Myanmar Food in Czech

Trasa

Myanmar Food in Czech Kontaktní informace, mapa a trasa, kontaktní formulář, otevírací doba, služby, hodnocení, fotky, videa a oznámení od Myanmar Food in Czech, Rozvoz jídla, Praha.

🇲🇲 Home of authentic Myanmar food & culture in Czech Republic
🇨🇿 Domácí barmská kuchyně v Praze
🍲 Mohinga | Laphet Thoke | အကြော်စုံ
📍 Prague Pickup / Delivery
💬 Message to Order

ရေဘဝဲ ရခိုင်သုပ် Spicy Octopus Salad 🐙ရေဘဝဲ ကို ၂၅ မိနစ် ပြုတ် ၊ ကြက်သွန် ခရမ်းချဉ်သီးလှီး ပြီး ဓနုဖြူဒေါ်စောရီ ငပိထောင်...
12/10/2026

ရေဘဝဲ ရခိုင်သုပ် Spicy Octopus Salad 🐙

ရေဘဝဲ ကို ၂၅ မိနစ် ပြုတ် ၊ ကြက်သွန် ခရမ်းချဉ်သီးလှီး ပြီး ဓနုဖြူဒေါ်စောရီ ငပိထောင်း လေးနဲ့ နယ်၊ သံပရာသီးလေး ညှစ် လိုက်ရင်တော့ ချဉ်ငံစပ် ရေဘဝဲ ရခိုင်သုပ်ရပါပြီ။

And of course .. it is delicious 😋

Note : ဓနုဖြူဒေါ်စောရီ ငပိထောင်းထုပ် ၁ ထုပ်ကို 20 Czk ပါ၊ လောလောဆယ် ကုန်နေလို့ နောက် ၂ ပတ်နေမှ ရပါမယ်ရှင်

12/10/2026

Apple season is here !
ပန်းသီး ရာသီ

ဒီ ဆန်ပြား ခေါက်ဆွဲလေး စားလို့ကောင်းလို့ အရသာက အထုံ ချဉ်စပ် ဆိုတော့ မြန်မာတွေ အကြိုက်ပဲ မို့လို့ Share ပေးလိုက်ပါတယ်။ စျ...
11/10/2026

ဒီ ဆန်ပြား ခေါက်ဆွဲလေး စားလို့ကောင်းလို့

အရသာက အထုံ ချဉ်စပ် ဆိုတော့ မြန်မာတွေ အကြိုက်ပဲ မို့လို့ Share ပေးလိုက်ပါတယ်။
စျေးကတော့ 48 czk , Asia grocery ဆိုင်က ဝယ်တာပါ။ တွေ့ခဲ့ရင် ဝယ်စားကြည့်နော်။

တခုပဲ ခေါက်ဆွဲသားကို သေချာအိုးထဲထည့်ပြုတ်ပြီး စားရင် ပိုကောင်းပါတယ်။

ချဉ်ပေါင် ရာသီပြီးဆုံး , Time to say Goodbye! ဒီနိုင်ငံမှာ ချဉ်ပေါင်စိုက်မယ်ဆို နွေဦး အကုန်ကနေ ဆောင်းဦး အစ April - Sept ...
10/10/2026

ချဉ်ပေါင် ရာသီပြီးဆုံး , Time to say Goodbye!

ဒီနိုင်ငံမှာ ချဉ်ပေါင်စိုက်မယ်ဆို နွေဦး အကုန်ကနေ ဆောင်းဦး အစ April - Sept ၅ လ အတွင်း စိုက်ရပါတယ်။ ကျန်တဲ့ အချိန်တွေကတော့ အလွန် အေးလို့ စိုက်လို့ မရပါဘူး။

မနှစ်ထဲက ချဉ်ပေါင်နည်းနည်း စစိုက်တာပါ၊ ဒီနှစ်တော့ အတွေ့အကြုံရသွားပြီမို့ ပိုပြီးများများလေး စိုက်ပြီး အောင်မြင် ဖြစ်ထွန်းတာမို့ ကိုယ်လဲစား သူများကိုလဲ ရောင်း ၊ ၁ နှစ်စာ အတွက်လဲ သိမ်းထားဖြစ်ပါတယ်။

