25/09/2025
ယူအေအီး ဗီဇာ စည်းမျဉ်းအသစ်တစ်ခုအနေနဲ့
ဗီဇာလျှောက်တဲ့အခါ အခုလာမယ့် ၂၀၂၅ ခုနှစ် စက်တင်ဘာလယ်ပိုင်းကစပြီး အရင်လို လျှောက်တဲ့သူပုံပါတဲ့ နိုင်ငံကူးလက်မှတ်ရဲ့ အတွင်းအချက်အလက်စာမျက်နှာ တင်ရုံနဲ့ မရတော့ဘူး။ အခုက နိုင်ငံကူးလက်မှတ်ရဲ့ အပြင်မျက်နှာဖုံးတွေကိုလည်း ရှင်းရှင်းလင်းလင်း ကူးပြီး တင်ပေးရတော့ပါမယ်နော် ။ အခုလို မတင်ရင် ဗီဇာလျှောက်တဲ့ကိစ္စတွေကို ပေးမလုပ်တော့ပါဘူး။ အခုအသစ်ထွက်လာတဲ့ ဥပဒေစည်းမျည်းဟာ အလုပ်ဗီဇာ အပါအဝင် အခြား အခြားသော ခရီးသွားဗီဇာ၊ လည်ပတ်ဗီဇာစတဲ့ ပြည်ဝင်ခွင့်ဗီဇာ အားလုံးမှာ ဒီစည်းမျဉ်းက သက်ရောက်ပါတယ်နော် #ယူအေအီး #ဒူဘိုင်း #အဘူဒါဘီ