11/05/2026
ကဲ ဒီနေ့ကတော့ ငါးမုန့်ကြော် နှင့် ထမင်းကြော်
ငယ်ငယ်က အိမ်မှာ အမေ လုပ်ပေးနေကြ မနက်စာထဲက တမျိုးပေ့ါ၊
အရင်ဆုံး ငါးမုန့် ကြော် ၊ ကျန်တဲ့ ဆီနဲ့ ထမင်းကြမ်းများများကို ကြက်ဥလေး ၁ လုံး နဲ့ ကြော်၊ အိမ်မှာ အသင့် ရှိနေတတ်တဲ့ ငါးခြောက်ဖုတ်၊ ငံပြာရည်ကြော်၊ ပုဇွန်ခြောက်ကြော်တို့နဲ့ စား ရတာ၊
ဘာမှ မထူးခြားသလို ထင်ရပေမယ့်ရိုးရိုးရှင်းရှင်းလေးနဲ့ အရသာရှိ၊ ဝမ်းလည်းဝတဲ့ မနက်စာလေး၊
နောက်ပိုင်း ကိုယ့်ဘာသာနေတော့ ဆိုင်မှာစား၊ ရုံးမှာစား ၊ ကြုံရာစား နဲ့ ၊ အခုတော့ မနေ့က အမေများနေ့ အမေ့ကိုလဲ အမှတ်ရရင်း အမေ လုပ်ကျွေးလေ့ရှိတဲ့ မနက်စာ လေးကို သတိရသွားလို့ ကိုယ့်ဘာသာလုပ်စားဖြစ်တာ ၊ မစားရတာ ကြာလို့လားတော့ မသိဘူး အရမ်းအရသာရှိတာပဲ