စားဖူးသူတိုင်းစောင့်နေတဲ့ Menu တွေလည်းပါသလို၊ ရှားရှားပါးပါး ဟင်းလေးတွေလည်း ထည့်ပေးထားပါတယ်နော်။ ❤️

📍ငါးရှဉ့်ခြောက်စပ် – 35 AED
ရှားပါးတဲ့ ငါးရှဉ့်ခြောက်ကို ကျွတ်ကျွတ်စပ်စပ်လေးကြော်ထားတာ။ ထမင်းပူပူလေးနဲ့လည်းလိုက်၊ အမြည်းအနေနဲ့လည်း ရှယ်ပဲ။ 🌶️

📍ထညှင်းသီး ငပိချက် – 25 AED
ထညှင်းသီးအိအိလေးကို ခရမ်းချဉ်သီးနဲ့ ချက်ထားတဲ့ အိမ်ချက်အရသာစစ်စစ်။ ပွဲရေအကန့်အသတ်ရှိပါတယ်နော်။

📍အမဲပြုတ်ကြော် – 30 AED
အမဲသားကို ပြုတ်ပီး အပြားလိုက်ထောင်း ဆီနိုင်နိုင်လေးနဲ့ ပြန်ကြော် စစ် ထားတာ..ငပိချက်လေးနဲ့တွဲစားရင် ထမင်းတစ်အိုးကုန်မယ့် Menu လေးပါ။

📍ငါးသလောက်ပေါင်း – 40 AED
DLB ရဲ့ အရောင်းရဆုံး Menu! အရိုးနူးတဲ့ ငါးသလောက်စစ်စစ်ကို မီးအေးအေးနဲ့ တစ်ရက်လုံးပေါင်းထားတာမို့ စားဖူးသူတိုင်း ပြန်မှာတဲ့ Menu လေးပါ။

📍ပုဇွန်ခြောက် ငံပြာရည် – 18 AED
အများကြီးမညွှန်းတော့ဘူးနော်… စားဖူးသူတိုင်း ပြန်ရှာတဲ့ DLB ရဲ့ Signature ငံပြာရည်လေးပါ။ 🤎

⚠️ အရင်ပတ်ကလို Order နောက်ကျလို့ မရလိုက်တာမျိုး မဖြစ်ရအောင် ကြိုမှာထားပေးပါနော်။

📌 Order Closing – Wednesday (29.07.2026) | 6:00 PM

👩‍🍳 Order အားလုံးကို Fresh ချက်ပြီး
🚚 Thursday (30.07.2026) ညနေပိုင်းမှာ လမ်းကြောင်းအလိုက် Delivery ပို့ဆောင်ပေးပါမယ်။

✅ Minimum Order 50 AED – Free Delivery

📩 Inbox or 0509025691 မှာ အခုပဲ Order တင်ထားလိုက်ပါနော်။ 💛

🍜✨ DLB ရဲ့ အရောင်းရဆုံး  #မန္တလေးအထမ်းမြီးရှည်လေး ပြန်ရောက်လာပါပြီ✨🍜DLB ဖြစ်လာစေတဲ့ Best Choice Menu တစ်ခုဖြစ်တဲ့အထမ်းမြ...
25/07/2026

🍜✨ DLB ရဲ့ အရောင်းရဆုံး #မန္တလေးအထမ်းမြီးရှည်လေး ပြန်ရောက်လာပါပြီ✨🍜

DLB ဖြစ်လာစေတဲ့ Best Choice Menu တစ်ခုဖြစ်တဲ့အထမ်းမြီးရှည် နဲ့ ပဲပလာတာ combo လေး အမှာရလို့ တခါတည်း ပြန်လည်ရောင်းချပေးထားပါတယ်🤍

ဒီတစ်ခါ Special Promo Set အနေနဲ့… 😍
🥢 အထမ်းမြီးရှည် (ကြက်) + ပဲပလာတာ
✨နှစ်ခုပေါင်းမှ 30 AED တည်းနဲ့ Combo လေး စီစဉ်ပေးထားပါတယ်🥰

📌 Pre-order နောက်ဆုံးအချိန် — ဒီနေ့ ည 11:30 PM မတိုင်ခင်
🚚 Delivery Date — 26.7.2026 (Tomorrow Sunday)

🛵 50 AED နှင့်အထက် Order များအတွက် Free Delivery ရရှိပါမယ်၊ အရေအတွက်ကန့်သတ်ထားတာမို့ ကြိုတင် Order တင်ထားပေးပါနော် 🥰

📩 Order တင်ရန် DLB Page Messenger or 0509025691 မှာ ဆက်သွယ်ပေးပါရှင်

🚗 Car Delivery ဖြင့် ways အားလုံးကို အချိန်မီပို့ဆောင်နိုင်ရန်ရောက်ရှိပါက Building အောက်ထပ်သို့ ဆင်းယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🙏

