Aye Soe Moe Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Aye Soe Moe, Distributeur en restauration, Democratic Republic of the.

“ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ”အေးချမ်းသာယာစွာဖြင့် ကုသိုလ်တရားများ ပွားများနိုင်တဲ့ ကဆုန်လပြည့်နေ့ ဖြစ်ပါစေကြောင်း ဆု...
30/04/2026

“ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ”
အေးချမ်းသာယာစွာဖြင့် ကုသိုလ်တရားများ ပွားများနိုင်တဲ့ ကဆုန်လပြည့်နေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
clinic #
ကဆုန်လပြည့်နေ့

🙏နှစ်သစ်ဆုတောင်း🙏 မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်နှစ်ဆန်း(၁)ရက် နှစ်သစ်မင်္ဂလာ အချိန်ခါသမယမှာကမ္ဘာသူ/ကမ္ဘာသား မြန်မာနိူင်ငံသူ...
17/04/2026

🙏နှစ်သစ်ဆုတောင်း🙏

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်
နှစ်ဆန်း(၁)ရက် နှစ်သစ်မင်္ဂလာ အချိန်ခါသမယမှာ
ကမ္ဘာသူ/ကမ္ဘာသား
မြန်မာနိူင်ငံသူ/နိူင်ငံသားများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
ကပ်ကြီးသုံးပါး ကင်းဝေး၍
ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံပြီး
စီးပွါးလာဘ်လာဘများ တိုးပွါးကြပါ​စေ🙏🙏🙏
🍀သစ္စာဆေးခန်းမိသားစု 🍀
မှဆုတောင်းမေတ္တာပို့သပါတယ်၊🙏🙏🙏
🙏🙏🙏

💦💦 သကြ်န်ဆုတောင်း 💦💦 မဟာ​ကြ်န် နှစ်သစ်ကူး အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသ...
13/04/2026

💦💦 သကြ်န်ဆုတောင်း 💦💦

မဟာ​ကြ်န် နှစ်သစ်ကူး အချိန်အခါသမယမှာ
မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း
နှင့်တကွ
လိုအင်ဆန္ဒများအားလုံးပြည့်စုံကြပါစေ 🙏

ဘေးအန္တာရယ်အပေါင်းမှ ကင်းဝေးနိုင်ပါစေ🙏

အနာ မျိုး ၉၆ ပါး ဘေးမှကင်းဝေးပါ စေ 🙏

ကပ်ကြီး သုံးပါးမှလဲ ကင်းဝေးကြပါစေ 🙏ကြောင်း

သစ္စာဆေးခန်းမိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏻🙏🏻🙏🏻

10/04/2026

ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက် ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊🧑‍⚕️🙅💉

ကာကွယ်ခြင်းဟာကုသခြင်းထက်ပို၍ကောင်းမွန်ပါသည်။ဒါကြောင့်ရောဂါပိုးမကူးစက်ခံရခင် ကာကွယ်ဆေးထိုးခြင်းဖြင့် သင်နှင့်သင်ချစ်ရတဲ့မိသားစုများကို ကာကွယ်လိုက်ပါ။

ကျွန်မတို့Thitsarclinic Healthcare Services မှာ ကာကွယ်ဆေးအမျိုးအစားများကိုလည်း သက်သာသောစျေးနှုန်း ကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှု ပေးလျက်ရှိပါသည်၊၊🧑‍⚕️🧑‍⚕️

ရရှိနိုင်သည့် ကာကွယ်ဆေးအမျိုးအစားများမှာ-

💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

✅Gardasil 4
✅Gardasil 9

💉အသည်းရောင်အသား၀ါ(B)ပိုးကာကွယ်ဆေး

✅Livovax-B
✅Bevac(India)

💉ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး(4မျိုးစပ်)

အထက်ပါကာကွယ်ဆေးအမျိုးအစားများကို
Cold Chain စနစ်တကျစီစဉ်ထားပြီး
ဆေးစစ်မှန်မှုအာမခံပါသည်။🧑‍⚕️🧑‍⚕️

ကာကွယ်ဆေးများကိုတစ်ကြိမ်မှ မထိုးရသေးသည့်သူများနှင့်Booster ထိုးမည့်သူများ စာရင်းပေးသွင်းနိုင်ပါသည်။

နိုင်ငံခြားနှင့် ပြည်တွင်းခရီးစဥ်များထွက်ရန်
လိုအပ်သူများအတွက်လည်း
ဦးစားပေးဆောင်ရွက်ပေးနေပါသည်။

