30/07/2026
ကမ်းဇော်ဆီရပါပြီ
💥💥ကမ်းဇော်ဆီ အသုံးဝင်ပုံအကြောင်း💥💥
ကျန်းမာရေးအတွက်
သဘာဝက လက်ဆောင်ပေးထားသော
ကမ်းဇော်ဆီအစွမ်း အံ့မခမ်းနိုင်ပါကြောင်း
**************************************
ခင်မင်ရင်းစွဲရှိသောမိတ်ဆွေများမှ
ကျန်းမာရေးအတွက်
ဆေးစွမ်းထက်လှသော
ကမ်းဇော်ဆီအကြောင်း
ကျွန်တော်သုတေသနပြုလုပ်ထားသော
ကျန်းမာရေးကောင်းကျိုးများကို
ရေးသားပေးပါရန်တောင်းဆိုကြတဲ့အတွက်
ပြောပြဆွေးနွေးပေးလိုပါတယ်ခင်ဗျာ
မြန်မာနိုင်ငံတွင် ကမ်းဇော်ပင်ကို
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
မြိတ်ခရိုင်နှင့်ဘုတ်ပြင်းမြို့နယ်၌သာ
တွေ့ရှိရပြီး ပင်လယ်ကမ်းစပ်များနှင့်
ရွံ့အိုင်တွေမှာ သဘာဝအတိုင်း
အလေ့ကျ ပေါက်ရောက်တာကို
တွေ့ရှိရသော်လည်း
ကုန်းတွင်းပိုင်းနှင့်ကုန်ပေါ်တွင်
ပေါက်ရောက်တာနည်းပါလျှက်ရှိပါတယ်
တစ်ချို့စိုက်ပျိုးရေးခြံများတွင်
အလေ့ကျပေါက်ရောက်နေတာကို
လေ့လာတွေ့ရှိရပါတယ်
ကမ်းဇော်ဆီ၏ရုက္ခဗေဒအမည်မှာ
Bassia Longifolia Linnဟုခေါ်ဆိုပြီး
မျိုးရင်းအမည်မှာSapotaceaeဖြစ်ကာ
မြန်မာအမည်မှာကမ်းဇော်(ရေမယ်ဇယ်
ရေမည်စည်)အင်္ဂလိပ်အမည်မှာ
Mahua of Southem lidia Mathua Tree
ဖြစ်ကြောင်းသိရှိရပါတယ်
ကမ်ဇော်ပင်သည် ပုံမှန်အားဖြင့်
ရွတ်ပြတ်တောများတွင်
ပေါက်ရောက်တတ်ပြီးအပင်၏အမြင်မှာ
အမြင့်ပေ(၇၀)အထိမြင့်မားကာ
(၈)နှစ်သားနှင့်(၁၅)နှစ်သားတွင်
အပင်အရွယ်ရောက်ရှိပြီး
အနှစ်(၆၀)အထိအသီးသီးတတ်တာကို
မြန်မာ အိန္ဒိယ အင်ဒိုနီးရှာနိုင်ငံများတွင်
လေ့လာတွေ့ရှိရပါတယ်
ကမ်းဇော်ပင်မှသီးသော
မှဲရင့်သောအသီးများကို
အခြောက်လှမ်းပြီးအစေ့ကိုထုတ်ယူကာ
ကြိတ်၍ရသော ကမ်းဇော်ဆီကို
ဝမ်းဗိုက်တွင်ဖြစ်ပေါ်တတ်သောရောဂါများ
အစာမကြေပျို့အန်ခြင်းများ
အစာအိမ်အနာနှင့်အဖုအကြိတ်များ
ချောင်းဆိုးသွေးပါရောဂါများ
အပူလောင်အနာများ မီးပူလောင်နာများ
ဆီးပူလောင်ခြင်းများ ပန်းနာရင်ကြပ်
မီးယပ်ရောဂါအမျိုးမျိုးတို့အပြင်
အကြောရောဂါအမျိုးမျိုးနှင့်
နာအူခြင်း နားအတွင်းအနာဖြစ်ခြင်း
နာတာရှည်လူနာများအိပ်ရာပူမလောင်မိ
အရေပြာနီးမြန်းနေခြင်းများအတွက်
အသုံးတည့်သောအဆီဖြစ်ပါတယ်
ကမ်းဇော်ဆီဖြင့်ကုသပျောက်ကင်းနိုင်သော
ရောဂါဝေဒနာများကိုဖေါ်ပြပေးခြင်း
**************************************
ကမ်းဇော်ဆီကိုကိုယ်တွင်း၌ဖြစ်ပေါ်နေသော