ဖြင့်

🔥 DLB ရဲ့ အာလာကတ် Menu ပြန်လာပါပြီ! 🔥“အာလာကတ် Menu မရောင်းတော့ဘူးလား?” ဆိုပြီး အမြဲလာမေးနေကြတဲ့ Customer လေးတွေအတွက်… 💛ဒ...
22/07/2026

🔥 DLB ရဲ့ အာလာကတ် Menu ပြန်လာပါပြီ! 🔥

“အာလာကတ် Menu မရောင်းတော့ဘူးလား?” ဆိုပြီး အမြဲလာမေးနေကြတဲ့ Customer လေးတွေအတွက်… 💛

ဒီတစ်ပတ် Friday (24.07.2026) တစ်ရက်တည်း DLB ရဲ့ အရောင်းရဆုံး Signature À La Carte Menu လေးတွေကို ပြန်ရောင်းပေးသွားမှာပါ။

🐟 ငါးအသားလွှာ ခြောက်စပ် – AED35
အရသာ ကြွတ်ကြွတ်မွမွလေးကို ထမင်းပူပူနဲ့စားမလား၊ အမြည်းလုပ်မလား၊ ရေနွေးပူပူလေးနဲ့ သီးသန့်စားမလား… ဘယ်လိုစားစား အရမ်းလိုက်ဖက်တဲ့ Menu လေးပါ။

🥬 မျှစ်ချဉ်ပေါင်ကြော် – AED 18
🦐 မျှစ်ချဉ်ပေါင်ကြော် (ပုဇွန်) – AED 25
မျှစ်နုနုလေးနဲ့ ချဉ်ပေါင်ရဲ့ မွှေးမွှေးချဉ်ချဉ်အရသာကို အနှစ်ပြည့်ပြည့်နဲ့ ချက်ထားတာမို့ ထမင်းစားမြိန်စေမယ့် Menu လေးပါ။

🐟 ငါးဥကြော် နှပ်– AED 35
ဒီ Menu ကတော့ Stock အမြဲမရပါဘူးနော်! ငါးဥဆိမ့်ဆိမ့်လေး ကြိုက်တဲ့သူတွေဆို မကုန်ခင် ကြိုမှာထားဖို့ အကြံပေးပါတယ်။ 💛

🦐 ပုဇွန်ထုပ်ဆီပြန် – AED 40
အကောင်ကြီးကြီး၊ ကိတ်ကိတ် ခေါင်းစိမ်းပုဇွန်ကို အနှစ်အရသာဝင်အောင် ဆီပြန်နှပ်ထားတာမို့ ထမင်းပူပူတစ်ပန်းကန်နဲ့ဆို အရမ်းကိုပြည့်စုံတဲ့ တစ်ပွဲပါ။ 🤤

⚠️ တစ်ရက်တည်းရောင်းမှာဖြစ်ပြီး အချို့ Menu တွေက Stock အကန့်အသတ်ရှိပါတယ်။

📅 Available: Friday (24.07.2026)

📩 Pre-order လေးတင်ထားမှ စိတ်ချရပါတယ်နော်။ မကြာခဏမရောင်းတဲ့ Menu လေးတွေမို့ လက်မလွတ်စေနဲ့နော်! ❤️

🍱 ခုရက်ထဲ ပျောက်နေတာ မဟုတ်ပါဘူးနော် … အော်ဒါတွေကြားထဲ Busy ဖြစ်နေလို့ပါ! ❤️DLB ရဲ့ Customer အသစ်လေးတွေရော၊ အမြဲအားပေးနေတ...
19/07/2026

🍱 ခုရက်ထဲ ပျောက်နေတာ မဟုတ်ပါဘူးနော် … အော်ဒါတွေကြားထဲ Busy ဖြစ်နေလို့ပါ! ❤️

DLB ရဲ့ Customer အသစ်လေးတွေရော၊ အမြဲအားပေးနေတဲ့ Loyal Customer လေးတွေရော တစ်နေ့ထက်တစ်နေ့ ပိုများလာတာကြောင့် Post လေးတွေ မတင်ဖြစ်လို့မေ့နေပြီလား

ဒါပေမယ့်… Dubai Lunch Box ကတော့ နေ့တိုင်း အရသာကောင်းတဲ့ Lunch Box တွေနဲ့ အတူရှိနေဆဲပါနော်။ 🥰

✨ DLB ရဲ့ မပြောင်းလဲတဲ့ အချက်တွေကတော့…

✅ မပြောင်းလဲတဲ့ ဈေးနှုန်း
✅ တူညီတဲ့ Portion
✅ အရသာနဲ့ Quality ကို အမြဲထိန်းသိမ်းပေးမှု

အပတ်စဉ် မတူညီတဲ့ Menu List တွေနဲ့ မရိုးအောင် စီစဉ်ပေးနေတဲ့အပြင်၊ ကိုယ်ပိုင် Delivery Team နဲ့ Area အများအပြားကို အချိန်မှန် ပို့ဆောင်ပေးနေပါတယ်

