19/09/2026
ကိုယ့်အနာနဲ့ ကိုယ်
မြုံနေတဲ့ လူတွေချည်းပဲ
မနာဘူးရယ်လို့တော့
ဘယ်ဟုတ်မလဲ
ခန္တီပါရမီမွေးနေလို့သာ
ဒဏ်ရာပေးသူတွေနဲ့
သဟဇာတ ဖြစ်နေရတာ
စိတ်အချဉ်ပေါက်တိုင်း
အချင်းများနေရရင်လည်း
လမ်းဘေးခွေးနဲ့ တောင်
နိစ္စဓူဝ ပြိုင်ဟောင်နေရမှာ ။ ။
#ခွန်ဟိဏ်း( ရေစကြို )