အဖုအကြိတ်များ အစာအိမ်အနာနဲ့
ချောင်းဆိုးသွေးပါရောဂါများအတွက်
ကမ်းဇော်ဆီ လ္ဘက်ရည်ဇွန်းတစ်ဇွန်းနှင့်
ပျားရည်တစ်ဇွန်းကို ဆတူရောဆပ်ပြီး
တစ်နေ့၃ကြိမ်သောက်သုံးပေးပါက
လက်တွေ့ပျောက်ကင်းသွားနိုင်ပါတယ်
ထိုမျှမက ကိုယ်ပ၌ အကြိတ်အဖုများ
အလုံးအကြိတ်များဖြစ်ပေါ်နေပါက
ကမ်းဇော်ဆီနှင့်အနာမန်းကျစေနိုင်သည့်
လိမ်းဆေးတစ်မျိုးမျိုးတို့ရောစပ်၍
တစ်နေ့၃ကြိမ်လိမ်းပေးပါက
အကြိတ်နုလျှင်ချက်ချငသက်သာပြီး
အကြိတ်ရင့်လျှင်အရောင်လျော့ကာ
တဖြေးဖြေးခြင်း
သက်သာပျောက်ကင်းသွားစေနိုင်ပါတယ်
ထို့အပြင်အပူလောင်ခြင်း
ရေနွေးပူလောင်ခြင်းမီးပူလောင်ခြင်း
ဆီပူလောင်ခြင်းများနှင့်
ထိခိုက် ရှနာဖြစ်ခြင်းများအတွက်
ကမ်းဇော်ဆီကိုဝါးဂွမ်းသန့်သန့်ဖြင့်
ဆွတ်၍လိမ်းပေးပါက
အနာကိုလျှက်မြန်စွာကျက်စေပြီး
အရေပြားများအဖုထခြင်း ပူခြင်း စပ်ခြင်း
အသားအရေကို လောင်စေခြင်းများမရှိဘဲ
ပကတိအသားအရေအတိုင်း
ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်
ပန်းနာရင်ကြပ် လေထိုးလေအောင့်နှင့်
မီးယပ်ရောဂါအမျိုးမျိုး
အသာအရေခန်းခြောက်ခြင်းများ
အစာမကြေခြင်းများ
ပျို့အန်ခြင်းရောဂါများအတွက်
ကမ်းဇော်ဆီကိုတစ်ခါသောက်
လ္ဘက်ရည်တစ်ဇွန်းခန့်တစ်နေ့သုံးကြိမ်
အစာမစားမိသောက်သုံးပေးပါက
သက်သာပျောက်ကင်းစေနိုင်ပါတယ်
အနာရွတ်များ အကွက်များ
အရေပြားပေါ်တွင်အနာအမျိုးမျိုးဖြစ်ပွားပြီး
ကြမ်းတမ်းနေလျှင် ကမ်းဇော်ဆီကို
တစ်နေ(၃)ကြိမ်လိမ်းပေးခြင်းဖြင့်
သက်သာပျောက်ကင်းစေနိုင်ပြီး
ဒူးလာ လိပ်ခေါင်း စအိုးကွဲနား
ခြေကွဲအနာ သားအိမ်ရောဂါများအတွက်
ကမ်းဇော်ဆီတစ်မျိုးထဲဖြစ်စေ
ထောပတ်နှင့်ရောစပ်၍ဖြစ်စေရောစပ်ပြီး
လိမ်းပေးပါကအနာကျက်မြန်စေခြင်း
ကျုံစေခြင်းများဖြင့်သက်သာစေပါတယ်
ထို့အပြင်နွေရာသီတွင်ကလေးများ
အရေပြားပေါ်၌ဖြစ်တတ်သောအပူနာများ
အနာစက်များ ပြည်တည်နာများ
အလုံးအကြိတ်ငယ်လေးများဖြစ်ပေါ်ပါက
တစ်နေ(၃)ကြိမ်းလိမ်းပေးပါက
သကသာပျောက်ကင်းစေနိုင်ပါတယ်
အကြောရောဂါအမျိုးမျိုးနှင့်
ဇက်နာခြင်း ခါးနာခြင်း
အဆစ်အမြစ်ကိုက်ခဲခြင်း ရောင်ရမ်းခြင်း
ထုံကျဥ်ခြင်း အနာမန်းရှိ၍
ရောင်ရမ်းခြင်းတို့အတွက်
ကမ်းဇော်ဆီကိုထမင်းနှင့်နယ်စားခြင်း
နေ့စဥ်လ္ဘက်ဇွန်းတစ်ဇွန်းခန့်
တစ်ရက်(၂)ကြိမ်သောက်သုံးပေးပါက
အနာကင်းခါခွန်အားတိုး၍
အသက်ရှည်စေနိုင်ပါတယ်
ထို့အပြင်နားအူခြင်း နားတွင်းအနာဖြစ်ခြင်း