🍱 Meal Plans
• ၁ နပ်စာ – 350
• ၂ နပ်စာ – 600

Lunch Box မှာယူဖို့ စဉ်းစားတဲ့အချိန်တိုင်း Dubai Lunch Box ကို သတိရပေးဖို့မမေ့နဲ့နော် 💛

📩 မှာယူချင်တာပဲဖြစ်ဖြစ်၊ စုံစမ်းချင်တာပဲဖြစ်ဖြစ် Page Messenger သို့မဟုတ် 📞 050 902 5691 ကို ဆက်သွယ်နိုင်ပါတယ်။

☀️ Dubai ရဲ့ ပူပြင်းတဲ့ Summer ရာသီမှာ   ရဲ့ Lunch Box Customer လေးတွေ ရင်အေးစေဖို့… 💛မေတ္တာလက်ဆောင်အဖြစ် ထန်းလျှက် မုန့...
17/07/2026

☀️ Dubai ရဲ့ ပူပြင်းတဲ့ Summer ရာသီမှာ ရဲ့ Lunch Box Customer လေးတွေ ရင်အေးစေဖို့… 💛

မေတ္တာလက်ဆောင်အဖြစ် ထန်းလျှက် မုန့်လဆောင်း လေးကို Lunch Box တိုင်းနဲ့အတူ ထည့်ပေးထားပါတယ်။ 🥣❄️ အရသာရှိတဲ့ နေ့လယ်စာလေးကို သုံးဆောင်ရင်း အချိုပွဲလေးနဲ့ပါ အပူဒဏ်ကို အနည်းငယ်သက်သာစေဖို့ ရည်ရွယ်ပါတယ်..

Dubai ကို တောင်မြောက်ခွဲပီး..နှစ်ရက် ခွဲစီစဉ်ပေးထားရလို့ ဒုတိယ ရက်မှ ထည့်ပေးရတဲ့ customers လေးတွေ စိတ်မဆိုးပါနဲ့နော် 😍✅ အမြဲအားပေးနေတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏❤️
#မြန်မာထမင်းဟင်း

14/07/2026

DLB Kitchen က ပေါင်းရာနဲ့ချီပီး နေ့တိုင်းထုတ်ပေးပါတယ် Dubai တမြို့လုံးနီးပါး (key areas) တွေကို Delivery ပို့ဆောင်ပေးပါတယ်✅
LunchBox စယူပီဆိုကတည်းက Consumer လေးတယောက်ချင်းစီက Form ထဲမှာ ရှောင်/မစားလေးတွေသေချာ ဖြည့်ရပါတယ်.. Sunday မှာ လေးတင်လိုက်ပီဆို ..”ဟိုဟာနော်၊ဒီဟာဘဲနော်” ဘယ်လိုတွေတောင် အလိုလိုက်ရလဲမေး..😍❇️😊

🍱 နေ့လယ်စာအတွက် ဘာမှာစားရမလဲဆိုတာ နေ့တိုင်းစဉ်းစားနေရသေးလား?အလုပ်များတဲ့နေ့တွေမှာ အစားအသောက်အတွက် အချိန်ကုန်ခံစရာမလိုအော...
29/06/2026

🍱 နေ့လယ်စာအတွက် ဘာမှာစားရမလဲဆိုတာ နေ့တိုင်းစဉ်းစားနေရသေးလား?

အလုပ်များတဲ့နေ့တွေမှာ အစားအသောက်အတွက် အချိန်ကုန်ခံစရာမလိုအောင်…
💛 Dubai Lunch Box Monthly Package လေးနဲ့ အဆင်ပြေစွာ စီစဉ်လိုက်ပါ။
✨ နေ့စဉ် Menu မထပ်အောင် weekly menu list လေးတွေထုတ်ပီးပြောင်းလဲပေးပါတယ်။�✨ Freshly Cooked, Home-style Taste�✨ Office, Shop နဲ့ Company တွေအတွက် အဆင်ပြေပါတယ်။�✨ Dubai မျိုးနေရာတော်တော်များများကို Deliveryလမ်းကြောင်းဆွဲ အိမ်အရောက်ပို့ပေးပါတယ်

တစ်လလုံးကိုမှ 1meal -350 / 2meals -600 ဘဲကျသင့်မှာပါ

တစ်လလုံး Lunch အတွက် စိတ်ပူစရာမလိုဘဲ အရသာရှိတဲ့ အိမ်ချက်လေးကို နေ့တိုင်း အဆင်သင့်ရရှိစေဖို့ ကျွန်မတို့က ဂရုစိုက်ပေးပါမယ်။ ❤️

📩 Package အသေးစိတ်နဲ့သိလိုတာလေးများက်ု Messenger မှာ လာမေးနိုင်ပါတယ်။

Address

Dubai
11181

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+971547612261

Website

Alerts

Be the first to know and let us send you an email when Dubai Lunch Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category