BurmaRoad Dxb

BurmaRoad Dxb ဆိုင်ဆိုတာထက် စုရပ်လေး ဆုံမှတ်လေးတခု အိမ်လွမ်းတဲ့သူတွေရဲ့ အလွမ်းပြေနေရာ အိမ်ချက်လေးနဲ့ စာအုပ်လေးနဲ့..

စားဖူးလား ပြော….Single တွေအတွက်တော့ မျက်ရည် နှစ်စက်…🤭🤣
04/10/2026

စားဖူးလား ပြော….
Single တွေအတွက်တော့ မျက်ရည် နှစ်စက်…🤭🤣

ယူတိူ့ရဲ့ ဘဝ တက်လမ်းတွေအတွက် Burma Road က ကူညီပါရစေ။ ပုဇွန်ချဉ်သုပ် ငါးဖယ်ချဉ်သုပ်ဒညင်းသီး ငပိချက် ငါးပတ် ငါးဆားနယ်ငါးပေ...
03/10/2026

ယူတိူ့ရဲ့ ဘဝ တက်လမ်းတွေအတွက် Burma Road က ကူညီပါရစေ။

ပုဇွန်ချဉ်သုပ်
ငါးဖယ်ချဉ်သုပ်
ဒညင်းသီး ငပိချက်
ငါးပတ် ငါးဆားနယ်
ငါးပေါင်း
ကြက်ဟင်းခါးသီးကြော်
ငပိရည်
ငပိထောင်း တို့စရာအစုံနဲ့ 🤭
ပိန်းဥ ဟင်းခါးလေးသောက်

အရမ်းချစ်ရတဲ့ ex တို့
ကြည့်မရတဲ့သူတွေ ဘာတွေအတွက် အထူးspecial order တင်လို့ရပါပြီ။ 🤭

အလကားစတာ…နောက်တာနော်။ စမီးမပါဘူး စမီးဘာမှမပြောဘူး။

゚viralシ

02/10/2026

BR မှာ မြန်မာအစားအသောက်တွေပဲ
တော်လျှောက် ပြောပြနေခဲ့မိတာ

ကိုယ့် ဆီမှာ ထိုင်းစာလေးတွေလည်း ထိထိမိမိရတယ်ရှင်။

အစားအသောက်ပျက်နေတယ်၊ ဘာစားရမှန်းမသိ ဖြစ်နေရင် ဒီတစ်ပွဲလေး စားကြည့်လိုက်…

ချဉ်မယ်၊ ငံမယ်၊ စပ်မယ်… အရသာစုံစုံနဲ့ ထိမိဂွိပါပဲရှင် 🤤

ထိုင်းအထိသွားစရာမလိုဘူးနော်…
Arjan က Burma Road မှာ ရှိတယ်ရှင် 🇹🇭❤️

ဒံပေါက်မရဘူးလား ရဦးမလား အမလို့ Tuesday မှာလာမေးကြတဲ့သူတွေဆို မရတော့ဘူးပြောရတာ တကယ် အားနာပါတယ်။ဒါဆို မနေ့က (အင်္ဂါနေ့မှာ)...
30/09/2026

ဒံပေါက်မရဘူးလား ရဦးမလား အမလို့ Tuesday မှာလာမေးကြတဲ့သူတွေဆို မရတော့ဘူးပြောရတာ တကယ် အားနာပါတယ်။

ဒါဆို မနေ့က (အင်္ဂါနေ့မှာ) နောက်တပတ် အင်္ဂါအတွက် ကြို order တင်ထားတာတွေထဲက နှစ်ပွဲပဲရတော့မယ်လို့ ဆိုင်က လှမ်းပြောတာပါ။

အဲ့ထဲကမှ ဂျူးကိုမေးထား ပြောထားတဲ့သူတွေကို remind လုပ်ပေးဖို့ပြောထားလို့ အကောင့်ပြန်လှမ်းတောင်းထားတာလေးပါ။

ခုဒီနေ့ဆို နောက်တပတ်အင်္ဂါအတွက် order ပြည့်သွားပြီမို့လို့ ဂျူးရဲ့ personal account မှာမေးကြတဲ့သူတွေရော ဆိုင်မှာမေးကြတဲ့သူတွေရော ရတဲ့နေ့ယူမယ်ဆိုပြီး စာရင်းတင်ထားတဲ့သူတွေရောကို

“မြန်မာဒံပေါက်ဆို
Burma Road က အလှူဒံပေါက်”

လေးကို သတိတရ အားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်ရှင်။

Ps: ဂျူး ဘွားဘွားရဲ့ recipe လေးမို့ရော မေမေကိုယ်တိုင်ချက်တာမို့​ရော quality ထိန်းတဲ့အနေနဲ့ရော နေ့တိုင်းလည်းမချက်သလို ပွဲရေ အကန့်အသတ်နဲ့ အင်္ဂါတရက်ပဲချက်တာပါရှင်။ အခြားရက်တွေမှာ ပွဲရေများများနဲ့ မှာချင်တယ်ဆိုရင်တော့ ဆိုင်ကိုဆက်သွယ်ပေးပါရှင်။

Oh!!  So sweet of you, Thank you so much for your loving review ❤️🥹
25/09/2026

Oh!! So sweet of you, Thank you so much for your loving review ❤️🥹

ရခိုင်သူတွေ ကိုယ်တိုင်က အရမ်းကြိုက်လို့ တခါစား နှစ်ပွဲ-သုံးပွဲပဲ အမရေလို့ ပြောသွားလို့….စမီးလေးဟာ အရမ်းကျေနပ်နေပါသည်ပေါ့...
25/09/2026

ရခိုင်သူတွေ ကိုယ်တိုင်က အရမ်းကြိုက်လို့ တခါစား နှစ်ပွဲ-သုံးပွဲပဲ အမရေလို့ ပြောသွားလို့….

