29/03/2025
ကျွန်တော်တို့မြန်မာနိုင်ငံမှာ လတ်တလောကြုံတွေ့လိုက်ရတဲ့ ငလျင်ဘေးအန္တရာယ်ကြောင့် ခေတ္တရပ်နားထားတဲ့ ကျွန်တော်တို့ BurmChef - A Taste Of Burmese page လေးကို ပြန်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရင်ထဲနှလုံးသားထဲက နာကျင်ရတာမို့ ကျွန်တော်တို့တတ်နိုင်တဲ့ဖက်ကနေပါဝင်ကူညီနိုင်ရန်ရည်ရွယ်ချက်နဲ့ UWE Myanmar Student Society နဲ့အတူလက်တွဲပြီး Earthquake Relief Fundraiser Burmese Food Fair မှာ ပါဝင်ရောင်းချသွားမှာဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ရင်ထဲ အစဉ်အမြဲအေးချမ်းနိုင်စေရန် နိမိတ်ဆောင်ပြီး “ရွှေရင်အေး” ရောင်းချပေးသွားမှာမလို့ မြန်မာပြည် အလွမ်းပြေ မုန့်လေးတွေစားရင်း ကျွန်တော်တို့ မြန်မာပြည်အတွက် ကူညီပေးကြရအောင်ဗျာ။
ကျွန်တော်တို့ UWEMSS ရဲ့ event လေးမှာ ပါဝင်ကူညီဖို့ အောက်က google form လေးကို အရင်ဖြည့်ပေးကြပါဦးနော်။
https://docs.google.com/forms/d/e/1FAIpQLSfIVPKcZI7kwr4gqY4dbTBU4UqrATDOE26mbWdm9RlY-Np3SA/viewform?usp=sharing