📌သင်္ဘောသားများ yellow bookတပါတည်း
ယူဆောင်လာပါရှင် တံဆိပ်တုံး တစ်ခါတည်း
ထုပေးပါသည်။

📌နိုင်ငံခြားသားcompanyကြီးများနှင့်ဝန်ထမ်း
များ
📌စက်ရုံလုပ်သားများ
📌ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ
📌NGO/UNအဖွဲ့အစည်း/သံရုံးဝန်ထမ်းနှင့်မိသားစုဝင်များ စသည့်အဖွဲ့အစည်း
ကိုလည်းကာကွယ်‌ဆေးထိုးနှံခြင်းအားဆောင်ရွက်ပေးနေပါသည်။

အိမ်ပင့်(Home service) အစီအစဥ်များဖြင့်လည်း လူကြီးမင်းတို့အချိန်ကုန်သက်သာစွာဖြင့်ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ၊၊
(booking ရယူရန်အတွက် chatbox တွင်
အမည်၊ဖုန်းနံပါတ်ချန်ထားပေးပါရှင်၊၊)

(Bivalent အမျိုးအစားများလည်း ရရှိနိုင်ပါသည်)

ကာကွယ်ဆေးနှင့်ပတ်သက်ပြီး သိလိုသမျှမေးမြန်နိုင်ရန်
☎️ ဖုန်းနံပါတ် ☎️
09 5368525
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက် ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊🧑‍⚕️🙅💉

နွေရာသီနှင့် ရေကျောက်ရောဂါဆောင်းအကုန်နွေအကူး နွေဦးရာသီများဖြစ်သော မတ်လနှင့် ဧပြီလများအတွင်း အများဆုံးဖြစ်ပွားလေ့ရှိပြီး ...
10/04/2026

နွေရာသီနှင့် ရေကျောက်ရောဂါ

ဆောင်းအကုန်နွေအကူး နွေဦးရာသီများဖြစ်သော မတ်လနှင့် ဧပြီလများအတွင်း အများဆုံးဖြစ်ပွားလေ့ရှိပြီး ကလေးများတွင် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ မြင်တွေ့ရသော ကူးစက် ရောဂါတမျိုးဖြစ်သည်။ အင်္ဂလိပ်အမည် Chicken Pox ဟုခေါ်ဆိုပြီး မြန်မာလို ပဲသီတာ (သို့မဟုတ်) ရေကျောက်ရောဂါဟု ခေါ်ဆိုသည်။

ရေကျောက်ရောဂါသည် ဗေရီဆဲလားဇိုစတာ (Varicella Zoster) ခေါ် ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ကာ ကလေးငယ်များတွင် အများဆုံးဖြစ်ပွားနိုင်သည်။ ရောဂါ ဖြစ်ပွားသူများ၏ ၉၀% သည် အသက် ၉နှစ်မှ ၁၄ နှစ်အရွယ် ကလေးများဖြစ်သည်။ ကျန်းသော ၁၀% သည်လည်း အသက် ၁၈နှစ်အောက် လူငယ်လူရွယ်များသာဖြစ်ကာ မိန်းကလေးများထက် ယောကျာ်းလေးများတွင် ပိုမို ဖြစ်ပွားနိုင်သည်။

ကလေးငယ်များတွင် ထိုဗိုင်းရပ်စ်ပိုးကူးစက်ခံရလျှင် ခန္ဓာကိုယ်တွင် (အထူးသဖြင့် ရင်ဘက်၊ ဝမ်းဗိုက်များတွင်) အနီစက် အဖုအပိန့်များ ထွက်လာတတ်ကာ မနေနိုင် မထိုင်နိုင်အောင် ကုတ်မိနေခြင်းနှင့် အလွန်အမင်းယားယံခြင်းကြောင့် စတင်သတိထား မိနိုင်သည်။

ရေကျောက်ရောဂါ၏ အဆင့်များ
ရောဂါပိုးစတင်ဝင်ရောက်ပြီး တစ်ရက်အတွင်း ရုတ်တရက်ဗိုင်းရပ်စ်ပိုး ကူးစက် ဝင်ရောက်ခြင်းကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ကိုယ်ပူခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်။ ထို့နောက် တကိုယ်လုံးအနှံ့ အနီစက်အဖုလေးများ အုပ်စုလိုက် ထွက်လာတတ်ပြီး ၎င်းအနီစက်အဖုလေးများမှ အရည်ကြည်ဖုလေးများ ဖြစ်သွားတတ်သည်။