ဝက် ၃ ထပ်သား တွေ Kaufland မှာ စျေးချလို့ ကြော်စား အခေါက် ကိုတော့ မကြိုက်လို့ နဲ့ ဆီပေ့ါက်လို့ အခေါက်ကို ဖယ် ပြီး ဒီတိုင်...
09/10/2026

ဝက် ၃ ထပ်သား တွေ Kaufland မှာ စျေးချလို့ ကြော်စား

အခေါက် ကိုတော့ မကြိုက်လို့ နဲ့ ဆီပေ့ါက်လို့ အခေါက်ကို ဖယ် ပြီး ဒီတိုင်း လေးတွေ လှီး ပြီး အကြော်မှုန့် နဲ့နယ်ပြီး အကြွပ်ကြော် ၊ အပေါ်က ဆားလေးဖြူး ၊ အရမ်းကောင်း

And of course .. it is delicious 😋

ဒီနေ့ မနက်တော့ မုန့်ဟင်းခါး မြန်မာ အစားအစာ ရောင်းတဲ့လူဆိုတော့ မုန့်ဟင်းခါး တံဆိပ်အမျိုးမျိုးရှိနေတော့ တခုပြီး တခု ချက်စာ...
07/10/2026

ဒီနေ့ မနက်တော့ မုန့်ဟင်းခါး

မြန်မာ အစားအစာ ရောင်းတဲ့လူဆိုတော့ မုန့်ဟင်းခါး တံဆိပ်အမျိုးမျိုးရှိနေတော့ တခုပြီး တခု ချက်စားဖြစ်၊ အခုကတော့ Pan Kha Yay ရန်ကုန် မုန့်ဟင်းခါး

တချို့ မုန့်ဟင်းခါးတွေလို ရေနွေးဆူဆူထဲ အနှစ်ထုပ် ထည့်ယုံပဲတော့ မဟုတ်၊ ဆန်မုန့် ၊ ငံပြာရည်၊ ငါးဆီချက်၊ ငှက်ပျောအူ၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးမှုန့် စတာတွေကို အထုပ်စီ နဲ့ လာတာဆိုတော့ သူ့အဆင့်လိုက် ထည့်ယုံပါပဲ။

အရသာကတော့ ရန်ကုန်သူဆိုတော့ ရန်ကုန်မုန့်ဟင်းခါး ကြိုက်တာပေါ့။

အရောင် အနံ့ အရသာ အားလုံး ကွက်တိကောင်းမွန်

And of course .. it is delicious 😋

ကဲ ဒီနေ့တော့ ဝက်မျှစ်ချဉ် ဝက်နံရိုးနုနုလေးတွေရလာတာနဲ့ မျှစ်လေးနဲ့ချက် And of course .. it is delicious 😋  #ဝက်မျှစ်ချဉ်
05/10/2026

ကဲ ဒီနေ့တော့ ဝက်မျှစ်ချဉ်

ဝက်နံရိုးနုနုလေးတွေရလာတာနဲ့ မျှစ်လေးနဲ့ချက်

And of course .. it is delicious 😋

#ဝက်မျှစ်ချဉ်

မှို  … My favorite mushroom season is HERE!မြန်မာနဲ့ Czech လူမျိုးတွေကြားမှာ ထူးထူးခြားခြား တူညီတာလေးတစ်ခုရှိတာကတော့ မှ...
04/10/2026

မှို … My favorite mushroom season is HERE!