နားလေထွက်ခြင်း
နားထဲတွင်အဆီများခမ်းခြောက်ခြင်း
နားတင်ခြင်း ယားယံခြင်းများဖြစ်ပေါ်လျှင်
ကမ်းဇော်ဆီကိုနားအတွင်းသို့နှစ်စက်ခန့်
တစ်နေ့နှစ်ကြိမ်ထည့်ပေးခြင်းဖြင့်
သက်သာပျောက်ကင်းစေနိုင်ပါတယ်
နာတာရှည်လူနာများ
အိပ်ရာအပူလောင်နာမဖြစ်ပေါ်မိ
အရေပြားနီးမြန်းနေပါက ကမ်းဇော်ဆီကို
တစ်နေငါးကြိမ်ခန့်လူးပေးခြင်းဖြင့်
ပူလှအသားအရေအတိုင်း
ပြန်လည်ကောင်းမွန်လာပြီး
အိပ်ရာနာ(Bet Sore)ဖြစ်ခြင်းမှ
(၈၀)%ကာကွယ်တားစီးပေးနိုင်ပါတယ်
အဖျားတက်ပြီး အပူကြီးသူများကိုလည်း
(၁၅)မိနစ်တစ်ကြိမ်တစ်ကိုယ်လုံးကို
ကမ်းဇော်ဆီလိမ်းပေးကကိုယ်ပူကျစေပြီး
ကလေးများ၏ကိုယ်ပေါ်၌
ခြင်ကိုက်ဖုများကို
မကြာခဏလိမ်းပေးပါက
အနီးစက်များ လျှင်မြန်စွာ
ပျောက်ကင်း သက်သာစေနိုင်ပါတယ်
ဆေးဖက်ဝင်ပြီး အသုံးတည့်သော
မြန်မာကမ်းဇော်ဆီကို ပြည်တွင်းသာမက
ပြည်ပနိုင်ငံများဖြစ်သော
ထိုင်း ဂျပန် ကိုရီးယားတို့ကပါ
အလွန်နှစ်သက်သဘောကြပြီး
ဝယ်ယူလျှက်ရှိသောကြောင့်
ပြည်တွင်း၌ ကမ်းဇော်ဆီအတုများ
များစွာပေါ်ပေါက်နေတာကိုလည်း
တွေ့ရှိနေရပါတယ်
*ကမ်းဇော်ဆီ
အတုအစစ်ခွဲခြားသိရှိလိုပါက
ကမ်းဇော်ဆီကိုမိမိ၏အသားပေါ်သို့
အနဲငယ်အစက်ချပြီးပွတ်ကြည့်ပေးပါက
အတုဆိုလျှင်အသားထဲ
တော်တော်နှင့်မဝင်ဘဲချောနေပါလိမ့်မည်
အစစ်ကတော့ ခဏလေးနဲ့
အသားထဲသို့ စိမ့်ဝင်သွားပြီး
ပူနွေးနွေးအရသာကိုခံစားရပါလိမ့်မယ်
*ကမ်းဇော်ဆီအတုဆိုလျှင်
အနံက(၃)လလောက်ဆိုပျက်သွားပြီး
အစစ်က(၅)လလောက်အထိ
အနံကောအာနိသင်ကောမပျောက်ပေ
*ထို့အပြင်ကမ်းဇော်ဆီအတုဟာ
အေးခဲတဲ့အချိန်အခါမျိုးမှာ
ဝက်ဆီလိုအဖြူရောင်ခဲသွားပြီး
ကမ်းဇော်ဆီအစစ်ကတော့
အဝါနုရောင်ငွေ့ငွေ့လေးဖြစ်ပြီးတော့
အေးခဲသွားတတ်ပါတယ်
*ခဲနေသောကမ်းဇော်ဆီများကို
နေရောင်လေးပြပေးလိုက်တာနှင့်
ခဏလေးနဲ့ပျော်သွားပေမဲ့
အတုကတော့ တော်တော်နဲ့
ပြန်မပျော်နိုင်တာကိုကြည့်ပြီး
အတုအစစ်ခွဲခြားနိုင်ပါတယ်
ထို့အပြင်ကမ်းဇော်ဆီမှာ
အနဲအနှစ်ပါတာမပါတာကိုကြည့်ပြီး
အတုအစစ်ခွဲခြား၍မရနိုင်ပါဘူးခင်ဗျာ
အနှစ်ချုပ်ပြောရသော်
မည်မျှပင်အဖိုးတန်နေပါစေ
ကျန်းမာရေးအတွက်
များစွာအသုံးတည့်လှသောကြောင့်
မိမိတို့နေအိမ်မှာကမ်းဇော်ဆီလေး
ဆောင်ထားပေးကြပါဟု
အကြံပေးလိုပါတယ်ခင်ဗျာ
မူရင်းေရးသားသူ ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ ကို ေးပါသည်။