စမီးလေးဟာ အရမ်းကျေနပ်နေပါသည်ပေါ့လေ။

တညလုံး လာစားလို့ရပါပြီနော်။

အလှူတခုနေ့စဉ်ပြုတဲ့…BR မှာ ဘာမှ အပိုမကုန်တဲ့ အလှူနေ့တိုင်းရှိတာ  ဆိုင်စဖွင့်ကတည်းက…ရင်းနှီးတဲ့သူတွေဆိုသိကြပေမယ့် ကုသိုလ်...
20/09/2026

အလှူတခုနေ့စဉ်ပြုတဲ့…

BR မှာ ဘာမှ အပိုမကုန်တဲ့ အလှူနေ့တိုင်းရှိတာ
ဆိုင်စဖွင့်ကတည်းက…

ရင်းနှီးတဲ့သူတွေဆိုသိကြပေမယ့် ကုသိုလ်ဆိုတာ မျှရတာမို့ အားလုံး ကုသိုလ်ရဖို့ ရည်စူးပြီးပြောပြပေးပါရစေ။

BR မှာဆိုင် စဖွင့်ကတည်းက ရေသန့်စက် (purified dispenser) တပ်ထားတာမို့ ရေအေးရော ရေနွေးရော အဲ့ကနေယူပါတယ်။

BR ကို တနေ့တနေ့ လာတဲ့ delivery သမားလေးတွေက သောက်ရေသန့် အေးအေးလေး အလကားထည့်လို့ရတာ သိကြတယ်။ building ကသန့်ရှင်းရေးလုပ်တဲ့ ကလေးတွေလည်း ဘူးလေးနဲ့ လာလာယူတတ်တယ်။

ဆိုင်က မောင်လေး ညီမလေးကို သူတို့ဘူးလေးထိုးပေးတာနဲ့ ဟိုကထည့်ပေးပြီးသားပဲ။ ကိုယ်တွေ ဟိုပွဲ ဒီပွဲတွေက လက်ဆောင်ရတတ်တဲ့ ဘူးလေးတွေ အမေက ဆောင်ထားတတ်သေးတယ်။ ပြီးရင် ဘယ် biker ရဲ့ ရေဘူးကဟောင်းနေလို့ လဲပေးလိုက်တယ်ဆိုတာမျိုးရှိသေးတယ်။

တနေ့တနေ့ ဒူဘိုင်းနေပူပူမှာ ရေအလှူ အများကြီးမို့ အားလုံးလည်း ရေအကျိုးဆယ်ပါး မတောင်းဘဲနဲ့ပြည့်ပါစေ။

ဟိတ် TGIF ဖို့ready ပဲလား…Friday, Saturday and Sunday ကိုညလုံးပေါက်   ဖွင့်တာ မမေ့ဘူးမလား….
18/09/2026

ဟိတ် TGIF ဖို့ready ပဲလား…

Friday, Saturday and Sunday ကိုညလုံးပေါက် ဖွင့်တာ မမေ့ဘူးမလား….

ကိုယ်တွေငယ်ငယ်က အဘွားမီးဖိုချောင်က playground ပဲ…အဘွားကိုလည်းကူရင်း ဟင်းချက်လည်းသင်ရင်း…အရွက်ခြွေ ငရုတ်သီးထောင်း ဟင်းအို...
18/09/2026

ကိုယ်တွေငယ်ငယ်က အဘွားမီးဖိုချောင်က playground ပဲ…

အဘွားကိုလည်းကူရင်း ဟင်းချက်လည်းသင်ရင်း…

အရွက်ခြွေ ငရုတ်သီးထောင်း ဟင်းအိုးမွှေရင်းကနေစလိုက်တာပဲ…

ဘေးအိမ်က ရခိုင်မိသားစုက ရုပ်လေးတွေလှသလို ဟင်းချက်လည်းကောင်း…

မုန့်တီချက်နည်းက အန်တီသင်ပေးခဲ့တာ…လွယ်ပေမယ့် ဆရာမပြ နည်းမကျနော်။ ငါးလေးကို အကင်ဗန်းလေးနဲ့ ကျပ်တိုက်ထားရင် အညှီနံ့ပျောက်ပြီး မွှေးနေရော။

သူတို့ကတော့ ငါးရွှေနဲ့ချက်ကြတာ ကိုယ်တွေကတော့ ငါးကြင်း ငါးခူနဲ့ချက်တာပေါ့လေ။

Friday Rakhine set က ပုံထဲကအတိုင်း အကုန်မပါပါဘူးနော်။ ရွေးရတာပါ…

၁) မုန့်တီအရည် (ပဲကြော် add on ယူလို့ရပါတယ်)
၂) မုန့်တီသုပ် or ပဲပြားသုပ်
၃) ပဲပြားအစာသွပ် or ငါးဖယ် အစာသွပ်
၄) အချိုပွဲ ( သာကူ or မုန့်လက်ဆောင်း)

ဟိုနည်းနည်း ဒီစပ်စပ် ချဉ်ငံစပ် အစုံလေး စားချင်တယ်ဆို ဒါလေးကတော့ အသင့်တော်ဆုံးပါပဲရှင်။

Address

Shop-09 Bella Rose Building
Dubai

Opening Hours

Monday 11:00 - 23:00
Tuesday 11:00 - 23:00
Wednesday 11:00 - 23:00
Thursday 11:00 - 23:00
Friday 11:00 - 12:00
12:00 - 11:00
Saturday 00:00 - 12:00
12:00 - 00:00
Sunday 00:00 - 23:00

Telephone

+971545053696

Alerts

Be the first to know and let us send you an email when BurmaRoad Dxb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BurmaRoad Dxb:

Share