မြန်မာနဲ့ Czech လူမျိုးတွေကြားမှာ ထူးထူးခြားခြား တူညီတာလေးတစ်ခုရှိတာကတော့ မှိုကြိုက်ကြတာပါ။

ဒီနိုင်ငံမှာတော့ မှိုရှာထွက်တာကို National Sport တစ်ခုလိုတောင် သဘောထားကြပါတယ်။ အခုလို ဆောင်းဦးရာသီ ရောက်လာပြီဆိုတာနဲ့ တောထဲမှာ မှိုရှာထွက်ကြတော့တာ။

Czech တောတွေကလည်း ဒီအချိန်ဆို မှိုမျိုးစုံပေါက်တဲ့ ရာသီဖြစ်လို့ မှိုရှာရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။

စားလို့ရတဲ့မှိုနဲ့ မစားရတဲ့မှိုတွေကိုတော့ Czech လူမျိုးအများစုက ငယ်ငယ်ကတည်းက သင်ယူထားကြတာမို့ ဘယ်မှိုက စားလို့ရတယ်၊ ဘယ်မှိုက မစားသင့်ဘူးဆိုတာ အတော်လေး သိကြပါတယ်။

ပြီးတော့ ဒီမှာ mushrooming culture ရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတစ်ခုရှိသေးတယ်။ 😄

ဘယ်သူမဆို “ဒီနေ့ မှိုဘယ်လောက်ရတယ်၊ ဘာမှိုတွေ ရခဲ့တယ်” ဆိုပြီး ပြောကြပါတယ်။
ဒါပေမယ့် “ဘယ်နေရာကနေ ရခဲ့တာလဲ” ဆိုတာကိုတော့ တယောက်နဲ့တယောက် ဖွင့်ဟ မပြောကြပါဘူး။

ကိုယ်ရှာတွေ့ထားတဲ့ secret mushroom spot ကိုတော့ ကိုယ်တိုင်ပဲ သိမ်းထားကြတာမျိုးပါ။

မနက်စောစော တောထဲကို မှိုရှာထွက်ရတဲ့ feeling ကတော့ ဘာနဲ့မှ မတူ လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်ရတော့ exercise လည်းဖြစ်၊ မှိုလည်းရ၊ ပြန်လာရင် ကိုယ်တိုင်ရှာထားတဲ့ မှိုဟင်းလေးလည်း စားရ ဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။

မှိုရလာရင်လည်း ချက်နည်းက မျိုးစုံပါပဲ မှိုကြော်, မှိုကင် , Mushroom stew, မှိုနဲ့ ကြက်ဥရောကြော် စုံလို့ပါပဲ။

Have fun mushrooming!

And of course … it is delicious 😋

Note : That colorful red mushroom is poisonous 🍄

၂ ပတ်ကြာ ခရီးထွက်ပြီး အိမ်ပြန်ရောက်ရောက်ချင်းချဉ်ပေါင်ကြော်လေးရယ်၊ ရွှေပုဇွန်ခြောက် ကြော်လေးရယ်နဲ့ ထမင်းပူပူလေး စားလိုက်...
03/10/2026

၂ ပတ်ကြာ ခရီးထွက်ပြီး အိမ်ပြန်ရောက်ရောက်ချင်း
ချဉ်ပေါင်ကြော်လေးရယ်၊ ရွှေပုဇွန်ခြောက် ကြော်လေးရယ်နဲ့ ထမင်းပူပူလေး စားလိုက်ရတဲ့အခိုက်… 🥹

ခရီးမှာ ဘယ်အစားအစာ ကောင်းတာတွေ အများကြီးစားခဲ့ စားခဲ့ အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်အရသာ၊ ကိုယ့်ထမင်းဝိုင်းလေးကိုပဲ အလွမ်းဆုံး

And of course .. it is delicious 😋

Adresa

Praha

Otevírací doba

Pondělí 08:00 - 22:00
Úterý 08:00 - 22:00
Středa 08:00 - 22:00
Čtvrtek 08:00 - 22:00
Pátek 08:00 - 22:00
Sobota 09:00 - 22:00
Neděle 09:00 - 22:00

Upozornění

Buďte informováni jako první: pošleme vám e-mail, když Myanmar Food in Czech zveřejní novinky a akce. Vaši e-mailovou adresu nepoužijeme k žádnému jinému účelu a odběr můžete kdykoli zrušit.

Odkazy

Sdílet

Kategorie