အချို့သော ကလေးများတွင်တော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး နာရီပိုင်းအတွင်း အရည်ကြည်ဖုလေးများဖြစ်လာတတ်သည်။ ဗိုင်းရပ်ပိုးကူးစက်ခံရပြီး ရက်သတ္တပတ် အတွင်း အရည်ကြည်ဖုလေးများ တဖြည်းဖြည်းခြောက်သွားနိုင်ပြီး (၇)ရက် ကျော်လာသည်နှင့် အကုန်လုံးခြောက်ကာ ကွာကျ သွားလိမ့်မည်။ နောက်ပိုင်းတွင် အမာရွတ်ပါမကျန် သူ့အလိုလို ပျောက်ကင်းသွားနိုင်သည်။

အခြားလက္ခဏာများ
ရေကျောက်ရောဂါဖြစ်ပွားခံစားရသော ကလေးငယ်များအနေနှင့် ဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်သော အခြားလက္ခဏာများဖြစ်သည့်

– 🤒ကိုယ်ပူခြင်း၊ တခါတရံ အပြင်းဖျားခြင်း

– 😫ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း

– 🤧ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း

– 💪ကြွက်သားများ နာကျင်ခြင်း

– တကိုယ်လုံး မလှုပ်ချင်၊ မသယ်ချင်အောင် နုံးချိနေခြင်း စသည့် လက္ခဏာ များကိုလည်း ခံစားရနိုင်သည်။

ရောဂါကူးစက်ပုံ
ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသောသူမှ ချောင်းဆိုး၊ နှာချေ လိုက်သောအခါ ထွက်လာသော အရည်၊ အမှုန်များတွင်ပါလာသည့် ပိုးများကို ရှုရှိုက်မိခြင်း ကြောင့်သော် လည်းကောင်း

ရောဂါရှိသူ၏ အနီစက်၊ ရည်ကြည်ဖုတွေမှထွက်သော အရည်ကို တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါဖြစ်ပွားခံစားရလျှင်သိရှိရန်
(၁) ရေကျောက်ခေါ် ပဲသီတာဟာ အန္တရာယ်မရှိလှသလို သိပ်ပြီး စိုးရိမ်စရာလည်း မလိုပါ။ အရည်ကြည်ဖုလေးများပျောက်ကင်းရန် မည်သည့်ဆေးမျှ လိမ်းရန်မလိုသလို သနပ်ခါးလည်း လိမ်းရန်မလိုပါ။

(၂) အရည်ကြည်ဖုလေးများသည် အချိန်တန်လျှင်ကွာကျသွားမည်ဖြစ်ပြီး အမာရွတ်ပါ မကျန် ပျောက်ကင်းသွားမည်ဖြစ်သည်။

(၃) လက်သည်းဖြင့်ကုတ်ခြင်းနှင့် သန့်ရှင်းမှုအားနည်းခြင်းကြောင့်သာ အနာအတွင်း ပိုးဝင်သွားနိုင်ပြီး အမာရွတ်သေးသေးကျန်တတ်သည်။ ထို့ကြောင့်သန့်ရှင်းစွာနေထိုင်ရန် လိုသည်။

ရေကျောက်ရောဂါရှင်လူနာအားပြုစုရန်
(၁) 🛀ရေချိုးလျှင် ရေနွေးနွေးနှင့်ချိုးပေးပါ(သို့)🛀 ရေနွေးစိမ်အဝတ်နှင့် ရေပတ်တိုက်ပေးပါ။

(၂) ဗိုက်တာမင်စီ၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင်အီးစသည့်တို့ပါဝင်သော အားဆေးများ တိုက်ကျွေးနိုင်သည်။

(၃) 🥥အုန်းရည်တိုက်ခြင်း၊ ရေများများတိုက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော သီးနှံများ စားသုံးခြင်းဖြင့်လည်း ကိုယ်ခံအားစနစ်တက်စေရုံသာမက ရောဂါသက်သာစေနိုင်သည်။

(၄) 🤒အဖျားရှိ(ကိုယ်ပူ)ပါက Paracetamol (အရည်/အခဲ) တိုက်ကျွေးနိုင်သည်။

(၅) လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းပေးနိုင်သည်။

(၆) အလွန်အမင်းယားယံ၍ နေရခတ်နေလျှင် အဝတ်သန့်သန့်ကို ရေနွေးဖြင့်တို့၍ သန့်စင်ပေးနိုင်သည်။ Calamine, Caladryl စသည့် ဆေးများလည်း လိမ်းပေးနိုင်သည်။

(၇) ယားယံမှုသိပ်ဆိုးလျှင် Antihistamine ခေါ် ယားယံခြင်းကိုသက်သာစေသည့် ဆေးများ တိုက်ကျွေးနိုင်သည်။

(၈) ရေကျောက်အဖုလေးများကို ယားယံ၍ကုတ်မိရာမှ လက်သည်းမှတဆင့် ပိုးဝင် ရောက်ကာ ပြည်တည်ခြင်းနှင့် အမာရွတ်များဖြစ်စေနိုင်သဖြင့် ကလေးလက်သည်းကို ညှပ်ပေးထားရန်လိုသည်။ လက်သည်းညှပ်ပြီးလျှင်လည်း စူးရှမနေစေရန် တံစဉ်းဖြင့် ညှိပေးထားသင့်သည်။

(၉) ရေကျောက်ရောဂါရှင်၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွပ်ပေးရမည်။

(၁၀) အဖျားမကျလျှင်၊ ရောဂါကူးစက်မှုပြင်းထန်လျှင်နှင့် အဖုများ၊ အနာများပိုးဝင်ပြီး ပြည်တည်နာများ ဖြစ်နေလျှင် လိုအပ်သောကုသမှုခံယူနိုင်ရန်အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍ ဆရာဝန်နှင့်စနစ်တကျ တိုင်ပင်ကုသမှုခံယူရမည်။

ရောဂါကာကွယ်လိုသူများအနေနှင့်
(၁) အသက်(၅)နှစ်အောက်ကလေးငယ်များအား အသက်(၁)နှစ်တွင်တကြိမ် (၅)နှစ် တွင်တကြိမ် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သည်။

(၂) ရေကျောက်လုံးဝမဖြစ်ဖူးသူ အသက်(၁၈)နှစ်အောက်လူငယ်များတွင်လည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ကာကွယ်ဆေးကြိုတင် ထိုးနှံထားနိုင်သည်။

(၃) ရေကျောက်ရောဂါဖြစ်ပွားဖူးခြင်းမရှိသော မိခင်လောင်းများအနေနှင့် ကိုယ်ဝန်မဆောင်ခင် တလအလိုကတည်းက ကာကွယ်ဆေးများပြည့်စုံအောင် ထိုးထားခြင်းဖြင့် မွေးဖွားလာမည့်ကလေးအတွက် ကြိုတင်ကာကွယ်ပေးထားနိုင်သည်။

မူရင်းရေးသားသူ

🚨 🚨 🚨 အရေးပေါ်သတိပေးချက်ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။ အဲ့အတွက် * လက...
06/07/2024

🚨 🚨 🚨 အရေးပေါ်သတိပေးချက်

ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

🚨🚨  #အခုလက်ရှိဖြစ်နေတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ       ဆောင်ရန် / ရှောင်ရန်နော် 🚨🚨‼️‼️ အခုလက်ရှိ ဒီရောဂါနဲ့ ဆေးရုံမှာ လူန...
06/07/2024

🚨🚨 #အခုလက်ရှိဖြစ်နေတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ
ဆောင်ရန် / ရှောင်ရန်နော် 🚨🚨

‼️‼️ အခုလက်ရှိ ဒီရောဂါနဲ့ ဆေးရုံမှာ လူနာတွေ
များနေပြီး / အသက်သေဆုံးတဲ့အထိ
ဖြစ်နေပါတယ်

✅✅ ကြိုတင်ကာကွယ်ကြပါနော် ✅✅

❌❌ #မပေါ့ဆပါနှင့် / ကူးစက်ရောဂါမို့ သတိရှိနော်

ယနေ့မေလ (၁၂) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့  "International Nurses Day" ပဲဖြစ်ပါတယ် ❤️လူနာများအပေါ် စေတနာ၊ မေတ္တာ၊...
12/05/2024

ယနေ့မေလ (၁၂) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ "International Nurses Day" ပဲဖြစ်ပါတယ် ❤️

လူနာများအပေါ် စေတနာ၊ မေတ္တာ၊ ကရုဏာများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကမ္ဘာပေါ်ရှိ သူနာပြုဆရာ၊ဆရာမများအားလုံးကို သစ္စာအထွေထွေရောဂါကု‌ေဆခန်းမှလေးစားစွာဖြင့် ဂုဏ်ပြုလိုက်ရပါတယ် ❤️

30/03/2024

ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက် ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊🧑‍⚕️🙅💉

ကာကွယ်ခြင်းဟာကုသခြင်းထက်ပို၍ကောင်းမွန်ပါသည်။ဒါကြောင့်ရောဂါပိုးမကူးစက်ခံရခင် ကာကွယ်ဆေးထိုးခြင်းဖြင့် သင်နှင့်သင်ချစ်ရတဲ့မိသားစုများကို ကာကွယ်လိုက်ပါ။

ကျွန်မတို့Thitsarclinic Healthcare Services မှာ ကာကွယ်ဆေးအမျိုးအစားများကိုလည်း သက်သာသောစျေးနှုန်း ကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှု ပေးလျက်ရှိပါသည်၊၊🧑‍⚕️🧑‍⚕️

ရရှိနိုင်သည့် ကာကွယ်ဆေးအမျိုးအစားများမှာ-

💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

✅Gardasil 4
✅Gardasil 9

💉အသည်းရောင်အသား၀ါ(B)ပိုးကာကွယ်ဆေး

✅Euvax B(Eurpoe)
✅Bevac(India)

💉ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး(4မျိုးစပ်)

အထက်ပါကာကွယ်ဆေးအမျိုးအစားများကို
Cold Chain စနစ်တကျစီစဉ်ထားပြီး
ဆေးစစ်မှန်မှုအာမခံပါသည်။🧑‍⚕️🧑‍⚕️

ကာကွယ်ဆေးများကိုတစ်ကြိမ်မှ မထိုးရသေးသည့်သူများနှင့်Booster ထိုးမည့်သူများ စာရင်းပေးသွင်းနိုင်ပါသည်။

နိုင်ငံခြားနှင့် ပြည်တွင်းခရီးစဥ်များထွက်ရန်
လိုအပ်သူများအတွက်လည်း
ဦးစားပေးဆောင်ရွက်ပေးနေပါသည်။

📌သင်္ဘောသားများ yellow bookတပါတည်း
ယူဆောင်လာပါရှင် တံဆိပ်တုံး တစ်ခါတည်း
ထုပေးပါသည်။

📌နိုင်ငံခြားသားcompanyကြီးများနှင့်ဝန်ထမ်း
များ
📌စက်ရုံလုပ်သားများ
📌ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ
📌NGO/UNအဖွဲ့အစည်း/သံရုံးဝန်ထမ်းနှင့်မိသားစုဝင်များ စသည့်အဖွဲ့အစည်း
ကိုလည်းကာကွယ်‌ဆေးထိုးနှံခြင်းအားဆောင်ရွက်ပေးနေပါသည်။

အိမ်ပင့်(Home service) အစီအစဥ်များဖြင့်လည်း လူကြီးမင်းတို့အချိန်ကုန်သက်သာစွာဖြင့်ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ၊၊
(booking ရယူရန်အတွက် chatbox တွင်
အမည်၊ဖုန်းနံပါတ်ချန်ထားပေးပါရှင်၊၊)

(Bivalent အမျိုးအစားများလည်း ရရှိနိုင်ပါသည်)

ကာကွယ်ဆေးနှင့်ပတ်သက်ပြီး သိလိုသမျှမေးမြန်နိုင်ရန်
☎️ ဖုန်းနံပါတ် ☎️
09 5368525
09 758328670ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

clinicHealthCareService

ိုးကာကွယ်ဆေး
#အသည်းရောင်အသားဝါBပိုးကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး


#ရာသီတုပ်ကွေးကာကွယ်ဆေး၄မျိုးစပ်
#ပြည်ပထွက်မည့်သူများအတွက်လည်းထောက်ခံချက်စာရွက်စာတန်းများကိုပါဆောင်ရွက်ပေးပါမည်

နှစ်သစ်မှစ၍ကိုယ်ကျန်းမာစိတ်ချမ်းသာကောင်းကျိုးလိုရာပြည့်ဝ ပါစေ🙏သစ္စာဆေးခန်းမှမေတ္တာပို့သအပ်ပါသည်။
01/01/2024

နှစ်သစ်မှစ၍
ကိုယ်ကျန်းမာစိတ်ချမ်းသာ
ကောင်းကျိုးလိုရာပြည့်ဝ ပါစေ🙏
သစ္စာဆေးခန်းမှမေတ္တာပို့သအပ်ပါသည်။

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Aye Soe Moe publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager